Issues
Select Version
Udānapāḷi
Udānapāḷi

7. Ekaputtakasuttaṃ

Author: miuthi-မိုးထိ @ IAPT

မေ၊ သည်။ ဧတံ၊ ဤဒုတိယဗောဓိသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။ ဘဂဝါ၊ သည်။ သာဝတ္ထိယံ၊ သာဝတ္ထိမြို့၌။ အနာထပိဏ္ဍိကဿ၊ ၏။ အာရာမေ၊ အာရာမ်ဖြစ်သော။ ဇေတဝနေ၊ ၌။ ဝိဟရတိ၊ ၏။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။ အညတရဿ၊ အမျိုးအမည်မထင်ရှားသော။ ဥပါသကဿ၊ ရတနာသုံးပါးကို ဆည်းကပ်သောဥပါသကာ၏။ ပိယော၊ ချစ်ဖွယ်ကောင်းသော။ မနာပေါ၊ စိတ်နှလုံးကိုပွားတိုးစေတတ်သော။ ဧကပုတ္တကော၊ တစ်ဦးတည်းသောသားငယ်သည်။ ကာလင်္ကတော၊ သေခြင်းသို့ရောက်သည်။ ဝါ၊ သေမင်းသည်လုပ်ကြံအပ်သည်။ ဝါ၊ သေမင်းလုပ်ကြံခံရသည်။ ဟောတိ၊ ၏။ကာလင်္ကတော ကလေတိ သတ္တေ ခေပေတီတိ ကာလော-ဟု ကလဓာတ်၊ခိပနတ္ထဦဏ-ပစ္စည်း၊ကတ္တုသာဓနပြု၍ မရဏ အရကောက်။တံ ကတော ပတ္တော-ဟူသော ဋ္ဌ-၌ တံ-ဟူသော ဒုတိယန္တအဝုတ္တကံ၊ပတ္တော-ဟူသော ကတ္တုဝါစက နောက်ကြိယာကိုထောက်၍ အကာသိ ပါပုဏီတိ ကတော-ဟု ကတ္တုသာဓနပြု။ကာလံကတောပတ္တော ကာလင်္ကတော-ဟု ဒုတိယာတပ္ပုရိသ်တွဲ။ဧကပုတ္တက ရ၏။
တစ်နည်း-ကာလေန ဝါ မစ္စုနာကတော နဋ္ဌော အဒဿနံ ဂတောတိ ကာလင်္ကတော-ဟု ဋ္ဌ၊ရှိတိုင်းပြု။မတ ရ၏။ကာလေန-မစ္စုနာ၊သေခြင်းတရားသည်။ဝါ၊ သေမင်းသည်။ကတော၊လုပ်ကြံအပ်သည်တည်း။
အထခေါ၊ ထိုအခါ၌။ သမ္ဗဟုလာ၊ ကုန်သော။ ဥပါသကာ၊ တို့သည်။ အလ္လဝတ္ထာ၊ စိုစွတ်သော အဝတ်ရှိကြကုန်သည်ဖြစ်၍။ အလ္လကေသာ၊ စိုစွတ်သော ဆံပင် ရှိကြကုန်သည် ဖြစ်၍။ ဒိဝဿ၊ နေ့၏။ ဒိဝါ၊ နေ့အခါ၌။ တစ်နည်း-ဒိဝဿ၊ နေ့ထက်။ ဒိဝါ၊ နေ့၌။ တစ်နည်း-ဒိဝါဒိဝဿ၊ နေ့ထက်နေ့ဟုဆိုအပ်သော မွန်းတည့်ချိန်၌။ ယေန၊ အကြင်အရပ်၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိံသု၊ ကုန်ပြီ။ကာလင်္ကတော၊သေခြင်းတရားသည်။ဝါ၊သေမင်းသည် လုပ်ကြံအပ်သည်။ဝါ၊ သေမင်း၏လုပ်ကြံခံရသူဟု အနက်ယောဇနာ။လောပေါတိ နာသော။လောပေါတိ အဒဿနံ-ဟု ဖွင့်သကဲ့သို့ သေမင်း၏လုပ်ကြံခံရလျှင် ပျက်စီးသွားပြီ။ပျက်စီးသွားလျှင် မမြင်ရတော့။မမြင်ရသည်၏အဖြစ်သို့ ရောက်သွားပြီဟု ဘာဝတ္တသံဝဏ္ဏနာအနေဖြင့် နဋ္ဌော=အဒဿနံ ဂတော-ဟု ဋ္ဌ-ဆရာ တပ်ဆင့်ဖွင့်တော်မူသည်-ဟု ကြံရာ၏။ယင်းသို့ကြံလျှင် ကာလင်္ကတော ဋ္ဌ-၌ နိဂ္ဂဟိတ်သည် အာဂုံမျှသာ၊ဒုတိယာဝိဘတ် မဟုတ်။
သို့မဟုတ် ကာလေန မစ္စုနာ၊သေမင်းကြောင့်။ကတော နဋ္ဌော၊ပျက်စီးသူ။အဒဿနံ "တော၊မမြင်ရခြင်းသို့ ရောက်သူ။ကာလင်္ကတော၊သေမင်းကြောင့်ပျက်စီးသူ မမြင်ရခြင်းသို့ ရောက်သူ-ဟု အနက်ယောဇနာ။ကတောကို နဋ္ဌောဖွင့်၍ ကရဓာတ်သည် ဤ၌ နဿနတ္တ။ထို့ကြောင့် ကာလင်္ကတော ပုဒ်သည် ဟေတွတ္ထ တတိယာတပ္ပုရိသ်၊နိဂ္ဂဟိတ်ကား အာဂုံမျှသာ။ဒုတိယာဝိဘတ် မဟုတ်။
ဒိဝါဒိဝဿ။ ။အရုဏ်တက်သည်မှ နေဝင်သည်အထိ၊ဝါ-နေထွက်မှ နေဝင်အထိ ဤကြားကာလသည် နေရှိနေသည့်အတွက် နေရောင်ရှိသည်၊ နေရောင်ရှိ၍အလင်းရောင်ရှိသည်။နေထွက်မှ နေဝင်ကြားအလယ်ဗဟိုဖြစ်သော မွန်းတည့်ချိန်သည် နေအားအကောင်းဆုံးအချိန် ဖြစ်သည်။နေအားအကောင်းဆုံး အချိန်ဖြစ်သည် အားလျော်စွာ အလင်းရောင်လည်း အားအကောင်းဆုံး၊ပူလည်းအပူဆုံး ခြစ်ခြစ်တောက် အပူဆုံးအချိန်တည်း။နေရှိတုန်း အလင်းရောင်ရှိတုန်း အချိန်ကို 'ဒိဝ'အသိအမှတ်ပြုလျှင် မွန်းတည့်ချိန်သည် နေလည်းရှိသည့်အပြင် အလင်းရောင်လည်း အားအကောင်းဆုံးဖြစ်သောကြောင့် နေ့၏နေ့၊နေ့ထက်နေ့ နေ့ဆိုမှနေ့-ဟု ဂုဏ်ပြုရမည်ကဲ့သို့ ဖြစ်၏။
ဥပသင်္ကမိတွာ၊ ကပ်ရောက်ပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ၍။ ဧကမန္တံ၊ ၌။ နိသီဒိံသု၊ ထိုင်နေကြကုန်ပြီ။
ဧကမန္တံ၊ ၌။ နိသိန္နေ၊ ကုန်သော။ တေ ဥပါသကေကာ၊ တို့ကို။ ဘဂဝါ၊ သည်။ ဧတံ၊ ဤစကားကို။ အဝေါစ၊ မိန့်တော်မူပြီ။
