မေ၊ သည်။
ဧတံ၊ ဤသုပ္ပဗုဒ္ဓကုဋ္ဌိသုတ်ကို(ထည့်)။
ဧဝံ၊ ဤသို့။
သုတံ၊ အပ်ပါပြီ။
ဧကံ သမယံ၊ ၌။လ။
တေန ခေါ ပန သမယေန၊ ၌။
ရာဇဂဟေ၊ ၌။
သုပ္ပဗုဒ္ဓေါ နာမ၊ သုပ္ပဗုဒ္ဓမည်သော။
ကုဋ္ဌီ၊ အနာကြီးရောဂါသည်သည်။
မနုဿဒလိဒ္ဒေါ၊ ရာဇဂြိုလ် တမြို့လုံးတွင် အဆင်းရဲဆုံးသော သူသည်။
မနုဿကပဏော၊ အဆင့်အတန်း အနိမ့်ဆုံးသော သူသည်။
ဝါ၊ အထီးကျန်ချို့တဲ့သော သူတည်း။
မနုဿဝရာကော၊ လူအပေါင်းတို့၏ ကဲ့ရဲ့ ရှုတ်ချခြင်းသည် နှိပ်စက်အပ် သည်ဖြစ်၍ အလွန်အမင်းဆင်းရဲသူသည်။
အဟောသိ၊ ပြီ။
တေန ခေါ ပန သမယေန၊ ၌။
ဘဂဝါ၊ သည်။
မဟတိယာ၊ များစွာသော။
ပရိသာယ၊ ပရိသတ်သည်။
ပရိဝုတော၊ ခြံရံအပ်သည်ဖြစ်၍။
ဓမ္မံ၊ ကို။
ဒေသေန္တော၊ ဟောကြားတော်မူလျက်။
နိသိန္နော၊ မူသည်။
ဟောတိ၊ ၏။
ကုဋ္ဌီ၊ အနာကြီးရောဂါသည်ဖြစ်သော။
သုပ္ပဗုဒ္ဓေါ၊ သည်။
တံ မဟာဇနကာယံ၊ ထိုလူအပေါင်းကို။
သန္နိပတိတံ၊ စုဝေး ကျရောက်သည်ကို။
ဒူရတောဝ၊ အဝေးကပင်။
အဒ္ဒသာ ခေါ၊ မြင်ပြီ။
(ခေါ-အနက်ပေါ်လွင်စေချင်လျှင် အဒ္ဒသာ ခေါ၊သိသိသာသာ မြင်ရလေပြီ-ဟု ပေးပါ။)
ဒိသွာန၊ တွေ့မြင်၍။
အဿ၊ ထိုသုပ္ပဗုဒ္ဓ၏။
"ဧတ္ထ၊ ဤလူအပေါင်း စုဝေးရာအရပ်၌။
ကိဉ္စိ၊ တစ်စုံတစ်ခုသော။
ခါဒနီယံ ဝါ၊ ခဲဖွယ်ကိုသော်လည်းကောင်း။
ဘောဇနီယံဝါ၊ စားဖွယ်ကိုသော်လည်းကောင်း။
နိဿံသယံ ခေါ၊ မလွှဲမသွေ။
ဘာဇီယတိ၊ ပေးကမ်းဝေဖန်အပ်၏။
ယေန၊ အကြင်အရပ်၌။
သော မဟာဇနာကာယော၊ ထိုလူစုလူအပေါင်းသည်။
အတ္ထိ၊ ၏။
တေန၊ သို့။
အဟံ၊ သည်။
ယန္နူန ဥပသင်္ကမေယျံ၊ ချဉ်းကပ်ရမူ။ကောင်းလေစွ။
ဧတ္တ၊ ဤလူစုလူအပေါင်းရှိရာအရပ်၌။
ကိဉ္စိ၊ တစ်စုံတစ်ခုသော။
ခါဒနီယံ ဝါ၊ ခဲဖွယ်ကိုသော်လည်းကောင်း။
ဘောဇနီယံ ဝါ၊ ဘောဇဉ်ကိုသော်လည်းကောင်း။
အပ္ပေဝ နာမ လဘေယျံ၊ ရနိုင်တန်ရာ၏။
ဝါ၊ ရကောင်းရနိုင်ရာ၏။
ဣတိ၊ ဤသို့။
ဧတံ၊ ဤအတွေးသည်။
အဟောသိ၊ ဖြစ်ပြီ။
အထခေါ၊ ၌။
ကုဋ္ဌီ၊ အနာကြီးရောဂါသည်ဖြစ်သော။
သုပ္ပဗုဒ္ဓေါ၊ သည်။
ယေန၊ ၌။
မဟာဇနကာယော၊ များစွာသော လူစု လူအပေါင်းသည်။
အတ္ထိ၊ ၏။
တေန၊ သို့။
ဥပသင်္ကမိ၊ သွားပြီ။
ကုဋ္ဌီ၊ သော။
သုပ္ပဗုဒ္ဓေါ၊ သည်။
မဟတိယာ၊ များစွာသော။
ပရိသာယ၊ သည်။
ပရိဝုတံ၊ ခြံရံအပ်သော။
ဓမ္မံ၊ တရားတော်ကို။
ဒေသန္တံ၊ ဟောတော်မူလျက်။
နိသိန္နံ၊ ထိုင်နေတော်မူသော။
ဘဂဝန္တံ၊ ကို။
အဒ္ဒသာ ခေါ၊ မြင်ပြီ။
ဒိသွာန၊ မြင်၍။
အဿ၊ ထိုသုပ္ပဗုဒ္ဓ၏။
ဧတ္ထ၊ အရပ်၌။
ကိဉ္စိ၊ သော။
ခါဒနီယံ ဝါ၊ ကိုသော်လည်းကောင်း။
ဘောဇနီယံ ဝါ၊ ကိုသော်လည်းကောင်း။
နဘာဇီယတိ၊ မပေးကမ်းမဝေဖန်အပ်။
သမဏော၊ ကိလေသာ ခပ်သိမ်းကို ငြိမ်းစေပြီးသော။
အယံ ဂေါတမော၊ ဤဂေါတမနွယ်ဖွား မြတ်ဘုရားသည်။
ပရိသတိ၊ ပရိတ်သတ်၌။
ဓမ္မံ၊ ကို။
ယန္နူနာ သုဏေယျံ၊ နာကြားရမူ။ကောင်းလေစွ-ဟူသော။
ဧတံ၊ ဤအကြံအစည်သည်။
အဟောသိ၊ ပြီ။
သော၊ သည်။
တတ္ထေဝ၊ ထိုနေရာ၌သာလျှင်။
ဧကမန္တံ၊ ၌။
နိသီဒိ၊ ထိုင်နေပြီ။
အဟမို၊ သည်လည်း။
ဓမ္မံ၊ ကို။
သောဿာမိ၊ နာကြားပါအံ့။
ဣတိ၊ ဤသို့ကြံ၍။
အထခေါ၊ ၌။
ဘဂဝါ၊ သည်။
သဗ္ဗာဝန္တံ-သဗ္ဗဝန္တံ၊ အယုတ်အလတ် အမြတ်မရွေး ပုဂ္ဂိုလ်ပေါင်းစုံရှိသော။
ပရိသံ၊ ပရိတ်သတ်ကို။
စေတသာ၊ ဗုဒ္ဓစက္ခုဉာဏ်နှင့်ယှဉ်သော စိတ်ဖြင့်။
ဝါ၊ ဣန္ဒြိယပရောပရိယတ္တိဉာဏ် အာသယာနုသယဉာဏ်ဖြင့်(အဓိပ္ပါယတ္တ)။
စေတော၊ ပရိသတ်၏စိတ်ကို။
ပရိစ္စ၊ ပိုင်းခြား၍။
မနသိ၊ စိတ်တော်၌။
အကာသိ၊ ပြုပြီ။
ဝါ၊ ကြည့်ရှုတော်မူပြီ(ဘာဝတ္ထ)။
ကိန္တိ၊ အသို့လျှင်။
မနသာကာလိ၊ ကြည့်ရှုတော်မူသနည်း။
"ဣဓ၊ ဤပရိတ်သတ်၌။
ဓမ္မံ၊ မဂ်ဖိုလ်တရားကို။
ဝိညာတုံ-အဓိဂန္တုံ၊ ရရှိခြင်းငှာ။
ဘဗ္ဗော၊ စွမ်းနိုင်သူသည်။
ကော နု ခေါ"၊ အဘယ်ပုဂ္ဂိုလ်နည်း။
ဣတိ၊ ဤသို့။
