မဟာကပ္ပိနော ။ ။ကပ္ပတိ ရိပဝေါ(ရန်သူတို့ကို) ဝိဇေတုံ သမတ္ထတီတိ ကပ္ပိနော၊ [ကပ္ပ-သာမတ္တိယေ+ဣန၊-မောဂ်-၇, ၁၀၃၊ ဓမ္မဋီ-၁၃၃၊ ] မဟန္တော+ကပ္ပိနော မဟာ ကပ္ပိနော၊ မဟန္တသဒ္ဒါသည် မဟာမောဂ္ဂလ္လာနောမှ မဟာကဲ့သို့ ပူဇာအနက်ဟော တည်း၊(သံဋီ-၂, ၁၉၉)၊ မင်းသားဖြစ်ဉ်က “ကပ္ပိနကုမာရ”ဟု တွင်ခဲ့၍ ခမည်းတော် နတ်ရွာစံပြီးနောက် ဘုရင်ဖြစ်သောအခါမှ “မဟာကပ္ပိန”ဟု အမည်တွင်သည်၊ ဤမင်း သည် သုတ(အကြားအမြင်)ကို အလွန်လိုလားသောမင်း ဖြစ်သည်၊ ရဟန္တာဖြစ်ပြီး နောက် ဘိက္ခုနီတို့အား ဩဝါဒပေးစဉ် နောင်ရေးကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း,အာနာပါနဿတိဘာဝနာပွားများသင့်ကြောင်း,ပညာဆည်းပူးသင့်ကြောင်း, သေသူ ကို တ-သ၍ မငိုကျွေးသင့်ကြောင်း, ဗဟုသုတရှိသူပညာရှိသူတို့ကို အလိုရှိသင့် ကြောင်းများကို မိန့်ကြားသော ဂါထာများမှာ အလွန်မှတ်သားလိုက်နာဖွယ် ကောင်း လှ၏။ (ထေရ-.ဋ္ဌ -၂, ၁၇၉-၁၈၈၊ အံ. ဋ္ဌ-၁, ၂၄၆) ကတာဘိနီဟာရော၊ ပြုအပ်ပြီးသော ရှေးဆုတောင်းကောင်းမှုအထူးရှိသည်။ [ဓမ္မဘာ- ၁, ၃၆၂ရှု၊] (ဟုတွာ) သံသာရေ၊ ၌။ သံသရန္တော၊ ကျင်လည်စဉ်။ ဗာရာ ဏသိတော၊ ဗာရာဏသီမြို့မှ။ အဝိဒူရေ၊ အနီးဖြစ်သော။ ဧကသ္မိံ၊ တစ်ခုသော။ ပေသကာရဂါမေ၊ ရက်ကန်းသည်ရွာ၌။ ဇေဋ္ဌကပေသကာရော၊ အကြီးမှူးဖြစ် သော ရက်ကန်းသည်သည်။ ဝါ၊ ခေါင်းဆောင်ရက်ကန်းသည်သည်။ ဟုတွာနိဗ္ဗတ္တိ၊ ဖြစ်ပြီ။
ချဲ့ဥုးအံ့-ကျောင်းဆောက်လုပ်ဖို့ ဟတ္တကမ်တောင်းရန် ပစ္စေကဗုဒ္ဓါ တစ်ပါးမက စပါးကို စေလွှတ်ခဲ့ခြင်းသည် ချီးမွမ်းဖွယ်ရာ သမ္ဘာဝနာတည်း၊ လယ်ထွန်မင်္ဂလာ ကျင်းပချိန်ကာလဖြစ်နေ၍ ယနေ့အဆင်မပြေသေးကြောင်း, နောက်၃ရက်နေ့မှလုပ်ပေးမည်ဖြစ်ကြောင်း လျှောက်ထားကာ ပစ္စေကဗုဒ္ဓါတို့ကို မပင့်ဘဲ နန်းတော်ထဲ သွားခြင်းသည် ကဲ့ရဲ့ဖွယ်ရာ ဂရဟာတည်း၊ ထိုကြောင့် ပနကို ဂရဟာအနက်ဟော ယူ၍ “ပန-သို့သော်လည်း”ဟု ပေးသည်၊“စေလွှတ်သည်မှန်သော်လည်း မပင့်သော ကြောင့် ဟတ္ထကမ်မရဘဲ ပြန်လာခဲ့ရသည်”ဟူလို၊ (တစ်နည်း) “ဟတ္ထကမ်တောင်းဖို့ စေလွှတ်ပါလျက် ဟတ္ထကပ်မရဘဲ အဘယ်ကြောင့် ပြန်လာရသနည်း”ဟူသော စော နောဖွယ်ကို ပယ်ဖျက်လို၍ ဆက်လက်အားထုတ်အပ်သောကြောင့် ပါကျာရမ္တဝါကျ ယူ၍ “ပန-ဆက်ဦးအံ့”ဟုလည်း ပေးနိုင်သည်။ ဝပ္ပမင်္ဂလကာလော၊ စိုက်ပျိုးခြင်းကို ပြုလုပ်ရာ မင်္ဂလာအခါသည်။ ဝါ၊ လယ်ထွန်မင်္ဂလာ ပြုလုပ်ရာအခါသည်။ ဟောတိ၊ ၏။
ဝဿံ ဝုဋ္ဌာနံ ။ဆရာတို့ကား “ဝဿံ+ဝုဋ္ဌာနံ”ဟု ဝါကျယူ၍ အထက်အတိုင်း ပေးတော်မူသည်“အ၀သိံသူတိ ဝုဋ္ဌာ" ပြု၊ ဝသ+တ၊ သာဒိ သန္တစသောသုတ်ဖြင့် ဓာတွန်ဘ်နှင့်တကွ တကိုဋ္ဌ ပြု, ကွစိ ဓာတုဖြင့် ဝ၏အ-ကို ဥပြု၊ (နျာသ-၅၇၅)ဤ အလို မုဒ္ဓဇ”ဋ္ဌဖြင့် “ဝုဋ္ဌာ”ဟု ရှိရမည်။ [ဝဿံ ဝုဋ္ဌာနံ- ဝါဆိုပြီးကုန်သော၊] ပစ္စေကဗုဒ္ဓါနံ၊ တို့ဖို့။ စီဝရသာဋကေ၊ သင်္ကန်း လျာအဝတ်တို့ကို။ [ဓမ္မဘာ-၂, ၂၈၃ရှု၊] သဇ္ဇေထ၊ စီစဉ်ကြလော။ ဣတိ၊ ဤသို့။ သမာဒပေတွာ၊ ကောင်းစွာ ယူစေ၍။ ဝါ၊ ဆောက်တည်စေ၍။ (တိုက်တွန်းနှိုး ဆော်၍)။ ဧကေကဿ၊ တစ်ပါးတစ်ပါးသော ပစ္စေကဗုဒ္ဓါအား။ သဟဿ သဟဿမူလံ၊ တစ်ထောင်တစ်ထောင်တန်ဖိုးရှိသော။ စီဝရံ၊ ကို။ ဒါပေသိ၊ ပေး လှူစေပြီ။
