တစ်နည်း။ ။“သကံ သကံ ပဋိဝီသန္တိ အတ္တနော အတ္တနော ကောဋ္ဌာသံ (သာရတ္ထ-၁, ၄၂၈)”ဟူသော အဖွင့်ကို မှီး၍ ပဋိဝီသသဒ္ဒါ သမ္ဗန်ငဲ့ရကား “ဧကဿ+ ပဋိပီသော ဧကပဋိဝီသော-တစ်ယောက်တည်း၏အဖို့ဝါ-တစ်ယောက်စာ”ဟု ပြု၍ ရှေ့နည်းအတိုင်း ဆက်တွဲပါ“ဧကောဝ ပဋိဝီသော”ကိုလည်း “ဧကောဝ-တစ်ယောက် တည်း၏သာ၊ ပဋိဝီသော-အဖို့တည်း”ဟု ပေးပါ။ ၊ တစ်ယောက်တည်း၏ အဖို့ဟူသောအတိုင်းအရှည်ရှိသည်သာတည်း။ ဝါ၊ တစ်ယောက်စာမျှသာတည်း။ မေ၊ အား။ ဝါ၊ ကို။ ပရလောကသင်္ဂဟံ၊ တမလွန်လောက၌ချီးမြှောက်ခြင်းကို။ ဝါ၊ နောက်ဘဝဖို့ ချီးမြှောက်မှုကို။ ကရောထ၊ ကုန်။ ဣဓ လောကသင်္ဂဟံ၊ ဤဘဝ၌ချီးမြှောက်ခြင်းကို။ ဝါ၊ ယခုဘဝဖို့ချီးမြှောက်မှုကို။ မာ (ကရောထ)၊ ကုန်နှင့်။ နိ ရဝသေသမေဝ၊ အကြွင်းအကျန်မရှိအောင်သာ။ ဝါ၊ အားလုံးကိုသာ။ ဒါတုကာမော၊ ပေးလှူခြင်းငှာအလိုရှိသည်။ အမှိ၊ ၏။” ဣတိ၊ ဤသို့လျှောက်၍။ သဗ္ဗေ၊ အလုံးစုံသောနို့ဃနာကို။ အာကိရိ၊ လောင်းပြီ။
လောကီမင်္ဂလာ၁၂ပါး။ ။လောကီမင်္ဂလာ၁၂ပါးရှိ၏။ ထို၁၂ပါးကား (၁) ဂဠု ဝါသမင်္ဂလာ-ပဋိသန္ဓေတည်နေကိန်းအောင်းသည်မှ စ၍ မဖွားမြင်မီအတွင်း ရံဖန် ခါပြုလုပ်သောမင်္ဂလာ (၂) ဝိဇာတမင်္ဂလာ ဖွားမြင်သောအခါ ပြုလုပ်သောမင်္ဂလာ (၃သိရောဒကမင်္ဂလာ-ဖွားမြင်ပြီး မကြာမီရက်များ၌ တရော်ကင်မွန်းတို့ဖြင့် ဦး ခေါင်းဆေးလျှော်ခြင်းမင်္ဂလာ(၄) ကေသစ္ဆေဒနမင်္ဂလာ-ဖွားမြင်ပြီးနောက် ၇ရက် မြောက်၌ ဝမ်းတွင်းဆံကို ရိတ်ခြင်းနှင့် သာမဏေဝတ်စဉ် ဆံချခြင်းမင်္ဂလာ, (၅) ဒေါဠာကရဏမင်္ဂလာ ဧယာဉ်ပုခက်တင်မင်္ဂလာ, (၆) နာမကရဏမင်္ဂလာ-ဖွားမြင် ပြီးနောက် ရက်(၁၀၀)မြောက်၌ နာမည်ပေးကင်ပွန်းတပ်မင်္ဂလာ, (၇) ဒဿဂဟဏ မင်္ဂလာ-အဝတ်စားတန်ဆာဝတ်ဆင်သောမင်္ဂလာ, (၈) အာဟာရပရိဘောဂ(ပဌမ ဘတ္ထ)မင်္ဂလာ-ဖွားမြင်ပြီးနောက် ၆လမြောက်၌ ထမင်းဦးခွံ့သော မင်္ဂလာ, (၉) စူဠာ ကရဏ(ကေသဗန္ဒန)မင်္ဂလာ-ဆံဥသျှောင်ဖွဲ့ထုံးခြင်းမင်္ဂလာ, (၁၀) ကဏ္ဏဝိဇ္ဈန မင်္ဂလာ-နားထွင်း(နားသ)မင်္ဂလာ, (၁၁) သာမဏေရပဗ္ဗဇ္ဇ(သာသနာနုဂ္ဂဟ)မင်္ဂလာ ရှင်ပြုသောမင်္ဂလာ, (၁၂) အာဝါဟဝိဝါဟမင်္ဂလာ-လက်ထပ်မင်္ဂလာတို့တည်း။ (ဘိ သိက်-၄ဝ)
ကွဲလွဲချက်။ ။အချို့ကျမ်းများ၌ သိရောဒကမင်္ဂလာနှင့် နာမကရဏမင်္ဂလာ တို့မပါဘဲ ထို၂မျိုးနေရာ၌ ဂေဟကရဏမင်္ဂလာ(အိမ်သစ်တက်မင်္ဂလာ)နှင့် တမ္ဗုလ ဘတ္တမင်္ဂလာ(ဖွားမြင်ပြီးနောက် ၃လမြောက်၌ ကွမ်းဦးခွံ့သောမင်္ဂလာ) ၂မျိုးကို ထည့် ၏၊ အချို့ကျမ်းများ၌ သိရောဒကမင်္ဂလာနှင့် ဒုဿဂဟဏမင်္ဂလာတို့ မပါဘဲ ထိုမျိုး နေရာ၌ မုခဒဿနမင်္ဂလာ-ရတနာ၃ပါး, ဘိုးဘွားဟူသော နန္ဒိမုခနတ်တို့ကို မျက်နှာ ပြခြင်းမင်္ဂလာနှင့် ရဝိန္ဒုဒဿနမင်္ဂလာ-နေလပြသည့်မင်္ဂလာတို့ကို ထည့်၏၊ လောကီ မင်္ဂလာ၁၂ပါးကို ပြရာ၌ ဤသို့ တစ်ကျမ်းနှင့်တစ်ကျမ်း အနည်းငယ် ကွဲလွဲ၏ဤဝတ္ထု၌ “ဂဗ္ဘဝါသမင်္ဂလာ, ဝိဇာတမင်္ဂလာ, နာမကရဏမင်္ဂလာ, အာဟာရပရိဘောဂမင်္ဂလာ, ကဏ္ဏဝိဇ္ဇနမင်္ဂလာ, ဒုဿဂဟဏမင်္ဂလာ, စူဠာကရဏမင်္ဂလာ, သာမဏေရပဗ္ဗဇ္ဇ မင်္ဂလာ, ကေသစ္ဆေဒနမင်္ဂလာ”အားဖြင့် ၉ပါးပါဝင်သည်။ ၊ စားကြွင်းဖြစ်သော နို့ဃနာဆွမ်းကို။ ပရိဘုဉ္ဇယျံ၊ စားရပါမူကား။ အဟောဝတ၊ ဪ...ကောင်းလေစွ။” ဣတိ၊ ဤသို့ဖြစ်ပြီ။