မနသာကာလိ၊ ရှုကြည့်တော်မူပြီ။
ဘဂဝါ၊ သည်။
ကုဋ္ဌိံ၊ အနာကြီးရောဂါသည် ဖြစ်သော။
သုပ္ပဗုဒ္ဓံ၊ သုပ္ပဗုဒ္ဓကို။
တဿံ ပရိသာယံ၊ ထိုပရိတ်သတ်၌။
နိသိန္နံ၊ ထိုင်နေသည်ကို။
အဒ္ဒသာ ခေါ၊ မြင်တော်မူပြီ။
ဒိသွာန၊ ၍။
အဿ၊ ထိုဘုရားရှင်၏။
ဣဓ၊ ဤပရိတ်သတ်၌။
အယံ ခေါ၊ သည်။
ဓမ္မံ၊ ကို။
ဝိညာတုံ၊ ထူးထူးခြားခြားသိခြင်းငှာ။
(သဒ္ဒတ္ထ)ဝါ၊ဝိညာတုံ-အဓိဂန္တုံ၊ ရရှိခြင်းငှာ (ဘာဝတ္ထ)။
သဗ္ဗော၊ ထိုက်၏(မုချတ္ထ)။
သဗ္ဗော-သမတ္ထော၊ စွမ်းနိုင်၏ (ဘာဝတ္ထ)။
ဣတိ၊ ဤသို့။
ဧတံ၊ ဤအသိဉာဏ်သည်။
အဟောသိ၊ ပြီ။
ကုဋ္ဌိံ၊ ဖြစ်သော။
သုပ္ပဗုဒ္ဓံ၊ သုပ္ပဗုဒ္ဓကို။
အာရဗ္ဘ၊ အာရုံပြု၍ (သဒ္ဒတ္ထ)။
ဝါ၊ အကြောင်းပြု၍(ဘာဝတ္ထ)။
အနုပုဗ္ဗိံကထံ၊ အစဉ်အတိုင်း ဖြစ်သော စကားကို။
ကထေသိ၊ ဟောကြားပြီ။
ဣဒံ-အယံ၊ ဤအနုပုဗ္ဗိကထာဟူသည်။
ကတမာ၊ အဘယ်နည်း။
ဒါနကထာဒိ၊ ဒါနကထာစသည်တည်း(ထည့်)။
ဒါနကထံ၊ ဒါနကထာကိုလည်းကောင်း။
သီလကထံ၊ သီလကထာကိုလည်းကောင်း။
သဂ္ဂကထံ၊ သဂ္ဂကထာကိုလည်းကောင်း။ဒါနကထာ
အနုပုဗ္ဗီကထာ ၇-မျိုးတို့တွင် ဒါနကထာကို အောက်ပါအတိုင်း အဋ္ဌကထာ ဆရာ ဖွင့်ပြတော်မူသည်။ချမ်းသာချင်လျှင် ပေးကမ်းလှူဒါန်းပါ။ပေးကမ်းခြင်းဒါနသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။ကောင်းကောင်းကြီဂချမ်းသာကို ဖန်တီးပေးသည်။ဒါနသည် စည်းစိမ်ဟူသမျှတို့၏ ရေသောက်မြစ်ဟုလည်း ဆိုနိုင်သည်။မည်သည့်စည်းစိမ်ကိုမဆို ဒါနကုသိုလ်က ရရှိစေနိုင်သည်။ဒါနသည် အသုံးအဆောင်မှန်သမျှတို့၏ တည်နေရာလည်း ဟုတ်၏။မည်မျှတန်ဖိုးရှိ၍ မည်မျှကောင်းမွန်သော အသုံးအဆောင်ပင် ဖြစ်စေကာမူ ဒါနကုသိုလ်က ရရှိစေသည်၊ပြည့်စုံစေသည်။ကာယကံ ဝစီကံ မညီညွတ်၍ လောကအလယ် ယိမ်းထိုးနေသူမှန်သမျှ၏ စောင့်ရှောက်ရာ ပုန်းအောင်းရာ သွားရောက် လဲလျောင်းရာဖြစ်၏။ပစ္စုပ္ပန်တမလွန်နှစ်တန်သော လောက၌ ဒါနနှင့်တူသော အားကိုးရာထောက်တည်ရာ အားကိုးတစ်ခုအနေဖြင့် ဆွဲငင်ရာ စောင့်ရှောက် ပုန်းအောင်း-သွားရောက် လည်းလျောင်းရာ မည်သည်မရှိ။ ဒါနသည် သတ္တဝါတို့၏ မှီခိုရာဖြစ်သောကြောင့် ရတနာခုနစ်ပါးဖြင့်ပြီးသော သီဟာသနပလ္လင်နှင့် တူ၏။ထောက်တည်ရာဖြစ်သောကြောင့် မဟာပထဝီမြေကြီးနှင့်လည်း တူ၏။ဆွဲငင်ရာ အနက်သဘောရှိသောကြောင့် အရေးအကြောင်းရှိက ဆွဲစရာကြိုးနှင့်လည်းတူ၏။ဒုက္ခအမျိုးမျိုးမှ ထုတ်ဆောင်ကယ်တင်တတ်သောကြောင့် ဘေးကင်းရာ သွားဖို့ရန် လှေနှင့်လည်း တူ၏။ဒါနသည် မသက်မသာ ဖြစ်နေသူ တို့ကို သက်သာရာရစေသောကြောင့် ရှေ့တန်းစစ်မျက်နှာမှ သူရဲကောင်းကြီးနှင့် တူ၏။ဒါနသည် ဘေးရန်ကို ကာကွယ်စောင့်ရှောက်တတ်သောကြောင့် ကောင်းစွာတူးထားအပ်သော မြို့၏ ပတ်ပတ်လည် ကျုံးနှင့်လည်း တူ၏။မစ္ဆေရစသော အညစ်အကြေးကင်းသဖြင့် ပဒုမာကြာပန်းပွင့်နှင့်လည်း တူ၏။လောဘ မစ္ဆေရစသော အမှိုက်သရိုက်တို့ကို ရှို့မြှိုက်လောင်ကျွမ်းစေတတ် သောကြောင့် တောမီးဆိုလျှင် မမှားချေ။အဆိပ်ပြင်းသော မြွေပွေးမြွေဟောက်ကို လူသားများ ချဉ်းကပ်ခြင်းငှာ မဝံ့ရဲသကဲ့သို့ မစ္ဆေရအားကြီးသော သူတို့သည် ပေးမိမှာ လှူမိမှာ စိုးသောကြောင့် လှူဖွယ်ဝတ္ထု၏ အနီးအပါးသို့ မချဉ်းကပ်ဝံ့ပေ။