ဝဿံ ဝုတ္ထာနံ ။ ။ရူ-၃၇၆၌ ဝသ+တ၊ ဝသတော ဥတ္ထသုတ်ဖြင့် ဓာတွန်သ်နှင့်တကွ တပစ္စည်းကို ဝုတ္ထပြု၍ ပြီးစေ၏၊ ထိုအလို ဒန္တဇ“တ္ထ ဖြင့် “ဝဿံ ဝုတ္ထာနံ”ဟု ရှိရမည်၊ မောဂ်နိ-၂, ၂၆၁၌ကား မုဒ္ဓဇဋ္ဌ”ဖြင့်ရှိသော “သာသဒိသတော တဿ ရိဋ္ဌော၊ သာဒိသန္တပုစ္ဆဘန္တဟံသာဒီဟိ ဋ္ဌော”ဟူသော သုတ်တို့နောင် ဆက်၍လာသော “ဝသ တော ဥဋ္ဌသုတ်လည်း မုဒ္ဓဇ “ဋ္ဌဖြင့် ရှိသင့်သည် ဆုံးဖြတ်တော်မူ၏။
ဂဏဒေဝပုတ္တာ ။ ။ဂဏေန+နိဗ္ဗတ္တာ+ဒေဝပုတ္တာ ဂဏဒေဝပုတ္တာ၊ အဖွဲ့အစည်း အားဖြင့် ကောင်းမှုပြုခဲ့ကြပြီး အဖွဲ့အစည်းအားဖြင့် နတ်ပြည်၌ ဖြစ်သောနတ်သား များကို “ဂဏဒေဝပုတ္တ”ဟု ခေါ်သည်။ [ဂဏဒေဝပုတ္တာန န္တိ ဂဏဝသေန ပုညံ ကတွာ ဂဏဝသေနေဝ နိဗ္ဗတ္တဒေ၀ပုတ္တာနံ၊-မ .ဋီ-၃, ၁၅၀။] ဝါ၊ ဂဏနတ်သားတို့ မည်သည်။ အဟေသုံ၊ ကုန်ပြီ။
တစ်နည်း ။ ။အဍ္ဎတိယေန+ယုတ္တာနိ အဍ္ဎတေယျာနိ-အခွဲအားဖြင့် ၃ခုနှင့် ယှဉ်သော အရာတို့(ပဋိဂံ-၃၃၈)(တစ်နည်း) တိဏ္ဏံ+ပူရဏော တေယျော၊ အဍ္ဎော+ တေယျော ယေသန္တိ အဍ္ဎတေယျာနိ-အခွဲဟူသော ၃ခုမြောက်ရှိသော အရာတို့၊ (ဝိနိစ္ဆယဋီ-၂, ၆ဝ)ထိုနောင် ဝိစ္ဆာဘိက္ခညေသု ဒွေ(မောဂ်-၅၄)သုတ်ဖြင့် အဍ္ဎ တေယျာနိကို “အဍ္ဎတတေယျာနိ အဍ္ဎတေယျာနိ”ဟု ဒွိရုပ်ပြု၊ “အဍ္ဎတေယျာနိ အဍ္ဎ တေယျာနိ-အခွဲအားဖြင့် ၃ခုအခွဲအားဖြင့် ၃ခုဖြစ်ကုန်သော၊ ဝါ- အခွဲအားဖြင့် ၃ခုနှင့် ယှဉ်ကုန်, အခွဲအားဖြင့် ၃ခုနှင့် ယှဉ်ကုန်သော၊ ဝါ-အခွဲဟူသော ၃ခုမြောက်ရှိကုန်, အခွဲဟူသော ၃မြောက်ရှိကုန်သော၊ သတာနိ-အရာတို့ကို”ဟု ပေး၊ အထက်၌ အလွယ်ပေးခဲ့သည်(မောဂ်နိ-၁, ၅၁၀၊ ကစ်ဘာ-၂, ၁၉၁၊ ၁၉၂)
ဝိဟာရမဟံ ။ ။မဟီယတေ မဟော၊ ဝိဟာရဿ+မဟော ဝိဟာရမဟော-ကျောင်း ကို (ဘုရားရှင်နှင့် သံဃာအား) ပူဇော်ခြင်း၊ (တစ်နည်း) ဝိဟာရေဟိ+မဟော ဝိဟာရ မဟော-ကျောင်းတို့ဖြင့် ပူဇော်ခြင်း။ (ပါရာဘာ, ၂၃၃၊ မအူပါရာနိ-၁, ၃၀၃) ဝါ၊ နှစ်ရာ့ငါးဆယ် နှစ်ရာ့ငါးဆယ်တို့ကို။ (အဒံသု၊ ကုန်ပြီ)။
ဒေဝလောကေ၊ ၌။ နိဗ္ဗတ္တိတွာ၊ ၍။ ဣမ သ္မိံ ဗုဒ္ဓုပ္ပာဒေ၊ ဤဘုရားရှင်ပွင့်တော်မူရာအခါ၌။ စဝိတွာ၊ ၍။ ဇေဋ္ဌက ကုဋုမ္ိ ကော၊ အကြီးဆုံးသူဌေးသည်။ ကုက္ကုဋဝတီနဂရေ၊ ကုက္ကုဋဝတီမြို့၌။ ရာဇကုလေ၊ မင်းမျိုး၌။ နိဗ္ဗတ္တိတွာ၊ ၍။ ဝယပ္ပတ္တော၊ အရွယ်သို့ရောက်သည်။ (သမာနော)။ မဟာကပ္ပိနရာဇာ နာမ၊ မဟာကပ္ပိနမင်းမည်သည်။ အဟောသိ၊ ပြီ။ သေသာ၊ ကြွင်းသောသူတို့သည်။ အမစ္စကုလေ၊ အမတ်မျိုး၌။ နိဗ္ဗတ္တိံသု၊ ကုန်ပြီ။
သော၊ ထိုမဟာကပ္ပိနမင်းသည်။
သပရိဝါရော၊ အခြံအရံနှင့်တကွ။
ပဋိသမ္ဘိဒါဟိ၊ တိုနှင့်။
သဟ၊ ကွ။
အရဟတ္တံ၊ သို့။
ပါပုဏိဿတိ၊ လိမ့်မည်။
အဿ၊ ထိုမဟာ ကပ္ပိနမင်းကို။