ဆက်ဦးအံ့-ဧကေကသည် ဝိစ္ဆာသဗ္ဗနာမ်တည်းဝိစ္ဆာသဗ္ဗနာမ်သည် လိင်၃ပါးဧကဝုစ်သာ ရှိ၏ပါဠိတော်ပုံစံမရှိသောကြောင့် ဗဟုဝုစ်မရှိဝိစ္ဆာပုဒ်တို့ကို ဝိဂြိုဟ်မပြု ကောင်းသောကြောင့် သမာသ်လည်း မဖြစ်နိုင်ဟု နီတိပဒ-၃၇၈ဆို၏ဝိစ္ဆာဘိက္ခ ညေသု ဒွေ(မောဂ်-၁, ၅၄)သုတ်ဖြင့် ဧကောကို “ဧကော ဧကော”ဟု ဒွိရုပ်ပြု, သျာဒိ လောပေါ ပုဗ္ဗဿကဿ(မောဂ်-၁၅၅)သုတ်ဖြင့် ရှေ့ပုဒ်၏ သိဝိဘတ်ကိုချေ, ကခွင်း, ချေး ကပ်၊ ကောဋ္ဌေ သရီရေ သေန္တီတိ ကောဋ္ဌာသာကောဋ္ဌ+သိ+အဋ္ဌ၏ အ-ကို အာဒီဃပြု-ဓာန်ဋီ-၄၈၅၊ ကောဋ္ဌဿ သရီရဿ+အံသာ ကောဋ္ဌာသာ၊ ကောဋ္ဌ+ အံသနိဂ္ဂဟိတ်ချေ၊ နောက်အ-ကို ဒီဃပြု၊-မရီ-၂, ၁၉၄၊ အံဋီ-၃, ၃၆၅၊ထိုနောင် “ဧကေကော+ကောဋ္ဌာသာ ဧကေကကောဋ္ဌာသာ”ဟု တွဲပါ။
“တထာရူပေါယံ ။ပေ။ ဗဟုတရန္တိ”၊ ၍။ (အာဟ)။
[“ဘိက္ခဝေ၊ တို့! ယထာရူပေ၊ အကြင်သို့သဘောရှိသော။ ဘိက္ခုသံဃေ၊ ရဟန်းအပေါင်းအား။ ဝါ၊ ၌။ အဂ္ဂံ၊ အနည်းငယ်သောလှူဖွယ်ကို။ ဒိန္နံ၊ လှူအပ်သည်။ (သမာနံ) ဗဟုံ၊ များသောအကျိုးသည်။ ဟောတိ။ ဗဟုံ၊ များစွာသောလှူဖွယ်ကို။ ဒိန္နံ၊ အပ်သည်။ (သမာနံ)။ ဗဟုတရံ၊ သာ၍များသောအကျိုးသည်။ (ဟောတိ)။ အယံ ဘိက္ခုသံဃော၊ ဤရဟန်းအပေါင်းသည်။ တထာရူပေါ၊ ထိုသို့သဘောရှိ၏။
တစ်နည်း။ ။ဥပဝသန္တိ ဧတ္ထာတိ ဥပေါသထော-ဥပုသ်နေ့၊(ဒီ. ဋ္ဌ-၁, ၁၂၇)ဥပေါသထေ+သမာဒိယိတွာ သမာစရိတဗ္ဗာနိ+ကမ္မာနိ ဥပေါသထကမ္မာနိ-ဥပုသ်နေ့ ၌ ဆောက်တည်ကျင့်သုံးထိုက်သော သီလကောင်းမှုတို့၊ သို့မဟုတ်ဥပေါသထအရ မုချအားဖြင့် ဥပုသ်နေ့ကို ယူ၍ ဌာနူပစာရနာနန္တရိကနည်း, သဟစရဏနည်း အားဖြင့် ဥပုသ်နေ့၌ ဆောက်တည်ကျင့်သုံးအပ်သော ၈ပါးသီလတို့ကို ယူလျှင် ရှေ့ နည်းအတိုင်း ကမ္မဓာရည်းတွဲပါ။ (ဒီဋီ-၃, ၁ဝ၆) ၊ ဥပုသ်ကံတို့ကို။ ဥပဝသိဿာမ၊ စောင့်သုံးပါကုန်အံ့။ ဣဓ၊ ဤကျောင်း၌။ ဝသနတ္ထာယ၊ နေခြင်းအကျိုးငှာ။ နော၊ တို့အား။ ပဋိညံ၊ ကို။ ဒေထ၊ ကုန်။” ဣတိ၊ ဤသို့လျှောက်ကုန်ပြီ။
တရားဟောစဉ် ယပ်ကိုင်ရခြင်း။ ။ဆက်ဦးအံ့-တရားဟောစဉ် ယပ်ကိုင်ခြင်း သည် ပရိသတ်ထဲ၌ ဓမ္မကထိကတို့၏ ဟတ္တကုက္ကုစ္စကို ပယ်ရှားခြင်းနှင့် မျက်နှာ ဖောက်ပြန်မှုကို ဖုံးကွယ်ခြင်းငှာ ထုံးစံအရ ကျင့်သုံးအပ်သောကျင့်ဝတ် ဖြစ်သည်၊ ထိုကြောင့် ဧကန်စောင့်စည်းတော်မူနိုင်ကြသော ဗုဒ္ဓနှင့် ဗုဒ္ဓသာဝတို့သည်လည်း ဓမ္မ ကထိကတို့၏ ထုံးစံကို ဖော်ပြခြင်းငှာ ဆန်းကြယ်သော ယပ်ကို ကိုင်တော်မူကြသည်။ (သာရတ္ထ-၁, ၆၀၊ ဝိမတိ-၁, ၁၆၊ သီရီသစ်-၁, ၈၀) ၊ ဆန်းကြယ်သော ယပ်တောင်ကို။ ဂဟေတွာ၊ ကိုင်၍။ ဓမ္မာသနံ၊ တရားနေရာသို့။ ဝါ၊ တရားဟောပုဂ္ဂိုလ်၏နေရာသို့ (တရားဟောပလ္လင်သို့)။ အာရုယှ၊ တက်၍။ ပဉ္စဟိ၊ ကုန်သော။ နိကာယေဟိ၊ နိကာယိတို့မှ။ အတ္ထဉ္စ၊ အကျိုးကိုလည်းကောင်း။ ကာရဏဉ္စ၊ အကြောင်းကိုလည်းကောင်း။ အာကဍ္ဎိတွာ၊ ဆွဲယူ၍။ **ဃနဝဿံ**၊ တခဲနက်သောမိုးကို။ (သည်းထန်စွာ မိုးရွာသွန်းခြင်းကို)။ ဝဿန္တော ဃနဝဿံ ဝဿန္တော။ ။ရှေးကပေးရိုးအတိုင်း ယနသဒ္ဒါ နိရန္တရ(တစ်ခဲနက်) အနက်ဟော, ဝဿန္တောကို ကာရိတ်ရုပ်ယူ၍ ပေးသည်“ဃနဝဿံ”ကို “ကရက ဝဿီ”ဟု ဖွင့်သော ဇာဋီသစ်-၁, ၃၇၆အလိုကား “ကရကာ တု ဃနောပလံ(ဓာန်၅၀)နှင့် ဃနသဒ္ဒါ မိုးသီးမိုးပေါက်အနက်ဟောတည်း၊ “ယနဝဿံ-မိုးသီးမိုးပေါက် ရွာသွန်းခြင်းကိုဝါ-ဖြင့်၊ ဝဿန္တော-ရွာသွန်းသော”ဟု