Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Udānapāḷi
Udānapāḷi

1. Paṭhamanibbānapaṭisaṃyuttasuttaṃ

Author: miuthi-မိုးထိ @ IAPT

မေ၊ သည်။ ဧတံ၊ ဤပဌမနိဗ္ဗာနပဋိသံယုတ္တသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။လ။
တေန ခေါ ပန သမယေန၊ ၌။ ဘဂဝါ၊ သည်။ ဘိက္ခူ၊ တို့ကို။ နိဗ္ဗာနပဋိသံယုတ္တာယ၊ နိဗ္ဗာန်နှင့်စပ်သော။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္ဒဿေတိ၊ နိဗ္ဗာန်၏ သဘောကို သိမြင်စေအပ်၏။ သမာဒပေတိ၊ နိဗ္ဗာန်၏သဘောသဘာဝကို ယူစေ၏။ သမုတ္တေဇေတိ၊ နိဗ္ဗာန်၏ သဘော၌ တက်ကြွအောင် ပြု၏။ သမ္ပဟံသေတိ၊ နိဗ္ဗာန်၏ဂုဏ်တို့ဖြင့် နှစ်သက်စေ၏။သမ္ပဟံသေတိ-အဓိပ္ပါယ်
သင်္ခါရ ခပ်သိမ်းတို့၏ ချုပ်ငြိမ်းခြင်းသည် နိဗ္ဗာန်၊ ဥပဓိလေးပါး လုံးကို စွန့်လွှတ်ခြင်းသည် နိဗ္ဗာန်၊ တဏှာ ကုန်ခန်းခြင်း, တပ်မက်မှုပျက် ပြယ်ခြင်းသည် နိဗ္ဗာန်၊ ဒုက္ခအားလုံးချုပ်ဆုံးခြင်းသည် နိဗ္ဗာန်-ဟု ပရိယာယ်အမျိုးမျိုးဖြင့် နိဗ္ဗာန်၏ သဘောကို ကောင်းစွာပြခြင်း သန္ဒဿန၊အရိယာ အရှင်မြတ်တို့၏ လမ်းစဉ်ဖြင့်သာ နိဗ္ဗာန်သို့ ရောက်နိုင်သည်။ထို့ကြောင့် နိဗ္ဗာန် ရောက်ကြောင်း အကျင့်နှင့်တကွ ရဟန်းတို့ကို နိဗ္ဗာန်သို့ ညွတ်စေ ကိုင်းရှိုင်းစေသော အားဖြင့်ကောင်းစွာ ယူစေခြင်း-ဟူသော သမ္ပာဒပန၊ နိဗ္ဗာန်မရမီစပ်ကြား ပမာဒတရား၌ အဆုံးမသတ်စေဘဲ သီလဝိသုဒ္ဓိစသော ဝိသုဒ္ဓိပဋိပဒါဖြင့် ကြိုးစား အားထုတ်ကြဟူသော သမုတ္တေဇနေ၊ ငါးဖြာအာရုံ ကာမဂုဏ်တို့၌ မူးယစ်ခြင်းကို နှိပ်နင်းခြင်း,ကာမဂုဏ်တို့၌ ဆာလောင်ငတ်မွတ်ခြင်းကို ပယ်ဖျောက်ခြင်း,ကာမဂုဏ်၌ အသင်္ခတခေါ် နိဗ္ဗာန်ဟု နိဗ္ဗာန်၏ အာနိသင် တို့ကို ပြခြင်းဖြင့် ရဟန်းတို့၏ စိတ်ကို ရွှင်လန်းနှစ်သိမ့်စေခြင်း သမ္ပဟံသနအမှုတို့ကို ရဟန်းတို့အား ဖြစ်စေသည်၊ ဟူလို။
တေ ဘိက္ခူ၊ တို့သည်။ ဣဓ၊ ဤနိဗ္ဗာန်နှင့်စပ်သော တရားစကား၌။ အဋ္ဌိံ ကတွာ၊ လိုလိုလားလားရှိသည်ကို ပြု၍။ ဝါ၊ ဒေသနာ၌ လိုလိုလားလား ဖြစ်ကြကုန်၍။ မနသိ ကတွာ၊ တခြား၌ နှလုံးမသွင်းဘဲ ထိုဒေသနာကို မိမိစိတ်၌ တည်သည်ကို ပြု၍။ သဗ္ဗံ စေတသော၊ အလုံးစုံသော စိတ်ဖြင့်။ သမန္နာဟရိတွာ၊ ထိုဒေသနာကို အစအဆုံးဆင်ခြင်၍။ ဝါ၊ ဒေသက၏ စိတ်ကြောင့်ဖြစ်သော တရားတော်ကို မှန်ကန်အောင် အကြိမ်ကြိမ်အဖန်ဖန် မိမိ၏စိတ်အစဉ်သို့ ဆောင်၍။ ဩဟိတသောတာ၊ တရားသံလာရာသို့ လှည့်ကာ ချထားအပ်သောနား ရှိကုန်သည်ဖြစ်၍။ ဝါ၊ မပျံ့လွင့်အောင် ထားအပ်သောနား ရှိကုန်သည်ဖြစ်၍။ ဓမ္မံ၊ တရားတော်ကို။ သုဏန္တိ၊ နာကြကုန်၏။
အထခေါ၊ ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ နိဗ္ဗာနသံယုတ္တကထာကို နာကြားရာ၌ ရိုသေလေးစားစွာ ပြုအပ်သည်၏အဖြစ်ဟူသော ဤအနက်အဓိပ္ပါယ်ကို။ ဝိဒိတွာ၊ ၍။ တာယံ ဝေလာယံ၊ ၌။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ မူပြီ။
အတ္ထိ ဘိက္ခဝေ တဒါယတနံ (လ) ဧသေဝန္တော ဒုက္ခဿ'တိ၊ ဒုက္ခဿဟူသော။ ဘိက္ခဝေ၊ တို့။ တဒါယတနံ-တံ ကာရဏံ၊ မဂ်ဖိုလ်တို့၏ အာရုံအကြောင်းဖြစ်သော ထိုနိဗ္ဗာန်သည်။ အတ္ထိ၊ ရှိ၏။ ယတ္ထ၊ အကြင်သင်္ခတဓာတ်တည်းဟူသော နိဗ္ဗာန်၌။ နေဝ ပထဝီ၊ ပထဝီဓာတ်လည်း မရှိ။ န အာပေါ၊ အာပေါဓာတ်လည်း မရှိ။ န တေဇော၊ တေဇောဓာတ်လည်း မရှိ။ န ဝါယော၊ ဝါယောဓာတ်လည်းမရှိ။ ယတ္ထ၊ အကြင်နိဗ္ဗာန်၌(လိုက်ခဲ့)။ န အာကာသာနဉ္စာယတနံ၊ အာကာသာနဉ္စာယတနဈာန်စိတ် စေတသိက်လည်း မရှိ။ န ဝိညာဏဉ္စာယတနံ၊ ပဌမာရုပ္ပဝိညာဏ်ဟူသော အာရုံနှင့်တကွ ကုသိုလ် ဝိပါက် ကြိယာ သုံးမျိုးသော ဝိညာဏဉ္စာယတန-ဈာန်စိတ် စေတသိက်လည်း မရှိ။ န အာကိဉ္စညာယတနံ၊ နတ္ထိဘောပညတ် အာရုံနှင့်တကွ ကုသိုလ် ဝိပါက် ကြိယာ သုံးမျိုးသော အာကိဉ္စညာယတန-ဈာန်စိတ် စေတသိက်လည်း မရှိ။ န နေဝသညာနာသညာယတနံ၊ တတိယာရုပ္ပဝိညာဏ်တည်းဟူသော အာရုံနှင့်တကွ ကုသိုလ် ဝိပါက် ကြိယာ သုံးမျိုးသော အလွန်တရာ သိမ်မွေ့သည့် နေဝသညာနာသညာ-ယတန ဈာန်စိတ် စေတသိက်လည်း မရှိ။ ယတ္ထ၊ အကြင်နိဗ္ဗာန်၌(လိုက်ခဲ့)။ န အယံ လောကော၊ ဣတ္ထတ္တဒိဋ္ဌိဓမ္မ ဣဓလောဓာ-ဟု ခေါ်ဆိုအပ်သော