ပစ္စုဂ္ဂမနံ၊ ခရီးဦးကြိုဆိုခြင်းကို။
ကရိဿာမိ၊ ပြုအံ့။”
ဣတိ၊ ဤသို့ ကြံတော်မူ၍။
ပုနဒိဝသေ၊ နောက်နေ့၌။
ခုဒ္ဒကဂါမဘောဇကံ၊ ရွာစားငယ်ကို။
ပစ္စုဂ္ဂစ္ဆန္တော၊ ခရီးဦးကြိုဆိုသော။
စက္ကဝတ္တီ ဝိယ၊ စကြာဝတေးမင်းသည်ကဲ့သို့။
သယမေဝ၊ ကိုယ်တော်တိုင်သာလျှင်။
ပတ္တစီဝရံ၊ သပိတ်သင်္ကန်းကို။
ဂဟေတွာ၊ ယူ၍။
ဝိသယောဇနသတံ၊ ယူဇနာ(၁၂၀)ရှိသော။
မဂ္ဂံ၊ လမ်းသို့။
ပစ္စု ဂ္ဂန္တွာ၊ ရှေးရှု ကြွတော်မူ၍။
**စန္ဒဘာဂါယ**၊ စန္ဒဘာဂါမည်သော။
နဒိယာ၊ မြစ်၏။
တီရေ၊ ကမ်းနား၌။စန္ဒဘာဂါယ ။ ။စန္ဒဘာဂတော+ပဘဝတီတိ စန္ဒဘာဂါ-စန္ဒဘာဂတောင်မှ စတင် ဖြစ်ခဲ့သောမြစ်၊ စန္ဒဘာဂ+ဏ+အာ၊-ဓာန်ဋီ-၆၈၂၊ စန္ဒဿ+ဘာဂေါ ယဿန္တိ စန္ဒဘာဂါ၊[ စန္ဒ+ဘာဂ၊-ထောမ၊ ဝိဓာန်၊] အပ-၂, ၁၂ဝ၌ ဤစန္ဒဘာဂါမြစ်ကို “မဟာစန္ဒာမြစ်”ဟုလည်း ခေါ်၏။
တစ်နည်း ။ ။သန့်ရှင်းဖြူစင်သော သဲသောင်ပြင်ကြောင့်လည်းကောင်း အရောင် အဆင်းနှင့်ပြည့်စုံ၍ ကြည်လင်ချိုမြိန်သော ရေတို့ဖြင့် ပြည့်နေသောကြောင့်လည်း ကောင်း လရောင်ဆန်း၍ ကြက်သရေရှိသောအရောင်ရှိလျက် စီးဆင်းသွားသော ကြောင့် စန္ဒဘာဂါမြစ်ခေါ်သည်ဟု အပ. ဋ္ဌ-၂, ၄၄၌ ဆို၏၊ ထိုအလို “စန္ဒဿ+ဘာ စန္ဒဘာ၊ စန္ဒဘာ+ဧတိဿံ အတ္ထီတိ စန္ဒဘာ-လရောင်ရှိရာမြစ်၊ [စန္ဒဘာ+ဏ+အာ၊] စန္ဒဿ+ဘာ ဧတိဿန္တိ ဝါ စန္ဒာဘာ၊[ စန္ဒ+ဘာ၊] စန္ဒဘာ+ဂစ္ဆတိတိ စန္ဒဘာဂါ-လ ရောင်ရှိလျက် စီးသွားသောမြစ်၊ [စန္ဒဘာ+ဂမု+ကွိ၊]၊ (တစ်နည်း) စန္ဒဘာကိရဏ သဿိရီကာဘာ+ဂစ္ဆတီတိ စန္ဒဘာဂါ-လရောင်ကြောင့် ကြက်သရေရှိသောအရောင် ရှိလျက် စီးသွားသောမြစ်။ [စန္ဒဘာကိရဏသဿိရိကာဘာ+ဂါ၊ (ဂမု+က္ခိ+အာ)၊ ကိရဏသဿိရိကာဘာကိုချေ၊]”ဟု ပြုပါ၊ [“စန္ဒဘာကိရဏသဿိရိကာဘာ”ကိုကား “စန္ဒောဝ+ဘာ၊ စန္ဒဘာ-တောက်ပသောလ၊(အံ. ဋ္ဌ-၂, ၃၃၉)၊ စန္ဒဘာယ+ကိရဏော စန္ဒဘာကိရဏော-လ၏အရောင်၊ သဟ+သိရိယာ ယာ ဝတ္တတီတိ သဿိရိကာ ကျက်သရေရှိသော အရောင်၊ သဿိရိကာ စ+သာ+အာဘာ စာတိ သဿိရိကာဘာ၊ စန္ဒဘာကိရဏေန+သဿိရိကာဘာ ဧတိဿန္တိ စန္ဒဘာကိရဏသဿိရိကာဘာ လရောင်ကြောင့် ကျက်သရေရှိသော အရောင်ရှိရာမြစ်”ဟု ပြုပါ။]
တစ်နည်း ။ ။ရေပြင်၌ လဝန်းအရိပ်နှင့်လည်းကောင်း, ကြည်လင်သန့်ရှင်း အညစ် အကြေးကင်းသော ရေနှင့်လည်းကောင်း ပုလဲပွင့်ပမာ ဖြူဖွေးသော သဲသောင်ပြင် အခင်းနှင့်လည်းကောင်း ပြည့်စုံသောကြောင့် လနှင့်တူရကား စန္ဒဘာဂါမြစ်ခေါ် သည်ဟု အပ. ဋ္ဌ-၂, ၁၄၈၌ ဆို၏၊ ထိုအလို “ စန္ဒံ မနံ ရုစိံ အဇ္ဈာသယံ ဉတွာ ဇာတောတိ စန္ဒော-စိတ်အလိုကို သိ၍ ဖြစ်ပေါ်လာသကဲ့သို့ ဖြစ်ပေါ်လာသောလ၊ [စန္ဒ+ဏ] စန္ဒေန+ဘာဂါ သဒိသာတိ စန္ဒဘာဂါ-လနှင့်တူသောမြစ်၊[ စန္ဒ+ဘာဂါ၊]”ဟု ပြုပါ။ နိဂြောဓရုက္ခမူလေ၊ ပင်ညောင်ပင်ရင်း၌။
**ဆဗ္ဗဏ္ဏရသ္မိယော**၊ ၆ပါးသော အဆင်းရှိသော ရောင်ခြည်တော်တို့ကို။
ဝါ၊ ရောင်ခြည်တော်၆သွယ်တို့ကို။
ဝိ ဿဇ္ဇေန္တော၊ လွှတ်တော်မူလျက်။
နိသီဒိ၊ ထိုင်နေတော်မူပြီ။
.
