မေ၊ သည်။
ဧတံ၊ ဤဥဒ္ဓတသုတ်ကို(ထည့်)။
ဧဝံ၊ ဤသို့။
သုတံ၊ အပ်ပါပြီ။
ဧကံ သမယံ၊ ၌။
ဘဂဝါ၊ သည်။
ကုသိနာရာယံ၊ ကုသိနာရုံမြို၌။
ဥပဝတ္တနေ၊ အင်ကြင်းဥယျာဉ်မှ အရှေ့သို့ သွား၍ မြောက်ဘက်သို့ သွားရာ အချိုးအကွေ့ဖြစ်သော။
မလ္လာနံ၊ မလ္လမင်းတို့၏။
သာလဝနေ၊ အင်ကြင်းပင်တန်း အင်ကြင်းပင်တော၌။
ဝိဟရတိ၊ နေတော်မူ၏။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။
သမ္ဗဟုလာ၊ ကုန်သော။
ဘိက္ခူ၊ တို့သည်(ဝိဟရန္တိ-၌ စပ်)။
ဘဂဝတော၊ ၏။
အဝိဒူရေ၊ မနီးမဝေး၌။
အရညကုဋိကာယံ၊ အင်ကြင်းပင်တန်း၏အနီး သစ်ပင်ခြုံပုတ်ထူထပ်ရာ၌ ဆောက်လုပ်အပ်သော ကျောင်း၌။
ဥဒ္ဓတာ၊ ပျံ့လွင့်ကုန်သည်။
ဥန္နဠာ၊ ကျူပင်ကဲ့သို့ ထောင်လွှားတက်ကြွသော မာနရှိကုန်သည်။
စပလာ၊ လျှပ်ပေါ်ကုန်သည်။
မုခရာ၊ နှုတ်ကြမ်းကုန်သည်။
ဝိက္ကိဏ္ဏဝါစာ၊ ရောရောနှောနှော ပေါက်တက်ကရစကား ရှိကြကုန်သည်။(ဝိက္ကိဏ္ဏာ ဗျာကုလာ ဝါစာ ဧတေသန္တိ ဝိက္ကိဏ္ဏဝါစာ။ဋ္ဌ)။
မုဋ္ဌဿတိနော၊ ပျက်သောသတိ ရှိကြကုန်သည်။
အသမ္ပဇာနာ၊ ပညာအဆင်အခြင် မဲ့ကုန်သည်။
အသမာ-ဟိတာ၊ မတည်ကြည်ကုန်သည်။
ဝိဗ္ဘန္တစိတ္တာ၊ တုန်လှုပ်သောစိတ် ရှိကုန်သည်။
ပါကတိန္ဒြိယာ၊ ပေါ်လွင်ထင်ရှားသော ဣန္ဒြေ ရှိကုန်သည်။
ဟုတွာ၊ ၍။
ဝိဟရန္တိ၊ ကုန်၏။(ဥဒ္ဓတာစသည်ကို ဟုတွာ၍ စဉ်းငယ်ဆိုက်၍ ဝိဟရန္တိ၌စပ်)။
ဘဂဝါ၊ သည်။
သာလပန္တိယာ၊ အင်ကြင်ပင်တန်း၏(ထည့်)။
အဝိဒူရေ၊ မနီးမဝေး၌။
အရညကုဋိကာယံ၊ သစ်ပင်ချုံပုတ် ထူထပ်ရာ၌ ဆောက်လုပ်အပ်သော ကျောင်း၌။
ဝိဟရန္တေ၊ ကုန်သော။
သမ္ဗဟုလေ၊ များစွာကုန်သော။
ဘိက္ခူ၊ တို့ကို။
ဥဒ္ဓတေ၊ ပျံ့လွင့်ကုန်သည်တို့ကို။
ဥန္နဠေ၊ ကျူပင်ကဲ့သို့ ထောင်လွှားသော မာနရှိကြသည်တို့ကို။
စပလေ၊ လျှပ်ပေါ်သည်တို့ကို။
မုခရေ၊ နှုတ်ကြမ်းသည်တို့ကို။
ဝိက္ကိဏ္ဏဝါစေ၊ ရောရောနှောနှော ပေါက်တတ်ကရစကား ရှိသည်တို့ကို။