ခန္ဓာဒိလောကလည်း မရှိ။ န ပရလောကော၊ တတော အညတော ပရော အဘိသမ္ပရာယ-ဟု ခေါ်ဆိုအပ်သော ခန္ဓာဒိလောကလည်း မရှိ။ ယတ္တ၊ အကြင်နိဗ္ဗာန်၌(လိုက်ခဲ့)။ ဥဘော၊ နှစ်ပါးကုန်သော။ န စန္ဒိမသူရိယာ၊ နေလတို့လည်းမရှိ။အတ္ထိ ဘိက္ခဝေ တဒါယနံ။ ။ ဤပါဠိဖြင့် နိဗ္ဗာန်ဟူသည် ဘုရားရဟန္တာ အရိယာတို့သည် ၎င်းတို့၏ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် မျက်ဝါးထင်ထင် သိမြင်အပ်သော ပရမတ္ထအားဖြင့် တကယ်ထင်ရှားရှိသော မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့၏ အာရုံအကြောင်းတရားဖြစ်သည်-ဟု သိစေတော်မူသည်။
**ယတ္ထ နေဝ ပထဝီ(လ)န ဝါယော**။ ။ဤပါဠိဖြင့် က၊ဝါကျ တဒါယတန နိဗ္ဗာန်သည် အသင်္ခတရား ဖြစ်သည်။ထိုအသင်္ခတနိဗ္ဗာန်၌ ကက္ခဠ၊ ခက်မာခြင်းသဘောရှိသော ပထဝီဓာတ်,ပဂ္ဃရဏ=ယိုစီးခြင်း စိုထိုင်းခြင်း သဘောရှိသောအာပေါဓာတ်, ဥဏှပူလောင်ခြင်းလက္ခဏာရှိသော တေဇောဓာတ်, ဝိက္ခမ္ဘန=တွန်းကန် တောင့်တင်းခြင်း လက္ခဏာရှိသော ဝါယောဓာတ်, အဆိုပါသင်္ခတဖြစ်သော ဓာတ်ကြီးလေးပါး လုံးဝမရှိ နီတတ္ထအားဖြင့် တိုက်ရိုက်သိစေတော်မူသည်။ ဓာတ်ကြီးလေးပါးမရှိဟု ဆိုသဖြင့် ထိုဓာတ်ကြီးလေးပါးကို မှီတွယ်၍ နေကြရသော စက္ခုပသာဒ ရူပါရုံ, သောတပသာဒ သဒ္ဒါရုံစသည်နှင့် ဟဒယဝတ္ထု ဟူသော ဥပါဒါရုပ်များလည်း နိဗ္ဗာန်မှာ မရှိ-ဟူသော အဓိပ္ပါယ်ကို နေယျတ္ထသွယ်ဝိုက်သောအားဖြင့် သိစေတော်မူသည်။
ထို့အပြင် စက္ခုပသာဒစသည်နှင့် ဟဒဝတ္ထုရုပ်မရှိလျှင် ထိုပသာဒရုပ် ဟဒယဝတ္ထုရုပ်တို့ကို မှီ၍ဖြစ်ကြရသော စက္ခုဝိညာဉ်စသော ပဉ္စဝိညာဉ်နှင့် မနောဓာတ် မနောဝိညာဉ်တို့လည်း နိဗ္ဗာန်မှာ မရှိဟု သိစေတော်မူသည်။
ထို့အပြင် ပဉ္စဝိညာဉ် မနောဝိညာဉ်တို့ မရှိလျှင် ထိုဝိညာဉ်တို့နှင့် အတူတကွ ဖြစ်ကြရသော စေတသိက်ဟူသော သင်္ခတတရားများလည်း မရှိနိုင်ဟူသော အဓိပ္ပါယ်ကိုလည်း နေယျတ္ထအားဖြင့် သိစေတော်မူသည်။မှန်၏။သင်္ခတဓမ္မ အသင်္ခဓမ္မတို့သည် ပေါင်းဆုံကာ တွဲ၍ ဖြစ်ရိုးထုံးစံမရှိ။န ဟိ သင်္ခတာ သင်္ခတဓမ္မာနံ သမောဓာနံ သမ္ဘဝတိ။ဋ္ဌ။ဆိုလိုရင်းကား ပဉ္စဝေါကာရဘုံ ဧကဝေါကာရဘုံတို့သည် (မဟာဘုတ်)ဓာတ်ကြီးလေးပါးနှင့် ကင်း၍ ဘယ်နည်းနှင့်မျှမဖြစ်။ထို့ကြောင့် ပဉ္စဝေါကာရ ဧကဝေါကာရခေါ် ကာမဘုံ ရူပဘုံတို့နှင့် ပက်သက်သည့်ရုပ်,စိတ်,စေတသိက်ဟူသော သင်္ခတတရားများ နိဗ္ဗာန်မှာ မရှိဟူလို။
န အာကာသာနဉ္စာယတနံ သညာယတနံ။ ။ ဤပါဠိဖြင့် က၊ ဝါကျ၌ပြဆိုအပ်ခဲ့သော အာရုံအကြောင်းနိဗ္ဗာန်၌ ကသိုဏ်း ၉-ပါးတို့တွင် တစ်ပါးပါးကိုခွာ၍ ရအပ်သော ကောင်းကင်ပညတ်အာရုံ, ပဌမာရုပ္ပဝိညာဉ်အာရုံ, နတ္ထိဘောပညတ်အာရုံ, တတိယာရုပ္ပဝိညာဉ် အာရုံတို့နှင့်တကွ အရူပါဝစရစိတ် ၁၂-ပါးရော ထိုစိတ်နှင့် အတူတကွဖြစ်သော စေတသိက်သင်္ခတတရားများပါ လုံးဝမရှိဟု သိစေတော်မူသည်။
ဘိက္ခဝေ၊ တို့။ တတြာပိ၊ မဂ်ဖိုလ်၏ အကြောင်း အာရုံဖြစ်သော ထိုနိဗ္ဗာန်၌လည်း။ နေဝဝဒါမိ၊ ငါဘုရား မဟော။ ဂတိံ၊ ဤဘဝမှ အခြားဘုံဘဝသို့ သွားရောက်ခြင်းကို။ န ဝဒါမိ၊ ငါဘုရား မဟော။ ဌိတိံ၊ တည်ရာဟူ၍လည်း။ န ဝဒါမိ၊ ငါ မဟော။ စုတိံ၊ ရွေ့လျောပျက်စီးခြင်း ကိုလည်း။ န ဥပပတ္ထိံ ဝဒါမိ၊ ဘုံဘဝ၌ကပ်ရောက်ခြင်းကိုလည်း။ န ဝဒါမိ၊ မဟော။ ဧတံ၊ ဤနိဗ္ဗာန်သည်။ အပ္ပတိဋ္ဌံ၊ အရူပသဘာဝ၏အဖြစ်,အကြောင်း ကင်းသည်၏ အဖြစ်ကြောင့် တစ်စုံတစ်ခုသော နေရာ၌ တည်ခြင်း မရှိ။ ဝါ၊ တည်လည်းမတည်။နာယံ လောကော န ပရလောကော။ ။ ဤပါဠိဖြင့် ဒိဋ္ဌဓမ္မ ပစ္စုပ္ပန်လက်ရှိဘဝဟူ၍လည်းကောင်း၊ ဣဓလောက-ဤလောကဟူ၍လည်းကောင်း ခေါ်ဆိုအပ်သော ခန္ဓာဒိလောကသည်လည်းကောင်း တတောအညထာပရော အဘိသမ္ပရာယ-ဟု ခေါ်ဆိုအပ်သော ခန္ဓာဒိလောကသည်လည်းကောင်း ထိုနှစ်မျိုးလုံးပြဆိုအပ်ခဲ့သော တဒါယတနနိဗ္ဗာန်၌ မရှိဟု ဤအဓိပ္ပါယ်ကို သိစေတော်မူသည်။ထိုစကား မှန်၏၊ အဘယ့်ကြောင့်ဆိုသော် ကာမလောက,ရူပ, အရူပလောက၌ နိဗ္ဗာန်မရှိလျှင် ဣဓလောကနှင့် သမ္ပရာယလည်း ဘယ်နည်းနှင့်မျှ မရှိနိုင်သောကြောင့်တည်း။