ချဲ့ဦးအံ့-ဘုရားရှင်၏ စိတ်တော်ကြောင့် စိတ္တဇရုပ် ဖြစ်၏၊ ထိုစိတ္တဇရုပ်တွင် ဥတုပါဝင်၏၊ ထိုဥတုသည် ရုပ်ကို ဖြစ်စေနိုင်၏၊ ထိုဥတုဇရုပ်တွင် ဥတုပါဝင်ပြန်၏၊ ထိုဥတုကလည်း ရုပ်ကို ဖြစ်စေပြန်၏၊ ဤသို့အားဖြင့် ဥတုဇရုပ်အဆက်ဆက် ဖြစ် သောအခါ ကိုယ်တော်မှ အပြင်သို့ ဥတုဇဝဏ္ဏဓာတ်တွေ ထွက်ပေါ်လာသည်၊ ထို ကြောင့် “စိတ္တပစ္စယဥတုသမုဋ္ဌာနာ ဝဏ္ဏဓာတု-စိတ်လျှင် အကြောင်းရင်းရှိသော ဥတုဟူသောဖြစ်ကြောင်းရှိသော အဆင်းတော်ဓာတ်(မူလဋီ-၁၈)”ဟု ဆိုသည်၊ အဘိ ဓမ္မာတရားကိုယ်မှာ ဝဏ္ဏဓာတ်လွန်ကဲသော အဝိနိမ္ဘောဂရုပ်တည်း။(နီဘာ-၁, ၄၆၇)။ ဇရံ၊ အိုခြင်းသို့။ ဥပနေတိ၊ ပို့ဆောင်နေ၏။ ဇရာ၊ သည်။ မရဏံ၊ သေခြင်းသို့။ (ဥပနေတိ၊ ၏)
တစ်နည်း ။ ။ဗုဒ္ဓဿ+ဘာဝေါ ဗုဒ္ဓေါ-ဘုရား၏ဖြစ်ကြောင်းဂုဏ်တော်၊ ဗုဒ္ဓဿ+ အယံ ဝါ ဗုဒ္ဓေါ-ဘုရား၏ဥစ္စာဖြစ်သောဂုဏ်တော်[ဗုဒ္ဓ+တ္တ၊ လောပေါ(မောဂ်-၄, ၁၂၃)သုတ်ဖြင့် တ္တပစ္စည်းချေ၊(နိဒီ-၃၄၁)၊ ဗုဒ္ဓဿ (ဗုဒ္ဓဂုဏဿ)+အနုဿတိ ဗုဒ္ဓါ နုဿတိ-ဘုရားဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ဆင်ခြင်ခြင်း။ (ဒီ. ဋ္ဌ-၃, ၂၂ဝ၊ မဏိ-၂, ၄၈၂) အနုဿရန္တော ။ ။“အနုဿရန္တော”ဟူသည် ဘုရားဂုဏ်တော်ကို အာရုံပြု၍ ဖြစ် သော သတိကို တိုး၍ တိုး၍ ပွားစေသောအားဖြင့် အောက်မေ့ဆင်ခြင်ခြင်း, ထိုသတိကို တိုးပွားစေသောအားဖြင့် ဖြစ်စေခြင်းပင်တည်း၊ ဆက်ဦးအံ့-ဤအဋ္ဌကထာနှင့် အပ. ၅-၂၂၂တို့၌ အောက်မေ့ဆင်ခြင်ခြင်းလောက်သာ လာရှိသော်လည်း သံ.ဋ္ဌ- ၂, ၂၂၅၊ အ, ဋ္ဌ-၁၊ ၂၄၈၊ ထေရ. ဋ္ဌ-၂, ၁၈၀တို့၌ အောက်မေ့ဆင်ခြင်ရုံမျှမက သစ္စာဆိုမှုပါ ပါသည်၊ ထိုသို့ သစ္စာဆိုပါမှ မဟာကပ္ပိနတ္ထေရအပဒါန်ပါဠိတော်နှင့် ညီသည်။
မှန်၏-မဟာကပ္ပိနတ္ထေရအပဒါန်ပါဠိတော်၌ ဘုရားရှင်၏ ဂုဏ်တော်ကို “ဘဝ သောတံ သစေ ဗုဒ္ဓေါ"စသော ဂါထာဖြင့်လည်းကောင်း, တရားဂုဏ်တော်ကို “ယဒိသန္တိဂမော မဂ္ဂေါ”စသော ဂါထာဖြင့်လည်းကောင်းသံဃာ့ဂုဏ်တော်ကို “သံယော စေ တိဏ္ဏကန္တာရော”စသော ဂါထာဖြင့်လည်းကောင်း သစ္စာဆိုသော ဂါထာ၃ပုဒ် ပါရှိသည်၊ ထိုကြောင့် “အနုဿရန္တော"ဖြင့် အောက်မေ့ဆင်ခြင်ရုံမျှမက သစ္စာဆိုခြင်း အထိ ယူပါ။(အပ-၂, ၁၂၀)၊ [**အနုဿရန္တိ ** ဥပရူပရိဘာဝနာဝသေန အနုဿရန္တော၊ အထ ဝါ... ဥပရူပရိဘာဝနာဝသေန အနုဿရန္တော အနုဗြူဟနဝသေန ပဝတ္တေန္တော၊-ဣတိ. ဋ္ဌ-၂၅၇၊] ဝါ၊ တိုးပွားစေသောအားဖြင့် ဖြစ်စေလျက်။ သပရိဝါရော၊ အခြံအရံနှင့် တကွ ဖြစ်သော။ (ရာဇာ၊ မဟာကပ္ပိနမင်းသည်)။ အဿသဟဿန၊ မြင်းတစ်ထောင် ဖြင့်။ ဥဒကပိဋ္ဌိံ၊ ရေပြင်ကို။ ပက္ခန္ဒိ၊ ဖြတ်ကူးပြီ။
ဆေးဒန်း ။ ။ဆေးဒန်းသည် စိန်သတ္တုနှင့် ကန့်ရောစပ်ထားသော စိန်သတ္တုရိုင်း တစ်မျိုးဖြစ်သည်ဆေးဒန်းကို ဆေးဝါးဖော်စပ်ရာ၌လည်းကောင်း, အဂ္ဂိရတ်ထိုးရာ ၌လည်းကောင်းဆိုးဆေးပြုလုပ်ရာ၌လည်းကောင်း အသုံးပြုသည်၊ (စွယ်စုံ)၊ ဆေးဒန်း သည် (၁) ကျောက်ဆေးဒန်း, (၂) ဆေးဒန်းမြင်းသီလာ, (၃) ဆေးဒန်းရွှေဝါ, (၄) ဆေဒန်းဖြူဟု ၄မျိုးရှိကြောင်းကို မြန်ဓာန်၌ ဆိုသည်၊ အမရနိ-၁၉, ၁ဝ၈၊ စွယ်စုံ တို့၌ကား “ဟရိတာလ-ဆေးဒန်းရွှေဝါ, မနောသိလာ-ဆေးဒန်းနီ"ဟု ၂မျိုးရှိကြောင်း ကို ဆို၏၊ ဤအဆိုများအရမူ မနောသိလာအရ ဆေးဒန်းနီကို ယူသင့်သည်၊ အမရနိ၌ “ဆေးဒန်းနီ”ဟုပင် မြန်မာပြန်၏။ ဝီသတိယာ၊ (၂၀)သော။ ဘိက္ခုသဟဿာနံ၊ ရဟန်းအထောင် တို့အား။ (တစ်နည်း) ဝီသတိယာ ဘိက္ခုသဟဿာနံ၊ ရဟန်း၂သောင်းတို့အား။ ဝီသတိစီဝရသဟဿာနိ၊ (၂၀)သော သင်္ကန်းအထောင်တို့ကို။ ဝါ၊ သင်္ကန်း၂ သောင်းတို့ကို။ အဒံသု။
သဒ္ဓါ၄မျိုး ။ ။သဒ္ဓါသည် (၁) အာဂမနီယ(အာဂမ)သဒ္ဓါ, (၂) အဓိဂမသဒ္ဓါ, (၃) ပသာဒသဒ္ဓါ, (၄) ဩကပ္ပနသဒ္ဓါဟူ၍ ၄မျိုးရှိ၏၊ အာဂမသဒ္ဓါဟူသည် အရဟတ္တ မဂ်ဉာဏ် သဗ္ဗညုတဉာဏ်ဖြစ်ပေါ်လာကြောင်း သဒ္ဓါတည်း၊ ဤသဒ္ဓါသည် ဘုရားဆုပန် သည်မှစ၍ သဗ္ဗညုဘုရားအလောင်းတော်တို့သန္တာန်၌ ဖြစ်ပေါ်လာသည်၊ ဤစကား သည် ဥက္ကဋ္ဌနိဒ္ဒေသ (အမြတ်ဆုံးကို ညွှန်ပြသော)အားဖြင့် ဆိုခြင်းဖြစ်သည်၊ ပစ္စေက ဗုဒ္ဓအလောင်းတော် အဂ္ဂသာဝကမဟာသာဝကအလောင်းတော်တို့၏ သန္တာန်၌ ဆုပန် သည်မှစ၍ ဖြစ်ပေါ်လာသော သဒ္ဓါကိုလည်း အာဂမနီယသဒ္ဓါဟု ဆိုနိုင်သည်၊ ဤ သဒ္ဓါကို “အာဂမသဒ္ဓါ, အာဂမနသဒ္ဓါ”ဟုလည်း သုံး၏။
အဓိဂမသဒ္ဓါ ။ ။အဓိဂမသဒ္ဓါဟူသည် သုပ္ပဗုဒ္ဓ, သူရမ္မဋ္ဌတို့၏ သဒ္ဓါကဲ့သို့ သစ္စာ ၄ပါးကို ထိုးထွင်းသိခြင်းကြောင့် ဖြစ်သောသဒ္ဓါတည်း၊ အရိယာတို့၏သန္တာန်၌သာ ဖြစ်သည်။
ပသာဒသဒ္ဓါ ။ ။ပသာဒသဒ္ဓါဟူသည် မဟာကပ္ပိနမင်းစသည်တို့၏ ကြည်ညိုခြင်း ကဲ့သို့ ဘုရား, တရား, သံဃာဟု ပြောပြလျှင် (“ဘုရား တရား သံဃာ”ဟူသော အသံကို ကြားလျှင်) ကြည်ညိုသော သဒ္ဓါတည်း။
ဩကပ္ပနသဒ္ဓါ ။ ။ဩကပ္ပနသဒ္ဓါဟူသည် “ဤအတိုင်း ဟုတ်လောက်၏”ဟု သက် ဝင်ယုံကြည်သော သဒ္ဓါတည်း။ အံ. ဋ္ဌ-၂၇၌ကား “ဘုရား တရား, သံဃာဟု ပြောပြလျှင် မတုန်လှုပ်သည်၏အဖြစ်ဖြင့် သက်ဝင်ယုံကြည်ခြင်းသည် ဩကပ္ပနသဒ္ဓါ, ကြည်ညိုမှု ဖြစ်ခြင်းသည် ပသာဒသဒ္ဓါဟု ဆို၏။ (ဒီ. ဋ္ဌ-၂, ၁၁၉၊ မ. ဋ္ဌ-၃, ၂၂၅၊ အံ. ဋ္ဌ-၂၆၊ ၂၇၊ မဋီ-၂, ၁၂၈၊ အီဋီ-၃,၂၃) ပတိဋ္ဌိတကာလေ၊ တည်ရာအခါ၌။ တာသံ၊ ထိုအမျိုးသမီးတို့ကို။ ဝါ၊ တို့အား။ အရဟတ္တပ္ပတ္တေယေဝ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီးကုန်သည်သာ လျှင်ဖြစ်ကုန်သော။ တေ ဘိက္ခူ၊ ထိုရဟန်းတို့ကို။ ဒဿေသိ ကိရ၊ တွေ့မြင်စေ တော်မူခဲ့ပြီတဲ့။ ဝါ၊ ပြတော်မူခဲ့ပြီတဲ့။ [ကိရကို အနုဿဝနအနက်ဟော ယူ၍ ပေးခဲ့ သည်၊ နောက်ဆုံးဝါကျ၌ “တသ္မာ” ရှိပုံကို ကြည့်၍ ကာရဏအနက်ဟောယူကာ “ကိရ (ယသ္မာ)၊ အကြင်ကြောင့်။ တာသံ၊ တို့၏အာဂတက္ခဏေယေဝ၊ ပေ ၊ န သတ္တုဏေယျုံကုန်ရာ။ တသ္မာ၊ ကြောင့်၊ ပေ၊ ဒဿေသိ၊ ပြီ”လည်း ပေးပါ။]
တတြ၊ ထိုဇေတဝန်ကျောင်း၌။ [ သုဒံကား အနက်မဲ့။] အာယသ္မာ မဟာကပ္ပိနော၊ အရှင်မဟာကပ္ပိနသည်။ ရတ္တိဋ္ဌာန ဒိဝါဋ္ဌာနာဒီသု၊ ညဉ့်နေရာအရပ်, နေ့နေရာအရပ်အစရှိသည်တို့၌။ “အဟော သုခံ၊ ဪ. . . ချမ်းသာလေစွ။ အဟော သုခံ၊ စွ။” ဣတိ၊ သို့။ **ဥဒါနံ**၊ ပီတိအတွက်, လေဟုန်တက်၍, ပေါ်ထွက်လာသော စကားကို။
ပဗ္ဗဇေထ ။ ။ပ+ဝဇ+အ+ထ၊ အပစ္စည်းကို ဧပြု၊ (တစ်နည်း)ပ+ဇ+အ+ဧယျာထ၊ ကွစိ ဓာတုဖြင့် ယျာကို ချေ(နိဒီ-၃၆၉)အံဋီ-၁, ၁၈၈၌ “ပဗ္ဗာဇေထ”ဟု ကာရိတ်ဖြင့် ရှိ၏၊ “ပဗ္ဗာဇေထ-ဘိက္ခုနီတို့ကို ရဟန်းမအဖြစ်သို့ ရောက်စေကြလော”ဟု ပေး၊ ကာရိတ်ရုပ်ယူလျှင် ဘိက္ခုနီအဖြစ်သို့ ရောက်စေသူကား ဘိက္ခုနီသံဃာတည်း၊ ဘိက္ခုနီအဖြစ်သို့ ရောက်သူများကား အနောဇာအမှူးရှိသော ဥပါသိကာမတို့တည်း။
