မေ၊ သည်။
ဧတံ၊ ဤသဓာယမာနသုတ်ကို(ထည့်)။
ဧဝံ၊ ဤသို့။
သုတံ၊ အပ်ပါပြီ။
ဧကံ သမယံ၊ ၌။
ဘဂဝါ၊ သည်။
ကောသလေသု၊ ကောသလတိုင်းတို့၌။
မဟတာ၊ များမြတ်စွာသော။
ဘိက္ခုသံဃေန၊ ရဟန်းပေါင်းနှင့်။
သဒ္ဓိံ၊ အတူတကွ။
စာရိကံ၊ ကို။
စရတိ၊ ဒေသစာရီ လှည့်လည်တော်မူ၏။
တေန ခေါ ပန သမယေန၊ ၌။
သမ္ဗဟုလာ၊ ကုန်သော။
မာဏဝကာ၊ ပဌမအရွယ်ပုဏ္ဏား လူငယ်တို့သည်။
ဘဂဝတော၊ ၏။
အဝိဒူရေ၊ မလှမ်းမကမ်း၌။
သဓာယမာနရူပါ၊ ပြက်ရယ်ပြောင်လှောင်ခြင်းသဘော ရှိကုန်သည် ဖြစ်၍။
အတိက္ကမန္တိ၊ ဖြတ်သန်းသွားကြကုန်၏။
ဘဂဝါ၊ သည်။
သမ္ဗဟုလေ၊ ကုန်သော။
မာဏဝကေ၊ ပဌမအရွယ်ပုဏ္ဏား လူငယ်တို့ကို။
အဝိဒူရေ၊ မနီးမဝေး၌။
အတိက္ကန္တေ၊ ဖြတ်သန်းသွားကြသည်တို့ကို။
အဒ္ဒသာ ခေါ၊ မြင်တော်မူသည်သာ။
အထ ခေါ၊ ၌။
ဘဂဝါ၊ သည်။
ဧတမတ္ထံ၊ လူငယ်တို့၏ နှုတ်မစောင့် စည်းသည်၏ အဖြစ်တည်းဟူသော ဤအနက်အဓိပ္ပါယ်ကို။
ဝိဒိတွာ၊ ၍။
တာယံ ဝေလာယံ၊ ၌။
ဣမံ ဥဒါနံ၊ ကို။
ဥဒါနေသိ၊ ပြီ။
ပရိမုဋ္ဌာ ပဏ္ဍိတာ ဘာသာ (လ) ယေန နီတာ န တံ ဝိဒူ"တိ၊ န တံ ဝိဒူ'ဟူသော။
ပရိမုဋ္ဌာ၊ သတိချွတ်ယွင်း၍ ထုံထိုင်းအ, ဖျင်းကုန်သော။
ပဏ္ဍိတာဘာသာ၊ ပညာရှိအတုအယောင်တို့သည်။
ဝါစာဂေါစရဘာဏိနော၊ စကားသာကျက်စားရာအာရုံအဖြစ်ဖြင့် ပြောဆိုကြကုန်၏။
ဝါ၊ စကားအဖြစ်မျှပြောဆိုကြကုန်၏။ပရိမုဋ္ဌာ ဂါထာနှင့်စပ်၍ ရှင်းလင်းချက်
ဒု-နည်း ဝါစာ,အဂေါစရ, ဘာဏိနော-ဟု ပုဒ်ခွဲ။ဝါစာအရ အရိယတို့၏ကထာ ယူ။အဂေါစရ-အရ မုသာဝါဒ ယူ။ဝါစာယ+အဂေါစာရ၊ ဝါစာဂေါစရော။တ+ဘဏန္တီတိ ဝါစာဂေါစာရဘာဏိနော-ဟု ပြု။ဝါစာဂေါစရဘာဏိနော၊အရိယာတို့ကျက်စားရာစကား မဟုတ်သော မုသားစကားကို ပြောဆိုသူတို့ဟုအနက်ပြန်ဆိုလေ။
တတိယနည်း-ဝါစာဂေါစရ ဘာဏိနောကို ဝါစာဂေါစရာ တစ်ပုဒ်၊ဘာဏိနော တစ်ပုဒ်၊ ၂-ပုဒ်ခွဲ။ ဝါစာဂေါစရာ၌ အာကို အ-ရဿပြုထားသောကြောင့် ဝါစာဂေါစရဘာဏိနော-ဟု ရှိနေသည်။ဝါစာဂေါစရာ၊စကားသာ ကျက်စားရာအာရုံ ရှိကြ၍ သတိပဋ္ဌာန်စသော ဝီပဿနာ ဘာဝနာအာရုံ မရှိကြကုန်သည် ဖြစ်၍။ဘာဏိနော၊ ပြောဆိုကြကုန်၏-ဟု ပေး။
တတိယနည်း-ဝါစာဂေါစရ ဘာဏိနောကို ဝါစာဂေါစရာ တစ်ပုဒ်၊ဘာဏိနော တစ်ပုဒ်၊ ၂-ပုဒ်ခွဲ။ ဝါစာဂေါစရာ၌ အာကို အ-ရဿပြုထားသောကြောင့် ဝါစာဂေါစရဘာဏိနော-ဟု ရှိနေသည်။ဝါစာဂေါစရာ၊စကားသာ ကျက်စားရာအာရုံ ရှိကြ၍ သတိပဋ္ဌာန်စသော ဝီပဿနာ ဘာဝနာအာရုံ မရှိကြကုန်သည် ဖြစ်၍။ဘာဏိနော၊ ပြောဆိုကြကုန်၏-ဟု ပေး။
ယာဝ၊ အကြင်ရွေ့လောက်။
မုခါယာမံ၊ ပါးစပ်ဟခြင်းကို။
ဣစ္ဆန္တိ၊ အလိုရှိကြကုန်၏။
တာဝ၊ ထိုပါးစပ်ဟလိုသလောက်။
ယေန၊ အကြင်သတိချွတ်ယွင်းခြင်းသည်။
နိလ္လဇ္ဇဘာဝံစ၊ အရှက်မဲ့သည်၏အဖြစ်သို့ လည်းကောင်း။
ပဏ္ဍိတမာနီဘာဝံစ၊ ပညာရှိအတုအယောင်၏ အဖြစ်သို့လည်းကောင်း။
နီတာ၊ ဆောင်အပ်ကုန်၏။
ဝါ၊ ရောက်စေ အပ်ကုန်၏။
တံ၊ ထိုအကြောင်း-ကို။
တေ၊ ထိုလူငယ်တို့သည်။
န ဝိဒူ၊ မသိကြကုန်။
စတုတ္ထနည်း ဝါစာဂေါစရဘာဏိနော-ကို ဝါစာဂေါစရ-ပုဒ်၊ဘာဏိနောပုဒ် ၂-ပုဒ်ခွဲ၍ ဝါစာဂေါစရာ ဧဝ ဟုတွာ ဘာဏိနော ဝါစာဂေါစ ရဘာဏိနော-ဟုပြု။စကားသာ ကျက်စားရာအာရုံဖြစ်၍ ပြောဆိုသူတို့-ဟု ပေး။ကိုယ်တိုင်က မသိနားမလည်၍ အခြားတစ်ပါးအဓိပ္ပါယ် သက်ရောက်သွားသည့် အပြောမျိုး ပြောသူတို့-ဟူလို။
နဝမံ။ ။