သတ္တမေ၊ သတ္တမသုတ်၌။
သဗ္ဗေ ဓမ္မာတိ၊ သဗ္ဗေ ဓမ္မာဟူသည်ကား။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
တေဘူမကဓမ္မာ၊ တေဘူမကတရားတို့သည်။
**နာလံ အဘိနိဝေသာယာ**တိ၊ နာလံ အဘိနိဝေသာယဟူသည်ကား။
အဘိနိဝေသပရာမာသဂ္ဂါဟေန၊ နိစ္စစသည်တို့၏ အစွမ်းအားဖြင့် နှလုံးသွင်းခြင်း ဓမ္မသဘောကိုလွန်၍ တပါးသောအားဖြင့် သုံးသပ်ခြင်းဟု ဆိုအပ်သော စွဲလမ်းခြင်းဖြင့်။
ဂါဟတ္ထံ ``ဂဏှိတုံ (ဆဋ္ဌ)``၊ စွဲလမ်းခြင်းငှါ။
န ယုတ္တာ၊ မသင့်ကုန်။
**သဗ္ဗနိမိတ္တာနီ**တိ၊ သဗ္ဗနိမိတ္တာနိဟူသည်ကား။
သဗ္ဗာနိ၊ ခပ်သိမ်းကုန်သော။
သင်္ခါရနိမိတ္တာနိ၊ သင်္ခါရသာလျှင်ဖြစ်ကုန်သော ဝဋ်စက်ကျင်လည်ခြင်း၏ အကြောင်းနိမိတ်တို့ကို။
**အညတော ပဿတီတိ **၊ အညတော ပဿတိဟူသည်ကား။
ယထာ၊ အကြင်အတ္တအခြင်းအရာအားဖြင့်။
အပရိညာတာဘိနိဝေသော၊ ပိုင်းခြား၍မသိအပ်သော အဘိနိဝေသ ရှိသော။
ဇနော၊ လူသည်။
ပဿတိ၊ ရှု၏။
တတေ၊ ထိုပိုင်းခြား၍မသိအပ်သော အဘိနီဝေသ ရှိသောသူသည် ရှုအပ်သောအတ္တအခြင်းအရာမှ။ာ
အညတော၊ တပါးသော အနတ္တအခြင်းအရာအားဖြင့်။
ပဿတိ၊ ရှု၏။
ဟိသစ္စံ၊ မှန်၏။
အပရိညာတာဘိနိဝေသော၊ ပိုင်းခြား၍မသိအပ်သော အဘိနိဝေသ ရှိသော။
ဇနော၊ လူသည်။
သဗ္ဗနိမိတ္တာနိပိ၊ အလုံးစုံသောသင်္ခါရသာလျှင်ဖြစ်သော ဝဋ်စက်ကျင်လည်ခြင်း၏ အကြောင်းနိမိတ်တို့ကိုလည်း။
အတ္တတော၊ အတ္တအားဖြင့်။
ပဿတိ၊ ရှု၏။
ပန၊ အထူးကိုဆိုအံ့။
ပရိညာတဘိနိဝေသော၊ ဉာတပရိညာဉ်ဖြင့် ပိုင်းခြား၍သိအပ်ပြီးသော မိစ္ဆာဘိနိဝေသရှိသောသူသည်။
အနတ္တတော၊ အနတ္တဟူ၍။
ပဿတိ၊ ရှု၏။
အတ္တတော၊ အတ္တဟူ၍။
နောပဿတိ၊ မရှု။
ဣတိဧဝံ၊ ဤသို့လျှင်။
ဣမသ္မိံသုတ္တော၊ ဤသုတ်၌။
အနတ္တလက္ခဏမေဝ၊ အနတ္တလက္ခဏာကို သာလျှင်။
ကထိတံ၊ ဟောတော်မူအပ်၏။