ဥဒါနံ ။ ။မဋီ-၂, ၁၄၆၊ အံဋီ-၃, ၆၀၌ “ဥဒါဟရီယတိ ဥဗ္ဘေဂဝသေနာတိ တထာ ဝါ ဥဒါဟရဏံ ဥဒါနံ-အထက်သို့ ရှူထုတ်အပ်သောစကားဝါ-အထက်သို့ ရှူထုတ်ခြင်း၊ (သဒ္ဒတ္ထ)ဝါ-ရင်ထဲ မျိုသိပ်မထားနိုင်သဖြင့် ထုတ်ဖော်ပြောဆိုအပ်သောစကား၊ (အဓိပ္ပာယတ္ထ)”ဟု ဆို၏။ [ဥဒ(မောဒအနက်)+ယု၊ ယုကို အနပြု, အ-ကို ဒီဃပြု၊ (နီတိဓာတု-၉၃)(တစ်နည်း) ဥ+အန+ဏ၊ ဒ်လာ, အာဝုဒ္ဓိပြု၊ (နီဘာ-၁, ၆၃၊ ဝိပိဓာန်၊ ဓာပါတိုက်-၅၄) (တစ်နည်း) ဥ+အာ+နီ+အ-ဇာဋီသစ်-၁၁၄၁။ (တစ်နည်း) ဂဠုန် ၆၇၌ “ဥဒံ မောဒံ အနေတိ ပဝတ္တေတီတိ ဥဒါနံ-ဝမ်းမြောက်ခြင်းကို ဖြစ်စေသော စကား၊ [“ဥဒ+အန+ဏအာဝုဒ္ဓိပြု]”ဟု ဆို၏၊ ဥဒါန်းစကားသည် ပီတိအစွမ်းကြောင့် ဖြစ်သော ဥဒါန်းစကား, ဓမ္မသံဝေဂ အစွမ်းကြောင့်ဖြစ်သော ဥဒါန်းစကား”ဟု ၂မျိုး ၏၊ ဤ၌ ပီတိအစွမ်းကြောင့် ဖြစ်သော ဥဒါန်းစကားကို ယူပါ။ (ဥဒါန- ဋ္ဌ-၂၊ သာရတ္ထ-၁, ၉၉) ပါ၊ ဥဒါန်းကို။
ဥဒါနေန္တော၊ ကျူးရင့်လျက်။
ဝိစရတိ၊ ၏။
ကာမသုခံ ။ ။ကာမသုခအရ လောဘမူသောမနဿဝေဒနာကို ယူပါ၊ ကာမေသု +ပဝတ္တံ+သုခံ ကာမသုခံ-ကာမဂုဏ်တို့၌ ဖြစ်သောချမ်းသာ၊ ကာမ+ပဝတ္တ+သုခ၊ ပဝတ္တပုဒ်ချေ၊ -နီယော-၁၁ဝ၊ ကာမေသု ကာမေဟိ ဝါ သမ္ပယုတ္တံ သုခံ ကာမသုခံ-ကိလေသာကာမတို့၌ ယှဉ်သောချမ်းသာ၊ ဝါ- ကိလေသာကာမတို့နှင့် ယှဉ် သောချမ်းသာ၊ ကာမ+သမ္ပယုတ္တ+သုခ၊ သမ္ပယုတ္တချေ၊-ပါရာယော-၅၅၊ ကာမာရမ္မဏီ+သုခံ ကာမသုခံ-ဝတ္ထုလျှင်အာရုံရှိသောချမ်းသာ၊ [ကာမာရမ္မဏ+သုခ၊ အာရမ္မဏပုဒ်ချေ၊ ဝိမတိ-၁၃ ၄၁၊] **ရဇ္ဇသုခံ**၊ မင်းအဖြစ်၏ ချမ်းသာကို။ ဝါ၊ မင်း၏ဥစ္စာဖြစ်သော ချမ်းသာကို။ အာ ရဗ္ဘ၊ ၍။ ကထေသိ မညေ၊ ပြောသည်ထင်ပါ၏” ။ ဣတိ၊ လျှောက်ကုန်ပြီ။
တစ်နည်း ။ “ဓမ္မပါယကော၊ ဓမ္မံ ပိဝန္တော”၌ ပါယကော, ပိဝန္တောတို့ကား ကတ္တု သာတည်း၊ ကတ္တုသာဓ်သည် ဗဟုဗွီဟိသမာသ်, အဿတ္ထိတဒ္ဓိတ်တို့ နှင့် သဘာဝချင်း တူ၏၊ ထိုကြောင့် “ပီယတေ ပီတိ၊ ဓမ္မံ+ပီတိ အဿာတိ ဓမ္မပီတိ-တရားကို သောက် သုံးခြင်းရှိသော ပညာရှိ၊ (ဘိန္နာဓိကရဏဗဟုဗွီဟိ)၊ (တစ်နည်း) ဓမ္မံ+ပီတိ ဓမ္မပီတိ တရားကို သောက်သုံးခြင်း၊ ဓမ္မပီတိ+အဿ အတ္ထီတိ ဓမ္မပီတိ-တရားကို သောက် သုံးခြင်းရှိသောပညာရှိ၊ (အဿတ္ထိတဒ္ဓိတ်)”ဟု ပြုရန် ပြသည်ဟု ကြံပါ၊ ဤသို့ယူလျှင် သဒ္ဒါနည်းလည်း ကျ၍ ပုံလိင်ဖြင့်ဖွင့်သည့် “ဧဝရူပေါ ဓမ္မပီတိ"ဟူသော အဖွင့်နှင့် လည်း ညီသည်။
တစ်နည်း ။ ။ဂါထာ၏ အထက်နား၌ “ပုတ္တဿ ပန မေ ဓမ္မပီတိ နာမ ဓမ္မရတိ နာမ ဥပ္ပဇ္ဇတိ"ဟူသော ဝါကျ၌ ဓမ္မပီတိနှင့် ဓမ္မရတို့ကို တွဲဆိုထား၏။ “ရတီ တိ...ပီတိ(ပဋိသံ. ဋ္ဌ-၂၊ ၁၈၃)”ဟူသော အဖွင့်ကို ထောက်၍ ရတိအရ ပီတိကို ယူနိုင်ရ ကား ဓမ္မပီတိနှင့် ဓမ္မရတိသည် အနက်တူပရိယာယ်တည်း၊ ပီတိ၌ ပါဓာတ်ဟု မယူဘဲ ပီဓာတ်ဟု ယူ၍ ပီတိအရ ပီတိစေတသိက်ကို ယူပါ၊ “ပိနယတ်တိ ပီတီ၊ ဓမ္မေ+ ဥပ္ပန္နာ+ပီတိ အဿာတိ ဓမ္မပီတိ-တရား၌ ဖြစ်သော ပီတိရှိသူ၊ ပိဏနံ ပီတိ၊ ဓမ္မေ+ပီတိ အဿာတိ ဓမ္မပီတိ-တရား၌ နှစ်သက်ခြင်းရှိသူ”ဟု တစ်နည်းကြံပါ။ အတ္တော၊ အနက်တည်း။