မုဋ္ဌဿတိနော၊ ပျက်သောသတိ ရှိသည်တို့ကို။
အသမ္ပဇာနေ၊ ပညာအဆင်အခြင်သည်တို့ကို။
အသမာဟိတေ၊ မတည်ကြည်သည်တို့ကို။
ဝိဗ္ဘန္တစိတ္တေ၊ တုန်လှုပ်သောစိတ် ရှိသည်တို့ကို။
ပါကတိန္ဒြိယေ၊ ပေါ်လွင်ထင်ရှားသော ဣန္ဒြေရှိသည်တို့ကို။
အဒ္ဒသာခေါ၊ မြင်တော်မူပြီ။
အထခေါ၊ ထိုအခါ၌။
ဘဂဝါ၊ သည်။
ဧတမတ္ထံ၊ ပျံ့လွင့်ခြင်းစသည်၏ အစွမ်းအားဖြင့် မေ့မေ့လျော့လျော့နေသော ထိုအကြောင်းကို။
ဝိဒိတွာ၊ ၍။
တာယံ ဝေလာယံ၊ ၌။
ဣမံ ဥဒါနံ၊ ကို။
ဥဒါနေသိ၊ မူပြီ။
"အရက္ခိတေန ကာယေန(လ) သဗ္ဗာ ဒုဂ္ဂတိယော ဇဟေ"တိ၊ သဗ္ဗာ ဒုဂ္ဂတိယော ဇဟေ-ဟူသော။
အရက္ခိတေန၊ ဖြင့် မစောင့်ရှောက် အပ်သော။
ကာယေန၊ စက္ခုဝိညာဉ်စသော ဝိညာဏကာယဖြင့်လည်းကောင်း။
မိစ္ဆာဒိဋ္ဌိဟတေနစ၊ သဿတ စသော မိစ္ဆာအယူသည် နှိပ်စက်ဖျက်ဆီးအပ်သော။
စိတ္တေနစ၊ စိတ်ဖြင့် လည်းကောင်း။အရက္ခိတေန ကာယေန။ ။ကာယေန၏အရကို အဝိညာဏကာယ-ကို ယူသောနည်းအရ မိမိမျက်စိ၌ ထင်ပေါ်လာသော အဆင်းရူပါရုံကို မြင်တတ်မြင်တယ်ဟု မရှုမှတ်ဘဲ ဝါ-ရှုမှတ်သဖြင့် သတိလွတ်သွား၏။ထိုအခါ မြင်ရသောရူပါရုံကို ရူပါရုံမျှ၌ ရပ်မနေဘဲ တောင့်တယ် မတောင့်ဘူး တင်ရင်စသည် ဖြိုးမောက်သည် ပိန်ချပ်သည် စသည်ဖြင့် နိမိတ်ပုံသန္တာန်သို့ စိတ်ရောက်သွား၏။ကြည့်ပုံရှုပုံက ဘယ်လို,သွားပုံအမူအရာက ဘယ့်နှယ် စသည်ဖြင့် အနုဗျဉ္ဇနဂ္ဂါဟီ အဆင့်ရောက်အောင် အာရုံပြုမိတတ်သည်။ထိုအခါ အဘိဇ္ဈာစသော မကောင်းသော အကုသိုလ်တရားတွေ တသီတတန်းကြီးဖြစ်ပေါ်ကုန်ကြ၏။ထိုအဘိဇ္ဈာစသည်ကို အခြေခံကာ အပါယ်ဒုဂ္ဂတိသို့ ရောက်ကြရလေသည်။ဤကိုရည်၍ အရက္ခိတေန ကာယေန။လ။ဝသံမာရဿ ဂစ္ဆတိ-ဟု ဟောတော်-မူခြင်းဖြစ်သည်။သောတဝိညာဉ်စသော ဝိညာဉ်တို့ကို မစောင့်စည်းလျှင်လည်း ဝသံ မာရဿ ဂစ္ဆတိ-ဖြစ်မှာ သေချာ၏။နည်းတူ သိလေ။
