Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
(SN) Saḷāyatanavagga-aṭṭhakathā
(SN) Saḷāyatanavagga-aṭṭhakathā

7-12. Ajjhattāniccātītānāgatasuttādivaṇṇanā

Author: miuthi-မိုးထိ @ IAPT

သတ္တာမာဒီနိ၊ သတ္တမအသုတ်အစရှိသည်တို့ကို။ အတီတာနာဂတေသု၊ အတိတ်အနာဂတ်ဖြစ်ကုန်သော။ စက္ခာဒီသု၊ စက္ခုအစရှိသည်တို့၌။ (တေသံ၊ ထိုအတိတ်အနာဂတ်ဖြစ်ကုန်သောစက္ခုအစရှိသည်တို့၏။ အဝိဇ္ဇာမာနတ္တာ၊ ထင်ရှားမရှိသည်၏အဖြစ်အကြောင့်။ ဂါဟဿ၊ တဏှာဒိဋ္ဌိအားဖြင့် စွဲလမ်းခြင်း၏။ အဒဠှတာယ၊ မမြဲသည်၏အဖြစ်ကြောင့်။) အနိစ္စလက္ခဏာဒီနိ၊ အနိစ္စလက္ခဏာစသည်တို့ကို။ သလ္လက္ခေတွာ၊ မှတ်နိုင်၍။ ပစ္စုပ္ပန္နေသု၊ ပစ္စုပ္ပန်ဖြစ်ကုန်သော။ စက္ခာဒီသု၊ စက္ခုအစရှိသည်တို့၌။ (တေသံ၊ ထိုပစ္စုပ္ပန်ဖြစ်သောစက္ခုစသည်တို့၏။ ဝိဇ္ဇာမာနတ္တာ၊ ထင်ရှားရှိသည်၏ အဖြစ်ကြောင့်တည်း။) ဗလဝဂါဟေန၊ အားသန်သော တဏှာစသောဂါဟဖြင့်။ ကိလမန္တာနံ၊ ဝိပဿနာတည်းဟူသော ခရိးဖြောင့်သို့ ဝိတက်တည်းဟူသော သိန္ဓောမြင်းကိုနှင်ခြင်းငှာ ပင်ပန်းကုန်သော ဝေနေယျတို့၏။ ဝသေန၊ အလိုအားဖြင့်။ ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်၏
သဗ္ဗတ္ထ၊ အလုံးစုံသောသုတ်တို့၌။ သေသံ၊ ကြွင်းသောစကားသည်။ ဟေဋ္ဌာ၊ အောက်၌။ ဝုတ္ထနယမေဝ၊ ဆိုအပ်ပြီးသော နည်းရှိသည်သာလျှင်တည်း။ ဣတ္တိ၊ ဤသည်လျှင်အပြီးတည်း။
ပဌမော၊ ရှေးဦးစွာသော။ အနိစ္စဝဂ္ဂေါ၊ အနိစဝဂ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ရောက်ပြီ။