နာမကာယေန ၊ပေ၊ သစ္ဆိကရောန္တော ။ ။အာရမ္မဏာဘိမုခံ နမတီတိ နာမံ၊ (ဒီဋီ-၂,၁ဝ၁)၊ နာမဉ္စ+တံ+ကာယော စာတိ နာမကာယော-နာမ်တရားအပေါင်း (မအူပါရာနိ-၂, ၂၃၄)၊ နာမကာယ(နာမ်တရားအပေါင်း)ဟူသည် နာမ်ခန္ဓာ၄ပါး တည်း၊ (နေတ္တိ-၂၆)၊ ဤ၌ကား လောကုတ္တရာတရား၉ပါးကို ရောက်ရှိခြင်း ရရှိခြင်းကို ဆိုရာဖြစ်သောကြောင့် နာမကာယေနအရ မဂ်,ဖိုလ်,ပစ္စဝေက္ခဏာဉာဏ်ကို ယူပါ၊
ချဲ့ပါဥုးမည်-လောကုတ္တရာတရား၉ပါးတွင် မဂ်ဖိုလ်တို့ကို သမ္ပယုတ္တနာမကာယ (ဆိုင်ရာယှဉ်ဖက်တရား)ဖြင့် တွေဝေမှုမရှိဘဲ ရှင်းလင်းစွာသိခြင်းပစ္စဝေက္ခဏာဉာဏ် ဟူသော နာမကာယဖြင့် ဆင်ခြင်ခြင်းကို “နာမကာယေန ဖုသန္တော”ဟု ဆိုလိုသည်၊ နိဗ္ဗာန်ကို မဂ်, ဖိုလ်, ပစ္စဝေက္ခဏာဉာဏ်တို့ဖြင့် အာရုံပြုသောအားဖြင့် ' မျက်မှောက် ပြုခြင်းကို “အာရမ္မဏတော သစ္ဆိကရောန္တော"ဟု ဆိုလိုသည်။
ပရိညာဘိသမယာဒီဟိ ။ ။“ပရိညာဘိသမယာဒီဟိ”စသည်ဖြင့် သစ္စာ၄ပါးကို မဂ်ဖြင့် ထိုးထွင်း၍ သိခြင်း(မဂ်ရခြင်း)သည် တရားသောက်သုံးခြင်းမည်ကြောင်းကို ပြသည်အာဒိဖြင့် ပဟာနာဘိသမယ(ပယ်ခြင်းဟူသော ထိုးထွင်း၍ သိခြင်း), သန္တိ ကိရိယာဘိသမယ(မျက်မှောက်ပြုခြင်းဟူသော ထိုးထွင်း၍ သိခြင်း)ဘာဝနာဘိသမယ (ပွားစေခြင်းဟူသော ထိုးထွင်း၍ သိခြင်း)တို့ကို ယူပါ။
ချဲ့ပါဥုးမည်-ဆီမီးသည် မီးစာကို လောင်ခြင်း, အမှောင်ကို ပယ်ခြင်း, အလင်းကို ပြခြင်း, ဆီကို ကုန်စေခြင်း ဤကိစ္စ၄ချက်တို့ကို တစ်ပြိုင်နက် ပြီးစေသကဲ့သို့ မဂ်တရား လည်း ဒုက္ခသစ္စာကို “ဤမျှသာ ၏ဤလောကီစိတ်စေတသိက်, ရုပ်ထက် အပို မရှိ”ဟု ပိုင်းခြား၍ သိခြင်းဟူသော ပရိညာကိစ္စ, သမုဒယသစ္စာ တဏှာလောဘကို ပယ်ခြင်းဟူသော ပဟာနကိစ္စ၊ နိရောဓသစ္စာ(နိဗ္ဗာန်)ကို မျက်မှောက်ပြုခြင်းဟူသော သစ္ဆိကိရိယာကိစ္စ, မဂ္ဂသစ္စာကို မိမိသန္တာန်၌ ဖြစ်ပွားစေခြင်းဟူသော ဘာဝနာကိစ္စ ဤကိစ္စ၄ချက်တို့ကို တစ်ပြိုင်နက် ပြီးစေသည်။(ဝိသုဒ္ဓိ-၂, ၃၃၁)။ ဒုက္ခာဒီနိ၊ ဒုက္ခအစရှိကုန်သော။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ ပဋိ ဝိဇ္ဈန္တော၊ ထိုးထွင်းသိလသော်။ ဝါ၊ သိလျှင်။ ဓမ္မံ၊ တရားကို။ ပိဝတိ နာမ၊ သောက် သုံးသည်မည်၏။
ဝိပ္ပသန္နေန ။ ။ဝိဝိဓေန ဝိသေသေန ဝါ ပသန္နော ဝိပ္ပသန္နော(ကင်္ခါဋီသစ်-၂၅၁)၊ အခြားနေရာ၌ ဝိပ္ပသန္နနှင့် အနာဝိလကို ထူးသည့်အနေဖြင့်လည်းကောင်း, ဝိပ္ပသန္န သည် အကြောင်း, အနာဝိလသည် အကျိုး အနာဝိလသည် အကြောင်း, ဝိပ္ပသန္နသည် အကျိုးဟု အကြောင်းအကျိုးအနေဖြင့်လည်းကောင်း ဖွင့်၏(ဝိမာန.ဋ္ဌ-၂၅)၊ ဤ၌ ကား “ဖြူတယ်ဆိုတာ မမည်းတာပေါ့”ဟူသော စကားကဲ့သို့ ကြည်လင်သောစိတ် ဟူသည် မနောက်ကျိသောစိတ်ပင် (ကြည်တယ်ဆိုတာ မနောက်တာပေါ့)ဟု ဝိပ္ပသန္န နှင့် အနာလကို ဗျတိရေကပရိယာယ်အားဖြင့် သဘောတူထား၍ ဖွင့်၏၊ ကိလေသာတို့သည် စိတ်ကို နောက်ကျိစေတတ်သော အညစ်အကြေးတို့တည်း၊ ကိလေသာအညစ် အကြေးကင်းမှ စိတ်နောက်ကျိခြင်း ကင်းသည်၊ ထိုကြောင့် အနာဝိလေနကို “နိရု ပက္ကိလေသေန”ဟု ထပ်ဖွင့်သည်၊ ဤအဖွင့်ဖြင့် အနာဝိလ၌ အာဝိလအရ ကိလေ သာကို ယူရန်လည်း ပြသည်။ အနာဝိလေန၊ နောက်ကျခြင်းမရှိသော။ **နိရုပတ္တိလေသေန**၊ ဥပက္ကိလေသာ မရှိသော။
