မေ၊ သည်။
ဧတံ၊ ဤဟုံဟုင်္ကသုတ်ကို(ထည့်)။
ဧဝံ၊ ဤသို့။
သုတံ၊ အပ်ပါပြီ။
ဧကံ သမယံ၊ ၌။
ဘဂဝါ၊ သည်။
ဥရုဝေလာယံ၊ ၌။
နဇ္ဇာ နေရဉ္စရာယ၊ ၏။
တီရေ၊ ၌။
အဇပါလနိကြေဓေ၊ ပညောင်ပင်အနီး၌။
ပဌမာဘိသမ္ဗုဒ္ဓေါ၊ သည်။
ဟုတွာ၊ ၍။
ဝိဟရတိ၊ ၏။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။
ဘဂဝါ၊ သည်။
သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။
ဧကပလ္လင်္ကေန၊ ဖြင့်။
ဝိမုတ္တိသုခပဋိသံဝေဒီ၊ လျက်။
နိသိန္နော၊ သည်။
ဟောတိ၊ ၏။
အထခေါ၊ ထိုအခါ၌။
ဘဂဝါ၊ သည်။
တဿ သတ္တာဟဿ၊ ပဉ္စမမြောက် အဇပါလ ထိုသတ္တာဟကို။
အစ္စယေန၊ လွန်ရာအခါ၌။
တမှာ သမာဓိမှာ၊ စတုတ္ထစျာန်အရဟတ္တဖိုလ် သမာဓိမှ။
ဝုဋ္ဌာသိ၊ ထပြီ။
အထခေါ၊ ထိုအခါ၌။
အညတရော၊ အမျိုးအနွယ်အမည်အားဖြင့် မသိသာမထင်ရှားသော။
ဟုံဟုင်္ကဇာတိကော၊ "ရှူးရှဲ ဟူးဟဲ" ဟုပြုတတ်သောသဘောရှိသော။
ဗြာဟ္မဏော၊ ပုဏ္ဏားတစ်ယောက်သည်။
ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ သည်။
အတ္ထိ၊ ၏။
တေန၊ ထိုဘုရားရှင်ရှိရာအရပ်သို့။
ဟုံဟုင်္ကဇာတိကော ဗြာဟ္မဏော။ ။ကောင်းသောဣဋ္ဌာရုံကို တွေ့မြင်တွေ့ကြုံရလျှင် မင်္ဂလာရှိသည်ဟူသော အယူဝါဒကို လက်ကိုင်ထားသောကြောင့် စိတ်ပျက်စရာ အနိဋ္ဌာရုံ သက်ရှိသက်မဲ့နှင့်တွေ့ကြုံလျှင် စက်ဆုပ်ရွံရှာမှုဖြစ်ကာ "ဟုံး ဟုံး"၊(သို့) "ဟူး ဟဲ"ဟု ပြုလုပ်တတ်သော သဘောရှိသဖြင့် ထိုပုဏ္ဏားသည် "ဟုံဟုင်္ကဇာတိက" "ဟုံဟုင်္က" ဟုအမည်တွင်လေသည်။
ဥပသင်္ကမိ၊ သွားရောက်ပြီ။
ဥပသင်္ကမိတွာ၊ ချဉ်းကပ်ပြီး၍။
ဘဂဝါတာ၊ ဘုရားရှင်နှင့်။
သိဒ္ဓိံ၊ အတူတကွ။
သမ္မောဒိ၊ အညီအမျှကောင်းစွာ ရောနှောမိပြီ(သပံ သမ္မာ ဝါ မောဒိ။)။
ဝါ၊ ဘုရားရှင်ကလည်းပုဏ္ဏားနှင့်၊ ထိုပုဏ္ဏားကလည်း ဘုရားနှင့် အညီအမျှ ရောနှောမိပြီ။
သမ္မောဒနီယံ၊ ဝမ်းမြောက်ထိုက်သော။
သာရဏီယံ၊ အမှတ်တရဖြစ်လောက်သော။
ကထံ၊ ကောင်းစွာပြောမှု စကားစုကို (ကထန္တိ ကထာသလ္လပံ။ဋ္ဌ)။
ဝီတိသာရေတွာ-နိဋ္ဌာပေတွာ၊ ပြီးဆုံးစေ၍။
ဧကမန္တံ၊ အပြစ်ကင်းရာ တစ်နေရာ၌။
အဋ္ဌာသိ၊ တည်နေပြီ။
ဧကမန္တံ၊ အပြစ်ခြောက်ပါးကင်းရာ တစ်ခုသောနေရာ၌။