မိစ္ဆာဒိဋ္ဌိဟေတန ဝသံ မာရဿ ဂစ္ဆတိ နံနက်အစောက ရုပ်နာမ်တို့သည် နေ့ခင်းသို့ မရောက်၊နံနက်ကပင် ချုပ်ပျောက်ကုန်၏။နေ့ခင်းက ရုပ်နာမ်ဓမ္မတို့သည်လည်း ညချမ်းအချိန်သို့မရောက်။ထိုနေ့ခင်းကပင် ချုပ်ပျောက်ကုန်၏။သို့ပါလျက် လူတို့သည် မိမိကိုယ်မိမိ မနက်ကလည်း ငါ, နေ့ခင်းလည်းငါ,ဒီနှစ်လည်းငါပင် ထင်နေကြ၏။ထိုထင်ခြင်းသည် မနက်တုန်းက ငါဆိုတဲ့အကောင်သည် နောင်ဘဝထိ မပျက်စီး နေ့ခင်းကငါသည် ညချမ်းအထိမပျက်စီးဟု မြင်နေသည်။ထိုအမြင်သည် သဿတဒိဋ္ဌိအမြင် သဿတအယူပင်ဖြစ်သည်။ယင်းသို့ သဿတယူလျှင် မနက်ငါနှင့် နေ့ခင်းရောက်တဲ့ငါ, နေ့ခင်းကငါနှင့် ညချမ်းငါ တစ်ယောက်တည်း နိစ္စမြဲသည်ဟု လွဲမှားခြင်း ယူဆခြင်းပင်။ထိုအယူအဆ နှိပ်စက်ဖျက်ဆီးသဖြင့် မာရ်မင်း၏အလိုကျ ဆိုက်ရောက်ရလေတော့၏။

ထိနမိဒ္ဓါဘိဘူတေန၊ ထိနမိဒ္ဓသည် လွှမ်းမိုးနှိပ်စက်အပ်သော။
စိတ္တေနစ၊ ဖြင့်လည်းကောင်း။
ဘိက္ခု၊ သည်(ထည့်)။
မာရဿ၊ အလုံးစုံသော။
ဝသံ၊ အလိုသို့။
ဝါ၊ ထင်သလိုအပြုခံရ သည်ၑ အဖြစ်သို့။
ဂစ္ဆတိ၊ ရောက်၏။ထိနမိဒ္ဓါဘိဘူတေန ဝသံ မာရဿ ဂစ္ဆတိ
စိတ်ရော စေတသိက်ပါ ဖျတ်ဖျတ်လတ်လတ် တက်တက်ကြွကြွမရှိ၊ကောင်းသောအလုပ်လုပ်ရန် ထိုင်းမှိုင်းတုံ့နှေးသော ထိနမိဒ္ဓိလွှမ်းမိုးခြင်းခံရသော သူသည် မာရ်မင်း၏အလိုကျ ဆိုက်ရောက်ရလေတော့၏။
စိတ်ရော စေတသိက်ပါ ဖျတ်ဖျတ်လတ်လတ် တက်တက်ကြွကြွမရှိ၊ကောင်းသောအလုပ်လုပ်ရန် ထိုင်းမှိုင်းတုံ့နှေးသော ထိနမိဒ္ဓိလွှမ်းမိုးခြင်းခံရသော သူသည် မာရ်မင်း၏အလိုကျ ဆိုက်ရောက်ရလေတော့၏။
တသ္မာ၊ ထို့ကြောင့်။
ရက္ခိတစိတ္တော၊ သတိဖြင့် ဝါ-ရှုမှတ်ခြင်းဖြင့် စောင့်ရှောက်အပ်သော စိတ်ရှိသည်။
အဿ၊ ဖြစ်ရာ၏။
သမ္မာသင်္ကပ္ပ-ဂေါစရော၊ မှန်ကန်သော အတွေးအခေါ်ကြံစည်ခြင်းလျှင် ကျက်စားရာအာရုံရှိသည်။
