မေ၊ သည်။
ဧတံ၊ ဤဂဏိကာသုတ်ကို(ထည့်)။
ဧဝံ၊ ဤသို့။
သုတံ၊ အပ်ပါပြီ။
ဧကံ သမယံ၊ ၌။လ။
ဧကံ သမယံ၊ အခါတစ်ပါး၌။
ဘဂဝါ၊ သည်။
ရာဇဂဟေ၊ ၌။
ကလန္ဒ နိဝါပေ၊ ရှဉ့်နက်တို့အား အစာကျွေး၍ မွေးမြူရာဖြစ်သော။
ဝေဠုဝနေ၊ ၌။
ဝိဟရတိ၊ ၏။
တေန ခေါ ပန သမယေန၊ ၌။
ရာဇဂဟေ၊ ၌။
ဒွေ ပူဂါ၊ အသင်းအဖွဲ့အစည်း နှစ်ခုတို့သည်။
အညတရိဿာ၊ တစ်ဦးတစ်ယောက်သော။
ဂဏိကာယ၊ ပြည့်တန်ဆာမ၌။
သာရတ္တာ၊ ပြင်းစွာ ကြိုက်နှစ်သက်ကြကုန်သည်။
ပဋိဗဒ္ဓစိတ္တာ၊ ရာဂဖြင့်နှောင်ဖွဲ့အပ်သောစိတ် ရှိကုန်သည်။
ဘဏ္ဍနဇာတာ၊ ဖြစ်သောငြင်းခုံခြင်း ရှိကြကုန်သည်။
ကလဟဇာတာ၊ ခိုက်ရန်ဖြစ်ကြကုန်သည်။
ဝိဝါဒါပန္နာ၊ ဆန့်ကျင်ဘက်ပြောဆိုခြင်းသို့ ရောက်ကုန်သည်။
ဟုတွာ၊ ၍။
အညမညံ၊ အချင်းချင်း။
ပါဏီဟိပိ၊ လက်တို့ဖြင့်လည်း။
ဥပက္ကမန္တိ၊ ရိုက်ပုတ်ကြကုန်၏။
လေဍ္ဍူဟိပိ၊ ခဲတို့ဖြင့်လည်း။
ဥပက္ကမန္တိ၊ ပစ်ခတ်ကုန်၏။
ဒဏ္ဍေဟိပိ၊ ဒုတ်တို့ဖြင့်လည်း။
ဥပက္ကမန္တိ၊ ရိုက်နှက်ကြကုန်၏။
သတ္ထေဟိပိ၊ ဓားတို့ဖြင့်လည်း။
ဥပက္ကမန္တိ၊ ခုတ်ထစ်ကြကုန်၏။
တေ၊ ထိုအသင်းသားတို့သည်။
တတ္ထ၊ အချင်းဖြစ်ရာ ထိုနေရာ၌။
မရဏမ္ပိ၊ သေခြင်းသို့လည်း။
နိဂစ္ဆန္တိ၊ ရောက်ကုန်၏။
မရဏမတ္တံ၊ သေလုနီးပါးဖြစ်သော။
ဒုက္ခမ္ပိ၊ ဆင်းရဲသို့လည်း။
နိဂစ္ဆန္တိ၊ ရောက်ကုန်၏။
အထ ခေါ၊ ၌။လ။
တေ ဘိက္ခူ၊ တို့သည်။
ဘဂဝန္တံ၊ ကို။
ဘန္တေ၊ ဘုရား။
ဣဓ ရာဇဂဟေ၊ ဤရာဇဂြိုလ်မြို့၌။
ဒွေ ပူဂါ၊ တို့သည်။လ။
မရဏမတ္တံ၊ သေလုနီးပါးဖြစ်သော။
ဒုက္ခမ္ပိ၊ သို့လည်း။
နိဂစ္ဆန္တိ၊ ကုန်၏။
ဣတိ၊ ဤသို့လျှောက်ထားကြကုန်ပြီ။
အထ ခေါ၊ ၌။
ဘဂဝါ၊ သည်။
ဧတမတ္ထံ၊ ငါးဖြာအာရုံ ကာမဂုဏ်တို့၌ တပ်မက်ခြင်းသည် အချင်းချင်း ဆန့်ကျင်ဘက်စကား ပြောဆိုခြင်း၏ မူလအကြောင်း အလုံးစုံသော အကျိုးမဲ့ဖြစ်ခြင်း၏ အခြေခံအကြောင်းဖြစ်၏-ဟူသော ဤအနက်အဓိပ္ပာယ်ကို။