ပေးဝဿန္တောကိုလည်း “ဝဿန္တော”ဟု ဖွင့်သဖြင့် ဝဿဓာတ်အပစ္စည်းအန္တပစ္စည်းအပစ္စည်းကို ဧပြု၍ ဇာဋီသစ်အလို ပြီးစေရာ၏။ ၊ ရွာသွန်းစေသော။ စာတုဒ္ဒီပကမဟာမေဃော ဝိယ၊ ၄ကျွန်းလုံး၌ ရွာသွန်းသောမိုးကြီးသည်ကဲ့သို့။ ခန္ဓဓာတုအာယတနဗောဓိပက္ခိယဓမ္မေ၊ ခန္ဓာ, ဓာတ်, အာယတန, ဗောဓိပက္ခိယတရားတို့ကို။ ဝိဘဇန္တော၊ ဝေဖန်လျက်။ အရဟတ္တကူဋေန၊ အရဟတ္တဖိုလ်အထွတ်ဖြင့်။ ဓမ္မကထံ၊ ကို။ ကထေတွာ၊ ၍။ “ဘန္တေ! ဧဝံ၊ သို့လျှင်။ အရဟတ္တပ္ပတ္တဿ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ၏။ သုခံ၊ သည်။ ဟောတိ။ အရဟတ္တံ၊ သို့။ ပတ္တောယေဝ၊ ရောက်ပြီးသူသည်သာ။ ဒုက္ခာ၊ မှ။ မုစ္စတိ၊ ၏။ သေသဇနာ၊ ကြွင်းသောလူတို့သည်။ ဇာတိဒုက္ခာဒီဟိ စေ၀၊ ပဋိသန္ဓေနေခြင်းဆင်းရဲအစရှိသည်တို့မှလည်းကောင်း။ နိရယဒုက္ခာဒီဟိ စ၊ ငရဲဆင်းရဲအစရှိသည်တို့မှလည်းကောင်း။ န ပရိမုန္တိ၊ မလွတ်ကုန်။” ဣတိ၊ သို့။ အာဟ၊ လျှောက်ပြီ။
ဆက်ဦးအံ့-စိတ္တက္ခဏတစ်ခုအချိန်ဟူသော ကာလသည် သွားဖို့အားထုတ်ချိန်ကို ရည်ရွယ်၍ ဆိုသည်၊ သွားခြင်းကိစ္စပြီးဆုံးသည်ကို ရည်ရွယ်၍ ဆိုသည်မဟုတ်၊ မှန်၏ ရုပ်သည် စိတ်လောက်မမြန်၊ “ဤကိုယ်သည် စိတ်ကဲ့သို့ ဖြစ်စေသတည်း”ဟု အဓိဋ္ဌာန် စိတ်(အဘိညာဉ်စိတ်)ဖြင့် လဟုသညာကို ပြီးစီးစေအပ်သောကြောင့် ကိုယ်သည် ဖြည်း နှေးစွာ မဖြစ်တော့ဘဲ လျှင်မြန်စွာ စိတ်အကြိမ်၄ခု ၅ခုလောက်ဖြင့် လိုရာအရပ်သို့ ရောက်သွားခြင်းဖြစ်သည်စိတ္တက္ခဏတစ်ခုမျှဖြင့် လိုရာအရပ်သို့ ရောက်သွားခြင်း မဟုတ်ပါ( မဋိ-၁, ၁၈၈သီဋီ-၂၅၁၅ဝိသုဒ္ဓိဋီ-၂, ၃၃)
ချဲ့ဦးအံ့-အဓိဋ္ဌာန်စိတ်သည် ကိုယ်နှင့် ပါဒကဈာန်စိတ်ကို အာရုံပြု၏အဓိဋ္ဌာန် စိတ်နှင့် ယှဉ်သောသညာကို “သုခသညာ, လဟုသညာ”ဟု ဆိုရ၏၊ စတုတ္ထဈာန် သညာကိုပင် တရားကိုယ်အားဖြင့် ဥပေက္ခာဖြစ်စေကာမူ ငြိမ်သက်သောကြောင့် “သုခသညာ-ကောင်းမွန်ငြိမ်သက်သောသညာ”ဟုလည်းကောင်း, နီဝရဏနှင့် ဝိတက် စသော ဆန့်ကျင်ဖက်တို့မှ လွတ်သောကြောင့် “လဟုသညာ-ပေါ့ပါးသောသညာ” ဟုလည်းကောင်း ဆိုသည်၊ သုခသညာ(ငြိမ်သက်သောသညာ)၏ အစွမ်းကြောင့် စိတ် အစဉ်ကို မမြန်စေဘဲ ငြိမ်ငြိမ်သက်သက်ဖြစ်စေ၍ ကိုယ်၏ဖြစ်ပုံကဲ့သို့ နှေးသော ဖြစ်ခြင်းကို ပြီးစေ၏၊ လဟုသညာ၏အစွမ်းကြောင့်ကား စိတ်၏ လျင်မြန်ခြင်းကဲ့သို့ ကိုယ်၏လျင်မြန်ခြင်းကို ပြီးစေ၏။
သွားရောက်ပုံ။ ။ထိုသို့ အဓိဋ္ဌာန်(အဘိညာဉ်)စိတ်ဖြင့် သွားရောက်ရာ၌ ခြေဖြင့် သွားလိုလျှင် ပထဝီကသိုဏ်း၏ အစွမ်းဖြင့် ကောင်းကင်၌ လမ်းကို ဖန်ဆင်း၍ ခြေဖြင့် သွားရောက်၏လေဖြင့် သွားလိုလျှင် ဝါယောကသိုဏ်း၏အစွမ်းဖြင့် လေကို အဓိဋ္ဌာန် ၍ လဲဝါဂွမ်းကဲ့သို့ လေဖြင့် သွားရောက်၏ထိုသို့ လေဖြင့် သွားရောက်ရာ၌ အဘိ ညာဉ်ကြောင့်ဖြစ်သော ဝါယောဓာတ်အဆက်ဆက်ဖြင့် သွားရောက်၏၊ စင်စစ်ကား ကိုယ်ထင်ပြ၍ သွားရောက်ရာ၌ သွားရောက်လိုသောအရပ်ကို မှန်း၍ သွားလိုခြင်း၏ အစွမ်းဖြင့်ဖြစ်သော ပရိကံပြုခြင်း, အဓိဋ္ဌာန်ခြင်းတို့သာ ပဓာနဖြစ်သည်၊ ထိုသို့ ပရိ ကံပြုခြင်း, အဓိဋ္ဌာန်ခြင်းမျှဖြင့် လမ်းကိုဖန်ဆင်းခြင်း လေကို အဓိဋ္ဌာန်ခြင်းတို့နှင့် ကင်း၍လည်း သွားရောက်ခြင်းကိစ္စ ပြီးစီး၏။
