နဝမေ၊ နဝမသုတ်၌။
**ဒုဗ္ဘိက္ခာ**တိ၊ ဒုဗ္ဘိက္ခာဟူသည်ကား။
ဒုလ္လဘဘိက္ခာ၊ ရခဲသောအစာရှိသည်။
**ဒွီဟိတိကာ**တိ၊ ဒွီဟိတိကာဟူသည်ကား။
ဇီဝိဿာမ နု ခေါ၊ အသက်ရှင်ပါအံ့လော။
နဇီဝိဿာမ နုခေါ၊ ဤသယောတွင် ပါလျက် အသက်မရှင်ဖြစ်တုံအံ့လော။
ဣတိဧံ ပဝတ္ထဤဟိတိကာ၊ ဤသို့ဖြစ်သော နှလုံးနှစ်ခွရှိ၏။
ဒုဟိတိကာတိပိ၊ ဒုဟိတိကာဟူ၍လည်း။
ပါဌော၊ ပါဌ်ရှိ၏။
အယမေဝ အတ္ထော၊ ဤဆိုအပ်ပြီးသော အနက်ပင်တည်း။
ဧတ္ထ၊ ဤနာဠန္ဒမြို့၌။
ဒုက္ခာ၊ ဆင်းရဲငြိငြင်သော။
ဤဟိတိ၊ ဤနှလုံးနှစ်ခွဖြစ်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
ကောစိ၊ တစ်စုံတစ်ခုသော။
ပယောဂေါ၊ လုံ့လသည်။
သုခေန၊ ချမ်းသာသဖြင့်။
ကာတုံ၊ ပြုခြင်းငှာ။
နသက္ကာ၊ မတတ်ကောင်း။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဒုဟိတိကာ၊ ဒုဟိတိကာမည်၏။
တတ္ထ တတ္ထ၊ ထိုထိုအရပ်၌။
မတမနုဿာနံ၊ မစားရတတ်ငတ်မွတ်၍ သေကုန်သောသူတို့၏။
ဝိပ္ပကိဏ္ဏာနိ၊ ဖရိုဖရဲဖြန့်ကြဲကုန်သော။
သေတာနိ၊ ဖွေးဖွေးဖြူကုန်သော။
အဋ္ဌိကာနိ၊ အရိုးတို့သည်။
ဧတ္ထ၊ ဤနာဠန္ဒမြို့၌။
အတ္ထိ၊ ရှိကုန်၏။
**သေတဋ္ဌိကာ**၊ အရိုးဖွေးဖွေးရှိသည်မည်၏။
**သလာကာဝုတ္တာ**တိ၊ သလာကာဝုတ္တာဟူသည်ကား။
သလာကမတ္တဝုတ္တာ၊ စိုက်ကြဲလေတိုင်း အဆံမပါ နှံတံသာရောက်သောကောက်ရှိ၏။
တတ္ထ၊ ထိုနာဠန္ဒမြို့၌။
ယံ သဿံ၊ အကြင်ကောက်ကို။
ဝုတ္တံ ဝါပိတံ၊ စိုက်ကြဲအပ်၏။
တမ္ပိ၊ ထိုစိုက်ကြဲလေတိုင်းသောကောက်သည်လည်း။
သလာကမတ္တမေဝ၊ အဆန်မပါ နှံတံသာရောက်သော ကောက်ရှိသည်။
အဟောသိ၊ ဖြစ်၏။
ဖလေ၊ အသီးအဆန်တို့ကို။
န ဇနယတိ၊ မဖြစ်စေ။
ဣတိ အတ္ထော၊ ဤကားအနက်တည်း။
ဥဂ္ဂိလိတုန္တိ၊ ဥဂ္ဂလိတုံဟူသည်ကား။
ဒွေ အန္တေ၊ အစွန်းနှစ်ဖက်တို့ကို။
မောစေတွာ၊ လွှတ်စေ၍။
ကထေတုံ၊ ဆိုခြင်းငှာ။
အသက္ကောန္တော၊ မတတ်နိုင်သည်ဖြစ်၍။
ဥဂ္ဂိလိတုံ၊ ထွေးခြင်းငှာ။
ဗဟိ နီဟရိတုံ၊ အပသို့ထုတ်ခြင်းငှာ။
န သက္ခီ၊ မတတ်နိုင်။
ဣတိ အယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
**ဩဂ္ဂိလိတုန္တိ** ``ဩဂိလိတုန္တ်ိ (ဆဋ္ဌ)``၊ ဩဂ္ဂိလိတုံဟူသည်ကား။
ပုစ္ဆာယ၊ ပုစ္ဆာ၏။
ဒေါသံ၊ အပြစ်ကို.