န ဥဘော စန္ဒိမ သူရိယာ။ ။ ဤပါဠိဖြင့် ကာမဘုံ ရူပဘုံက ရုပ်မျိုး နိဗ္ဗာန်မှာ မရှိလျှင် တမ-ဟု ဆိုအပ်သော အမှောင်ရုပ်လည်း မရှိနိုင်။အမှောင်မရှိလျှင် ထိုအမှောင်ကို ပယ်ဖို့ရန် နေ လ ကြယ်တာရာနက္ခတ်တို့လည်း ရှိဖို့မလို။ထို့ကြောင့် နေလနက္ခတ်တို့လည်း နိဗ္ဗာန်၌ မရှိဟု သိစေတော်မူသည်။
တတြာပါဟံ ဘိက္ခဝေ နေဝ အာဂတိံ န ဂတိံ။ ။ ဤပါဠိဖြင့် ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ မပြတ်ဖြစ်ခြင်းဟူသော ခန္ဓာဒိလောက၌ နတ်ဘုံမှ ဤလူ့ဘုံသို့ ရောက်လာခြင်း အာဂတိ။လူ့ဘုံမှ နတ်ဘုံသို့ သွားရောက်ခြင်း ဂတိ-မရှိသလို က-ဝါကျ၌ ပြဆိုခဲ့သော အာရုံအကြောင်းဖြစ်သော နိဗ္ဗာန်၌လည်း တခြားဘုံ တစ်ခုခုမှ ရောက်လာခြင်း အာဂတိ၊ တခြားဘုံဘဝတစ်ခုခုသို့ သွားရောက်ခြင်း ဂတိ-ရှိသည်ဟု ငါဘုရား ဟောတော်မမူဟု သိစေတော်မူသည်။
နိဗ္ဗာန်သဘော။ ။ ကာမ ရူပ အရူပဘုံ ဘဝတို့၌သာ တစ်ဘုံမှတစ်ဘုံသို့ ရောက်လာခြင်း၊တစ်ဘုံမှတစ်ဘုံသို့ သွားရောက်ခြင်း မရှိသည်ကို ငါဘုရားဟောတော်မမူသည် မဟုတ်။နိဗ္ဗာန်၌လည်း အာဂတိ ဂတိကို ဟောတော်မမူဟူလိုသည်။မှန်၏။သတ္တဝါတို့၏ ဉာဏ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုခြင်းမှတစ်ပါး အခြားနည်းဖြင့် အာဂတိ ဂတိ မဖြစ်နိုင်၊ မရှိနိုင်။
န ဌိတိံ န စုတိံ န ဥပပတ္တိံ။ ။ ဤပါဠိဖြင့် ဘုရားရဟန္တာ အရိယာတို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် က-ဝါကျပါ တဒါယတနနိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့်ရောက်သည်မှတစ်ပါး ပုဂ္ဂိုလ်အနေဖြင့် ရောက်သည်ဟု မဖြစ်နိုင်သောကြောင့် ထိုနိဗ္ဗာန်၏တည်ခြင်း ဌိတိ၊ပျက်ကြွေခြင်း စုတိ၊ကပ်ရောက်ခြင်း ဥပပတ္တိ-ကို ငါ မဟေုဟု သိစေတော်မူသည်။
တစ်နည်း-တစ်ရွာတစ်ကျေးမှရောက်လာခြင်း အာဂတိ၊တစ်ရွာတစ်ကျေးသို့ သွားရောက်ခြင်း ဂတိ နိဗ္ဗာန်၌ မရှိသောကြောင့် ထို က-ဝါကျပါ တဒါယတန နိဗ္ဗာန်ကို အာဂတိ-ဟူ၍လည်းကောင်း၊ ဂတိ-ဟူ၍လည်းကောင်း ငါဘုရား မဟော။မြေတောင် ကျောက်တောင်ကဲ့သို့ တည်ရာမဟုတ်သောကြောင့် နိဗ္ဗာန်ကို ဌိတိဟူ၍လည်း ငါ မဟော။ချုပ်ခြင်းသဘော မရှိသောကြောင့် နိဗ္ဗာန်ကို