Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
(SN) Saḷāyatanavagga-aṭṭhakathā
(SN) Saḷāyatanavagga-aṭṭhakathā

2. Dutiyavaggo

Author: miuthi-မိုးထိ @ IAPT

**ကာယေ ကာယာနုပဿီ**တိအာဒီသု၊ ကာယေ ကာယနုပဿီ ဤသို့အစရှိသောပါဌ်တို့၌။ ယံ၊ အကြင်စကားကို။ ဝတ္တဗ္ဗံ၊ ဆိုသင့်၏။ တံ၊ ထိုဆိုသင့်ဆိုရန်ရှိသမျှ စကားမျိုးစုကို။ ပရတော၊ နောက်ဖြစ်သော မဟာဝဂ္ဂသံယုတ်၌။ ဝက္ခာမ၊ ဆိုကုန်အံ့။
အနတန္တိအာဒီသု၊ အနတံဤသို့အစရှိသော ပါဌ်တို့၌။ တဏှာနတိယာ၊ တဏှာဟူသောနတိ၏။ အဘာဝေန၊ မရှိခြင်းကြောင့်။ အနတံ၊ အနတမည်၏။
စတုန္နံ၊ လေးပါးကုန်သော။ အာသဝါနံ၊ အာသဝေါတရားတို့၏။ အဘာဝေန၊ မရှိခြင်းကြောင့်။ **အနာသဝံ**၊ အာသဝေါကင်းသည်မည်၏။
ပရမတ္ထသစ္စတာယ၊ ပရမတ္ထသစ္စာ၏ အဖြစ်ကြောင့်။ **သစ္စံ**၊ သစ္စာမည်၏။
ဝဋ္ဋဿ၊ ဝဋ်ဒုက္ခ၏။ ပရဘာဂဋ္ဌေန၊ ပြင်ဘတ်အဖို့ဖြစ်သော အနက်ကြောင့်။ ပါရံ၊ ပါရမည်၏။
သဏှဋ္ဌေန၊ သိမ်မွေ့သော။ **နိပုဏံ**၊ နိပုဏမည်၏။
သုဋ္ဌု၊ လွန်စွာ။ ဒုဒ္ဒသတာယ၊ မြင်နိုင်ခဲသည်အဖြစ်ကြောင့်။ **သုဒုဒ္ဒသံ**၊ အလွန်မြင်နိုင်ခဲသည်မည်၏။
ဇရာယ၊ အိုခြင်းသဘောဖြင့်။ အဇရိတတ္တာ၊ အိုခြင်းဆွေးမြည့်ခြင်းကင်းသည်၏အဖြစ်ကြောင့်။ **အဇဇ္ဇရံ**၊ ဇရာဖြင့် ဆွေးမြည့်ခြင်းကင်းသည်မည်၏။
ထိရဋ္ဌေန၊ မြဲမြံခိုင်ခံ့သည်၏အဖြစ်ကြောင့်။ **ဓုဝံ**၊ ဓုဝမည်၏။
အပလုဇ္ဇနတာယ၊ ပျက်စီးခြင်းကင်းသည်၏ အဖြစ်ကြောင့်။ **အပလောကိတံ**၊ ပျက်စီးခြင်းကင်းသည်မည်၏။
စက္ခုဝိညာဏေန၊ စက္ခုဝိညာဉ်ဖြင့်။ အပဿိတဗ္ဗတ္တာ၊ မမြင်ကောင်းသည်၏အဖြစ်ကြောင့်။ **အနိဒဿနံ**၊ အနိဒဿမည်၏။
တဏှာမာနဒိဋ္ဌိပပဉ္စာနံ၊ တဏှာ,မာန,ဒိဋ္ဌိဟု ဆိုအပ်သော သံသရာကို ချဲ့တတ်သောတရားတို့၏။ အဘာဝေန၊ မရှိခြင်းကြောင့်။ **နိပ္ပပဉ္စံ**၊ သံသရာကိုချဲ့တတ်သော တဏှာ,မာန,ဒိဋ္ဌိ ကင်းသည်မည်၏။
သန္တဘာဝဋ္ဌေန၊ ငြိမ်သက်သည်၏ အဖြစ်ကြောင့်။ **သန္တံ**၊ သန္တမည်၏။
မရဏာဘာဝေန၊ ပျက်စီးခြင်းမရှိသည်၏အဖြစ်ကြောင့်။ **အမတံ**၊ အမတမည်၏။
ဥတ္တမဋ္ဌေန၊ မြတ်သောသဘောကြောင့်။ ပဏီတံ၊ ပဏီတမည်၏။
သဿိရိကဋ္ဌေန၊ အသရေနှင့် ပြည့်စုံသောသဘောကြောင့်။ **သိဝံ**၊ သီဝမည်၏။
နိရုပဒ္ဒဝတာယ၊ ဥပဒ္ဒဝေါကင်းသည်၏ အဖြစ်ကြောင့်။ **ခေမံ**၊ ဘေးဥပဒ္ဒဝေါကင်းသည်မည်၏။
တဏှာက္ခယဿ၊ တဏှာကုန်ခြင်း၏။ ပစ္စယတ္တာ၊ အကြောင်း၏အဖြစ်ကြောင့်။ **တဏှက္ခယံ**၊ တဏှာကုန်ကြောင်းမည်၏။
