၄၉-စတုရက္ခ
၄၆၂။ သမ္မာသမ္ဗုဒ္ဓေါ ဣတိ ဝါ၊ နုဿတိ ယာ ပုနပ္ပုနံ။ နဝဘေဒေ ဘဂဝတော၊ ဗုဒ္ဓါနုဿတိ သာ ဂုဏေ။ ။
၄၆၁-၄၆၂။ စတုရက္ခာတိ၊ ကား။ ဗုဒ္ဓါနုဿတိ၊ ဘုရားမြတ်စွာ၏ အရဟတာစသော ဂုဏ်တော်ကို အဖန်တလဲလဲ ကြံစည် အောက်မေ့ခြင်း၎င်း။ မေတ္တာစ၊ မေတ္တာကိုပွါးစေခြင်း၎င်း။ အသုဘံ၊ ဒွတ္တိံ သာကာရအသုဘဆယ်ပါးကို ပွါးစေခြင်း၎င်း။ မရဏဿတိ၊ သေခြင်းသဘောကို အောက်မေ့ခြင်း၎င်း။ ဣမာစတဿော၊ ဤလေးပါးတို့သည်။ စတုရက္ခာ၊ မိမိသည် စောင့်အပ်သောတရား, မိမိကိုစောင့်တတ်သော တရားမည်ကုန်၏ ။ တေသု၊ တို့တွင်။ [ ထည့်။ ] အာရကတ္တာဒိနာ၊ ကိလေသာတို့မှဝေးသည်၏အဖြစ်စသောအကြောင်းကြောင့်။ အရဟံ၊ အရဟမည်တော်မူ၏ ။ သမ္မာ၊ မဖောက်မပြန်။ ဝါ၊ အသင့်အားဖြင့်။ သာမဉ္စ၊ ဆရာမဆိုကိုယ်တော်တိုင်သာလျှင်။ ဗုဒ္ဓတော၊ ခပ်သိမ်းသောတရားကို သိတော်မူသောကြောင့်။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓမည်တော်မူ၏ ။ ဣတိဝါ၊ ဤသို့အစရှိသည်ဖြင့်လည်း။ ဝါ၊ ဖြင့်သာလျှင်။ ဘဂဝတော၊ ၏ ။ နဝဘေဒေ၊ ကိုးပါးအပြားရှိသော။ ဝါ၊ အသစ်အသစ်အထူးဖြစ်သော။ ဝါ၊ ကုန်သော။ ဂုဏေ၊ ဂုဏ်တော်၌။ ဝါ၊ တို့ကို။ ပုနပ္ပုနံ၊ များစွာကြိမ်ဖန် တန်တန်မလပ် အထပ်ထပ်။ ယာအနုဿတိ၊ အကြင်သဒ္ဓါပဗ္ဗဇိတအားလျော်စွာ အောက်မေ့ခြင်းသည်။ ဝါ၊ အစဉ်လျှောက်၍ အောက်မေ့ခြင်းသည်။ အတ္ထိ၊ ၏ ။ သာအနုဿတိ၊ သည်။ ဗုဒ္ဓနုဿတိ၊ မည်၏ ။
၄၆၄။ သဗ္ဗသတ္တေသု သုခိတာ၊ ဟောန္တာဝေရာတိအာဒိနာ။ ပရိစ္ဆိဇ္ဇ ပရိစ္ဆိဇ္ဇ၊ ဘာဝနာ မေတ္တဘာဝနာ။ ။