ဆက်ဦးအံ့-သွားခြင်း၂မျိုးလုံး၌ လိုရာအရပ်မရောက်မီအကြားဝယ် တောတောင် ဥယျာဉ်စသော ရှုခင်းများကို ကြည့်လျက်လည်းကောင်း, ထင်လာသော အသံများကို နားထောင်လျက်လည်းကောင်း ကြွသွားသည်၊ ထိုသို့သွားရောက်ရာ၌ အဓိဋ္ဌာန်စိတ်၏ ဥပါဒ်, ဂ္ယီ, ဘင်ဟူသော ခဏ၃ပါးတွင် မည်သည့်ခဏ၌ သွားရောက်သနည်းဟု မေးခဲ့သော် ခဏဥပါးလုံး၌ ကြွသွားသည်ဟု ဆိုရမည်၊ ကိုယ်တိုင်သွားခြင်း, နိမ္မိတကိုစေလွှတ်ခြင်း၂မျိုးလုံး ဖြစ်နိုင်သည်၊ ဤ၌ ကိုယ်တိုင်ကြွသွားသည်။
ကေစိ အပရေ။ ။ကေစိဆရာတို့ကား စိတ္တက္ခဏတစ်ခုတည်းဖြင့်သာလျှင် လိုရာ အရပ်ကြွသွားရာ၌ ကိုယ်ဖျောက်ပြီး ကြွသွားသည်ဖြစ်စေ ကိုယ်ထင်ပြပြီး ကြွသွား သည်ဖြစ်စေ အဘိညာဉ်စိတ်ကြောင့် ဖြစ်သော ကာယဝိညတ်၏ လှုပ်ရှားမှုဖြင့် ကြွ သွားခြင်း ဖြစ်သည်ဟု ဆိုကြ၏၊ အပရေဆရာတို့ကား “အဘိညာဉ်စိတ်က ဝိညတ်ကို ဖြစ်စေခြင်းကိစ္စမရှိ”ဟု ဆိုကြ၏။ (ပဋိသံ. S-၂,၂၇၄ဝိသုဒ္ဓိ-၂, ၃၃၊ မူလဋီကာ ၁, ၁၉၂၊ အနုဋီ-၁၂၁၈ဝိသုဒ္ဓိဋီ-၃၂၊ နီဘာ-၄, ၄၈၅)။ ၊ တစ်ခုသောစိတ်၏ခဏဖြင့်သာလျှင်။ ဂန္တွာ၊ ၍။ ဘိက္ခူနံ၊ တို့၏။ ပုရတော၊ ရှေ့၌။ ဝါ၊ က။ ဌိတမေဝ၊ ရပ်နေတော်မူသည်သာလျှင်ဖြစ်သော။ ဝါ၊ ရပ်တော်မူလျက်သာ။ အတ္တာနံ၊ ကိုယ်တော်ကို။ ဒဿေသိ၊ ပြီ။
ဆက်ဦးအံ့-ဗုဒ္ဓဝံဋ္ဌ-၅၄၌ ပီတိသောမနဿအစွမ်းဖြင့် တက်ကြွသော စိတ်ကို ဥဒဂ္ဂစိတ်ဟု ဖွင့်၏၊ များစွာသော အဋ္ဌကထာဋီကာတို့၌ကား ပီတိအစွမ်းဖြင့် တက်ကြွ သော စိတ်ကို ဥဒဂ္ဂစိတ်ဟု ဖွင့်၏၊ ပီတိနှင့် သောမနဿသည် အမြဲတမ်း ယှဉ်သော ကြောင့် အတူတူပင် ဖြစ်သည်၊ ဤ၌ မဟာကုသိုလ်သောမနဿစိတ်ကို ယူပါ။ ၊ (ပီတိသောမနဿအစွမ်းဖြင့်) တက်ကြွသောစိတ်ရှိကြသည်။ (ဟုတွာ)။ ဗုဒ္ဓပ္ပမုခံ၊ သော။ ဘိက္ခုသံဃံ၊ ကို။ နိသီဒါပေတွာ၊ ထိုင်စေ၍။ ယာဂုံ၊ ကို။ ဒတွာ၊ ၍။ ခဇ္ဇကံ၊ ခဲဖွယ်ကို အဒံသု၊ ကုန်ပြီ။
“စတူသု ။ပေ။ ပမဇ္ဇသီ”တိ၊ ၍(အာဟ)။
စတူသု၊ ၄စင်းကုန်သော။ သမုဒ္ဒေသု၊ သမုဒြာတို့၌။ (သမုဒြာတွေထဲက)။ ဇလံ၊ ရေသည်။ ပရိတ္တကံ၊ နည်း၏။
တစ်နည်း။ ။“စတုဒ္ဒသ-ကုန်သော၊ သဟဿာနိ-ဘဝအထောင်တို့သည်၊ ဥပ သာလကနာမာနိ-ကုန်သည်၊ (ဟုတွာ)၊ အသ္မိံ ပဒေသေ-ဤအရပ်၌၊ ဒသာနိ-မီးသင်္ဂြိုဟ် အပ်ခဲ့ကုန်သည်၊ (အဟေသုံ-ကုန်ပြီ)”ဟု ပကတိ ဝိကတိနည်းဖြင့် ပေးပါ။ ၊ တစ်သောင်းလေးထောင်သောဘဝတို့ကို။
ဆက်ဦးအံ့-သံသရာ၌ မသေဖူးသောအရပ်မရှိသောကြောင့် ဤကမ္ဘာတစ်မြေ ပြင်လုံးသည် သင်္ချိုင်းအရပ်(မတဋ္ဌာန)ချည်းသာ ဖြစ်၏ယခုပစ္စက္ခ၌ သေရာသင်္ချိုင်း မဟုတ်သောအရပ်ကို “အမတ”ဟု ဆိုအပ်သော စကားသည် တဒ္ဓမ္မူပစာရ(မရှိကို အရှိလုပ်၍ ဆိုအပ်သော)စကား ဖြစ်သည်ထိုအမတဟူသောစကားကို တားမြစ်လို သောကြောင့် ပဋိသေဓတစ်ခုတိုး၍ “အနာမတံ”ဟု ဆိုသည်။ (ဇာ. ဋ္ဌ-၂, ၅၀)
တစ်နည်း။ ။ “မရိတ္ထ ဧတ္ထာတိ မတံ၊ န+မတံ အမတံအမတံယေ၀ အနာမတံ မသေဖူးရာအရပ်- သင်္ချိုင်းမဟုတ်ဖူးရာအရပ်”ဟု ပြု၊ အ-ကား အနက်မရ တမ္ဘာဝဝုတ္တိ တည်း၊ (တစ်နည်းတဒမိနာဒီနိ(မောဂ်-၄၇)သုတ်ကြီးဖြင့် အ-လာ(နိဒီ-၄၀)သဒ္ဒ သင်္ဂဟ၌ အဋ် ဗျဉ္ဇနေသု နံယုဋ် စသုတ်ဖြင့် အ-လာ၏ဆက်ဥုးအံ့-အမတသဒ္ဒါသည် နိဗ္ဗာန်နတ်သုဓာကို ဟောသဖြင့် တင့်တယ်သောသဒ္ဒါဖြစ်သော်လည်း “န+အမတံ အနာမတံ”ဟူသော ဝစနတ္ထကြောင့် အနာမတသဒ္ဒါက သူသေ၏အရပ်(သုသာန်)ကို ဟောသည့်အတွက် မတင့်တယ်သော အနက်ရှိသောသဒ္ဒါဖြစ်ရတော့သည်ဟု နီတိ သုတ္တ-၂၆၅၌ ဆို၏။ ၊ သေရာသင်္ချိုင်းအရပ်သည်။ နတ္ထိ၊ သီးခြားမရှိ။ (တစ်နည်း) အနာမတံ နတ္ထိ၊ အလုံးစုံသင်္ချိုင်းမြေဖြစ်၏။