ဌိတော၊ တည်သော။
သော ဗြာဟ္မဏော၊ ထို' ဟုံဟုင်္ကပုဏ္ဏားသည်။
ဘဂဝန္တံ၊ ကို။
ဘော ဂေါတမ၊ အို-အရှင်ဂေါတမ။
ကိတ္တာဝတာ၊ မည်မျှသောအတိုင်းအတာဖြင့်။
ဗြာဟ္မဏော၊ မကောင်းမှုတို့ကိုမျှောပြီးသူသည်။
ဝါ၊ မကောင်းမှုတို့ကို အပပြုပြီးသောရဟန္တာသည်။
ဟောတိ နု ခေါ၊ ဖြစ်နိုင်ပါသနည်း။
စ ပန၊ ထို့ပြင်လည်း။
ဗြာဟ္မဏကရဏာ၊ မကောင်းမှုတို့ကိုမျှောသောရဟန္တာအဖြစ်ကို ပြုတတ် ကုန်သော။
ဓမ္မာ၊ တရားတို့သည်၊
ကတမေတိ၊ အဘယ်တရားတို့ပါနည်း"ဟူသော။
ဧတံ၊ ဤအမေးစကားကို။
အဝေါစ၊ လျှောက်ထားပြီ။("နှစ်သုတ်ပေါင်းတုံ သာဓနစုံ သက်တုံ ယုပစ္စည်း"ဟူသည်နှင့်အညီ ယု-ပစ္စည်းလည်းကတ္တားဟောနိုင်သောကြောင့် ဗြာဟ္မဏကရဏာ ဟူသော ယုပစ္စယန္တပုဒ်လည်း သင့်သည်ပင်၊ အချို့မူ၌ "ဗြဟ္မဏကာရကာ"ဟုဏွုပစ္စယန္တနှင့် ရှိ၏)။
အထခေါ၊ ထိုအခါ၌။
ဘဂဝါ၊ သည်။
ဧတံ အတ္ထံ၊ ကို။
ဝိဒိတွာ၊ ၍။
တာယံ ဝေလာယံ၊ ၌။"ယော ဗြာဟ္မဏော ဗာဟိတပါပဓမ္မော(လ)ယဿုသဒါ နတ္ထိ ကုဟိဉ္စိ လောကေ"တိ၊ကုဟိဉ္စိ လောကေ"ဟူသော။
ဣမံ ဥဒါနံ၊ ကို။
ဥဒါနေသိ၊ ပြီ။
ဗာဟိတပါပဓမ္မော၊ မျှောအပ်ပြီးသောမကောင်းမှုရှိသော။
ဝါ၊ ကြောင့်။
ယော ဗြဟ္မဏော၊ အကြင်ဗြာဟ္မဏမည်သောရဟန္တာသည်။
ဟောတိ၊ ၏။
သော၊ ထိုဗြာဟ္မသည်။
ဗာဟိတပါပဓမ္မတ္တာ၊ မျှောအပ်ပြီးသောမကောင်းမှုတရားရှိသည်၏ အဖြစ်ကြောင့်။
နိဟုံဟုင်္ကော၊ မာန ဒေါသ၏ အစွမ်းအားဖြင့် "ဟုံးဟုံး"ဟုမပြုတတ်။
ဝါ၊ "ဟူးဟဲ"ဟု မပြုတတ်။
နိက္ကသာဝေါ၊ တပ်စွန်းသော ကိလေသာလည်း မရှိ။
ယတတ္တော၊ သီလစောင့်စည်းခြင်းဖြင့် စောင့်စည်းအပ်သောစိတ်ရှိ၏။
တစ်နည်း၊ယတတ္တော၊ သီလစောင့်စည်းခြင်းဖြင့် စောင့်စည်းအပ်သောစိတ်ရှိ၏။
(ယတသဒ္ဒါ ရှေ့နည်း သံယတ၊ စောင့်စည်းခြင်းအနက်၊နောက်နည်း အနုယောဂ=အနုယုဉ္ဇ-အားထုတ်ခြင်းအနက်ဟော)။ဂါထာ၌ သတိပြုဖွယ်
