စတုတ္ထေ၊ စတုတ္ထသုတ်၌။
အပဟီနဋ္ဌေန၊ မဂ်ဖြင့်မပယ်အပ်သေးသည်၏ အဖြစ်ကြောင့်။
**အတ္ထိ**၊ ရှိ၏။
တေနေဝါ၊ ထို့ကြောင့်သာလျှင်။
**သော အပ္ပဟီနော**တိ၊ သော အပ္ပဟီနောဟူ၍။
အာဟ၊ ဟောတော်မူပြီ။
**ပရိတ္တာ**တိ၊ ပရိတ္တာဟူသည်ကား။
ပဗ္ဗတမတ္တမ္ပိ၊ တောင်ရှိမျှဖြစ်သော်လည်း။
ရူပံ၊ ရူပါရုံသည်။
အနိဋ္ဌံ၊ အလိုမရှိအပ်သည်။
အရဇ္ဇနိယံ၊ တပ်မက်ဖွယ်မရှိမူကား။
ပရိတ္တံ နာမ၊ ပရိတ္တမည်သည်။
ဟောတိ၊ ဖြစ်၏။
ဧဝရူပါပိ၊ ဤသို့ဖြစ်ကုန်သော်လည်း။
ရူပါပန၊ ရူပါရုံတို့သည်ကား။
အဿ ပဟီနကိလေသဿ၊ ထိုပယ်ပြီးသော ကိလေသာရှိသောသူ၏။
စိတ္တံ၊ နဲ့နဲ့ဖြစ်သောစိတ်ကို။
ပရိယာဒိယန္တိ၊ ထက်ဝန်းကျင်ယူနိုင်ကုန်သေး၏။
ဣတိဣမံအတ္ထံ၊ ဤသို့သောအနက်ကို။
ဒဿေတိ၊ ပြတော်မူ၏။
**ကော ပန ဝါဒေါ အဓိမတ္တာန**န္တိ၊ ကော ပန ဝါဒေါ အဓိမတ္တာနံ ဟူသည်ကား။
ဣဋ္ဌာရမ္မဏံ၊ ဣဋ္ဌာရုံဖြစ်၍။
ရဇ္ဇနိယံ၊ တပ်မက်ဖွယ်ရှိသော။
ဝတ္ထုပန၊ ဝတ္ထုဟူသည်ကား။
အဿပဟီနကိလေသဿ၊ ထိုပယ်ပြီးသော ကိလေသာရှိသောပုဂ္ဂိုလ်၏။
စိတ္တံ၊ စိတ်ကို။
ပရိယာဒိယတိ၊ ထက်ဝန်းကျင် သိမ်းကျုံး၍ ယူနိုင်ပေ၏။
ဣတိ၊ ဤသို့။
ဧတ္ထ၊ ဤဣဋ္ဌာရမ္မဏ ရဇ္ဇနိယဝတ္ထု၌။
ကထာဝ၊ ဆိုဖွယ်စကားသည်။
ကာ၊ အဘယ်ရှိအံ့နည်း။
စ၊ ဆက်၍ ဆိုအံ့။
ဧတ္ထ၊ ဤအဓိမတ္တာနံဟူသောပါဌ်၌။
နခပိဋ္ဌိပမာဏမ္ပိ၊ လက်သည်းခွံပမာဏရှိ၍ ဝတ္ထုအားဖြင့် အနည်းငယ်ဖြစ်သော်လည်း။
မဏိမုတ္တာဒိ ရဇနိယဝတ္ထု၊ ပတ္တမြးပုလဲစသော တပ်မက်ဖွယ်ဣဋ္ဌာရုံဝတ္ထုသည်။
အဓိမတ္တာရမ္မဏမေဝ၊ အဓိမတ္တ အာရုံမည်သည်သာတည်း။
ဣတိ၊ အသို့သော။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
**ဒဟရော**တိအာဒီနိ၊ ဒဟရောဤသို့အစရှိကုန်သော။
တီဏိပိ ပဒါနိ၊ သုံးပုဒ်တို့သည်လည်း။
အညမညဝေဝစနာနေဝ၊ အချင်းချင်းဝေဝုစ်တို့ပင်တည်း။
**အာဘိန္ဒေယျာ**တိ၊ အာဘိန္ဒေယျဟူသည်ကား။
ပဟာရေယျ၊ ပုတ်ခတ်ရာ၏။
ပဒါလေယျ၊ ဖေါက်ခွဲရာ၏။
ပဉ္စမေ၊ ပဉ္စမသုတ်၌။
**တဒုဘယ**န္တိ၊ တဒုဘယံဟူသည်ကား။
တံ ဥဘယံ၊ ထိုစက္ခုရူပနှစ်ပါးအပြားရှိသော အာယတနကို။
ဆဋ္ဌံ၊ ဆဋ္ဌသုတ်သည်။
ဥတ္တာနမေဝ၊ ပေါ်သည်သာလျှင်တည်း။