အနုပုဗ္ဗီကထာ ၇-မျိုးတို့တွင် ဒါနကထာကို အောက်ပါအတိုင်း အဋ္ဌကထာ ဆရာ ဖွင့်ပြတော်မူသည်။ချမ်းသာချင်လျှင် ပေးကမ်းလှူဒါန်းပါ။ပေးကမ်းခြင်းဒါနသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။ကောင်းကောင်းကြီဂချမ်းသာကို ဖန်တီးပေးသည်။ဒါနသည် စည်းစိမ်ဟူသမျှတို့၏ ရေသောက်မြစ်ဟုလည်း ဆိုနိုင်သည်။မည်သည့်စည်းစိမ်ကိုမဆို ဒါနကုသိုလ်က ရရှိစေနိုင်သည်။ဒါနသည် အသုံးအဆောင်မှန်သမျှတို့၏ တည်နေရာလည်း ဟုတ်၏။မည်မျှတန်ဖိုးရှိ၍ မည်မျှကောင်းမွန်သော အသုံးအဆောင်ပင် ဖြစ်စေကာမူ ဒါနကုသိုလ်က ရရှိစေသည်၊ပြည့်စုံစေသည်။ကာယကံ ဝစီကံ မညီညွတ်၍ လောကအလယ် ယိမ်းထိုးနေသူမှန်သမျှ၏ စောင့်ရှောက်ရာ ပုန်းအောင်းရာ သွားရောက် လဲလျောင်းရာဖြစ်၏။ပစ္စုပ္ပန်တမလွန်နှစ်တန်သော လောက၌ ဒါနနှင့်တူသော အားကိုးရာထောက်တည်ရာ အားကိုးတစ်ခုအနေဖြင့် ဆွဲငင်ရာ စောင့်ရှောက် ပုန်းအောင်း-သွားရောက် လည်းလျောင်းရာ မည်သည်မရှိ။ ဒါနသည် သတ္တဝါတို့၏ မှီခိုရာဖြစ်သောကြောင့် ရတနာခုနစ်ပါးဖြင့်ပြီးသော သီဟာသနပလ္လင်နှင့် တူ၏။ထောက်တည်ရာဖြစ်သောကြောင့် မဟာပထဝီမြေကြီးနှင့်လည်း တူ၏။ဆွဲငင်ရာ အနက်သဘောရှိသောကြောင့် အရေးအကြောင်းရှိက ဆွဲစရာကြိုးနှင့်လည်းတူ၏။ဒုက္ခအမျိုးမျိုးမှ ထုတ်ဆောင်ကယ်တင်တတ်သောကြောင့် ဘေးကင်းရာ သွားဖို့ရန် လှေနှင့်လည်း တူ၏။ဒါနသည် မသက်မသာ ဖြစ်နေသူ တို့ကို သက်သာရာရစေသောကြောင့် ရှေ့တန်းစစ်မျက်နှာမှ သူရဲကောင်းကြီးနှင့် တူ၏။ဒါနသည် ဘေးရန်ကို ကာကွယ်စောင့်ရှောက်တတ်သောကြောင့် ကောင်းစွာတူးထားအပ်သော မြို့၏ ပတ်ပတ်လည် ကျုံးနှင့်လည်း တူ၏။မစ္ဆေရစသော အညစ်အကြေးကင်းသဖြင့် ပဒုမာကြာပန်းပွင့်နှင့်လည်း တူ၏။လောဘ မစ္ဆေရစသော အမှိုက်သရိုက်တို့ကို ရှို့မြှိုက်လောင်ကျွမ်းစေတတ် သောကြောင့် တောမီးဆိုလျှင် မမှားချေ။အဆိပ်ပြင်းသော မြွေပွေးမြွေဟောက်ကို လူသားများ ချဉ်းကပ်ခြင်းငှာ မဝံ့ရဲသကဲ့သို့ မစ္ဆေရအားကြီးသော သူတို့သည် ပေးမိမှာ လှူမိမှာ စိုးသောကြောင့် လှူဖွယ်ဝတ္ထု၏ အနီးအပါးသို့ မချဉ်းကပ်ဝံ့ပေ။
ကာမာနံ၊ ကာမဂုဏ်တို့၏။
အာဒီနဝံ၊ အပြစ်ကိုလည်းကောင်း။
ကာမာနံ၊ တို့၏။
ဩကာရံ-လာမကသဘာဝံ၊ ယုတ်ညံ့သောသဘောကိုလည်းကောင်း။
ကာမာနံ၊ တို့၏။
သံကိလေသံ-သံကိလိဿနံ၊ ညစ်ညူး(စုတ်ပဲ့) ခြင်းကိုလည်းကောင်း။
နေက္ခမ္မေ၊ ရဟန်းအဖြစ်,ဈာန်တရား၊ ကုသိုလ်တရား၌။
အာနိသံ-ဂုဏံ၊ ဂုဏ်အာနိသင်ကိုလည်းကောင်း။
တံ သဗ္ဗံ၊ ထိုအနုပုဗ္ဗီကထာအားလုံးကို။
ပကာသေသိ၊ ထင်ရှားပြပြီ။ထိတ်လန့်တုန်လှုပ်ခြင်းကင်းသော သဘောသတ္တိကြောင့် ဒါနသည် ခြင်္သေ့မင်းနှင့်လည်း တူသည်ဆိုလျှင်လည်း မှန်သည်သာ။ကောင်းကျိုးများစွာကို ပေးနိုင်သည်၏အဖြစ်ကြောင့် ဒါနသည် အားကောင်းသော ဆင်ကြီးနှင့်တူသည်။ထူးကဲသော မင်္ဂလာတစ်ရပ်အနေအားဖြင့် တည်ရှိသောကြောင့် ဒါနသည် ဆွတ်ဆွတ်ဖြူသော နွားလားနှင့်တူသည်။ဘေးကင်းရာသို့ ရောက်စေတတ်သောကြောင့် ဝလာဟကမြင်းရာဇာသဖွယ်လည်း ဖြစ်၏။ဒါနတည်းဟူသောကုသိုလ်သည် မင်းစည်းစိမ် စကြဝတေးစည်းစိမ် သိကြားစည်းစိမ် မာရ်မင်း ဗြဟ္မာမင်းစည်းစိမ်တို့ကိုလည်း ပေးနိုင်၏။သာဝကပါရမီဉာဏ် ပစ္စေကဗောဓိဉာဏ်တို့ကိုလည်း ဒါနကုသိုလ်က ပေးနိုင်သည်သာ။ဤမျှလောက် ဒါန၏အကျိုး ကြီးကျယ်သည်။ဒါနနှင့်စပ်၍ ဗဟုသုတရှိစေရန် အဋ္ဌကထာရှု၍ ရေးသားလိုက်သည်။ကျန် သီလကထာ စသည် တို့ကို သိလိုက ဋ္ဌ-ရှုလေ။
ယဒါ၊ ၌။
ဘဂဝါ၊ သည်။
ကုဋ္ဌိံ၊ သော။
သုပ္ပဗုဒ္ဓံ၊ ကို။
ကလ္လစိတ္တံ၊ ခံ့သောစိတ်ရှိသည်ကို၊(ကြိုက်သလိုပြုပြင်ပြုလုပ်၍ ရနိုင်လောက်အောင် အရံသင့်အခံ့သင့် ဖြစ်နေသော စိတ်ရှိသောသူ-ဟု ဆိုလိုသည်)။
မုဒုစိတ္တံ၊ နူးညံ့သောစိတ် ရှိသည်ကို။
ဝိနီဝရဏစိတ္တံ၊ အမှန်တရားကို ပိတ်ဆို့သောစိတ်မရှိသည်ကို။
ဥဒဂ္ဂစိတ္တံ၊ တက်ကြွသောစိတ် ရှိသည်ကို။
ပသန္နစိတ္တံ၊ ကြည်လင်သောစိတ် ရှိသည်ကို။
အညာသိ၊ သိတော်မူပြီ။
အထ၊ ထိုအခါ၌။
ဗုဒ္ဓါနံ၊ တို့၏။
သာမုက္ကံသိကာ၊ ကိုယ်တိုင်သာ ထုတ်ဆောင်၍ ယူအပ်သော။
ဝါ၊ သယမ္ဘူဉာဏ်ဖြင့် ကိုယ်တော်တိုင် ညွှန်ပြအပ်သော။
ယာ ဓမ္မဒေသနာ၊ သည်။