ဝိဒိတွာ၊ ၍။
တာယံ ဝေလာယံ၊ ၌။
ဣမံ ဥဒါနံ၊ ကို။
ဥဒါနေသိ၊ မူပြီ။
ယဉ္စ ပတ္တံ ယဉ္စ ပတ္တဗ္ဗံ။လ။ ဝဋ္ဋံ တေသံ နတ္ထိ ပညာပနာယာ'တိ၊ နတ္ထိ ပညာပနာယ-ဟူသော။
ပတ္တံ၊ ယခုလောလောဆယ် ခံစားအပ်သော။
ယဉ္စ၊ အကြင် ငါးဖြာအာရုံ ကာမဂုဏ်လည်းကောင်း။
ပတ္တဗ္ဗံ၊ နောင်တစ်ချိန် ခံစားရမည်ဖြစ်သော။
ယဉ္စ၊ အကြင်ငါးဖြာအာရုံ ကာမဂုဏ်လည်းကောင်း။
ဧတံဥဘယံ၊ ထိုပတ္တ- ပတ္တဗ္ဗ ကာမဂုဏ်နှစ်မျိုးသည်။
အာတုရဿ၊ ကိလေသာ၏အနှိပ်စက်ခံရ, ကိလေသဖလဟူသော ဒုက္ခ၏အနှိပ်အစက် ခံရသူ၏လည်းကောင်း။
အနုသိက္ခတော၊ ပတ္တ ပတ္တဗ္ဗ ကာမဂုဏ်နှစ်မျိုး၌ ထပ်မံပြုလုပ်ရန် လိုလားတောင့်တသော တဏှာဖြင့် ကိလေသာ ဖလအားလျော်စွာ ကျင့်သူ၏လည်းကောင်း။
သန္တာနေ၊ သန္တာန်၌။
ရာဇနုကိဏ္ဏံ၊ ရာဂ, ဒေါသ, မောဟ ရဇသုံးမျိုး ရောပြွမ်း၏။
တစ်နည်း-ပတ္တံ၊ အစေလကတို့ အလေ့၏အစွမ်းအားဖြင့် ရအပ်ခံစားအပ်သော။
ယဉ္စ၊ အကြင်ကာယကိလမထအကျင့်လည်းကောင်း။
ပတ္တဗ္ဗံ၊ မိစ္ဆာဒိဋ္ဌိကံကို ဆောက်တည်ခြင်းကြောင့် ရအပ် ခံစားအပ်သော။
ယဉ္စ ဖလံ၊ အကြင်အကျိုးလည်းကောင်း။
ဧတံ ဥဘယံ၊ ထိုနှစ်ပါးစုံသည်။
အာတုရဿ၊ ကာယကိလမထအကျင့်ကြောင့် ဒုက္ခအနှိပ်အစက်ခံရသူ၏လည်းကောင်း။
အနုသိက္ခတော၊ မိစ္ဆာအယူ, မိစ္ဆာအယူယူသောပုဂ္ဂိုလ်တို့ကို အတုလိုက်၍ကျင့်သူ၏လည်းကောင်း။
သန္တာနေ၊ ၌။
ရဇာနုကိဏ္ဏံ၊ ဒုက္ခတည်းဟူသောမြူ ရောပြွမ်း၏။
ယေ၊ အကြင်သမဏဗြာဟ္မဏတို့သည်။
သီလတဗ္ဗံ၊ မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်းသီလ ဆင်းရဲငြိုငြင်စွာ ကျင့်ခြင်း ဝတလည်းကောင်း။
ဇီဝိတံ၊ ဟင်းသီးဟင်းရွက်(သတ်သတ်လွတ်)စားခြင်းဖြင့် အသက်မွေးခြင်း ဇီဝိတလည်းကောင်း။