စုတိ-ဟူ၍လည်းကောင်း ငါ မဟော။ကံ စိတ် ဥတု အာဟာရ-ဟူသော အကြောင်းတရား၊ ဝါ၊ အဝိဇ္ဇာသင်္ခါရ တဏှာ ဥပါဒါန် ဘဝ-ဟူသော အကြောင်းတရား မရှိသောကြောင့် ဥပ္ပါဒ၊ ဖြစ်ခြင်းသဘော မရှိ၊ဖြစ်ခြင်းသဘော မရှိသောကြောင့် နိဗ္ဗာန်ကို ဥပပတ္တိ-ဟူ၍လည်း ငါဘုရား မဟော။
အပ္ပတိဋ္ဌံ အပ္ပဝတ္တံ အနာရမ္ပဏမေဝေတံ
ဤဥဒါန်းစကားဖြင့် ရုပ်သဘောမရှိသည်၏အဖြစ်ကြောင့်၊အကြောင်းကင်းသည်၏ အဖြစ်ကြောင့် နိဗ္ဗာန်သည် မည်သည့်အရာဝတ္ထု မည်သည့်တရား၏တည်ရာ ပတိဋ္ဌမဟုတ်၊ အပ္ပတိဋ္ဌ-သာ ဖြစ်သည်။သင်္ခါရဓမ္မ တို့ကဲ့သို့ မပြတ် ဖြစ်ခြင်းသဘော မရှိ။မပြတ်ဖြစ်ခြင်းဟူသော ပဝတ္တနှင့် ဆန့်ကျင်ဘက်သာဖြစ်သည်။ထို့ကြောင့် နိဗ္ဗာန်သည် ပဝတ္တမဟုတ် အပ္ပဝတ္တသာဖြစ်သည်။နိဗ္ဗာန်သည် အရူပသဘာဝဖြစ်စေကာမူ ဝေဒနာစသော စေတသိက်တို့ ကဲ့သို့ တစ်စုံတစ်ခုသော အာရုံကို မယူတတ်။ဝါ၊ အာရုံ မပြုတတ်သောကြောင့် နိဗ္ဗာန်သည် သာရမ္မဏမဟုတ်၊ အနာရမ္မဏ-သာ ဖြစ်သည်။ဤအဓိပ္ပါယ်ကိုသိစေသည်။
အပ္ပဝတ္တံ၊ ရုပ်နာမ်ခန္ဓာတို့၏ မပြတ်ဖြစ်ခြင်း သဘောနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ဆက်ကာဆက်ကာ မပြတ်ဖြစ်ခြင်းသဘောလည်း မရှိ။ အနာရမ္မဏံ၊ အရူပသဘာဝ ဖြစ်သော်လည်း ဝေဒနာစသော စေတသိက်ကဲ့သို့ အာရုံကို မယူတတ်။ အပ္ပတိဋ္ဌန္တိ အာဒီဟိ ဝစနေဟိ၊ အပ္ပတိဋ္ဌံ စသော စကားတို့ဖြင့်။ ဝဏ္ဏိတံ၊ ချီးမွမ်းအပ်သော။ ယဒိဒံ နိဗ္ဗာနံ၊ အကြင်နိဗ္ဗာန်သည်။ အတ္ထိ၊ ၏။
ဧသော ဧဝ၊ ထိုနိဗ္ဗာန်သည်သာ။ ဒုက္ခဿ၊ အလုံးစုံသော ဝဋ်ဒုက္ခ၏။ အန္တော၊ အဆုံးတည်း။ဧသေဝန္တော ဒုက္ခဿ။ ။ ဤဥဒါန်းပါဠိဖြင့် အပ္ပတိဋ္ဌံ အပ္ပဝတ္တံ အနာရမ္မဏံ-ဟု ချီးကျူးအပ်သော အဆိုပါ နိဗ္ဗာန်သည်သာ ဝဋ်ဒုက္ခ၏ အဆုံးဖြစ်သည်။အရာဝတ္ထုတစ်ခုခု၏ တည်ရာ၊ အကြောင်းအရာတစ်ခုခု၏ တည်ရာ၊သင်္ခါရဓမ္မတို့ကဲ့သို့ မပြတ်ဖြစ်သော ပဝတ္တ၊ဝေဒနာစေတသိက် စသည်တို့ကဲ့သို့ အာရုံကို ယူတတ်, အာရုံပြုတတ်သော သာရမ္မဏဆိုလျှင် ဝဋ်ဒုက္ခ၏အဆုံး ဘယ်နည်းနှင့်မျှမဟုတ်-ဟု သိစေတော်မူသည်။
ပဌမံ။ ။