အဿ၊ ဖြစ်ရာ၏။ဒုတိယဂါထာ၏ ဆိုလိုရင်း
ထို့ကြောင့် စက္ခုဝိညာဉ်စသော ဝိညာဉ် ၆-ပါးကို သတိဖြင့် စောင့်ရှောက်ပါ။ဝါ၊ မြင်လျှင်မြင်တယ် မြင်တယ် စသည်ဖြင့် ရှုပါမှတ်ပါ။မှန်ကန်သော ကြံစည်စိတ်ကူးဖြင့် ပေါ်လာသော အာရုံလျှင် ကျက်စားရာအာရုံ ရှိပါစေ။
ကံ ကံ၏အကျိုးကို ယ့ုကြည်ခြင်း ကမ္မဿကတာ သမ္မာဒိဋ္ဌိ။မနက်က ရုပ်နာမ်ဓမ္မတို့သည် နေ့ခင်းသို့ မရောက်ကုန်။ထိုနံနက်ကပင် ချုပ်ပျောက်ပျက်လေသောကြောင့် အနိစ္စ၊ရုပ်နာမ်ဓမ္မဟူသမျှသည် မမြဲလေသောကြောင့် အနိစ္စ။ဝါ၊ဖြစ်ခြင်း ပျက်ခြင်းသည်နှိပ်စက်အပ်သောကြောင့် သုခမဟုတ် ဒုက္ခဟူ၍ ၎င်းမပျက်ချင်သော်လည်း ပျက်ရ,ဒုက္ခမရောက်ချင်သော်လည်း ရောက်ကြရသောကြောင့် အနတ္တ အစိုးမရဟူ၍လည်းကောင်း အမြင်မှန်ရှေ့သွား တရားလက်ကိုင်ထားပါလေ။ရုပ်နာမ်ဓမ္မတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို သိမြင်သော ဥဒယဗ္ဗယဉာန် အပျက်ကိုချည်း ကွက်၍ သိမြင်နေသော ဘင်္ဂဉာဏ်။ကြောက်စရာ ရုပ်နာမ်တွေပါတကားဟု သိသော ဘယဉာဏ်၊ထိုကို ငြီးငွေ့သောနိဗ္ဗိန္ဒ စသည်တို့ အဆင့်ဆင့်တက်က မဂ်ဉာဏ်တိုင် ဆိုက်ရောက်သွားခဲ့သော် ထိနမိဒ္ဓ၏ မင်းမူခြင်း ခံရသော ထိနမိဒ္ဓ လက်အောက်ခံ ဖြစ်ခဲ့ဖူးသော ရဟန်းသည် အလုံးစုံသော ဒုဂ္ဂတိတို့ကို စွန့်ပယ်နိုင်မှာ သေချာ၏။ဒုဂ္ဂတိမှ လွတ်မြောက်ရုံမက သံသရာ တစ်ဖက်ကမ်း နိဗ္ဗာန်တိုင်အောင် ဆိုက်ရောက်လေတော့၏-ဟူလို။

သမာဒိဋ္ဌိပုရေက္ခရော၊ ကမ္မဿကတဉာဏ်,အနိစ္စ ဒုက္ခ အနတ္တ-ဟူသော မှန်ကန်သော အသိဉာဏ်လျှင် ရှေ့သွား ရှိသည်။
အဿ၊ ဖြစ်ရာ၏။
ဥဒယဗ္ဗယံ၊ ရုပ်နာမ်ဓမ္မတို့၏ အဖြစ်အပျက်ကို။
ဉတွာန၊ သိ၍။
ထိနမိဒ္ဓါဘိဘူ၊ ထိနမိဒ္ဓ၏ လွှမ်းမိုးခြင်းခံရသော။
ဘိက္ခု၊ သည်။
သဗ္ဗာ ဒုဂ္ဂတိယော၊ အလုံးစုံသော ဒုဂ္ဂတိဘဝကို။
ပဇဟေ၊ ပယ်စွန့်နိုင်လေတော့၏။
ဒုတိယံ။ ။