ဗြဟ္မဏစရိယံ၊ မေထုတ်ရှောင်ကြဉ်ခြင်း ဗြဟ္မစရိယလည်းကောင်း။
သိက္ခာသာရာ၊ သံသရာမှ စင်ကြယ်ကြောင်း အနှစ်သာရဟူ၍ ဆိုအပ်သော သိက္ခာတို့တည်း။
ဥပဋ္ဌာနသာလာ၊ ထိုသုံးပါးသော သိက္ခာတို့ကို အနှစ်သာရ အားဖြင့် ဆည်းကပ်ရာ တည်းဟူ၍။
ဝဒန္တိ၊ ပြောဆို ကြကုန်၏။
အယံ၊ ထိုသမဏဗြာဟ္မဏတို့ ပြောဆိုအပ်သော ဤအတ္တကိ-လမထအကျင့်သည်။
ဧကော၊ တစ်ခုသော။
အန္တော၊ အယုတ်-တရားတည်း။
ယေ စ၊ အကြင်သမဏဗြာဟ္မဏတို့သည်လည်းကောင်း။
ဧဝံဝါဒိနော၊ ဤသို့ ပြောဆိုလေ့ရှိကုန်၏။
ကာမေသု၊ ကာမဂုဏ်တို့၌။
ဒေါသော၊ မှီဝဲသော်လည်း အပြစ်သည်။
နတ္ထီ'တိ၊ မရှိဟူ၍။
အယံ၊ ဤသမဏ-ဗြာဟ္မဏတို့ ပြောဆိုအပ်သော ဤကာမသုခလ္လိကာ-နုယောဂအကျင့်သည်။
ဒုတိယော၊ နှစ်ခုမြောက်သော။
အန္တော၊ အယုတ်တရားတည်း။
ဥဘော၊ နှစ်းပါးကုန်၏။
ဣစ္စေတ အန္တာ၊ ဤသို့သော အယုတ်တရားတို့သည်။
ကဋသိဝဍ္ဎနာ၊ ကဋသီမည်သော အဝိဇ္ဇာ တဏှာတို့ကိုတိုးပွားစေတတ်၏။
ကဋသိယော၊ ကဋသီမည်သော အဝိဇ္ဇာတဏှာတို့သည်။
ဒိဋ္ဌိံ၊ နတ္ထိက အဟေတုက မိစ္ဆာအယူကို။
ဝဍ္ဎေန္တိ၊ တိုးပွားစေတတ်ကုန်၏။သိက္ခာသာရ
သိက္ခာသာရတို့ဟူသည် အဘယ်သည်တို့နည်း-မေးဖွယ်ရှိ၍ သီလတဗ္ဗံတံဇီဝိတံ ဗြဟ္မစရိယံ ဥပဋ္ဌာနသာရာ-ကို မိန့်သော်။သိက္ခာသာရဟူသည် မပြုလုပ်ဘဲရှောင်ကြဉ်ခြင်း သီလ၊ အဆိပ်ကို စားခြင်း ဆင်းရဲငြိုငြင်စွာ ကျင့်ခြင်းဟူသော ဝတ၊ဟင်းသီးဟင်းရွက်စား၍ အသက်မွေးခြင်း ဇီဝိတ၊ မေထုန်မှ ရှောင်ကြဉ်ခြင်း ဗြဟ္မစရိယ၊ဤလေးမျိုးတို့ အလိုက်သင့်ကပ်၍ ဆင်းရဲငြိုငြင်စွာ ကျင့်ခြင်းဟူသော ဝတ၊ဟင်းသီးဟင်းရွက်စား၍ အသက်မွေးခြင်း ဇီဝိတ၊ မေထုန်မပြုခြင်း ဗြဟ္မစရိယ၊ ခန္ဓနတ် သိဝနတ်စသည်ကို လုပ်ကျွေးခြင်း ဥပဋ္ဌာန၊ ဤလေးမျိုးတို့ပင် ဟူလို။