၄၆၃-၄၆၄။ သီမဋ္ဌသံဃေ၊ ဥပစာရသိမ်၌တည်သော သံဃာ၌၎င်း။ သီမဋ္ဌဒေဝတာသုစ၊ ဥပစာရသိမ်၌တည်သောနတ်တို့၌၎င်း။ ဂေါစရဂါမမှိ၊ ဂေါစရဂါမ်ဆွမ်းခံရွာ၌။ ဣဿရေဇနေ၊ စိုးရသေဌ်နင်း မင်းဖြစ်သသူ၌၎င်း။ တတ္ထ၊ ထိုဂေါစရဂါမ် ဆွမ်းခံရွာ၌။ မာနုသေ၊ လူတို့ကို။ ဥပါဒါယ၊ အစပြု၍။ သဗ္ဗသတ္တေသု၊ ခပ်သိမ်းသောသတ္တဝါတို့၌၎င်း။ သုခိတာ၊ ချမ်းသာကုန်သည်။ ဝါ၊ ချမ်းသာခြင်းသို့ရောက်ကုန်သည်။ ဝါ၊ ချမ်းသာခြင်းဖြစ်ကုန်သည်။ ဝါ၊ ချမ်းသာခြင်းရှိသည်၏အဖြစ်တို့သည်။ အဝေရာ၊ ရန်မရှိကုန်သည်။ ဝါ၊ ပါဏာတိပါတစသော အတွင်းရန်ငါးပါး, မင်းစသော အပရန်ငါးပါးမရှိကုန်သည်။ ဟောန္တု၊ တည်း။ ဣတိအာဒိနာ၊ ဖြင့်။ ပရိစ္ဆိဇ္ဇပရိစ္ဆိဇ္ဇ၊ သီမဋ္ဌသံဃာစသည်ကို ပိုင်းခြား၍, ပိုင်းခြား၍။ ဘာဝနာ၊ ပွါးစေခြင်းသည်။ မေတ္တဘာဝနာ၊ မည်၏ ။
၄၆၇။ ဝဏ္ဏအာသယသဏ္ဌာန၊ ဂန္ဓောကာသေဟိ ဘာဝနာ။ ပဋိကူလာတိ ကောဋ္ဌာသေ၊ ဥဒ္ဓုမာတာဒိဝတ္ထုသု။ ဂဟေတွာ အသုဘာကာရံ၊ ပဝတ္တာ ဘာဝနာသုဘံ။ ။
၄၆၅-၄၆၆-၄၆၇။ ဝစသာ မနသာဇ္ဈာယတော၊ နှုတ်ဖြင့်သရဇ္ဈာယ်ခြင်း, စိတ်ဖြင့်သရဇ္ဈာယ်ခြင်းဖြင့်၎င်း။ [ ထည့်။ ] ဝဏ္ဏသဏ္ဌာန ဩကာသဒိသတော၊ ဆံစသည်၏အဆင်း, ဆံစသည်၏သဏ္ဌာန်, ဆံစသည်၏ ဦးရေစသောတည်ရာ, ဆံစသည်၏ချက်မှအထက်, အောက်အရပ်အားဖြင့်၎င်း။ ပရိစ္ဆေဒတော၊ ဤကောဋ္ဌာသကို အထက်, အောက်, နံပါးမှ ဤကောဋ္ဌာသဖြင့် ပိုင်းခြားအပ်၏ဟူသော သဘာဂပရိစ္ဆေဒ, ဆံစသည်အမွေးမဟုတ်, လက်သည်းစသည်မဟုတ်, အမွေးသည်ဆံမဟုတ်, လက်သည်းစသည်မဟုတ် စသော ဝိသဘာဂ ပရိစ္ဆေဒအားဖြင့်၎င်း။ ကေသာဒိကောဋ္ဌာသေ၊ ဆံစသောအစု၌။ ဝါ၊ တို့ကို။ ဝဝတ္ထပေတွာ၊ မှတ်၍။ သဇ္ဈာယသင်္ခါတံ၊ သရဇ္ဈာယ်ခြင်းဟု ဆိုအပ်သော။ သတ္တဝိဓုဂ္ဂဟကောသလ္လံ၊ ခုနစ်ပါးအပြားရှိသော ကမ္မဋ္ဌာန်းကိုသင်ခြင်း၌ လိမ်မာခြင်းကို။ သမ္ပာဒေတွာ၊ ပြည့်စုံစေ၍။ [ ထည့်။ ] အနုပုဗ္ဗတော၊ သရဇ္ဈာယ်သည်မှစ၍ ဆံအမွေးစသော အစဉ်အတိုင်း၎င်း။ နာတိသီဃဉ္စသဏိကံ၊ မလျင်လွန်း၎င်း, မနှေးလွန်း၎င်း။ ဝိက္ခေပံပဋိဗာဟယံ၊ များသောအာရုံ၌ စိတ်၏ပျံ့လွင့်ခြင်းကိုပယ်လျက်၎င်း။ ပဏ္ဏတ္တိံ၊ ဆံစသောပညတ်ကို။ သမတိက္ကမ္မ၊ လွန်၍၎င်း။ အနုပဋ္ဌိတကောဋ္ဌာသံ၊ ဆံအမွေးစသည်တွင် မထင်သောအစုကို။ [ ထည့်။ ] အနုပုဗ္ဗတော၊ အစဉ်သဖြင့်။ မုဉ္စန္တဿ၊ လွှတ်လျက်၎င်း။ အပ္ပနာတော၊ ကေသာစသောဒွတ္တိံသာကာရ၌ အပ္ပနာသုံးဆယ့်နှစ်ပါး ဖြစ်သဖြင့်၎င်း။ တိသုတ္တတော၊ အဓိစိတ္တသုတ်, သီတိဘာဝသုတ်, ဗောဇ္ဈင်္ဂ ကောသလ္လသုတ် သုံးပါးအားဖြင့်၎င်း။ ဒသဝိဓ မနသိ ကာရကောသလ္လံ၊ ဆယ်ပါးအပြားရှိသောကမ္မဋ္ဌာန်းကိုနှလုံးသွင်းခြင်း၌ လိမ်မာခြင်းကို။ သမ္ပာဒေတွာ၊ ၍။ [ ထည့်။ ဘာဝနာ၌စပ်။ ] ကောဋ္ဌာသေ၊ ဆံစသောအစု၌။ ဝါ၊ တို့ကို။ ဝဏ္ဏအာသယသဏ္ဌာန ဂန္ဓောကာသေဟိ၊ မည်းနက်ခြင်းစသောအဆင်း၊ ပိတ္တ, သေမှ, ပုဗ္ဗ, လောဟိတအားဖြင့် လေးပါးသော ဖြစ်ကြောင်းအာသယ၊ ရှည်သော, လုံးသော, စဉ်းရိုးနှင့်တူသော သဏ္ဌာန်၊ ညှီနံညှော်လှောင်း မကောင်းသောရနံ့၊ ဘင်စု၌ပေါက်သောမှိုသည် ဖြစ်ရာအားဖြင့် ရွံရှာဖွယ်ရှိသကဲ့သို့ သုံးဆယ့်နှစ်ပါးသော အစုဟူသော ဖြစ်ရာဩကာသတို့ဖြင့်။ ပဋိကူလာတိ၊ စက်ဆုပ်ရွံရှာဖွယ်ဟူ၍။ ဘာဝနာ၊ ပွါးစေခြင်းသည်၎င်း။ ဥဒ္ဓုမာတာဒိဝတ္ထူသု၊ ဥဒ္ဓုမာတစသော အသုဘဒြဗ်ဆယ်ပါးတို့၌။ အသုဘာကာရံ၊ ဖူးဖူးရောင်သဖြင့် မတင့်တယ်ခြင်းစသော အသုဘ သဏ္ဌာန်ကို။ ဝါ၊ အခြင်းအရာကို။ ဂဟေတွာ၊ ပရိကမ္မ,ဥဂ္ဂဟ, ပဋိဘာဂနိမိတ်ယူ၍။ ပဝတ္တာ၊ ဖြစ်စေအပ်သော။ ဘာဝနာ၊ သည်၎င်း။ အသုဘံ၊ မည်၏ ။