အတ္ထိ၊ ၏။
ဒုက္ခံ၊ ဒုက္ခသစ္စာလည်းကောင်း။
သမုဒယံ၊ သမုဒယသစ္စာလည်းကောင်း။
နိရောဓသစ္စာ၊ နိရောဓံမဂ္ဂသစ္စာ'လည်းကောင်း။
မဂ္ဂံ၊တံ၊ ထိုအရိယသစ္စာ တရားကို။
ပကာသေသိ၊ ထင်ရှားပြတော်မူပြီ။
သုဒ္ဓံ၊ အညစ်အကြေးကင်းသော။
အပဂတကာဠကံ၊ မည်းနက်ခြင်းကင်းသော။
ဝတ္ထံ၊ အဝတ်အထည်သည်။
ရဇနံ၊ ဆိုးရည်ကို။
သမ္မဒေဝ၊ ကောင်းစွာသာလျှင်။
ပဋိဂ္ဂဏှေယျ သေယျထာပိ နာမ၊ စွဲအောင်စုပ်ယူဘိသကဲ့သို့။
ဧဝမေဝံ၊ ဤအတူသာလျှင်။
ဣဋ္ဌိဿ၊ သော။
သုပ္ပဗုဒ္ဓဿ၊ ၏။
တသ္မိံယေဝ အာသနေ၊ ထိုနေရာ၌ပင်လျှင်။
ဝိရဇံ၊ ရာဂတည်းဟူသော မြူကင်းသော။
ဝီတမလံ၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ အညစ်အကြေးကင်းသော။
ဝါ၊ မရှိသော။
ဓမ္မစက္ခုံ၊ သောတာပတ္တိမဂ်တည်းဟူသော တရားမျက်စိသည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်ပြီ။
ကိန္တိ၊ အဘယ်သို့။
ဥဒပါဒိ၊ သနည်း။ဓမ္မစက္ခု။ ။ ထိုဓမ္မစက္ခုသည် နိဗ္ဗာန်ကို အာရုံပြု၍ မဂ်ကိစ္စ ၁၆-ချက်၏ အစွမ်းအားဖြင့် သင်္ခတတရားတို့ကို ထိုးထွင်းသိမြင်ခြင်း ဖြစ်သည်-ဟူလို။တံဟိ နိရောဓံ အာရမ္မဏံ ကတွာ ကိစ္စဝသေန ဧဝ သင်္ခတဓမ္မေ ပဋိဝိဇ္ဈန္တံ ဥပ္ပဇ္ဇတိ။ ဋ္ဌ၊ ၂၅၇။ဤကား ဓမ္မစက္ခုဖြစ်ပုံ အခြင်းအရာတည်း။
``
"ယံ ကိဉ္စိ၊ အကြင်တစ်စုံတစ်ခုသောတရားသည်။
သမုဒယဓမ္မံ၊ ဖြစ်ခြင်း သဘောရှိ၏။
တံ သဗ္ဗံ၊ ဖြစ်ခြင်းသဘောရှိသော ထိုတရားအားလုံးသည်။
နိရောဓဓမ္မံ"၊ ချုပ်ခြင်းသဘောရှိ၏။
ဣတိ၊ ဤသို့။
ဥဒပါဒိ၊ ပြီ။
အထ ခေါ၊ ၌။
ဣဋ္ဌီ၊ သော။
သုပ္ပဗုဒ္ဓေါ၊ သည်။
ဒိဌဓမ္မော၊ သိမြင်အပ်သော အရိယသစ္စာတရားရှိသည်ဖြစ်၍။
ဝါ၊ သစ္စာလေးပါးကို သိမြင်သည်ဖြစ်၍။
ပတ္တဓမ္မော၊ ရအပ်ရောက်အပ်သော အရိယသစ္စာတရားရှိသည် ဖြစ်၍။
ဝါ၊ အရိယာသစ္စာတရားကို ဝါ-သို့ ရရောက်သည်ဖြစ်၍။
ဝိဒိတဓမ္မော၊ သိအပ်ပြီးသော အရိယသစ္စာတရားရှိသည်ဖြစ်၍။
ဝါ၊ သစ္စာလေးပါးတရားကို သိသည်ဖြစ်၍။
ပရိယောဂါဠှဓမ္မော၊ ပရိညေယျဓမ္မကို အကြွင်းမရှိ ထက်ဝန်းကျင် သိမ်းကျုံးအပ်သော အရိယသစ္စာတရား ရှိသည်ဖြစ်၍။
ဝါ၊ သစ္စာလေးပါးတရားကို ထက်ဝန်းကျင် အကုန်အစင် သက်ဝင်သိမြင်ပြီးသည် ဖြစ်၍။
တိဏ္ဏဝိစိ-ကိစ္ဆော၊ လွန်မြောက်အပ်သော ဝိစိကိစ္ဆာ ရှိသည် ဖြစ်၍။
ဝါ၊ ဝိစိကိစ္ဆာကိုလွန်မြောက်သည် ဖြစ်၍။
ဝိဂတကထံ ကတော၊ ကင်းသော သို့လော သို့လောပြောဆိုခြင်း ရှိသည် ဖြစ်၍။
ဝါ၊ ဤသို့ ဖြစ်ခဲ့လေသလော မဖြစ်ခဲ့လေသလော-ဟု သို့လော သို့လော ပြောဆိုခြင်း ကင်းသည်ဖြစ်၍။
ဝေသာရဇ္ဇပ္ပတ္တော၊ ရဲရဲရင့်ရင့် စွမ်းရည်အပြည့် ရှိသည်၏အဖြစ်သို့ ရောက်သည် ဖြစ်၍။
သတ္ထုသာသနေ၊ ဘုရားသာသနာ၌။
အပရပ္ပစ္စယော၊ တစ်ပါးသောယုံကြည်ဖွယ် မရှိသည် ဖြစ်၍။
ဝါ၊ သူတစ်ပါး၏ယုံကြည်မှု သဒ္ဓါကြောင့် မိမိ၏ယုံကြည်ခြင်းဖြစ်သည် မဟုတ်မူ၍။
အာသနာ၊ နေရာမှ။
ဥဋ္ဌာယ၊ ထ၍။
ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ သည်။
အတ္ထိ၊ ၏။
တေန၊ သို့။
ဥပသင်္ကမိ၊ အရောက်သွားပြီ။
တတော၊ ထိုရောက်ရာ အရပ်မှ။**ဒိဋ္ဌဓမ္မော စသည်**။ ။ ဒိဋ္ဌော+အရိယသစ္စဓမ္မော+ဧတေနာတိ၊ ဒိဋ္ဌဓမ္မော။ပတ္တော+အရိယသစ္စဓမ္မော+ဧတေနာဟိ=ပတ္တဓမ္မော။ဝိဒိတော+အရိယသစ္စ-ဓမ္မော+ဧတေနာတိ=ဝိဒိတဓမ္မော။ပရိယောဂေါဠောှ+အရိယ သစ္စဓမ္မော+ဧတေ-နာတိ=ပရိယောဂါဠှဓမ္မော။(ပဋိဘယကန္ဒာရသဒိသာ သောဠဿဝတ္ထုကာ စ အဋ္ဌဝတ္ထုကာ စ)တိဏ္ဏာ+ဝိစိကိစ္ဆာ+ဧတေနာတိ=တိဏ္ဏ ဝိစိကိစ္ဆော။ဝိဂတသမုစ္ဆိန္နာ+ကထံကထာ+ဧတဿာတိ=ဝိဂတကထံကတော။(သာရဇ္ဇကရာနံ ပါပဓမ္မာနံ ပဟီနတ္တာ တပ္ပဋိပက္ခေသု စ သီလာဒိဂုဏေသု သုပ္ပတိဋ္ဌိကတ္တာ)ဝေသာရဇ္ဇံ ဝိသာရဒဘာဝံ ဝေယျတ္တိယံ+ပတ္တောတိ=ဝေသာ ရဇ္ဇပတ္တော။နဿ+ပရော+ပစ္စယော န+ပရဿ သဒ္ဓါယ+ဧတ္ထ ဝတ္တတီတိ=အပရပ္ပစ္စ ယော၊အဋ္ဌကထာဝိဂ္ဂဟ။