ကိံ၊ အဘယ်စကားကို။ အဝေါစ၊ မိန့်တော်မူသနည်း။ "ဥပသကာ၊ ဒါယိကာတို့။ တုမှေ၊ တို့သည်။ အလ္လဝတ္ထာ၊ ကုန်သည်ဖြစ်၍။ အလ္လကေသာ၊ ကုန်သည်ဖြစ်၍။ ဒိဝါဒိဝဿ၊ ၌။ ကိံ နုခေါ၊ အဘယ်အကြောင်းကြောင့်။ ဣဓ၊ ဤ ငါဘုရားရှိရာအရပ်သို့။ ဥပသင်္ကမန္တာ"၊ ချဉ်းကပ် ရောက်လာ ကြကုန်သနည်း။ ဣတိ၊ ဤသို့။ ဧတံ၊ ဤစကားကို။ အဝေါစ၊ မိန့်တောမူပြီ။(အာကာရဝါကျကိုအပြင်ထုတ်၍ တစ်နည်း ယောဇနာလိုက်သည်)။
ဧဝံ ဝုတ္တေ၊ ဤသို့ မိန့်တော်မူအပ််သော်။ သော ဥပါသကော၊ ထိုဥပါသကာသည်။ ဘဂဝန္တံ၊ ကို။ ဧတံ၊ ဤစကားကို။ အဝေါစ၊ လျှောက်ထားပြီ။ ကိန္တိ၊ မည်သို့ မည်ပုံ။ အဝေါစ၊ လျှောက်ထားသနည်း။
"ဘန္တေ၊ ဘုရား။ မယှံ၊ ၏။ ပိယော၊ သော။ မနာပေါ၊ စေသော။ ဧကပုတ္တကော၊ သည်။(က-ပစ္စည်းသည် အနုကမ္ပိတတ္ထ,အနုကမ္ပကတ္ထ,ခုဒ္ဒကတ္ထ)။ ကာလင်္ကတော၊ ကွယ်လွန်သွားပါပြီ။
တေန၊ ထိုသို့သားကွယ်လွန်သည်၏အဖြစ်ကြောင့်။ မယံ၊ တို့သည်။ အလ္လဝတ္ထာ၊ သည်ဖြစ်၍။ အလ္လကေသာ၊ ကုန်သည်ဖြစ်၍။ ဒိဝါဒိဝဿ၊ ၌။ ဣဓ၊ ဤဘုရားရှင်၏ ခြေတော် ရင်းသို့။ ဥပသင်္ကမန္တာ၊ ချဉ်းကပ်ကြကုန်သည်။ အမှာ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့။ ဧတံ၊ ကို။ အဝေါစ၊ လျှောက်ထားပြီ။ ထို့ကြောင့် ဒိဝါ ဒိဝဿ၊နေ့လယ် နေ့ခင်းကြီး တကယ့်ဝင်းဝင်းတောက်ပူခြစ်နေသော နေ့ခင်းကြီးဟူသော အဓိပ္ပါယ်သကါရောက်သောကြောင့်"ဒိဝါဒိဝဿ"ဟုသုံးနှုန်းဟောတော်မူအပ်၏။အခြားသားယောကျာ်းတွေ ရှိသော်လည်း လုပ်ပုံကိုင်ပုံ ထက်မြက်ပုံ သတ္တိရှိပုံကိုအားရသဖြင့် အအဖေဖြစ်သူက ဒါမှငါ့သား,သားဆိုမှသားဟု လောကပြောရိုးပြုသကဲ့သို့တည်း။
အထခေါ၊ ထိုအခါ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ ကို။ ဝိဒိတွာ၊ ၍။ တာယံ ဝေလာယံ၊ ၌။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ ပြီ။ ကိံ၊ အဘယ်ဥဒါန်းစကားကို။ ဥဒါနေသိ၊ ပြီ။ ကိံ၊ အဘယ်ဥဒါန်းစကားကို။ ဥဒါနေသိ၊ မူသနည်း။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ ပြီ။
"ပိယရူပဿာဒဂဓိတာသေ(လ)မစ္စုနော အာမိသံ ဒုရတိဝတ္တ"န္တိ၊ ဒုရတိဝတ္တံဟူသော။