[ ဝဏ္ဏသဏ္ဌာန။ ပ။ ကောဋ္ဌာသေဖြင့် သတ္တဝိဓ ဥဂ္ဂဟကောသလ္လကို ပြသောကြောင့် ဝစသာဇ္ဈာယ, မနသာဇ္ဈာယပုဒ်ကိုအရာအားဖြင့် ယူအပ်၏ ၊ အနုပုဗ္ဗတော။ ပ။ မုဉ္ဇန္တဿာနုပုဗ္ဗတောဖြင့် ဒသဝိဓမနသိကာရ ကောသလ္လကို ပြရကား အပ္ပနာတောတိ သုတ္တတောဟူသော ပုဒ်ကိုလည်း အရာအားဖြင့် ယူအပ်၏ ၊ ယင်းပုဒ်တို့သည် နာနာဝိဘတ္တိ ပစ္စယန္တဖြစ်သော်လည်း ဒသဝိဓ၏ သရုပ်ချည်းဖြစ်၍ ကြိယာ ဝိသေသနချည်းဖြစ်၏ ။ ဥပမာကား-
အစ္ဆေဒါဒါနဂါဟေတိ၊ ဝိဗ္ဘမာ မရဏုဒ္ဓဋာ။ လိင်္ဂသိက္ခာဟိ ဆိဒ္ဒေန၊ ပတ္တောဓိဋ္ဌာနမုဇ္ဈတိ။ ။
၌ နာနာဝိဘတ္တိ ဝစနန္တဖြစ်လျက် ကဇ္ဈတိ၌ ကာရိုက်ဟိတ်ချည်း ဖြစ်သကဲ့သို့တည်း၊ ဥဒ္ဓုမာတာဒိဝတ္ထူသု၌ ဝတ္ထုသဒ္ဒါဒဗ္ဗတ္ထ။ အသုဘာကာရံ၌ အာကာရသဒ္ဒါသဏ္ဌာနတ္ထံ။
ဝတ္ထုတ္တံကာရဏေဒဗ္ဗေ၊ ဘူဘေဒေရတနတ္တယေ။ အာကာရောကာရဏေ ဝုတ္တော၊ သဏ္ဌာနေဣင်္ဃိတေပိစ။ ။ အဘိဓာန်။ ]
၄၆၈။ မရဏံ မေ ဘဝိဿတိ၊ ဇီဝိတံ ဥပရုဇ္ဈတိ။ မရဏံ မရဏံ ဝါတိ၊ ဘာဝယိတွာန ယောနိသော။ ။
၄၆၈။ မေ၊ အား။ ဝါ၊ ၏ ။ မရဏံ၊ စုတိပျက်ကြေ ခန္ဓာကြွေသဖြင့် သေခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဖြစ်အံ့သတည်း။ ဖြစ်အံ့မချွတ်။ ဇီဝိတံ၊ ရုပ်, နာမ် ဇီဝိတိန္ဒြေသည်။ ဥပရုဇ္ဈတိ၊ ချုပ်၏ ။ ဝါ၊ ပစ္စုပ္ပန္န ဘဝဆုံးဘိ သမ္မုတိ မရဏဖြင့်ချုပ်၏ ။ မရဏံမရဏံ၊ မထင်အစ သံသာရ၌ သေရလှလေပြီ, သေရလှလေပြီ။ ဣတိဝါ၊ သို့လည်း။ ဝါ၊ ဤသို့သာလျှင်။ ယောနိသော၊ ဖြင့်။ ဘာဝယိတွာန၊ ၍။