ယော ဗြာဟ္မဏော ဗာဟိတပါပဓမ္မော-ဟူသော အနိယမဝါကျ၌ ဗာဟိတ-ပါပဓမ္မောသည် ဗာဟ္မဏော၏ ဟေတုမန္တဝိသေသန။ သော ဗြာဟ္မဏော ဗာဟိတပါပဓမ္မော-ဟု ရှေ့အနိယမကို ရှု၍ နိယမဝါကျ ပြုလုပ်သောအခါ ဗာဟိတပါပဓမ္မော-သည် နိဟုံဟုင်္ကော(လ)ဝေဒန္တဂူ ဝုသိတဗြာဟ္မစရိယော-တို့၏ ဟေတုမန္တဝိသေသအဖြစ်သို့ ပြောင်းသွား၏။ထို့ကြောင့် အဋ္ဌကထာ၌ "ယော ဗာဟိတပါဓမ္မတာယ ဗြာဟ္မဏော" ဟူ၍လည်း ဖွင့်တော်မူသည်။ ဗာဟိတပါပဓမ္မော၌ 'ဗာဟိတ'ပုဒ်သည် ဝဟဓာတ်, တ-ပစ္စည်း ကာရိတ်ဏေပစ္စည်း ကြေ။ ကာရိတ်ကြောင့် ဝ-၌ အ-ကို အာဝုဒ္ဓိပြု။ ဝ-ကိုလည်း ဗ-ပြုသည့်အတွက် 'ဗာဟိတ'ဟု ပြီးသည်။ ဥဒကေ ဝုယှမာနံ-၌ ဝဟ-ကဲ့သို့ မျှောဟူသော အနက်ဟောသည်။ဤ၌ မျှောအပ်ပြီးသော။ဝါ။မျောစေအပ်ပြီးသော-ဟု ပေးလေ။စားပွဲကို မြှင့်ထားသည်၊အိမ်ကိုမြှင့်ထားသည်ဆိုလျှင် ဟ-ထိုးကြောင့်ကာရိတ်ဝင်သည်။မြင့်စေသည်ဟု ဆိုလိုသည်။စားပွဲသည် မြင့်သည်,အိမ်သည်မြင့်သည်ဆိုလျှင် သုဒ္ဓကာရိတ်မပါ။ အဗျာပါရအလိုလိုမြင့်သည်။ မည်သူ၏ပယောကြောင့်မျှ မြင့်သည်မဟုတ်။ထို့အတူ မျောနှင့်မျှောကို ကာရိတ်ဝင်,မဝင် သဗျာပါရ, အဗျာပါရ ခွဲလေ။

ဝေဒန္တဂူ၊ လေးပါးသော,မဂ်ဉာဏ်တည်းဟူသော ဝေဒတို့ကြောင့် သင်္ခါရတရားတို့၏အဆုံး နိမ္ဗာန်သို့ ရောက်တော်မူ၏။
တစ်နည်း၊ဝေဒန္တဂူ၊ အသိဉာဏ်တို့၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်တော်မူ၏။
ဝုသိတဗြဟ္မစရိယော၊ ကျင့်သုံးအပ်ပြီးသော မဂ္ဂဗြဟ္မစရိယ ရှိ၏။
ဝါ၊ မဂ္ဂဗြဟ္မစရိယကို ကျင့်သုံးတော်မူပြီးပြီ။
သော၊ ထိုသူသည်။
ဓမ္မေန၊ သင့်တင့်မှန်ကန်သောသဘောဖြင့်။
ဗြဟ္မဝါဒံ၊ 'ငါဟာ ကိလေသာတို့ကို မျှောပြီးသော ဝိသုဒ္ဓိဗြာဟ္မဏ'ဟုမြင့်မြတ်သောအထက်တန်းစကားပြောကြားမှုကို။
ဝဒေယျ၊ ပြောလိုကပြောနိုင်၏။
ဝါ၊ ပြောရာ၏။
ယဿ၊ ယင်းရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌။
လောကေ၊ သက်ရှိ သက်မဲ့တို့၏စုဝေးတည်နေရာလောကကြီး တစ်ခုလုံး၌သော်မှလည်း။
ဝါ၊ လောကကြီးတစ်ခုလုံးတွင်(ဧကဝုစ်နိဒ္ဓါရဏ)။
ကုဟိဉ္စိ၊ တစ်စုံတစ်ခုသောအာရုံ၌လည်း။
ဥဿဒါ၊ရာဂုဿဒ,ဒေါသုဿဒ,မောဟုဿဒ,မာနုဒဿ,ဒိဋ္ဌုဿဒ-ဟူသော ငါးမျိုးတို့၏ အာရုံပြုသောအားဖြင့် ဖြစ်ထွန်းကြီးထွားခြင်းတို့သည်။
နတ္ထိ၊ အကြွင်းမဲ့ပယ်ပြီးဖြစ်၍ မရှိကုန်။
("အယမ္ပိ ဥဒါနော ဘဂဝါတာ ဝုတ္တော၊ ဣတိ မေ သုတံ"-ထည့်၍ပေးလေ။စတုတ္ထံ)။ ။