Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Udānapāḷi
Udānapāḷi

10. Cūḷapanthakasuttaṃ

Author: miuthi-မိုးထိ @ IAPT

မေ၊ သည်။ ဧတံ၊ ဤစူဠပန္ထကသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။
တေန ခေါ ပန သမယေန၊ ၌။ အာယသ္မာ စူဠပန္ထကော၊ အရှင်စူဠပန္ထကသည်။ ဘဂဝတော၊ ၏။ အဝိဒူရေ၊ မနီးမဝေး၌။ ပလ္လင်္ကံ၊ ထက်ဝယ် ပလ္လင်ကို။ အာဘုဇိတွာ၊ ခွေ၍။ ကာယံ၊ ကို။ ဥဇုံ၊ စွာ။ ပဏိဓာယ၊ ၍။ ပရိမုခံ၊ ကမ္မဋ္ဌာန်းအာရုံသို့ ရှေးရှု။ သတိံ၊ ကို။ ဥပဋ္ဌတွာ၊ ၍။ နိသိန္နော၊ သည်။ ဟောတိ၊ ၏။
ဘဂဝါ၊ သည်။ ပလ္လင်္ကံ၊ ကို။ အာဘုဇိတွာ၊ ၍။ ကာယံ၊ ကို။ ဥဇုံ၊ စွာ။ ပဏိဓာယ၊ ထား၍။ ပရိမုခံ၊ ကမ္မဋ္ဌာန်းအာရုံသို့ ရှေးရှု။ သတိံ၊ ကို။ ပဏိဓာယ၊ ၍။ အာယသ္မန္တံ စူဠပန္ထကံ၊ အရှင်စူဠပန္ထကကို။ သော၊အဒ္ဒသာခေါ၊ မြင်တော်မူပြီ။ပရိမုခံ သတိံ ဥပဋ္ဌပေတွာနှင့်စပ်၍ မှတ်သားဖွယ် ပရိမုခံ သတိံ ဥပဋ္ဌပေတွာတိ အာရမ္မဏာဘိမုခံ သတိံ ဥပဋ္ဌပေတွာ-ဟု ဖွင့်၏။အာရမ္မဏာဘိမုခံ-ဝယ် အဘိမုခံ-ဖြင့် ပရိမုခသဒ္ဒါ အဘိမုခအနက်ဟောဟု သိစေသည်။ဘယ်သို့ရှေးရှုရမလဲဟု မေးဖွယ်ရှိ၍ အာရမ္ပဏ-ထည့်၍ ဖွင့်သည်။ကမ္မဋ္ဌာန်းအာရုံသို့ ရှေးရှုရမည်ဟု သိစေသည်။ထိုကမ္မဋ္ဌာန်းအာရုံသည် ဘယ်မှာရှိသည့်အာရုံနည်း မေးဖွယ်ရှိ၍ မုခသမီပေ-ဟု ဖွင့်သည်။ကမ္မဋ္ဌာန်းအာရုံသို့ ရှေးရှု သတိထားရမည်ဟု ဆို၏။သတိထားပုံကို ဖွင့်မပြပြီလော မေးဖွယ်ရှိ၍ မုခသမီပေ(သတိံ) ကတွာကို မိန့်သည်။နှုတ်ခမ်း၏အနီးကို သတိပြုရှုမှတ်နေခြင်းသည် သတိထားခြင်းအဓိပ္ပါယ်ပင်ဟု သိစေသည်။မုခသမီပ၏နေရာဌာနကို အတိအကျ ဆရာမပြပြီလော မေးဖွယ်ရှိ၍နာသိကဂ္ဂေ ဝါ မုခနိမိတ္တေ ဝါ ဟူသော ဝိဘင်းတို့၌ ထုတ်ပြဖွင့်ဆို၏။ထိုပါဠိဖြင့် မုခသမီပေဟူသော နာသိကဂ္ဂ နှာသီးဖျား၊ သို့မဟုတ် မုခနိမိတ္တ နှုတ်ခမ်တည်းဟူသော နိမိတ်အာရုံပင်ဟု သိစေသည်။အဋ္ဌကထာဖွင့်၍ ခြုံ၍ မှတ်ချက်ချလျှင် တရားအားထုတ်သော ယောဂီ၏ နှုတ်ခမ်းအနီးမှာရှိသော နာသိကဂ္ဂ၊ နှာသီးဖျား၊ သို့မဟုတ် နှုတ်ခမ်းတည်းဟူသော နိမိတ်အာရုံသည် သတိထားရမည့် ဝိပဿနာဘူမိ၊ သတိပြုရမည့် ဝိပဿနာဘူမိ၊ ရှေးရှု ရှုမှတ်ရမည့်ဝိပဿနာဘူမိ ဟူလို (ဤကားဝိဘင်းအလို အဋ္ဌကထာဖွင့်)။