အရိယာ၊ အရိယာတို့သည်။
**ဧတံ**၊ ဤသစ္စဓမ္မ, စသည်၅ပါးထင်ရှားရှိရာပုဂ္ဂိုလ်တည်းဟူသောဌာနသို့။
သေ၀န္တိ၊ ဆည်းကပ်ကုန်၏။
ဧတံ၊ ဤသစ္စဓမ္မ, အစရှိ၅လီ, ဤဂုဏ်ရည်သည်။
**လောကေ**၊ လောက၌။
အနာမတံဧတံ လောကေ အနာမတံ။ ။ဤအနာမတံ၌ ပဋိသေဓ၂ပုဒ်ရှိသော်လည်း ရှေ့ ဂါထာပါ အနာမတံကဲ့သို့ ပကတိအနက်မပေးရ၊ ပကတိအနက်ပေးလျှင် “သစ္စာစသော ဂုဏ်သည် သေရာဌာန ဖြစ်၏”ဟူသော မလိုရာအနက် ထွက်သွားလိမ့်မည်“မရဏံ မတံ၊ နတ္ထိ+ဧတဿ မတံ, ဧတသ္မိံ အဓိဂတေ ဝါ နတ္ထိ ပုဂ္ဂလဿ မတံ မရဏန္တိ အမတံ(သာရတ္ထ၂, ၇၇ဓာန်ဋီ-၇)၊ အမတမေဝ အနာမတံ”ဟု ပြု၊ ကား ရှေ့အနာမတံနောက်နည်းကဲ့သို့ တင္အာဝုတ္တိ, သို့မဟုတ် အာဂုံတည်း။ 32
ဆက်ဦးအံ့-သစ္စာစသောတရား၅ပါးသည် ဥပါဒ်, ဂ္ယီ, ဘင်သဘောအရ ပျက်စီး ခြင်းသဘောရှိသောကြောင့် “အမတ(အနာမတ)”မဟုတ်နိုင်ရကား “အနာမတံ”ဟူ သော စကားသည် အကျိုးမသေရာနိဗ္ဗာန်၏ အနာမတအမည်ကို အကြောင်းသစ္စာ စသော တရားအပေါ်၌ တင်စားထားသော ဖလူပစာစကားတည်းထိုကြောင့် “အမတဘာဝသာဓနတော အနာမတံ နာမ(ဇာ. ဋ္ဌ-၂၅၀)”ဟု ဖွင့်သည်။ (အလင်္ကာ ဋီ-၂၂၉၊ အလင်္ကာဘာ-၃၆၅၊ ဝိနိစ္ဆယရီ-၂၃၀)။ ၊ သေခြင်းမရှိ။
[လူသေသော်လည်း ဂုဏ်မသေ-ဟူလို။]
ဣတိ၊ ဤသို့။
ဇီဝိတိန္ဒြေယူ။ ။ဤ၌ ဇီဝိတိန္ဒြေကို ယူ၍ “ကမ္မနာ သင်္ခရီယတေတိ သင်္ခါရော၊ အာယု စ+တံ+သင်္ခါရော စာတိ အာယုသင်္ခါရော-ကံသည် ပြုစီမံအပ်သော ဇီဝိတိ ခြွေ၊ဒီဋီ-၂, ၁၄၅)(တစ်နည်း) အာယုဿ+သင်္ခါရော ရာသိဘာဝေါ အာယုသင်္ခါရော အသက်၏ ပေါင်းစုခြင်း(အပ. ဋ္ဌ-၂, ၁၃၄)(တစ်နည်း) သဟဇာတဓမ္မေ သင်္ခရော တီတိ သင်္ခါရောအာယု ဧဝ+သင်္ခါရော အာယုသင်္ခါရော-တကွဖြစ်ဖက်တရားတို့ကို ပြုစီမံတတ်သော ဇီဝိတိနြေ၊မရီ-၂, ၂၇၃)၊ (တစ်နည်း) အာယုံ သင်္ခရောတိ ဧတေနာ တိ အာယုသင်္ခါရော-အတ္တဘောကို ပြုစီမံကြောင်း(ဖြစ်စေကြောင်း)ဇီဝိတိန္ဒြေ(သံဋီ ၂, ၁၉ဝ)”ဟု ပြုပါ။
ဆက်ဦးအံ့-ဇီဝိတိန္ဒြေကိုရသော ဝိဂြိုဟ်၄မျိုးတို့တွင် “အာယုံ သင်္ခရောတိ ဧတေနာ တိ အာယုသင်္ခါရော”ဟူသော ဝိဂြိုဟ်၌ အာယုအရ အစိတ်ဖြစ်သော ဇီဝိတိန္ဒြေ၏ အမည်ကို အပေါင်းအတ္တဘော(ခန္ဓာကိုယ်)၌ တင်စားသော ဧကဒေသူပစာရ ဥပ လက္ခဏနည်းအားဖြင့် အပေါင်းအတ္တဘော(ခန္ဓာကိုယ်)ကို ယူပါ။(သံဋီ-၂, ၁၉ဝ) ဧန္တိ ဂစ္ဆန္တိ ပဝတ္တန္တိ သတ္တာ ဧတေနာတိ အာယုဣ+အု၊-ရူ-၄၀၄၊ အယန္တိ ပဝတ္တန္တိ ဧတေနာတိ အာယု၊ အယ+ဏုပု+န၊-မောဂ်-၇, ၁] အာယဝန္တိ မိဿီဘဝန္တိ သတ္တာ ဧတေနာတိ အာယု၊ အာယဝန္တိ အာဂစ္ဆန္တိ ပဝတ္တန္တိ တသ္မိံ သတိ အရူပဓမ္မာတိ ဝါ အာယု[အာ+ယု+ကု၊-နီတိဓာတု-၁၃၈) အာ သမန္တတော ယုနောတိ ပါလေတိ သတ္တေတိ အာယု၊(အပ. ဋ္ဌ-၂, ၁၃၄) အာယန္တိ ပတိဋ္ဌဟန္တိ ဧတေနာတိဝါ အာယု(အာယ+ဥ၊-ဂဠုန်-၃၀)။ ၊ အတူဖြစ်ဖက်တရားတို့ကိုပြုစီမံသော ဇီဝိတိန္ဒြေကို။ ဝါ၊ ကံသည် ပြုစီမံအပ်သော ဇီဝိတိန္ဒြေကို။ ဩလောကန္တော၊ သော်။ ပရိက္ခိဏဘာဝံ၊ ကုန်သည်၏အဖြစ်ကို။ ဉတွာ၊ သိ၍။ “ဣတော၊ ဤနေ့မှ။ သတ္တမေ၊ ၇ရက်မြောက်ဖြစ်သော။ ဒိဝသေ၊ ၌။ ပရိနိဗ္ဗာယိဿာမိ၊ ပရိနိဗ္ဗာန်ပြုမည်။” ဣတိ၊ သို့။ အာရောစေသိ၊ ပြီ။