ဒိဋ္ဌဓမ္မော၌ ဒိဋ္ဌ၏အနွယ်ဖြစ်သော ဒဿနသည် မံသစက္ခုဒဿနလော,ဉာဏစက္ခုဒဿနလော မသိသာ။ဓမ္မ-အရလည်း လောကီဓမ္မလား,လောကုတ္တရာဓမ္မလား,ဈာန်လား,မဂ်လား,ကုသိုလ်လား,အကုသိုလ်လားစသည် မသဲကွဲ။သာမညဖြစ်၏။ထို့ကြောင့် သိသာထင်ရှားစေရန် ပတ္တဓမ္မောကို ဟောတော်မူအပ်၏။
ပတ္တဓမ္မော၌ ပတ္တ၏ အနွတ္ထဖြစ်သော ပါပုဏနသမ္ပတ္တိသည်လည်း ဉာဏသမ္ပတ္တိလော,ခြေလျင်သွားခြင်းဖြင့် ရောက်ခြင်းဟူသော ကာယသမ္ပတ္တိလော စသည် မကွဲပြား။ထို့ကြောင့် ဝိဒိတဓမ္မောကို ဟောတော်မူအပ်၏။
ဝိဒိတဓမ္မော ဝိဒိတ၏အနွတ္ထဖြစ်သော ဝေဒသည်လည်း ဧကဒေသဝေဒ, နိပ္ပဒေသဝေဒ မကွဲပြား။ထို့ကြောင့် ပရိယောဂါဠှဂမ္မောကို ဟောတော်မူအပ်၏။ဤဒိဋ္ဌဓမ္မအစ ပရိယောဂါဠှဓမ္မအဆုံးရှိသော လေးပုဒ်တို့ဖြင့် သုပ္ပဗုဒ္ဓ၏ သစ္စာလေးပါးကို သိသည်၏အဖြစ် သစ္စာဘိသမယကို ပြသည်။ထိုစကား မှန်၏။သမယဖြစ်သော မဂ်ဉာဏ်သည်သာ ဧကာဘိသမယ၏အစွမ်းအားဖြင့် ပရိညာဒိကိစ္စကို ပြီးစေလျက် အကြွင်းအကျန်မရှိ ဉေ ယျဓမ္မတို့ကို ထက်ဝန်းကျင်မှ သက်ဝင်သိရှိနိုင်သည်။နာမရူပပရိစ္ဆေစသော ဝိပဿနာဉာဏ်သည် နိပ္ပဒေသအားဖြင့် မသိရှိနိုင်။
ထို့ကြောင့် အဆိုပါ ဒိဋ္ဌဓမ္မောစသော လေးပုဒ်တို့ဖြင့် ပြဆိုအပ်သော အဓိပ္ပါယ်ကို တိတိပပသိစေရန် တိဏ္ဏဝိစိကိစ္ဆောကို ဆက်လက်ဟောတော်မူအပ်၏။
တိဏ္ဏဝိစိကိစ္ဆာဖြစ်ခြင်းကြောင့် ဝိဂတကထံကထဖြစ်သည်ဟူသော အကြောင်းအကျိုးဆက်သွယ်ပုံကိုလည်းကောင်း၊တပ်မက်ခြင်းကို ဖြစ်စေတတ်သော ဒိဋ္ဌိ ဝိစိကိစ္ဆာကို ပယ်၍ ထိုပါပဓမ္မတို့၏ ဆန့်ကျင်ဘက် သီလစသော ဂုဏ်တို့၌ တည်သည်၏ အဖြစ်ကြောင့် သူပ္ပဗုဒ္ဓသည် ရဲရင့်သည်၏အဖြစ် အသိဉာဏ်ဖြစ်သည်၏အဖြစ်သို့ ရောက်ရလေသည်။သုပ္ပဗုဒ္ဓသည် ဘုရားမှတစ်ပါး အခြားယုံကြည်စရာ မရှိ။သူတစ်ပါး၏ ယုံကြည်မှုသဒ္ဓါကြောင့် ဤသာသနာ၌ အရိယာသာဝကဖြစ်လာသည် မဟုတ်။ဤအဓိပ္ပါယ်ကို သိစေရန် အပရပ္ပစ္စယော သတ္တုသာသနေသု ဟု ဆက်လက်ဟောတော်မူအပ်၏။ ဋ္ဌ။
ဒိဋ္ဌဓမ္မော၌ ဒိဋ္ဌ၏အနွယ်ဖြစ်သော ဒဿနသည် မံသစက္ခုဒဿနလော,ဉာဏစက္ခုဒဿနလော မသိသာ။ဓမ္မ-အရလည်း လောကီဓမ္မလား,လောကုတ္တရာဓမ္မလား,ဈာန်လား,မဂ်လား,ကုသိုလ်လား,အကုသိုလ်လားစသည် မသဲကွဲ။သာမညဖြစ်၏။ထို့ကြောင့် သိသာထင်ရှားစေရန် ပတ္တဓမ္မောကို ဟောတော်မူအပ်၏။
ပတ္တဓမ္မော၌ ပတ္တ၏ အနွတ္ထဖြစ်သော ပါပုဏနသမ္ပတ္တိသည်လည်း ဉာဏသမ္ပတ္တိလော,ခြေလျင်သွားခြင်းဖြင့် ရောက်ခြင်းဟူသော ကာယသမ္ပတ္တိလော စသည် မကွဲပြား။ထို့ကြောင့် ဝိဒိတဓမ္မောကို ဟောတော်မူအပ်၏။
ဝိဒိတဓမ္မော ဝိဒိတ၏အနွတ္ထဖြစ်သော ဝေဒသည်လည်း ဧကဒေသဝေဒ, နိပ္ပဒေသဝေဒ မကွဲပြား။ထို့ကြောင့် ပရိယောဂါဠှဂမ္မောကို ဟောတော်မူအပ်၏။ဤဒိဋ္ဌဓမ္မအစ ပရိယောဂါဠှဓမ္မအဆုံးရှိသော လေးပုဒ်တို့ဖြင့် သုပ္ပဗုဒ္ဓ၏ သစ္စာလေးပါးကို သိသည်၏အဖြစ် သစ္စာဘိသမယကို ပြသည်။ထိုစကား မှန်၏။သမယဖြစ်သော မဂ်ဉာဏ်သည်သာ ဧကာဘိသမယ၏အစွမ်းအားဖြင့် ပရိညာဒိကိစ္စကို ပြီးစေလျက် အကြွင်းအကျန်မရှိ ဉေ ယျဓမ္မတို့ကို ထက်ဝန်းကျင်မှ သက်ဝင်သိရှိနိုင်သည်။နာမရူပပရိစ္ဆေစသော ဝိပဿနာဉာဏ်သည် နိပ္ပဒေသအားဖြင့် မသိရှိနိုင်။
ထို့ကြောင့် အဆိုပါ ဒိဋ္ဌဓမ္မောစသော လေးပုဒ်တို့ဖြင့် ပြဆိုအပ်သော အဓိပ္ပါယ်ကို တိတိပပသိစေရန် တိဏ္ဏဝိစိကိစ္ဆောကို ဆက်လက်ဟောတော်မူအပ်၏။