အနက်ပေးပုံ ။ ။ဝိပ္ပသန္နေန၌ နာဝိဘတ်သည် ကင်္ခါဋီသစ်-၁၂၁အလို ကရိုဏ်း အနက်, ထေရ- ဋ္ဌ-၂,၁ဝ၈အလို ဣတ္ထမ္ဘူတလက္ခဏအနက်တည်း၊ “သဒါ ရမတိ” ၏ အဖွင့်ဖြစ်သော “ဧဝရူပေါ ဓမ္မပီတိ ဝိပ္ပသန္နေန စေတသာ ဝိဟရန္တော ပဏ္ဍိစ္စေန သမန္နာဂတော သဒါ ရမတိ”ဟူသော ဝါကျအလိုမှု “ဝိပ္ပသန္ဓေန စေတသာ”သည် ဝိဟရန္တော၌ ကရိုဏ်းအဖြစ်ဖြင့် စပ်ရသကဲ့သို့ ဂါထာ၌လည်း သေတိ၌ နည်းတူ စပ်ရမည်ဘာကြောင့်နည်း? “သေတီ တိ. . . ဝိဟရတိ”ဟူသော အဖွင့်နှင့် “ဝိ ဟရန္တော”ဟူသော အဖွင့်သည် သဘောတူသောကြောင့်တည်း၊ ဆက်ဥုးအံ့-“ဧပရူပေါ” စသော အဖွင့်၌ ပဏ္ဍိတောသည်ပင် တရားကို သောက်သုံးသူ(ဓမ္မပီတိ), ကြည်လင် သော စိတ်ဖြင့် နေသူဖြစ်ရကား ဒီပကနည်းအရ ပဏ္ဍိတောသည် ဂါထာ၌ “သေတိ ရမတိ”ဟူသော ကြိယာ၂ပုဒ်လုံး၏ ကတ္တားတည်း။
တစ်နည်း ။ဓမ္မပီတိကို သေတိ၏ ကတ္တား, ဝိပ္ပသန္နေန စေတသာကို ဣတ္ထမ္ဘူတ လက္ခဏယူ၍လည်း ပေး၏၊ “ဓမ္မပီတိ-တရားကို သောက်သူသည်၊ သုခံ-စွာ၊ သေတိ ၏၊ ပဏ္ဍိတော-သည်အရိယပ္ပဝေဒိတေ-သော၊ ဓမ္မေ-၌ဝိပ္ပသန္နေန စေတသာ (ဝိပ္ပသန္နစေတော ဟုတွာ) အထူးသဖြင့် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍၊ သဒါရမတိ-၏၊ (တစ်နည်း) ဝိပ္ပသန္ဓေန-သောစေတသာ-ဖြင့်(ဥပလက္ခိတော-မှတ်သား အပ်သော) ပဏ္ဍိတော-သည်အရိယပ္ပဝေဒိတေ-သော၊ ဓမ္မေ-၌သဒါ၊ ရမတိ-၏” ပေးပါ၊ ဤသို့ပေးရာ၌ “စေတသာကား ပဏ္ဍိတော၌ ဣတ္တမ္ဘူတလက္ခဏ, ပဏ္ဍိတော ကား ဣတ္ထမ္ဘူတလက္ထ”ဟု စပ်ပါ၊ ပြအပ်ခဲ့သော“ဝိပ္ပသန္ဓေန စေတသာ ဝိဟရန္တော” ဟူသော အဖွင့်အလိုမူ “သေတိ”၌ စပ်စေလို၏။ သတိပဋ္ဌာနာဒိဘေဒေ၊ သတိပဋ္ဌာန်အစရှိသောအပြားရှိ သော။ ဗောဓိပက္ခိယဓမ္မေ၊ ဗောဓိပက္ခိယတရားတို့ကို။
သမန္နာဂတောဖြင့် “သဉ္ဇာတာ+ပဏ္ဍာ ဧတဿာတိ ဝါ ပဏ္ဍိတော၊ [သဉ္ဇာတံ တာရကာဒိတ္ထိတော(မောဂ်-၄, ၄၅)သုတ်ဖြင့် သဉ္ဇာတအနက်, ဣတသက်၊”]ဟု သဉ္ဇာတအဿတ္ထိတဒ္ဓိတ်ဖြစ်စေ“,ပဏ္ဍာ၊ ဣတာ ဂတာ သဉ္ဇာတာ ယဿာတိ ပဏ္ဍိ တော၊[ပဏ္ဍာ +ဣတာ၊-မဏိ-၁, ၂၉၀၊] ပဏ္ဍာ+ဣတာ ဂတာ ပဝတ္တာ အသ္မိန္တိ ပဏ္ဍိ တော၊ [ဂဠုန်-၃၊ ]ဣတာ သဉ္ဇာတာ+ပဏ္ဍာ ဧတဿာတိ ပဏ္ဍိတော၊ [ဣတာ+ပဏ္ဍာ၊ ရှေ့နောက်ပြန်၊-သီဋီသစ်-၁, ၁၆၇၊ ]”ဟု ဗဟုဗွီဟိသမာသ်ဖြစ်စေ၊ “ပဏ္ဍတိ ဉာဏ ဂတိယာ ဂစ္ဆတီတိ ပဏ္ဍိတော၊ [ပဏ္ဍိ+တ]"ဟု ကတ္ထုသာဓနဖြစ်စေ ပြုစေလိုသည်၊ မှန်၏-“သမန္နာဂကော, သမ္ပန္နော စသည်ဖွင့်လျှင် တစ်ပုဒ်တည်းဖြစ်မှု အဿတ္တိ တဒ္ဓိတ်ဝိဂြိုဟ်, သို့မဟုတ်, ကတ္ထုသာဓနဝိဂြိုဟ်, ၂ပုဒ်ဖြစ်မှု ဗဟုဗွီဟိသမာသ်ဝိဂြိုဟ် ပြုရိုးထုံးစံရှိသည်။
တစ်နည်း ။ ။ပဏ္ဍိတောကို “ပဏ္ဍာ+ဣတော”ဟု ခွဲ၍ ပဏ္ဍိစ္စေနကား ပဏ္ဍာ၏ အဖွင့်,သမန္နာဂတောကား ဣတော၏ အဖွင့်ဟု ယူလျှင် “ပဏ္ဍိစ္စေန+ သမန္နာဂတော” ဖြင့် “ပဏ္ဍာယ+ဣတော ဂတော ပဝတ္တော သမန္နာဂတောတိ ပဏ္ဍိတော၊ [ပဏ္ဍာ+ ဣတ၊-မဋီ၂, ၈၀၊ သံဋီ-၂၊ ၃၀၇၊ နိတိဓာတု-၅၈၊ မဏိ-၁,၂၉၀]”ဟု တတိယာ တပ္ပုရိသ်ဝိဂြိုဟ်ပြုရန် ပြသည်၊ မှန်၏ ဤသို့ ရှေ့ပုဒ်အဖွင့်နှင့် နောက်ပုဒ်အဖွင့် ဝိဘတ်ခြင်းမတူအောင် ဖွင့်လျှင် “နာနာဝိဘတ္တိက, ဖွင့်၍ပြ, တပ္ပုရိသကြံစ ရာ”နှင့် အညီ တပ္ပုရိသ်သမာသ်ဝိဂြိုဟ် ပြုရိုးထုံးစံရှိသည်။ သဒါ၊ အခါ ခပ်သိမ်း။ ရမတိ၊ မွေ့လျော်၏။ အဘိရမတိ၊ အလွန် မွေ့လျော်၏။ ဣတိ၊ ဂါထာဖွင့်အပြီးတည်း။