အရကောက်။ ။တေဇောဓာတုအရ မုချအားဖြင့် ဆီမီး, တောမီးအစရှိသော မီးကသိုဏ်း(တေဇောကသိုဏ်း)ကို ရ၏၊ သဒိသူပစာရ, ဌာနူပစာရအားဖြင့် ထိုတေ ဇောကသိုဏ်းကို အာရုံပြု၍ ရအပ်သော ပဋိဘာဂနိမိတ်ကို ရ၏အကြောင်း အာရုံ၏ အမည်ကို အကျိုးအာရမ္မဏိကဈာန်၌ တင်စား၍ ကာရဏူပစာရအားဖြင့် ထိုပဋိဘာဂနိမိတ်ကို အာရုံပြုသော ဈာန်ကို ရ၏၊ သို့မဟုတ်, “တေဇောဓာတု+ကသိဏာ ရမ္မဏံ ဧတဿာတိ တေဇောဓာတု-တေဇောဓာတ်ဟူသော ကသိုဏ်းလျှင် အာရုံရှိ သော စတုတ္ထဈာန်”ဟု ပြု၍ ကသိဏာရမ္မဏပုဒ်အကျကြံပါ။ (ဝိ. ဋ္ဌ-၂, ၁၆၄၊ ဥဒါန. ဋ္ဌ-၃၈၉၊ သာရတ္ထ-၁, ၁၃၇၊ ပါရာဂံသစ်-၁, ၂၃၄) ၊ တေဇောဓာတ်ဟူသော ကသိုဏ်းလျှင်အာရုံရှိသော စတုတ္ထဈာန်သမာပတ်ကို။ သမာပဇ္ဇိ၊ ဝင်စားပြီ။ ဇာလာ၊ မီးတောက်တို့သည်။ ဥဋ္ဌဟိံသု၊ ထွက်ကုန်ပြီ။
ပထမနည်း။ ။ကိလေသေ ခုနာတီတိ ဓုတော-ကိလေသာတို့ကို ခါထုတ်ဖျက်ဆီး တတ်သောရဟန်း(သုတ္တနိ. -၂, ၁၀၃)အာရှည်တာဒိ စ+သော+ရတော စာတိ အာရညိကာဒိဓုတော-ကိလေသာတို့ကို ခါထုတ်ဖျက်ဆီးတတ်သော တော၌ နေလေ့ ရှိသောရဟန်းအစရှိသည်၊ အာရညိကာဒိတဿ+အင်္ဂ အာရှည်တာဒိခုတင်-ထိ လေသာတို့ကို ခါထုတ်ဖျက်ဆီးတတ်သော တော၌ နေလေ့ရှိသောရဟန်းအစရှိသည် ၏ အကြောင်းအင်္ဂါသမာဒါနစေတနာ။
ဒုတိယနည်း။ ။ကိလေသေ ခုနာတီတိ ခုတံခုတ်+အင်္ဂ ဧတဿာတိ ခုတင် ကိလေသာတို့ကို ခါထုတ်ဖျက်ဆီးတတ်သော ဉာဏ်ဟူသော အကြောင်းရှိသော သမာဒါနစေတနာ၊ အာရညိကာဒိဿ+ဓုတင်္ဂ အာရညိကာဒိခုတင်္ဂီ-တော၌ နေလေ့ ရှိသော ရဟန်းအစရှိသည်၏ ကိလေသာတို့ကို ခါထုတ်ဖျက်ဆီးတတ်သော ဉာဏ်ဟု သော အကြောင်းရှိသော သမာဒါနစေတနာ။ ၊ အာရညိကအစရှိသောဓုတင်ကိုဆောက်တည်ခြင်း၏အစွမ်းဖြင့်။ လာဘူပနိသံ၊ လာဘ်ရခြင်း၏အကြောင်းဖြစ်သောအကျင့်ကို။ ရက္ခန္တဿ၊ စောင့်ရှောက်သော။ ဘိက္ခုနော၊ ဖို့။ ဝါ၊ အတွက်။ စတ္တာရော၊ ၄ပါးကုန်သော။ အပါယာ၊ တို့သည်။ ဝိဝဋဒွါရာ ဧဝ၊ ဖွင့်ထားအပ်သောတံခါးရှိကုန်သည်သာ။ ဝါ၊ တံခါးပွင့်နေကုန်သည်သာ။ (ဟုတွာ)။ တိဋ္ဌန္တိ၊ တည်နေကုန်၏။ ပန၊ အဖို့တစ်ပါးကား။ နိဗ္ဗာနဂါမိနိယာ၊ နိဗ္ဗာန်သို့ရောက်စေနိုင်သော။ ဝါ၊ နိဗ္ဗာန်ရောက်ကြောင်းဖြစ်သော။ ပဋိပဒါယ၊ အကျင့်ကြောင့်။ [ဂဏှာတိ၌စပ်။] ဥပ္ပဒံ၊ ဖြစ်ပေါ်လာသော။ လာဘသက္ကာရံ၊ ကို။ ပဟာယ၊ ပယ်စွန့်၍။ အရညံ၊ သို့။ ပဝိသိတွာ၊ ၍။ ဃဋေန္တော၊ စေ့ဆော်လသော်။ ဝါယမန္တော၊ အားထုတ်လသော်။ အရဟတ္တံ၊ ကို။ ဂဏှာတိ၊ ရယူနိုင်၏။ ဣတိ၊ သို့။ အနုသန္ဓေ၊ ကို။ ဃဋေတွာ၊ ၍။ ဓမ္မံ၊ ကို။ ဒေသေန္တော၊ သော်။ ဣမံ ဂါထံ၊ ကို။ အာဟ။ (ကိံ)။
“အညာ ဟိ ။ပေ။ မနုဗြူဟယေ” တိ၊ ၍။ (အာဟ)။
လာဘူပနိသာ၊ လာဘ်၏အကြောင်းမကောင်းသောအကျင့်သည်။ အညာ ဟိ(အညာ ဧ၀)၊ နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းမှရွဲ့စောင်းသောအား, တစ်မျိုးတစ်ခြားသာတည်း။ နိဗ္ဗာနဂါမိနီ၊ နိဗ္ဗာန်ရောက်ကြောင်း, အကျင့်ကောင်းသည်။ အညာ ဟိ၊ ဂုဏ်လာဘ်မျှော်ကိုး, အကျင့်ဆိုးမှ, တစ်မျိုးတစ်ခြားသာတည်း။