တိဏ္ဏဝိစိကိစ္ဆာဖြစ်ခြင်းကြောင့် ဝိဂတကထံကထဖြစ်သည်ဟူသော အကြောင်းအကျိုးဆက်သွယ်ပုံကိုလည်းကောင်း၊တပ်မက်ခြင်းကို ဖြစ်စေတတ်သော ဒိဋ္ဌိ ဝိစိကိစ္ဆာကို ပယ်၍ ထိုပါပဓမ္မတို့၏ ဆန့်ကျင်ဘက် သီလစသော ဂုဏ်တို့၌ တည်သည်၏ အဖြစ်ကြောင့် သူပ္ပဗုဒ္ဓသည် ရဲရင့်သည်၏အဖြစ် အသိဉာဏ်ဖြစ်သည်၏အဖြစ်သို့ ရောက်ရလေသည်။သုပ္ပဗုဒ္ဓသည် ဘုရားမှတစ်ပါး အခြားယုံကြည်စရာ မရှိ။သူတစ်ပါး၏ ယုံကြည်မှုသဒ္ဓါကြောင့် ဤသာသနာ၌ အရိယာသာဝကဖြစ်လာသည် မဟုတ်။ဤအဓိပ္ပါယ်ကို သိစေရန် အပရပ္ပစ္စယော သတ္တုသာသနေသု ဟု ဆက်လက်ဟောတော်မူအပ်၏။ ဋ္ဌ။
ဥပသင်္ကမိတွာ၊ ပို၍နီးအောင် သွား၍။
ဘဂဝန္တံ၊ ကို။
အဘိဝါဒေတွာ၊ ၍။
ဧကမန္တံ၊ ၌။
နိသီဒိ၊ ထိုင်နေပြီ။
ဧကမန္တံ၊ ၌။
နိသိန္နော ခေါ၊ ထိုင်နေသော။
သုပ္ပဗုဒ္ဓေါ ကုဋ္ဌီ၊ သည်။
ဘဂဝန္တံ၊ ကို။
ဧတံ၊ ဤစကားကို။
အဝေါစ၊ ပြီ။
ကိံ၊ ကို။
အဝေါစ၊ သနည်း။
ဧတံ၊ ကို။
အဝေါစ၊ ပြီ။
"အဘိက္ကန္တံ ဘန္တေ(လ)အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ"န္တိ၊ သရဏံ ဂတံ-ဟူသော။
ဘန္တေ၊ ရား။
အဘိက္ကန္တံ၊ အလွန် မြတ်နိုးဖွယ်ရှိပေစွ(အဘိက္ကန္တံ၊အလွန်ကောင်းလှပါ၏ဟူ၍သော်လည်း ဘာဝတ္ထယောဇနာ)။
ဘန္တေ၊ ရား။
အဘိက္ကန္တံ၊ အလွန်မြတ်နိုးအပ်ပေစွ။
(ဤနှစ်ဝါကျ တို့တွင် ပဌမဝါကျဖြင့် ဘုရားရှင်၏ဒေသနာကို ချီးမွမ်းသည်။ဒု-ဝါကျဖြင့် မိမိတည်းဟူသော သုပ္ပဗုဒ္ဓ၏ ပသာဒကိုသိစေသည်။တစ်နည်း-သုပ္ပဗုဒ္ဓသည် ပသာဒ၏အစွမ်း ပသံသာ၏ အစွမ်းအားဖြင့် ဝါကျတူနှစ်ကြိမ် လျှောက်ထားခြင်း ဖြစ်သည်။ဥပမာလေးမျိုးတို့ဖြင့် ဗုဒ္ဓ၏ ဒေသနာကို ချီးကျူးလို၍ နိက္ကုဇ္ဇိတံ စသည် မိန့်ပြန်သောဝ်)။
နိက္ကုဇ္ဇိတံ၊ အောက်သို့မျက်နှာဝလှည့်ထားအပ်သော ခွက်ကို။
ဥက္ကုဇ္ဇေယျ သေယျထာပိဝါ၊ အထက်သို့ မျက်နှာဝနေအောင် ပြုသကဲ့သို့။
ပဋိစ္ဆန္နံ၊ မြက်စသည်ဖြင့် ဖုံးထားအပ်သော အရာဝတ္ထုကို။
ဝိဝရေယျသေယျထာပိ၊ ဖွင့်ပြဘိသကဲ့သို့။
မူဠှဿ၊ မျက်စိလည် လမ်းမှားသဖြင့်တောင်မြောက် မသိ တွေဝေသူအား။
မဂ္ဂံ၊ လမ်းမှန်ကို။
အာစိက္ခေယျသေယျထာပိ ဝါ၊ ပြောပြသကဲ့သို့လည်းကောင်း။
စက္ခုမန္တော၊ ကြည်လင်ကောင်းမွန်သော မျက်စိရှိသူ တို့သည်။
ရဓပါနိ၊ ထိုထိုရူပါရုံတို့ကို။
ဒက္ခန္တိ၊ မြင်ကြရကုန် လတ္တံ့။
ဣတိ၊ သို့။
အန္ဓကာရေ၊ အမိုက်မှောင်၌။
တေလပဇ္ဇောတံ၊ ဆီမီးတန်ဆောင်တိုင်ကို။
ဓာရေယျ သေယျထာပိ ဝါ၊ ညှိထွန်းဆောင်ပြသကဲ့သို့ လည်းကောင်း။
ဧဝမေဝံ၊ ဤအတူ။
ဘဂဝတာ၊ သည်။
အနေကပရိယာယေန၊ တစ်ပါးမက များလှစွာသော ပရိယာယ်ဖြင့်။
ဓမ္မော၊ သစ္စာလေးပါး မြတ်တရားကို။
ပကာသိတော၊ ထင်ရှားပြအပ်ပြီ။
ဘန္တေ၊ ရား။
ဧသာဟံ-ဧသော အဟံ၊ သုပ္ပဗုဒ္ဓမည်သော ထိုတပည့်တော်သည်။
ဘဂဝန္တံ၊ ကို။
သရဏံ-သရဏံ ဣတိ၊ ကိုးကွယ် အားထားရာဟူ၍။
ဂစ္ဆာမိ၊ ကိုးကွယ်ဆည်းကပ် အသိအမှတ် ပြုပါ၏။
ဓမ္မဉ္စ၊ မဂ်လေးတန် ဖိုးလေးတန် နိဗ္ဗာန်ပရိယတ် ဆယ်တန်သော တရားတော်မြတ်ကို လည်းကောင်း။
ဘိက္ခုသံဃဉ္စ၊ အရိယာ သံဃာတော်အရှင်မြတ်အပေါင်းကိုလည်းကောင်း။
သရဏံ-သရဏံဣတိ၊ ဟူ၍။
ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် အသိအမှတ်ပြုပါ၏။
အဇ္ဇတဂ္ဂေ၊ ယနေ့ကို အစပြု၍။
ပါဏုပေတံ၊ အသက်ရှိနေသရွေ့ကာလပတ်လုံး။
သရဏံ ဂတံ၊ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ် အသိအမှတ်ပြုသော။
ဥပါသကံ၊ ဥပါသကာဟူ၍။
မံ၊ တပည့်တော်ကို။
ဓာရေတု၊ စိတ်၌ ဆောင်ထားတော်မူပါ။
ဝါ၊ အသိအမှတ်ပြုတော်မူပါ။
(ဤကား အာကာရဝါကျ အနက်ယောဇနာ)။
အထ ခေါ၊ ၌။
ကုဋ္ဌီ၊ သော။
သုပ္ပဗုဒ္ဓေါ၊ သည်။
ဘဂဝတာ၊ သည်။
ဓမ္မိယာ၊ တရားနှင့်စပ်သော။
ကထာယ၊ စကားဖြင့်။
သန္ဒဿိတော၊ သစ္စာလေးပါးကို ကောင်းစွာ မြင်စေအပ်သည် ဖြစ်၍။
သမာဒဝိကော၊ သီလစသည်တို့၌ တည်စေအပ်သည် ဖြစ်၍။
သမုတ္တေဇိတော၊ ကောင်းစွာထက်စေအပ်သည် ဖြစ်၍။
သမ္ပဟံသိတော၊ ကောင်းစွာ ရွှင်လန်းစေအပ်သည် ဖြစ်၍။
ဘဂဝတာ၊ သည်။