ဝိမှာပနီယဋ္ဌေန၊ အံ့ဖွယ်ကိုဖြစ်စေတတ်သော သဘောကြောင့်။ အစ္ဆရံ၊ လက်ဖျစ်ကို။ ပဟရိတဗ္ဗယုတ္တကံ၊ တီးခတ်ခြင်းငှာ လျောက်ပတ်၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ **အစ္ဆရိယံ**၊ အစ္ဆရိယမည်၏။
အဘူတမေဝ၊ မဖြစ်ဘူးသည်သာလျှင်။ ဟုတွာ၊ ဖြစ်၍။ ဘူတံဇာတံ ``အဇာတံ (ဆဋ္ဌ)``၊ ဖြစ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အတ္ထိ၊ ရှိ၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ အဗ္ဘူတံ၊ အဗ္ဘူတမည်၏။
နိဒ္ဒုက္ခတ္တာ၊ ဒုက္ခမရှိသည်၏အဖြစ်ကြောင့်။ **အနီတိကံ**၊ အနီတိကမည်၏။
နိဒ္ဒုက္ခသဘာဝတ္တာ၊ ဆင်းရဲကင်းသော သဘောရှိသည်၏အဖြစ်ကြောင့်။ **အနီတိကဓမ္မံ**၊ ဆင်းရဲကင်းသော သဘောရှိ၏။
ဝါနာဘာဝေန၊ ဝါနဟုဆိုအပ်သော တဏှာမရှိသည်၏ အဖြစ်ကြောင့်။ **နိဗ္ဗာနံ**၊ နိဗ္ဗာန်မည်၏။
ဗျာဗဇ္ဈာဘာဝေနေဝ၊ ကြောင့်ကြမရှိသည်၏ အဖြစ်ကြောင့်။ ** အဗျာဗဇ္ဈံ**၊ အဗျာပဇ္ဇမည်၏။
ဝိရာဂါဓိဂမဿ၊ ရာဂကင်းကြောင်း ဖြစ်သောမဂ်ကိုရခြင်း၏။ ပစ္စယတော၊ အကြောင်း၏အဖြစ်ကြောင့်။ **ဝိရာဂံ**၊ ဝိရာဂမည်၏။
ပရမတ္ထသုဒ္ဓိတာယ၊ မုချဆတ်ဆတ် စင်ကြယ်သည်၏ အဖြစ်ကြောင့်။ **သုဒ္ဓိ**၊ မုချဆတ်ဆတ်စင်ကြယ်သည်မည်၏။
တီဟိ ဘဝေဟိ၊ ဘဝသုံးပါးတို့မှ။ မုတ္တတာယ၊ လွတ်သည်၏ အဖြစ်ကြောင့်။ **မုတ္တိ**၊ မုတ္တိမည်၏။
ကာမာလယာနံ၊ ပုထုဇည်တို့သည် ကပ်ငြိအပ်သော ကာမဂုဏ်တို့၏။ အဘာဝေန၊ မရှိခြင်းကြောင့်။ **အနာလယံ**၊ ပုထုဇဉ်တို့ ကပ်ငြိတွယ်တာအပ်သော ကာမာလယကင်းသည်မည်၏။
ပတိဋ္ဌဋ္ဌေန၊ တည်ရာ၏အဖြစ်ကြောင့်။ **ဒီပံ**၊ ဒီပမည်၏။
အလ္လီယိတဗ္ဗယုတ္တဋ္ဌေန၊ ကပ်ငြိအပ်သောအနက်ကြောင့်။ **လေဏံ**၊ လေဏမည်၏။
တာယနဋ္ဌေန၊ ဘေးကိုစောင့်ရှောက်စေတတ်သော သဘောကြောင့်။ **တာဏံ**၊ တာဏမည်၏။
ဘယသရဏဋ္ဌေန၊ ဘေးကိုဖျောက်ပယ်ဖျက်စီးတတ်သည်၏ အဖြစ်ကြောင့်။ **သရဏံ**၊ သရဏမည်၏။ ဘယနာသနံ၊ ဘေးကိုဖျက်ဆီးတတ်သည်။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ပရံ၊ မြတ်သော။ အယနံ ဂတိ၊ လားရာတည်း။ ပတိဋ္ဌာ၊ တည်ရာတည်း။ ဣတိ တသ္မာ၊ ထို့ကြောင့်။ **ပရာယနံ**၊ ပရာယနမည်၏။
ဧတ္ထ၊ ဤသံယုတ်၌။ သေသံ၊ ကြွင်းသော စကားသည်။ ဝုတ္တနယမေဝ၊ ဆိုအပ်ပြီးသောနည်းရှိသည်သာတည်း။ ဣတိ၊ ဤအ‌ရွေ့အပြီးတည်း။
အသင်္ခတသံယုတ်သည် ။ သမတ္ထံ၊ ပြီးပြီ