ဒိသွာ၊ မြင်၍။
ဟာရေတုံ၊ ပယ်ခြင်းငှာ။
အသက္ကောန္တော၊ မတတ်နိုင်ရကား။
ဩဂ္ဂလိတုံ၊ မျိုခြင်းငှာ။
အန္တောပဝေသေတုံ၊ ခံတွင်းသို့သွင်းခြင်းငှာ။
န သက္ခိ၊ မတတ်နိုင်လတ္တံ့။
ဣတိ အတ္ထော၊ ဤကား အနက်တည်း။
**ဣတော သော ဂါမဏိ ဧကနဝုတိကပ္ပေ**တိ၊ ဣတော သော ဂါမဏိ ဧကနဝုတိကပ္ပေဟူသည်ကား။
ဘဂဝါ၊ သဗ္ဗညုဘုရားသည်။
ကထယမာနောဝ၊ စကားဆိုစဉ်သာလျှင်။
ယာဝ၊ အကြင်ရွေ့လောက်။
နိက္ခန္တော၊ ထွက်သော။
နာသိကဝါတော၊ နှာခေါင်းလေသည်။
ပုန၊ တစ်ဖန်။
နပဝိသတိ၊ မဝင်သေး။
တာဝတကေန၊ ထိုရွေ့လောက်သော။
ကာလေန၊ ကာလဖြင့်။
ဧကနဝုတိကပ္ပေ၊ ကိုးဆယ့်တစ်ကမ္ဘာတိုင်အောင်။
ကိဉ္စိ ကုလေ၊ တစုံတဦးသောအမျိုး၌။
ပက္ကဘိက္ခဒါနေန ပက္ကဘိက္ခာဒါနေန (ဆဋ္ဌ)၊ ကျက်ပြီးဆွမ်းကို လှူခြင်းကြောင့်။။
ဥပဟတပုဗ္ဗံ၊ ပျက်စီးမွဲတေဘူးသည်။
အတ္တိနုခေါ၊ ရှိချေအံ့လော။
ဣတိ၊ ဤသို့။
ပရိဇာနနတ္ထံ၊ စူးစမ်းခြင်းငှာ။
အနုဿရိ၊ အောက်မေ့တော်မူ၏။
အထ၊ ထိုသို့ အောက်မေ့လတ်သော်။
ဧကမ္ပိ၊ ပျက်စီးမွဲတေဘူးသည့်တစ်ဦးသော အမျိုးကိုမျှလည်း။
အပဿန္တော၊ ရွှေဉာဏ်တော်ဖြင့်မမြင်ရကား။
ဣတော သော ဂါမဏီတိအာဒိံ၊ ဣတော သော ဂါမဏိဤသို့အစရှိသောစကားကို။
အာဟ၊ ဟောတော်မူ၏။
ဣဒါနိ၊ ယခု အခါ၌။
ဒါနာဒီနံ၊ ဒါနသစ္စာသီလတို့၏။
အာနိသံသံ၊ အာနိသင်အကျိုးဆက်ကို။
ကထေန္တော၊ ဟောတော်မူလိုရကား။
**အထ ခေါ ယာနိ တာနိ ကုလာနိ အဍ္ဎာနီ**တိ၊ အထ ခေါ ယာနိ တာနိ ကုလာနိ အဍ္ဎာနိအစချီသော။
ဓမ္မဒေသနံ၊ တရားဒေသနာတော်ကို။
အာရဘိ၊ အားထုတ်တော်မူ၏။
တတ္ထ၊ ထို အထခေါ အစရှိသော ဓမ္မဒေသနာတော်၌။