ပရိမုခံ သတိံ ဥပဋ္ဌပေတွာဝယ် ပရိ-ကို ပရိဂဟဋ္ဌောဟု ဖွင့်သောကြောင့် ပရိ-သည် ပရိဂ္ဂဟအနက်ဟော။မုခန္တိ နိယျာနဋ္ဌော-ဟု ဖွင့်သောကြောင့် မုခသဒ္ဒါ ဤ၌နိယျာနဋ္ဌ၊ ထွက်မြောက်ကြောင်းအနက်ဟော။သတိကို သတီတိ ဥပဋ္ဌာနဋ္ဌော ဖွင့်ခြင်းကြောင့် အာရုံ၌ ကပ်၍တည်ခြင်းဟူသော ဥပဋ္ဌာနအနက်ဟောဟု သိရ၏။
အထက်ပါ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ-ဝါကျ၏ အနက်ကို အကျဉ်းချုပ် ပေါင်းစပ်လျှင် ထက်ဝန်းကျင် သိမ်းကျုံးယူအပ်သော သံသရာမှထွက်မြောက်ကြောင်းဖြစ်သော သတိဖြင့်သက်ဝင်အပ်သော အာရုံ၌ သတိကပ်၍ ထား။ထိုအာရုံကိုသတိပြုပါ၊ ရှုမှတ်ပါဟု ဆိုလိုသည်။(ဤကား ပဋိသမ္ဘိဒါမဂ်အလို ခွင့်ပြုသည် အဋ္ဌကထာ)။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ စူဋ္ဌပန္ထက၏ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာ ထားအပ်သည်၏အဖြစ်ဟူသော ဤအနက်အဓိပ္ပါယ်ကို။ ဝိဒိတွာ၊ ၍။ တာယံ ဝေလာယံ၊ ၌။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ မူပြီ။
"ဌိတေန ကာယေန ဌိတေန စေတသာ(လ) အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ"တိ၊ ဂစ္ဆေဟူသော။ ဌိတေန၊ ဖောက်ပြန်ခြင်း မရှိသည်၏အဖြစ်ဟူသော မတုန်မလှုပ်တည်သော။ ကာယေန၊ စောပနကာယစသော ကာယ အလုံးစုံဖြင့်။ ဌိတေန၊ ကောင်းစွာတည်သော။ စေတသာ၊ တည်ကြည်သော စိတ်ဖြင့်။
တိဋ္ဌံ ဝါ၊ ရပ်သည်ဖြစ်စေ။ နိသိန္နော ဝါ၊ ထိုင်နေသည်ဖြစ်စေ။ ဥဒ၊ သို့မဟုတ်။ သယာနော ဝါ၊ လဲလျောင်းနေသည် ဖြစ်စေ။ စရန္တော ဝါ၊ သွားသည်မူလည်း ဖြစ်စေ(အနိယမတ္ထဝါဖြင့် စရန္တောကို ဝိကပ်ပြု။ ဋ္ဌ)။
ဘိက္ခု၊ သည်။ ဧတံ သတိံ၊ ဤသတိကို။ အဓိဋ္ဌဟာနော၊ ဆောက်တည် သည်ဖြစ်၍။
ပုဗ္ဗာပရိယံ၊ ရှေ့နောက်၌ဖြစ်သော။ ဝိသေသံ၊ တရားထူးကို။ လဘေထ၊ ရရာ၏။
ဝိသေသံ၊ တရားထူးကို။ လဒ္ဓါန၊ ရခြင်းကြောင့်။
မစ္စုရာဇဿ၊ သေမင်း၏။ အဒဿနံ၊ မမြင်ရာနိဗ္ဗာန်ကို။ ဝါ၊ သို့။ ဂစ္ဆေ၊ ရရာ ရောက်ရာ၏။ဌိတေန စေတသာ
ဌိတေန စေတသာ ဟု စိတ်ကိုဦးစားပေးဟောသော်လည်း သမာဓိတည်မှုသာ ပဓာန။အဘယ်ကြောင့်ဆိုသော် သမာဓိရှိမှ စိတ်တည်ငြိမ်သောကြောင့်တည်း။ဌာနီစိတ်ကို ပြလျှင် ဌာနသမာဓိကို ဌာနျူပစာ, အဝိနာဘာဝနည်းအရ သိရသည်။
ဒသမံ။ ။