Issues
Select Version
Bhikkhu Bodhi
English
莊春江讀經站
繁体中文
sāsanāre-သာသနာရေး
မြန်မာဘာသာ
译文
中文
Dukanipātapāḷi

7. Kaṇhasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိိက္ခဝေ၊ ရဟန်းတို့။ ကဏှာကဏှာ, သုက္ကာ။ ။ "ကဏှာ ဂါဝီ- မည်းနက်သော နွားမ" ဟုဆိုရာ၌ မည်းနက်သော အရောင်အဆင်းရှိ၍ ကဏှာဟုခေါ်ရ၏။ သို့သော်ဤ၌ကား အဟိရိက အနောတ္တပ္ပမည်သော အကုသိုလ်တရားတို့ကို ကဏှာဟုခေါ်ဆိုရာ၌ ယင်သို့မည်းနက်သော အရောင်ရှိသောကြောင့် ခေါ်ဆိုသည်မဟုတ်၊ ကဏှာဘိဇာတိနိဗ္ဗတ္တိဟေတုတော- မည်းညစ်ယုတ်ညံ့သော အမျိုးဇာတ်၌ဖြစ်ခြင်း၏ အကြောင်းဖြစ်သောကြောင့် (ဝါ- ထိုအမျိုးဇာတ်သို့ ပို့ဆောင်တတ်သောကြောင့်) ထိုအကုသိုလ်တရားတို့ကို ကဏှာဟု ခေါ်ဆိုရသည်။ ထိုစကားရပ်၌(၁)အပါယ်ဒုဂ္ဂတိဘဝနှင့် (၂)မနုဿဒေါဘဂ္ဂိယဟုခေါ်သော ဘုန်းကံမဲ့မွဲလူဆင်းရဲ လူနုံချာဘဝတို့ကို ကဏှာဘိဇာတိ (မည်းညစ်ယုတ်ညံ့သောအမျိုးဇာတ်) ဟုခေါ်၏။ ပါဠိတော်မှ ကဏှာသဒ္ဒါသည်လည်း နဂိုမူလတုန်းက ထိုကဏှာဘိဇာတိအနက်ကို ဟော၏။ သို့သော် ဤသုတ်၌ကား အကျိုးဖြစ်သောကဏှာဘိဇာတိ၏ ကဏှဟူသော နာမည်ကို အကြောင်းဖြစ်သော အဟိရိကအနောတ္တပ္ပအကုသိုလ်တရားတို့၌ မှည့်ခေါ်တင်စား၍ ဖလူပစာရအားဖြင့် ထိုအကုသိုလ်တရားတို့ကို ကဏှာဟုဟောတော်မူသည်။ ၊ (ပင်ကိုယ် သဘောအားဖြင့်) မည်းညစ်ကုန်သော။ ဝါ၊ မည်းညစ်သောအပါယ်ဘဝနှင့် နိမ့်ကျဘုန်းမွဲ လူဆင်းရဲဘဝ၏ အကြောင်းဖြစ်ကုန်သော။ ဓမ္မာ၊ တရားတို့သည်။
ဣမေ ဒွေ၊ တို့တည်း။ ပ။
အဟိရိကဉ္စ၊ မကောင်းမှုကို မစက်ဆုပ်သည်အဖြစ် လည်းကောင်း။ (မကောင်းမှုကို မစက်ဆုပ်သော ပုဂ္ဂိုလ်, စိတ်, သမ္ပယုတ်တရားအပေါင်း၏ဖြစ်ကြောင်း စေတသိက်လည်းကောင်း) အနောတ္တပ္ပဉ္စ၊ မကောင်းမှုကြောင့်မကြောင်လန့်သည်အဖြစ် လည်းကောင်း။ (မကောင်းမှုကြောင့် မကြောက်လန့်သော ပုဂ္ဂိုလ်, စိတ် သမ္ပယုတ်တရားအပေါင်း၏ ဖြစ်ကြောင်းစေတသိက်လည်းကောင်းတည်း)
ဘိက္ခဝေ၊ တို့။ ကဏှာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ဣမေဒွေ၊ တို့တည်း။ ပ။
သတ္တမံ။