ပုထု၊ များစွာကုန်သော။ ဒေဝကာယာ စ၊ စတုမဟာရာဇ်စသောနတ်အပေါင်းတို့သည်လည်းကောင်း။ ပုထု၊ များစွာကုန်သော။ မနုဿာစ၊ ဇမ္ဗူဒိပ်ကျွန်းသား လူအစားစားတို့သည်လည်းကောင်း။ ပိယရူပဿာ-ဒဂဓိတာ၊ ချစ်အပ်သောသဘောရှိသော ရုပ်ခန္ဓာ,စက္ခုစသော အာယတနတို့၌ သာယာခြင်းဖြင့် တပ်မက်တွယ်တာကြကုန်သည်ဖြစ်၍။ ဝါ၊ တပ်မက်တွယ်တာကြကုန်သောကြောင့်။
အာဃာဝိနော၊ စိတ်လည်းဆင်းရဲ ကိုယ်လည်းဆင်းရဲ ရှိကြကုန်၏။ အဃာဝိနော၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲရှိကြကုန်သောကြောင့်။ ပရိဇုန္နာ၊ ပျိုမြစ်နုနယ်ခြင်း ကျန်းမာခြင်းမှ ဆုတ်ယုတ်ကြကုန်၏။ ပရိဇုန္နာ၊ ဆုတ်ယုတ်ကြခြင်းကြောင့်။
မစ္စုရာဇဿ၊ သေမင်း၏။ ဝသံ၊ အလိုအတိုင်း။ ဝါ၊ လက်တွင်းသို့။ ဂစ္ဆန္တိ၊ ဖြစ်ကြရောက်ကြရကုန်၏။ တစ်နည်း-ပုထု၊ ကုန်သော။ မနုဿာ စ၊ တို့သည်လည်းကောင်း။ ပိယရူပဿာ ဒဂဓိတာ၊ ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အဃာဝိနော၊ ကုန်သည်ဖြစ်၍။ ပရိဇုန္နာ၊ ကုန်သည်ဖြစ်၍။ မစ္စုရာဇဿ၊ ၏။ ဝသံ၊ အလိုသို့။ ဂစ္ဆန္တိ၊ ရောက်ကြရကုန်၏။
ယေ၊ အကြင်သူတို့သည်။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ အပ္ပမတ္တာ၊ မမေ့မလျော့ကုန်သည်ဖြစ်၍။
အပ္ပမတ္တာ၊ မမေ့မလျော့ကုန်သည်ဖြစ်၍။ ပိယရူပံ၊ ချစ်အပ်သောသဘောရှိသော ရုပ်ခန္ဓာ,စက္ခုစသော အာယတနကို။ ဝါ၊ ချစ်အပ်သောသဘောရှိသော ရုပ်ခန္ဓာ,မျက်စိစသောအာယတနတို့၌သာယာမှုတဏှာကို။
ဝေ၊ စင်စစ်။ ဇဟန္တိ၊ ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ဖြင့် စွန့်ပစ်ကြကုန်၏။ တေ၊ ထိုသူတို့သည်။ အဃမူလံ၊ ဝဋ်ဒုက္ခ၏အရင်းဖြစ်သော။
မစ္စုနော၊ သေမင်း၏။ အာမိသံ၊ လက်သုံး အာမိသဖြစ်သော။ ဒုရတိဝတ္တံ၊ ခဲယဉ်းသဖြင့် လွန်မြောက်အပ်သော။ ဝါ၊ လွန်မြောက်ဖို့ခဲယဉ်းသော။ အဝိဇ္ဇာတဏှံ၊ အဝိဇ္ဇာနှင့်တဏှာကို။ ဝေ၊ စင်စစ်။ ခဏန္တိ၊ အရိယာမဂ်ဉာဏ်တည်းဟူသော ပေါက်တူးဖြင့် တူးဖြိုကြကုန်၏။
သတ္တမံ။ ။