[ ဤသုံးပုဒ်ဖြင့်-အနာဂတ်, ပစ္စုပ္ပန်, အတိတ်ကာလသုံးပါး၌ မရဏဿတိကိုပြသည်၊ ဝါ၊ မရဏံ မေ ဘဝိဿတိဖြင့်-အာဒိကမ္မိကအား သတ္တသညာမကင်းသေးသောကြောင့် ပုဂ္ဂလာဓိဋ္ဌာန် သမ္မသနဉာဏ်ဖြင့် မရဏဿတိကိုပြ၏ ၊ ဇီတိတံဥပရုဇ္ဈတိဖြင့်-သတ္တသညာကင်း၍ ရုပ်, နာမ်မျှသာဟု ရှုသော ဓမ္မာဓိဋ္ဌာန်ဥဒယဗ္ဗယညာဏ်ဖြင့် မရဏဿတိကိုပြ၏ ၊ ရုပ်, နာမ်ဇီဝိတ၏ ဥပါဒ်ခြင်းမရှိသော် ဇီဝိတဟုမဆိုအပ်ရကား ဇီဝိတံဖြင့်-ဥဒယကို, ဥပရုဇ္ဈတိ ဖြင့်-ဝယကို ပြ၏ ၊ မရဏံမရဏံဖြင့်-သဘာဝါဓိဋ္ဌာန်ဘင်္ဂဉာဏ်ဖြင့်-မရဏဿတိကိုပြ၏ ၊ ဘယဉာဏ်စသည်ဖြင့်မရဏဿတိကို ဣတိဝါသဒ္ဒါဖြင့်ပြ၏ ။
ဝါ၊ ကတမဉ္စ ဘိက္ခဝေ မရဏံ၊ ယံတေသံ တေသံ သတ္တာနံ။ ပ။ အယံ ဝုစ္စတိ ဘိက္ခဝေ မရဏံ၊ ဣတိ အဇ္ဈတ္တံဝါ ဗဟိသဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဟူရာ၌ ရဟန္တာတို့၏ သမုစ္ဆေဒမရဏကိုရှုခြင်းဖြစ်၏ ၊ ဤကျမ်း၌လည်း အဂ္ဂသာဝက, ပစ္စေကဗုဒ္ဓါ, သမ္မာသမ္ဗုဒ္ဓတို့၏ မရဏကို ဥပသံဟရပြုအပ်၏ ဟူရကား မရဏံ မရဏံဖြင့်-သမုစ္ဆေဒ မရဏကို , ဇီဝိတံဥပရုဇ္ဈတိဖြင့်-ခဏိက မရဏကို, မရဏံမေ ဘဝိဿတိဖြင့်-ဇီဝိတိန္ဒြိယုပစ္ဆေဒမရဏကိုပြ၏ ။
မရဏံ မရဏံ၏ အရကို မိမိ၏ ထိုထိုဘဝမရဏ, သူတစ်ပါး၏ ဥပသံဟရိတဗ္ဗမရဏယူသည်ဖြစ်အံ့၊ မရဏံ မရဏံဟူသော ပုဒ်သည် ကြိယာဝိစ္ဆာ ဖြစ်၏ ၊ မိမိ၏ ဘဝပရိယောသာန ဇီဝိဘိန္ဒြိယုပစ္ဆေဒ မရဏကိုယူမူ မရဏတ္ထ တစ်ခုတည်းဖြစ်၍ နှံံ့ရာမရှိခဲ့ရကား ၎င်းပုဒ်သည် ဘယတုပဋ္ဌာနဉာဏ်အားဖြင့် ဘယာမေဍိတ်ဖြစ်သင့်၏ ၊ ဤသို့စသည်ဖြင့် ရသင့်ရာယူအပ်၏ ။ ]
၄၇၀။ အာယုဒုဗ္ဗလတော ကာလ၊ ဝဝတ္ထာနဿ ဘာဝတော။ အဒ္ဓါနဿ ပရိစ္ဆေဒါ၊ ဘာဝနာ မရဏဿတီတိ။ ။