နီတိဓာတု-၂၄၂။ ။နီတိဓာတုအလို “သဝနန္တေ ဇာတဋ္ဌန”ဖြင့် “သဝနန္တေ (အရိယာယ ဇာတိယာ)+ဇာတော သာဝကော-ကြားနာရသောအဆုံး၌ အရိယာ ဇာတ်အားဖြင့် ဖြစ်သူသ၀နန္တ+ဏပစ္စည်းနန္တကို ကပြု၊”ဟုလည်းကောင်း, “ဩဝါဒါ နုသာသနီ ဝါ သဝနဋ္ဌန”ဖြင့် “ဩဝါဒါနုသာနံ သုဏာတီတိ သာဝကော”ဟုလည်းကောင်း ပြုရန် ပြသည်ဟု ယူပါ၊ ရှေ့နည်းဖြင့် အာဂတပ္ဖလသာဝကကို ယူ၍ နောက် နည်းဖြင့် အနာဂတပ္ဖလသာဝက(ပုထုဇဉ်သာဝက)ကို ယူပါဟု ဆို၏။ ၊ ဖြစ်တတ်သည်၏ဟူသောအနက်သဘောကြောင့်လည်းကောင်း။ ဝါ၊ တစ်နည်း။ ဩဝါဒါနုသာသနိံ ဩဝါဒါနုသာသနိံ။ ။ဩဝါဒါနုသာသနိန္တိ ဩဝါဒဘူတမနုသာသနီ၊ ပဌမံ ဝါ ဩဝါဒေါ၊ ပစ္ဆာ အနုသာသနီ(သီဋီသစ်-၂, ၃၉)၊ ရှေ့နည်းအလို ဩဝါဒနှင့် အနု သာသနီ တူ၏၊ “ဩဝါဒေါ ဧဝ+အနုသာသနီ ဩဝါဒါနုသာသနီ"ဟု ပြု၊ နောက်နည်း အလို ပထမအဆုံးအမကို ဩဝါဒ, နောက်ထပ် သွန်သင်မှုကို အနုသာသနီဟု ခေါ်၏၊ “ဩဝါဒေါ စ+အနုသာသနီ စ ဩဝါဒါနုသာသနီ"ဟု ပြုပါ။ ၊ ဆုံးမသွန်သင်ခြင်းကို။ ဝါ၊ ရှေးဥုးစွာဆုံးမခြင်း, နောက်တစ်ဖန်သွန်သင်ခြင်းကို။ သဝနဋ္ဌန၊ နားထောင်တတ်သည်၏အဖြစ်ဟူသောအနက်သဘောကြောင့်လည်းကောင်း။ သာဝကော၊ သာဝကမည်သော။ ဘိက္ခု၊ သည်။ အဓမ္မိကံ၊ တရား၌မယှဉ်သော။ ဝါ၊ တရားမဲ့သော။ စတုပစ္စယသက္ကာရံ၊ ပစ္စည်း၄ပါးဟူသောပူဇော်သက္ကာရကို။ နာ ဘိနန္ဒေယျ၊ မနှစ်သက်ရာ။ ဓမ္မိကံ၊ တရား၌ယှဉ်သော။ ဝါ၊ တရားသဖြင့်ဖြစ်သော။ (စတုပစ္စယသက္ကာရံ၊ ကို) န စေဝ ပဋိက္ကောသေယျ၊ မတားမြစ်ရာ။ ကာယ ဝိဝေကာဒိကံ၊ ကာယဝိဝေကအစရှိသော။ ဝိဝေကံ၊ ဝိဝေကကို။ အနုဗြူဟယေ၊ တိုးပွားစေရာ၏။
ဟိ၊ သာဓကကား။ ကာယဝိဝေကာ စ ။ပေ။ ဝိသင်္ခါရာတာနန္တိ၊ ကာယဝိဝေကာ စ ။ပေ။ ဝိသင်္ခါရဂတာနံဟူသော။ ဧတံ၊ ဤစကားကို။ (ဓမ္မသေနာပတိတ္ထေရေန)ပိ၊ အရှင်သာရိပုတြာထေရ်သည်လည်း။ ဝုတ္တံ၊ (မဟာနိဒ္ဒေသပါဠိတော်၌)မိန့်တော်မူအပ်ပြီ။
[ဝိဝေကဋ္ဌကာယာနံ
ဝိဝေကဋ္ဌကာယာနံ။ ။“ကာယဝိဝေကာ”၌ စပ်ပါ၊ “ဝိဝိစ္စတီတိ ဝိဝေကာ အပေါင်းအဖော်တို့မှ ကင်းဆိတ်သောအရပ်ဝိဝေကေ+တိဋ္ဌတီတိ ဝိဝေကဋ္ဌော၊ ဝိဝေကဋ္ဌော+ကာယော ယေသန္တိ ဝိဝေကဋ္ဌကာယာ”ဟု ပြုပါဝိဝေကဋ္ဌကာယာနန္တိ ဂဏသင်္ဂဏိကတော ပဝိဝိတ္တေ ဌိတကာယာနံ၊ သမ္ဗန္ဓီဘူတာနံ ကာယဝိဝေကောတိ သမ္ဗန္ဓော၊-သီဋီသစ်-၂, ၅၅။]
၊ ဝိဝေက၌တည်သောကိုယ်ရှိကုန်သော။
နေက္ခမ္မာဘိရတာနံနေက္ခမ္မာဘိရတာနံ။ ။ကာယဝိဝေကဟူသည် တစ်ယောက်တည်းနေရုံသက်သက် မဟုတ်ပဌမဈာန်စသော နေက္ခမ္မနှင့်ယှဉ်မှသာ ကာယဝိဝေကဖြစ်သည်၊ ထိုကြောင့် “နေက္ခမ္မာဘိရတာနံ”ဟု မိန့်သည်။ဒီဋီ-၃, ၂၁၁)ကာမတော နိက္ခမတီတိ နိက္ခမော(မရီ-၃, ၃၂၅)နိက္ခမောယေဝ နေက္ခမ္မံနိက္ခမ+ဏ၊ နေက္ခမ္မ+အဘိရတာ နေက္ခ မ္မာဘိရတာ၊ “နေက္ခမ္မံ ပဌမဇ္ဈာနေ, ပဗ္ဗဇ္ဇာယံ ဝိမုတ္တိယံ(ဓာန်-၈၃၁)”ဂါထာလာ နေက္ခမ္မ၏ အနက်တို့တွင် မဟာနိ-၂၀မဟာနိ. ဋ္ဌ-၈၈၊ ဒီဋီ-၃, ၂၁၁မရီ-၂, ၁၁၂ တို့အလို နေက္ခမ္မအရ ဈာန်ကို ယူပါသံဋီ-၁, ၁၆၅အလို ရှင်ရဟန်းအဖြစ်ကို ယူပါ။
ဆက်ဦးအံ့-မဟာနိ-၂၂၊ ဒီဋီ-၃, ၂၁၁၊ မရီ-၂, ၁၁၂တို့အလို “ဝိဝေကဋ္ဌကာယာနံ နေက္ခမ္မာဘိရတာနံ”တို့ဖြင့် ကာယဝိဝေကဖြစ်သူတို့ကို ပြ၍ “ပရိသုဒ္ဓစိတ္တာနံ, ပရမ ဝေါဒါနပ္ပတ္တာနံ”တို့ဖြင့် စိတ္တဝိဝေကဖြစ်သူတို့ကို ပြသည်သီဋီသစ်-၂, ၅၅အလို “ဝိ ဝေကဋ္ဌကာယာနံဖြင့် ကာယဝိဝေကဖြစ်သူတို့ကို ပြ၍ “နေက္ခမ္မာဘိရတာနံ, ပရိသုဒ္ဓ စိတ္တာနံ, ပရမဝေါဒါနပ္ပတ္တာနံ”တို့ဖြင့် စိတ္တဝိဝေကဖြစ်သူတို့ကို ပြသည်။ ၊ ကာမမှထွက်မြောက်တတ်သောဈာန်၌မွေ့လျော်ကုန်သောပုဂ္ဂိုလ်တို့၏။
ဝါ၊ ကာမမှထွက်မြောက်တတ်သောရှင်ရဟန်းအဖြစ်၌မွေ့လျော်ကုန်သောပုဂ္ဂိုလ်တို့၏။
ကာယဝိဝေကာ စ၊ ကာယဝိဝေကသည်လည်းကောင်း။