သိက္ခာသာရတို့ဟူသည် အဘယ်သည်တို့နည်း-မေးဖွယ်ရှိ၍ သီလတဗ္ဗံတံဇီဝိတံ ဗြဟ္မစရိယံ ဥပဋ္ဌာနသာရာ-ကို မိန့်သော်။သိက္ခာသာရဟူသည် မပြုလုပ်ဘဲရှောင်ကြဉ်ခြင်း သီလ၊ အဆိပ်ကို စားခြင်း ဆင်းရဲငြိုငြင်စွာ ကျင့်ခြင်းဟူသော ဝတ၊ဟင်းသီးဟင်းရွက်စား၍ အသက်မွေးခြင်း ဇီဝိတ၊ မေထုန်မှ ရှောင်ကြဉ်ခြင်း ဗြဟ္မစရိယ၊ဤလေးမျိုးတို့ အလိုက်သင့်ကပ်၍ ဆင်းရဲငြိုငြင်စွာ ကျင့်ခြင်းဟူသော ဝတ၊ဟင်းသီးဟင်းရွက်စား၍ အသက်မွေးခြင်း ဇီဝိတ၊ မေထုန်မပြုခြင်း ဗြဟ္မစရိယ၊ ခန္ဓနတ် သိဝနတ်စသည်ကို လုပ်ကျွေးခြင်း ဥပဋ္ဌာန၊ ဤလေးမျိုးတို့ပင် ဟူလို။
ဥဘော ဧတေ တေ အန္တေ၊ ထိုအယုတ်တရားနှစ်ပါးတို့ကို။
အနဘိညာယ၊ မသိခြင်းကြောင့်။
ဧကေ၊ အချို့သူတို့သည်။
ဩလီယန္တိ၊ ဆုတ်နစ်ကုန်၏။
ဧကေ၊ အချို့သူတို့သည်။
အတိဓာဝန္တိ၊ လွန်၍ပြေးသွားကုန်၏။
ယေ စ ခေါ၊ အကြင်သူတို့သည်။
တေ၊ ထိုအယုတ်တရားနှစ်ပါးတို့ကို။
အဘိညာယ၊ သိခြင်းကြောင့်။
တတြ၊ ထိုအယုတ်တရားနှစ်ပါး၌။
နာဟေသုံ၊ မဖြစ်ကုန်။
ဝါ၊ မကျရောက်ကြကုန်။
တေန စ၊ ထိုသို့ အယုတ်တရားနှစ်ပါးသို့ မကျရောက်ခြင်းကြောင့်လည်း။
နာမညိံသု၊ တဏှာမာနဒိဋ္ဌိတို့ဖြင့် မိမိကိုယ်ကို အထင်မမှားကြကုန်။
တေသံ၊ ထိုသူတို့၏။
ပညာပနာယ၊ ပုဂ္ဂိုလ်သတ္တဝါတို့ ငါသူတစ်ပါး ယောကျာ်းမိန်းမ လူ နတ် ဗြဟ္မာ ခေါ်ဝေါ်ပညတ်ခြင်းငှာ။
ဝဋ္ဋံ၊ အတိတ်အကြောင်း ငါးပါးဟူသော ကမ္မဝဋ် ကိလေသာဝဋ်ကြောင့် ပစ္စုပ္ပန် ဝိပါကဝဋ်ဟူသောအကျိုးငါးပါး၊ပစ္စုပ္ပန် အကြောင်းငါးပါးဟူသော ကမ္မဝဋ် ကိလေသာဝဋ်ကြောင့် ဇာတိ ဇရာမရဏဟူသော အကျိုးဝိပါကဝဋ်ဖြစ်ခြင်း ဟူသော လည်ပတ်ခြင်း သံသရာဝဋ်သည်။
နတ္ထိ၊ မရှိတော့။(ဤဥဒါန်းဂါထာတို့၏ အနက်ကို တိကျမှန်ကန်စွာ သိရန်မလွယ်။ အဋ္ဌကထာဖွင့် နှာ၊ ၃၁၉-ကိုလည်း ကြည့်ရှုကြလေ။)
အဋ္ဌမံ။ ။