၄၆၉-၄၇၀။ ဝဓကဿ၊ သူသတ်ယောက်ျား၏ ။ ဥပဋ္ဌာနံဝိယ၊ သန်လျက်စွဲယူ ရှေးရှူထင်ခြင်း ကဲ့သို့။ ဝဓကဿ၊ ဝဓကမည်သော ခန္ဓာငါးပါး၏ ။ ဝါ၊ မရဏဿ၊ သေခြင်း၏ ။ ဥပဋ္ဌာနာ၊ ရှေးရှုထင်ခြင်းဖြင့်၎င်း။ သမ္ပတ္တီနံ၊ အာရောဂျ, ယောဗ္ဗန္န, ဇီဝိတဟူသော ပြည့်စုံခြင်းတို့၏ ။ ဝါ၊ အာရောဂျစသော ကျက်သရေတို့၏ ။ ဝိပတ္တိတော၊ ဗျာဓိ, ဇရာ, မရဏဟူသော ပျက်စီးခြင်းဖြင့်၎င်း။ ဝါ၊ ဗျာဓိပရိယောသာနစသောကျက်သရေပျက်ခြင်းဖြင့်၎င်း။ ဥပသံဟရတော၊ သူတစ်ပါး၏သေခြင်းကို မိမိ၌, သူတစ်ပါးသေခြင်း၌ မိမိကိုဆောင်သဖြင့်၎င်း။ ဝါ၊ ခြံရံများခြင်း မန္ဓာတ်မင်း, ဘုန်းတန်ခိုးကြီးဘိ ဇောတိကစသောသူ, ခွန်အားကြီးစွာ ဝါသုဒေဝစသောသူ, တန်ခိုးပြင်းထန် မောဂ္ဂလာန်စသောသူ, ပညာကြီးဘိ သာရိပုတ္တရာ စသောသူ, အရှင်ပစ္စေကဗုဒ္ဓါ, မြတ်စွာဘုရားတို့သော်လည်း သေရချေသေး၏ ၊ ငါသို့သူမှာ ဆိုရာမရှိဟု ရှေးရှုဆောင်ခြင်းဖြင့်၎င်း။ တထာ၊ ပါး။ အာယုဒုဗ္ဗလတော၊ ထွက်သက်နှင့်စပ်သောသေခြင်းစသည်ဖြင့် အသက်၏ အားနည်းသောအားဖြင့်၎င်း။ ကာလဝဝတ္ထာနဿ၊ ဤအခါ၌သာသေရာ၏ ။ တစ်ပါးအခါ၌ မသေရာဟူသော ကာလအပိုင်းအခြား၏ ။ အဘာဝတော၊ မရှိခြင်းအနိမိတ္တအားဖြင့်၎င်း။ အဒ္ဓါနဿပရိစ္ဆေဒါ၊ ကြာမြင့်ရှည်မူ ယခုအခါ တစ်ရာတမ်းဟူသော အဓွန့်အပိုင်းအခြားအားဖြင့်၎င်း။ ခဏပရိတ္တတော၊ လျှပ်တပြက်တွင်ချင့်တွက်ကုဋေ တစ်သိန်းနေမျှ ခဏတိုသောအားဖြင့်၎င်း။ ဘာဝနာ၊ ပွါးစေခြင်းသည်။ မရဏဿတိ၊ မည်၏ ။
[ *ဝသံဥကာ၊ အာအအဒ်ခ၊ မရဏ ၊ ပွါးထခြင်းရာရှစ်။ ဟူ၍ ဝိသုဒ္ဓိမဂ်ဥ၌လာသော မရဏဿတိ အာကာရရှစ်ပါးတွင် အနိမိတ္တတော ဟူသော အာကာရကို ဤ၌ကာလဝဝတ္ထာနဿ အဘာဝတောဖြင့်ပြ၏ ၊ ခဏပရိတ္တကို အရာအားဖြင့်ယူ။
*ယသပုည၊ ထာမဣဒ္ဓိ၊ ကြီးဘိပညာ၊ ပစ္စေကာ၊ သမ္မာသမ္ဗုဒ္ဓ။ ထိုသို့သူစင်၊ သေထချင်၊ တို့တွင်မဆိုရ။ ဆောင်လေတုံလတ်၊ မဟန္တတ်၊ ကြီးမြတ်သတ္တက။