ဘာသိတံ၊ ဟောတော်မူအပ်သော တရားကို။
အဘိနန္ဒိတွာ၊ လွန်စွာ နှစ်သက်၍။
အနုမောဒိတွာ၊ ဝမ်းမြောက်၍။
အာသနာ၊ မှ။
ဥဋ္ဌာယ၊ ထ၍။
ဘဂဝန္တံ၊ ကို။
အဘိဝါဒေတွာ၊ ရှိခိုး၍။
ပဒက္ခိဏံ ကတွာ၊ အရိုအသေပြု၍။
ပက္ကာမိ၊ ပြီ။
အထ ခေါ၊ ၌။
အစိရပက္ကန္တံ၊ ဖဲသွား၍မကြာသေးသော။
ကုဋ္ဌိံ၊ သော။
သုပ္ပဗုဒ္ဓံ၊ ကို။
တရုဏဝစ္ဆာ၊ ကလေးငယ်ရှိသော။
ဂါဝီ၊ နွားမသည်။
အဓိပတိတွာ၊ ရှေးရှုလည်ကျစေ၍။
ဝါ၊ ဝှေ့၍။
ဇီဝိတာ၊ မှ။
ဝေါရောပေသိ၊ ချပြီ။
ဝါ၊ သတ်ပြီ။
(အာပတိတွာ မာရေသိ၊ ဋ္ဌ)။
အထ ခေါ၊ ၌။
သမ္ဗဟုလာ၊ ကုန်သော။
ဘိက္ခူ၊ တို့သည်။
ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ သည်။
အတ္ထိ၊ ၏။
တေန၊ သို့။
ဥပသင်္ကမိံသု၊ ကုန်ပြီ။
ဥပသင်္ကမိတွာ၊ ၍။
ဘဂဝန္တံ၊ ကို။
အဘိဝါဒေတွာ၊ ၍။
ဧကမန္တံ၊ ၌။
နိသီဒိံသု၊ ကုန်ပြီ။
ဧကမန္တံ၊ ၌။
နိသိန္နာ ခေါ၊ ကုန်သော။
တေ ဘိက္ခူ၊ တို့သည်။
ဘဂဝန္တံ၊ ကို။
"ဘန္တေ၊ ဘုရား။
ကုဋ္ဌီ၊ အနာကြီးရောဂါသည်ဖြစ်သော။
သုပ္ပဗုဒ္ဓေါ နာမ၊ မည်သော။
ယော သော၊ အကြင်သူကို။
ဘဂဝတာ၊ သည်။
ဓမ္မိယာ ကထာယ၊ တရားစကားဖြင့်။
သန္ဒဿိတော၊ စေအပ်ပြီ။
သမာဒပိတော၊ စေအပ်ပြီ။
သမုတ္တေဇိတော၊ စေအပ်ပြီ။
သပ္ပဟံသိတော၊ ကောင်းစွာ ရွှင်လန်း စေအပ်ပြီ။
သော၊ ထိုသုပ္ပဗုဒ္ဓသည်။
ကာလင်္ကတော၊ ပြုအပ်ပြီးသော သေခြင်း ရှိ၏။
ဝါ၊ သေသွားပါပြီ။
တဿ၊ ထိုသုပ္ပဗုဒ္ဓ၏။
ဂတိ၊ လားရာဂတိသည်။
ကာ၊ အဘယ်ပါနည်း။
အဘိသမ္ပရာယော၊ ရှေးရှုသွားရောက်အပ်သော တမလွန်ဘဝသည်။
ကော"တိ၊ အဘယ်ပါနည်း။
ဣတိ၊ ဤသို့။
ဧတံ၊ ကို။
အဝေါစုံ၊ ကုန်ပြီ။
ဘိက္ခဝေ၊ကုဋ္ဌီ၊ သော၊တို့။
သုပ္ပဗုဒ္ဓေါ၊ သည်။
ပဏ္ဍိတော၊ ပညာရှိ၏။
ပစ္စပါဒိ၊ ရှေးရှုကျင့်ပြီ(ပစ္စပါဒိ=ပတိ+ပါဒိ ဟုပုဒ်ဖြတ်။ထိုးထွင်း၍သိပြီ-ဟုလည်း ပေးကြသည်။)
ဓမ္မာဓိကရဏံ၊ တရားတည်းဟူသော အကြောင်းကြောင့်။
မံ၊ ငါဘုရားကို။
န ဝိဟေသေသိ၊ မညှဉ်းဆဲ။
ဘိက္ခဝေ၊ တို့။
ကုဋ္ဌီ၊ သော။
သုပ္ပဗုဒ္ဓေါ၊ သည်။
တိဏ္ဏံ၊ သုံးပါးကုန်သော။
သံယောဇနာနံ၊ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ,သီလဗ္ဗတပရာမာသသံယောဇဉ်တို့၏။
ပရိက္ခယာ၊ သမုစ္ဆေဒပဟာန်ဖြင့် ပယ်ခြင်းကြောင့်။
သောတာပန္နော၊ အရိယာမဂ်ရေအလျဉ်သို့ အစပဌမရောက်သူတည်း။
အဝိနိပါတဓမ္မော၊ အပါယ်လေးဘုံသို့ ဖရိုဖရဲကျရောက်ခြင်းသဘောမရှိ။
နိယတော၊ ဓမ္မနိယာမ သမ္ပတ္တနိယာမအားဖြင့် မြဲ၏။
သမ္ဗောဓိပရာ-ယဏော၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိ၏။
ဣတိ၊ ဤသို့ဘုရားရှင် မိန့်တော်မူ၏။
ဧဝံ ဝုတ္တေ၊ ဘုရားရှင်က ဤသို့မိန့်တော်မူအပ်သော်။
အညတရော၊ သော။
ဘိက္ခူ၊ သည်။
ဘဂဝန္တံ၊ ကို။
"ဘန္တေ၊ ဘုရား။
သုပ္ပဗုဒ္ဓေါ၊ သည်။
ယေန ဟေတုနာ၊ အကြင်ဆက်ဆံသော အကြောင်းကြောင့်။
ယေန ပစ္စယေနာ၊ = အကြင်မဆက်ဆံသောအကြောင်းကြောင့်။
ကုဋ္ဌီ၊ အနာကြီးရောဂါသည်သည်။
မနုဿဒလိဒ္ဒေါ၊ အဆင်းရဲဆုံးသော သူသည်။
မနုဿကပဏော၊ လူအပေါင်းတို့တွင် အဆင့်အနိမ့်ဆုံး အထီးကျန်အဖြစ်သို့ ရောက်သည်။
မနုဿဝရာဟော၊ လူအများ၏ကဲ့ရဲ့ရှုတ်ချအပ်သည်။
အဟောသိ၊ ပြီ။
ကော နု ခေါ ဟေတု"၊ အဘယ်ပါနည်း။
သော ပစ္စယော၊ ထိုအများနှင့်မဆက်ဆံသော အကြောင်းအထောက်အပံ့သည်။
ကော၊နု၊ အဘယ်ပါနည်း။
(ဟေတူတိ သာဓာရဏကာရဏံ။အသာဓာရဏကာရဏံ ပန ပစ္စယော။ဋ္ဌ)
ဣတိ၊ ဤသို့။
ဧတံ၊ ဤအမေးစကားကို။
အဝေါစ၊ လျှောက်ထားပြီ။
ဘိက္ခဝေ၊ တို့။
ဘူတပုဗ္ဗံ၊ ရှေးက ဤသို့ ဖြစ်ဖူး၏။
ကုဋ္ဌီ၊ သော။
သုပ္ပဗုဒ္ဓေါ၊ သည်။
ဣမသ္မိံယေဝ ရာဇဂဟေ၊ ဤရာဇဂြိုလ်မြို့၌ပင်။
သေဋ္ဌိပုတ္တော၊ သည်။
အဟောသိ၊ ပြီ။
သော၊ သည်။
ဥယျာနဘူမိံ၊ ဥယျာဉ်မြေသို့။
နိယျန္တော၊ ထွက်သွား လတ်သော်။
တဂရသိခိံ၊ တဂရသိခီမည်သော။
