တတိယေ၊ တတိယသုတ်၌။
**ရူပဂတမေတန္တိ**၊ ရူပဂတမေတံဟူသည်ကား။
ဧတံ၊ ဤတထာဂတဟုပညတ်အပ်သော အနက်သဘောသည်။
ရူပမတ္တံ၊ ရုပ်မျှသာတည်း။
ဧတ္ထ၊ ဤတထာဂတဟုပညတ်ရာ၌။
ရူပတော၊ ရုပ်မှ။
အညော၊ တစ်ပါးသော။
ကောစိ၊ တစ်စုံတစ်ခုသော။
သတ္တော နာမ၊ သတ္တဝါမည်သည်ကို။
န ဥပလဗ္ဘတိ၊ မရအပ်။
ရူပေ၊ ရုပ်သည်။
သတိ၊ ရှိသော်။
ဧတံ၊ ဤတထာဂတသတ္တဟူသောအမည်သည်။
နာမမတ္တံ၊ အမည်မျှသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ ဣမံ အတ္ထ့၊ ဤအနက်ကို။
ဒဿေတိ၊ ပြ၏။
**ဝေဒနာဂတမေတန္တိ**၊ ဝေဒနာဂတံ ဧတံဤသို့ အစရှိသည်တို့၌လည်း။
ဧသေဝ နယော၊ ဤဆိုအပ်ပြီးသောနည်းလျှင်တည်း။
**အယံ ခေါ အာဝုသော ဟေတူ**တိ၊ အယံ ခေါ အာဝုသော ဟေတုဟူသည်ကား။
ဃေန ဟေတုနာ၊ အကြင်အကြောင်းဖြင့်။
ဧတံဝစနံ၊ ဤပုစ္ဆာစကားကို။
ဘဂဝတော၊ သဗ္ဗညုဘုရားသည်။
အဗျာကတံ၊ မဖြေအပ်။
ရူပါဒီနိ၊ ရုပ်အစရှိသည်ကို။
မုဉ္စိတွာ၊ လွှတ်၍။
အယံ အနုပလဗ္ဘိယသဘာဝေါ အနုပလဗ္ဘနိယတာ၊ ဤသို့မရကောင်းသည်၏ အဖြစ်သည်သာလျှင်။
ဟေတု၊ ထို မဖြေခြင်း၏အကြောင်းတည်း။
ဣတိ၊ ဤသည်လျှင်အပြီးတည်း။
စတုတ္ထာဒီနိတိ၊ စတုတ္ထသုတ်အစရှိသည်တို့သည်။
ဥတ္တာနတ္ထာနေဝ၊ ပေါ်သော အနက်ရှိကုန်သည်သာတည်း။