သတ္တာနံ ဇီဝိတံ အဿာသပဿာသူပနိဗန္ဓဉ္စေဝ ဣရိယာပထူပနိဗန္ဓဉ္စ သီတုဏှူပနိဗန္ဓဉ္စ မဟာဘူတူပနိဗန္ဓဉ္စ အာဟာရူပနိဗန္ဓဉ္စ။ ။ ဝိသုဒ္ဓိမဂ်, အာယုဒုဗ္ဗလ။ ]
*အဿာသိရိယာ၊ သီတုဏှာ၊ ဘူတာဟာရစပ်။ ဤမျှဖြစ်ထွေ၊ မရလေ၊ သေ၏လျင် လျှပ်လျှပ်။ ဇီဝိတံ ဗျာဓိကာလောစ၊ ဒေဟနိက္ခေပနံ ဂတိ။ ပဉ္စေတေ ဇီဝလောကသ္မိံ ၊ အနိမိတ္တာ နနာယရေ။ ။
ဇီဝိတံ၊ အသက်။ ဗျာဓိ၊ အနာ။ ကာလောစ၊ သေရာကာလ။ ဒေဟနိက္ခေပနံ၊ အကောင်ပစ်ရာ။ ဂတိ၊ လားရာ။ ဧတေပဉ္စ၊ ဤငါးပါးတို့ကို။ ဇီဝလောကသ္မိံ၊ သတ္တလောက၌။ အနိမိတ္တာ၊ ဤမျှသက်ရှည် ဤသည်အနာ ဤခါသေဆစ် အကောင်ပစ်ထား ဤအလားဟု မှတ်သားတစ်စိ ကြောင်းမရှိ၍။ နနာယရေ၊ မသိအပ်ကုန်။
*ဤမျှသက်ရှည်၊ ဤသည်အနာ၊ ဤခါသေဆစ်၊ အကောင်ပစ်ထား၊ ဤအလားဟု၊ မှတ်သားမရ၊ ဤငါးဝကို၊ လောကဤ၌၊ မသိထိုက်။
ရတ္တိဒိဝဉ္စ ဒိဝသံ၊ ဥပဍ္ဎံ ဧကဘောဇနံ။ ဥပဍ္ဎံ စတုပဉ္စာဒံ၊ ဧကာလောပါဒမဿသံ။ ။ ဇီဝေ ယျံ မနသာ ကေယျံ၊ ဗဟုံ ဝတ ကတံ မမ။ မရဏဿတိ ဘာဝေသု၊ ပမာဒါသတ္တနဋ္ဌမော။ ။
[ အဋ္ဌင်္ဂုတ္တရပါဠိတော်၌လာသော အဒ္ဓါန ပရိစ္ဆေဒ မရဏဿတိကို သင်္ဂဟဂါထာ ဆိုလိုက်သည်။ ]
အဟံ၊ သည်။ ရတ္တိဒိဝဉ္စ၊ ညဉ့်နေ့ပတ်လုံးလျှင်။ ဇီဝေယျံ၊ အသက်မသေနေရဘိမူကား။ မနသာကေယျံ၊ မြတ်စွာဘုရား သုံးလူ့ဖျား၏ ဟောကြားဆုံးမ ဩဝါဒကို နိစ္စကျင့်သုံး နှလုံးသွင်းရရာ၏ ။ ဧဝံ၊ ဤသို့ညဉ့်နေ့မသေ နေ၍စင်းလျင်း နှလုံးသွင်းရသည်ရှိသော်။ မမ၊ ငါ့အား။ ဝါ၊ ငါသည်။ ဗဟုံဝတ၊ များစွာဖြင့်ပည်း မနည်းတို့ပါ စင်စစ်သာလျှင်။ ကတံ၊ ဆုံးမတိုင်းတည် ပြုသည်မည်သည်။ အဿ၊ ဖြစ်ရာ၏ ။ ဣတိ၊ ဤသို့။ ဧကောဘိက္ခု၊ ရဟန်းတစ်ပါးသည်။ ရတ္တိဒိဝံ၊ ညဉ့်နေ့ကို။ ပရိစ္ဆိန္ဒိတွာ၊ ပိုင်းခြား၍။ မရဏဿတိံ၊ မရဏဿတိကို။ ဘာဝေမီတိ၊ တိုးပွါးစေ၏ဟူ၍။ အဝေါစ၊ လက်အုပ်ချီမြှောက် ဦးတင်လျှောက်၏ ။ အဟံ၊ ငါသည်။ ဒိဝသံ၊ တစ်နေ့ပတ်လုံး။ ဇီဝေယျံ၊ အသက်မသေ နေရဘိမူကား။ ပ။ ဥပဍ္ဎံ၊ နေ့ထက်ဝက်ပတ်လုံး။ ဇီဝေယျံ၊ မူကား။ ပ။ ဧကဘောဇနံ၊ ဆွမ်းတစ်ကြိမ်စားအခန့်ပတ်လုံး။ ဇီဝေယျံ၊ မူကား။ ပ။ ဥပဍ္ဎံ၊ ဆွမ်းတစ်ကြိမ်စား၏ ထက်ဝက်အခန့်ပတ်လုံး။ ဇီဝေယျံ၊ မှုကား။ ပ။ စတုပဉ္စာဒံ၊ လေးလုပ်ငါးလုပ်စားအခန့်ပတ်လုံး။ ပ။ ဧကာလောပါဒံ၊ ဆွမ်းတစ်လုပ်စားအခန့်ပတ်လုံး။ ပ။ အဟံ၊ ငါသည်။ အဿသံ၊ ထွက်သက်ရှူ၍ ဝင်သက်ရှိုက်သမျှကာလပတ်လုံး။ ဇီဝေယျံ၊ မူကား။ မနသာကေယံ၊ ရာ၏ ။ ဧဝံ၊ ဤသို့မျှပင် ထွက်ဝင်ရှုခိုက် အခိုက်မသေ နေ၍စင်းလျင် နှလုံးသွင်းရသည်ရှိသော်။ မမ၊ အား။ ဝါ၊ သည်။ ဗဟုံဝတ၊ သာလျှင်။ ကတံ၊ သည်။ အဿ၊ ရာ၏ ။ ဣတိ၊ ဤသို့။ ဧကောဘိက္ခု၊ သည်။ အဿာသပဿာသံ၊ ကို။ ပရိစ္ဆိန္ဒိတွာ၊ ၍။ မရဏဿတိံ၊ ကို။ ဘာဝေမီတိ၊ ဟူ၍။ အဝေါစ၊ ၏ ။ ဣတိ၊ သို့။ မရဏဿတိဘာဝေသု၊ မရဏဿတိကို ပွါးစေကုန်သော ရဟန်းရှစ်ပါးတို့တွင်။ သတ္တ၊ ရှေးခုနစ်ပါးတို့သည်။ ပမာဒါ၊ နှေးဖြည်းလှစွာ မရဏဿတိကို ပွါးစေသောကြောင့် ပမာဒဝိဟာရီမည်ကုန်၏ ။ အဋ္ဌမော၊ ရှစ်ယောက်မြောက်ရဟန်းကား။ နပမာဒေါ၊ လျှပ်လျှပ်လျင်စွာ မရဏဿတိကို ပွါးစေသောကြောင့် ပမာဒဝိဟာရီမမည်။
[ ဆဠင်္ဂုတ္တရပါဠိတော်၌ကား-နောက်နှစ်ပါးပမာဒဝိဟာရီမမည်ဟု ဟောတော်မူ၏ ။ ]
*တစ်ရက်တစ်နေ့၊ ထက်ဝက်ရွေ့သာ၊ တစ်ခါစားငြား၊ ထက်ဝက်စားမျှ၊ လေးငါးလုပ်မျို၊ တစ်လုပ်ကိုပင်၊ ထွက်ဝင်သက်မျှ၊ ရှင်တို့ရသော်။ ။ ပြုရမများ တောင်းတကား။
စတုရက္ခပြီး၏ ။