ပစ္စေကဗုဒ္ဓံ၊ ကို။
နဂရံ၊ မြို့သို့။
ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။
ပဝိသန္တံ၊ ဝင်တော်မူသည်ကို။
အဒ္ဒသ၊ မြင်ပြီ။
ဒိသွာန၊ ၍။
အဿ၊ ထိုသူဋ္ဌေးသား၏။
"ကွာယံ ကုဋ္ဌီ-ကော အယံ ကုဋ္ဌီ၊ အဘယ်မည်သော ဤအနာကြီး ရောဂါသည်သည်။
ကုဋ္ဌိစီဝရေန၊ အနာကြီးရောဂါသည်တို့၏ အဝတ်တည်းဟူသော သင်္ကန်းဖြင့်။
ဝိစရတီ"၊ လှည့်လည်သနည်း။
ဣတိ၊ ဤသို့။
ဧတံ၊ ဤကြံစည်တွေးတော ခြင်းသည်။
အဟောသိ၊ ပြီ။
နိဋ္ဌုဘိတွာ၊ တံတွေးထွေး၍။
အပသဗျတော၊ မရိုမသေမလေးမစား။
ကရိတွာ၊ ပြု၍။
ပက္ကာမိ၊ ဖဲသွားပြီ။
(တံ အပသဗျံ ကတွာ အတ္တနော အပသဗျံ အပဒက္ခိဏံ ကတွာ။ ဋ္ဌ၊ ၂၆၅)။
သော၊ ထိုသူဋ္ဌေးသားသည်။
တဿ ကမ္မဿ၊ ၏။
ဝိပါကေန၊ အကျိုးအားဖြင့်။
ဗဟူနိ ဝဿသတာနိ၊ အနှစ်ရာပေါင်းများစွာ။
ဗဟူနိဝဿသဟဿာနိ၊ အနှစ်ထောင်ပေါင်းများစွာ။
ဗဟူနိ ဝဿသတသဟဿာနိ၊ အနှစ်သိန်းပေါင်းများစွာ။
နိရယေ၊ ၌။
ပစ္စိတ္ထ၊ ကျက်ပြီ။
တဿေဝ ကမ္မဿ၊ ပင်လျှင်။
ဝိပါကာဝသေသေန၊ ဝိပါက်အကြွင်းအကျန်၏ အစွမ်းအားဖြင့်။
ဣမသ္မိံ ရာဇဂဟေ၊ ၌။
ကုဋ္ဌီ၊ အနာကြီးရောဂါသည်သည်။
မနုဿဒလိဒ္ဒေါ၊ အဆင်းရဲဆုံးလူသည်။
မနုဿကပဏော၊ အဆင့်အနိမ့်ဆုံး အထီးကျန်လူသည်။
မနုဿဝရာဟော၊ လူအများ၏ ကဲ့ရဲ့ရှုတ်ချခြင်းခံရသော အလွန်ဆင်းရဲသူသည်။
အဟောသိ၊ ပြီ။
သော၊ ထိုသူဋ္ဌေးသားဖြစ်ခဲ့ဖူးသော သုပ္ပဗုဒ္ဓသည်။
တထာဂတပဝေဒိတံ၊ ဘုရားရှင် သိစေအပ် ကြားအပ်သော။
ဓမ္မဝိနယံ၊ သုတ်အဘိဓမ္မာ ဝိနည်းတည်းဟူသော သာသနာကို။
အာဂမ္မ၊ အကြောင်းပြု၍။
သဒ္ဓံ၊ သဒ္ဓါတရားကို။
သမာဒိယိ၊ ကောင်းစွာ ယူပြီ။
ဝါ၊ ဆောက်တည်ပြီ။
သီလံ၊ ကို။(လ)
သုတံ၊ အကြားအမြင်ဗဟုဿုတကို။
(လ)စာဂံ၊ စွန့်ကြဲပေးကမ်းမှုကို။
(လ)ပညံ၊ ဝိပဿနာပညာ မဂ်ပညာကို။
သမာဒိယိ၊ ပြီ။
ဝါ၊ ဆောက်တည်ပြီ။
သော၊ သည်။
တထာဝ-တပ္ပဝေဒိဟံ၊ သော။
ဓမ္မဝိနယံ၊ ကို။
အာဂမ္မ၊ ၍။
သဒ္ဓ၊ ကို။
သမာဒိယိတွာ၊ ယူ၍။
ဝါ၊ ၍။
သီလံ, သုတံ, စာဂံ, ပညံ၊ ကို။
သမာဒိယိတွာ၊ ၍။
ကာယဿ၊ ခန္ဓာကိုယ်၏။
ဘေဒါ၊ ပျက်စီးခြင်းဟူသော။
မရဏာ၊ သေသည်မှ။
ပရံ၊ နောက်ကာလ၌။
သုဂတိံ၊ လူကောင်းတို့၏ လားရောက်ရာဖြစ်သော။
သဂ္ဂံလောကံ၊ နတ်ပြည်သို့။
တာဝတိံသာနံ ဒေဝါနံ၊ တာဝတိံသာနတ်တို့၏။
သဟဗျတံ၊ အပေါင်းအဖော်အဖြစ်သို့။
ဥပပန္နော၊ ရောက်၏။
(သဂ္ဂံလောကံကား သာမည။တာဝတိံသာနံ ဒေဝါနံ သဟဗျတံကား ဥပပန္နော၏ဝိသေသကံ၊သို့မဟုတ်၊ နောက်ကံကို ဝိသေသန,သဂ္ဂံလောကံဟူသော ရှေ့ကံကို ဝိသေသျအနေဖြင့်ပေးလေ)။
သော၊ သည်။
တတ္ထ၊ ထိုတာဝတိံသာနတ်ပြည်၌။
အညေ ဒေဝေ၊ အခြားသော နတ်တို့ကို။
ဝဏ္ဏေန စ၊ ရုပ်အဆင်းအားဖြင့်လည်းကောင်း။
ယသသာ စ၊ အခြံအရံအားဖြင့်လည်းကောင်း။
အတိရောစတိ၊ သာလွန်၍ တင့်တယ်၏။
အထ ခေါ၊ ၌။
ဘဂဝါ၊ သည်။
ဧတမတ္ထံ၊ မကောင်းမှုတို့ကို မရှောင်ကြဉ်ခြင်း၌ အပြစ်, ရှောင်ကြဉ်ခြင်း၌ အကျိုးဟူသော ဤအနက် အဓိပ္ပါယ်ကို။
ဝိဒိတွာ၊ ၍။
တာယံ ဝေလာယံ၊ ၌။
ဣမံ ဥဒါနံ၊ ကို။
ဥဒါနေသိ၊ ပြီ။
"စက္ခုမာ ဝိသမာနီဝ(လ) ပါပါနိ ပရိဝဇ္ဇယေ"တိ၊ ပရိဝဇ္ဇယေ'ဟူသော။
စက္ခုမာ၊ ကြည်လင်ကောင်းမွန်သော မျက်စိအမြင်ရှိသူသည်။
ပရက္ကမေ၊ ကာယိကဝီရိယသည်။
ဝိဇ္ဇမာနေ၊ ကိုယ်ခန္ဓာကို ဆောင်သောအားဖြင့် အထင်အရှားရှိလတ်သော်(ဝိဇ္ဇမာနေ သရီရေ ဝဟန္တေ။ ဋ္ဌ)။
ဝိသမာနိ၊ မညီညွတ်သော ချောက်ကမ်းပါး ကျင်းချိုင့်နှင့် ကြမ်းတမ်းသော ဆင်မြင်းကျွဲနွား ခွေး မြွေစသည်တို့ကို။
ပရိဝဇ္ဇယေ၊ ရှောင်ကြဉ်ရာ၏။
ဧဝံ၊ ဤအတူ။
ပဏ္ဍိတော၊ မိမိ၏ အကျိုးစီးပွားကို သိမြင်သော ပညာရှင်သည်။
ဇီဝလောက သ္မိံ၊ ဤသတ္တလောက၌။
ပါပါနိ၊ ယုတ်မာသောဒုစရိုက် တို့ကို။
ပရိဝဇ္ဇေယျ၊ ရှောင်ကြဉ်ရာ၏။
တတိယံ။ ။