ဝါ၊ ကိုယ်အားဖြင့်အပေါင်းအဖော်တို့မှကင်းဆိတ်ခြင်းသည်လည်းကောင်း။
ပရိသုဒ္ဓစိတ္တာနံ၊ (နီဝရဏစသောအညစ်အကြေးမှ) ထက်ဝန်းကျင်စင်ကြယ်သော စိတ်ရှိကုန်သော။
[ပရိသုဒ္ဓစိတ္တာနန္တိ နီဝရဏာဒိသံကိလေသတော ဝိသုဒ္ဓစိတ္တာနံ၊-မဋီ-၂, ၁၁၂။]
ပရမဝေါဒါနပ္ပတ္တာနံ
ပရမဝေါဒါနပ္ပတ္တာနံ။ ။ဝေါဒါယနံ ပရိသုနံ ဝေါဒါနံ၊ [ဝိ+အဝ+ဒါ(သုဒ္ဓိ-စင် ကြယ်ခြင်းအနက်)+ယု၊ပရမံ+ဝေါဒါနံ ပရမဝေါဒါနံ-မြတ်သောစင်ကြယ်ခြင်းပရမ ဝေါဒါနံ+ပတ္တာ ပရမဝေါဒါနပတ္တာ၊ မဟာနိ. ဋ္ဌ၌ ပရမဝေါဒါနအရ ဖိုလ်ကို ယူ၍ သံဋီ-၁, ၁၆၅သီဋီသစ်တို့၌ ဈာန်သမာပတ်ကို ယူ၏စိတ္တဝိဝေကအရ မဟဂ္ဂုတ်လောကုတ္တရာ၂မျိုးလုံးကို ယူနိုင်သောကြောင့် အဖွင့် ၂မျိုးလုံး သင့်သည်သာ။ (မဟာနိ ၂၀မဟာနိ. ဋ္ဌ-၈၈သီဋီသစ်-၂, ၅၅မ-၂, ၁၁၂သံဋီ-၁, ၁၆၅)။
၊ မြတ်သောစင်ကြယ်ခြင်းသို့ရောက်ကုန်သော။
ဝါ၊ အလွန်ဖြူစင်သူ၏အဖြစ်သို့ရောက်ကုန်သောပုဂ္ဂိုလ်တို့၏။
စိတ္တဝိဝေကော စ
စိတ္တဝိဝေကော။ ။ဝိဝိစ္စနံ ဝိဝေကော၊ စိတ္တဿ+ဝိဝေကာ စိတ္တဝိဝေကာ စိတ်၏ ကိလေသာတို့မှ ကင်းဆိတ်ခြင်းကိလေသာတို့နှင့် ပေါင်းသင်းနေထိုင်ခြင်းကို ပယ်၍ စိတ်၏ ကိလေသာတို့မှ ကင်းဆိတ်ခြင်းကို စိတ္တဝိဝေကဟု ခေါ်သည်စိတ်၏ ကိလေသာတို့မှ ကင်းဆိတ်ခြင်းသည် ဈာန်ဝိမောက္ခစသည်တို့၏အစွမ်းကြောင့် ဖြစ် သည်၊ ထိုကြောင့် “ပရိသုဒ္ဓစိတ္တာနံ ပရမဝေါဒါနပ္ပတ္တာနံ”ဟု မိန့်သည်။(ဒီဋီ-၃,၂၁၁)
၊ စိတ္တဝိဝေကသည်လည်းကောင်း။
ဝါ၊ စိတ်၏ကိလေသာတို့မှကင်းဆိတ်ခြင်းသည်လည်းကောင်း။
နိရုပဓီနံ
နိရုပဓီနံ။ ။နတ္ထိ+ဥပဓယော ယေသန္တိ နိရူပဓီ၊ နိ+ဥပဓိ၊] သီဋီသစ်၌ နိရုပဓိအရ ရဟန္တာတို့ကို ယူ၍ ဥပဓိအရ ခန္ဓာ၅ပါးရှိနေဆဲဖြစ်သောကြောင့် ခန္ဓပဓိကို မယူဘဲ ကိလေသုပဓိ, အဘိသင်္ခါရုပဓိတို့ကိုသာ ယူ၏၊ ဒီဋီ-၃, ၂၁၁၌ နိရုပဓိအရ ဖလဋ္ဌာန် အားလုံးကို ယူ၏။
၊ ကိလေသုပဓိ, အဘိသင်္ခါရုပဓိမရှိကုန်သော။
ဝိသင်္ခါရဂတာနံ
ဝိသင်္ခါရဂတာနံ။ ။ဝိဂစ္ဆန္တိ+သင်္ခါရာ ဧတ္ထာတိ ဝိသင်္ခါရံ-သင်္ခါရတို့၏ ကင်းရာ နိဗ္ဗာန်၊(မအူပါရာနိ-၁, ၁၃၃)၊ ဝိသင်္ခါရံ+ဂတာ ဝိသင်္ခါရဂတာ-သင်္ခါရတို့၏ ကင်းရာ နိဗ္ဗာန်သို့ ရောက်သောပုဂ္ဂိုလ်တို့၊ သင်္ခါရအာရုံကို စွန့်ပယ်၍ နိဗ္ဗာန်ကို အာရုံပြုသော အားဖြင့် ရောက်နေသော ဖလဋ္ဌာန်ပုဂ္ဂိုလ်များကို ဆိုလိုသည်။ (မဟာနိ. ဋ္ဌ-၈၈)
၊ သင်္ခါရကင်းရာနိဗ္ဗာန်သို့အာရုံပြုသောအားဖြင့်ရောက်ကုန်သော။
ပုဂ္ဂလာနံ၊ ရဟန္တာပုဂ္ဂိုလ်တို့၏။
ဥပဓိဝိဝေကော စ
ဥပဓိဝိဝေကော။ ။ဥပဓီယန္တိ ဧတ္ထ ယထာသကံ ဖလာနီတိ ဥပဓယော၊ ဥပဓိသည် ကာမုပဓိ, ခန္ဓပဓိ, ကိလေသုပဓိ, အဘိသင်္ခါရုပဓိဟု ၄မျိုးရှိ၏၊ ကာမသုခ၏ တည်ရာ ဖြစ်သောကြောင့် ကာမဂုဏ်၅ပါးကို ကာမုပဓိဟု ခေါ်သည်၊ ခန္ဓာအရင်းခံရှိသောဒုက္ခ၏ တည်ရာဖြစ်သောကြောင့် ခန္ဓာ၅ပါးကို ခန္ဓပဓိဟု ခေါ်သည်၊ အပါယ်ဒုက္ခ၏ တည်ရာဖြစ်သောကြောင့် ကိလေသာတို့ကို ကိလေသုဓိဟု ခေါ်သည်ဘဝဒုက္ခ၏ တည်ရာဖြစ်သောကြောင့် ကုသိုလ်ကံ အကုသိုလ်ကံတို့ကို အဘိသင်္ခါရုပဓိဟု ခေါ်သည်၊ “ဥပရီဟိ+ဝိဝေကော ဥပဓိဝိဝေကော”အရ ထိုဥပဓိတို့မှ ကင်းဆိတ်သောကြောင့် နိဗ္ဗာန်ကို ဥပဓိဝိဝေကဟု ခေါ်သည်။ (သာရတ္ထ-၁၃၁၃ဝိမတိ-၁, ၆၂)
၊ ဥပဓိဝိဝေကသည်လည်းကောင်း။
ဝါ၊ ဥပဓိတို့မှကင်းဆိတ်ခြင်းသည်လည်းကောင်း။
(ဟောတိ)။]