**တေ လောကေ သုဂတာ**တိ၊ တေ လောကေ သုဂတာ ဟူသည်ကား။
တေ၊ ထို ယေသံ ခေါ အာဝုသော ရာဂေါ ပဟီနော ဥစ္ဆိန္နမူလော စသည်ဖြင့် ပယ်အပ်သော သူမြတ်တို့သည်။
ရာဂါဒယော၊ ရာဂအစရှိသည် တို့ကို။
ပဟာယ၊ အရိယမဂ်ဖြင့်ပယ်၍။
ဂတတ္တာ၊ ဉာဏ်ဟူသောသွားခြင်းဖြင့် သွားပြီးသည်၏ အဖြစ်ကြောင့်။
သုဋ္ဌု၊ ကောင်းစွဦ။
ဂတာ ပဋိပန္နာ၊ ဉာဏဂမနဖြင့် ကြွတော်မူကုန်ပြီ။
ဣတိ၊ ဤသို့သော အနက်သဘောကြောင့်။
သုဂတာ၊ သုဂတမည်ကုန်၏။
**ဒုက္ခဿ ခေါ အာဝုသော ပရိညတ္ထန္တိ**၊ ဒုက္ခဿ ခေါ အာဝုသော ပရိညတ္ထံ ဟူသည်ကား။
ဝဋ္ဋဒုက္ခဿ၊ ဝဋ်ဒုက္ခကို။
ပရိဇာနနတ္ထံ၊ ဉာတ,တီရဏ,ပဟာနဟုဆိုအပ်သော သုံးပါးသောပရိညာဉ်တို့ဖြင့် ပိုင်းခြား၍သိခြင်းငှာ။
**ဒုက္ခတာ**တိ၊ ဒုက္ခတာဟူသည်ကား။
ဒုက္ခသဘာဝေါ၊ ဒုက္ခသဘောရှိသောတရားသည်။
**ဒုက္ခဒုက္ခတာ**တိအာဒီသု၊ ဒုက္ခဒုက္ခတာ ဤသို့အစရှိသောပါဌ်တို့၌။
ဒုက္ခသင်္ခါတော၊ ဒုက္ခဟုခေါ်ဝေါ်အပ်သော။
ဒုက္ခသဘာဝေါ၊ ဒုက္ခသဘောရှိသောတရားသည်။
ဒုက္ခဒုက္ခတာ၊ ဒုက္ခဟုဆိုအပ်သော ဒုက္ခသဘောရှိသောတရားမည်၏။
သေသပဒဒွယေပိ၊ ကြွင်းသော သင်္ခါရ ဒုက္ခတာ, ဝိပရိဏာမဒုက္ခတာဟူသော နှစ်ပုဒ်၌လည်း။
ဧသေဝ နယော၊ ဤနည်းကိုသာလျှင်။
ဝဒိတဗ္ဗော၊ သိအပ်၏။