**ဒါနသမ္ဘူတာနီ**တိ၊ ဒါနသမ္ဘူတာနိဟူသည်ကား။
ဒါနေန၊ လက်ဦးလက်ဖျား နည်းများမဆို ကြည်ညိုသဒ္ဓါ ပေးလှူခြင်းဖြင့်။
သမ္ဘူတာနိ သမ္မဒေဝဘူတာနိ ဝဍ္ဎိပတ္တာနိ၊ အနည်းငယ်ညောင်စေ့မှ ရွေ့ရွေ့ စည်ပြီးညောင်ပင်ကြီးကဲ့သို့ ပွားစီးခြင်းသို့ ရောက်ကုန်၏။
နိဗ္ဗတ္တာနိ၊ အသစ် အသစ်ဖြစ်ထွန်းကုန်၏။
သေသပဒဒွယေပိ၊ သစ္စသမ္ဘူတာနိ သာမညသမ္ဘူတာနိဟူသော ကြွင်းသော နှစ်ပုဒ်၌လည်း။
ဧသေဝ နယော၊ ဤဆိုပြီးသောနည်းလျှင်နည်းရှိ၏။
ပန၊ ထူးသည်ကိုဆိုဦးအံ့။
ဧတ္ထ၊ ဤသေသပဒဒွယ၌။
သစ္စဝါဒိတာ၊ ချိန်ကြီးသဖွယ် မကွယ်မချ့ မလွန်မပို အမါန်ဆိုလေ့သောသူ၏ အဖြစ်သည်။
**သစ္စံနာမ**၊ သစ္စာမည်၏။
သေသသီလံ၊ ရှစ်ပါးအပြားရှိသော အရိယာပုဂ္ဂိုလ်တို့ ပြောဆိုရိုးသီလသည်။
**သာမညံနာမ**၊ သမဏအဖြစ်သီလ မည်၏။
**ဝိကိရတီ**တိ၊ ဝိကိရတိဟူသည်ကား။
အယောဂေန၊ သောက်ဖိုးစားဖိုး အကျိုးမထင် သဘင်မြူးကျင့် မသင့်သော သုံးဆောင်ခြင်းဖြင့်။
ဝဠဉ္ဇန္တော၊ ကျောက်ခဲသလဲသို့ တဖွဲဖွဲသုံးစား၍။
ဝိပ္ပကိရတိ၊ ဖရိုဖရဲပြု၏။
**ဝိဓမတီ**တိ၊ ဝိဓမတိဟူသည်ကား။
ဓမေန္တော ဝိယ၊ လေဆိုးမှုတ်လွှင့်သို့။
နာသေတိ၊ ပျောက်ပျက်စေ၏။
**ဝိဒ္ဓံသေတီ**တိ၊ ဝိဒ္ဓံသေတိဟူသည်ကား။
နာသေတိ၊ ပျက်စီး၏။
**အနိစ္စတာ**တိ၊ အနိစ္စတာဟူသည်ကား။
ဟုတွာ၊ ဖြစ်ပြီး၍။
အဘာဝေါ၊ ပျက်စီးပြုန်းတီးခြင်းလည်းကောင်း။
ဗဟုနာပိ ကာလေန၊ အမွန်ရှည်လျား များစွာသော ကာလဖြင့်လည်း။
သင်္ဂတာနံ၊ ဆည်းပူးစုပေါင်းအပ်ကုန်သော ဥစ္စာစည်းစိမ်တို့၏။
ခဏေနေဝ၊ မကြာခဏ တမဟုတ်မျှဖြင့်လျှင်။
အန္တရဓါနံ၊ ကွယ်ပျောက်ခြင်းလည်းကောင်း။