**ကာယေ ကာယာနုပဿီ**တိအာဒီသု၊ ကာယေ ကာယနုပဿီ ဤသို့အစရှိသောပါဌ်တို့၌။
ယံ၊ အကြင်စကားကို။
ဝတ္တဗ္ဗံ၊ ဆိုသင့်၏။
တံ၊ ထိုဆိုသင့်ဆိုရန်ရှိသမျှ စကားမျိုးစုကို။
ပရတော၊ နောက်ဖြစ်သော မဟာဝဂ္ဂသံယုတ်၌။
ဝက္ခာမ၊ ဆိုကုန်အံ့။
အနတန္တိအာဒီသု၊ အနတံဤသို့အစရှိသော ပါဌ်တို့၌။
တဏှာနတိယာ၊ တဏှာဟူသောနတိ၏။
အဘာဝေန၊ မရှိခြင်းကြောင့်။
အနတံ၊ အနတမည်၏။
စတုန္နံ၊ လေးပါးကုန်သော။
အာသဝါနံ၊ အာသဝေါတရားတို့၏။
အဘာဝေန၊ မရှိခြင်းကြောင့်။
**အနာသဝံ**၊ အာသဝေါကင်းသည်မည်၏။
ပရမတ္ထသစ္စတာယ၊ ပရမတ္ထသစ္စာ၏ အဖြစ်ကြောင့်။
**သစ္စံ**၊ သစ္စာမည်၏။
ဝဋ္ဋဿ၊ ဝဋ်ဒုက္ခ၏။
ပရဘာဂဋ္ဌေန၊ ပြင်ဘတ်အဖို့ဖြစ်သော အနက်ကြောင့်။
ပါရံ၊ ပါရမည်၏။
သဏှဋ္ဌေန၊ သိမ်မွေ့သော။
**နိပုဏံ**၊ နိပုဏမည်၏။
သုဋ္ဌု၊ လွန်စွာ။
ဒုဒ္ဒသတာယ၊ မြင်နိုင်ခဲသည်အဖြစ်ကြောင့်။
**သုဒုဒ္ဒသံ**၊ အလွန်မြင်နိုင်ခဲသည်မည်၏။
ဇရာယ၊ အိုခြင်းသဘောဖြင့်။
အဇရိတတ္တာ၊ အိုခြင်းဆွေးမြည့်ခြင်းကင်းသည်၏အဖြစ်ကြောင့်။
**အဇဇ္ဇရံ**၊ ဇရာဖြင့် ဆွေးမြည့်ခြင်းကင်းသည်မည်၏။
ထိရဋ္ဌေန၊ မြဲမြံခိုင်ခံ့သည်၏အဖြစ်ကြောင့်။
**ဓုဝံ**၊ ဓုဝမည်၏။
အပလုဇ္ဇနတာယ၊ ပျက်စီးခြင်းကင်းသည်၏ အဖြစ်ကြောင့်။
**အပလောကိတံ**၊ ပျက်စီးခြင်းကင်းသည်မည်၏။
စက္ခုဝိညာဏေန၊ စက္ခုဝိညာဉ်ဖြင့်။
အပဿိတဗ္ဗတ္တာ၊ မမြင်ကောင်းသည်၏အဖြစ်ကြောင့်။
**အနိဒဿနံ**၊ အနိဒဿမည်၏။
တဏှာမာနဒိဋ္ဌိပပဉ္စာနံ၊ တဏှာ,မာန,ဒိဋ္ဌိဟု ဆိုအပ်သော သံသရာကို ချဲ့တတ်သောတရားတို့၏။
အဘာဝေန၊ မရှိခြင်းကြောင့်။
**နိပ္ပပဉ္စံ**၊ သံသရာကိုချဲ့တတ်သော တဏှာ,မာန,ဒိဋ္ဌိ ကင်းသည်မည်၏။
သန္တဘာဝဋ္ဌေန၊ ငြိမ်သက်သည်၏ အဖြစ်ကြောင့်။
**သန္တံ**၊ သန္တမည်၏။
မရဏာဘာဝေန၊ ပျက်စီးခြင်းမရှိသည်၏အဖြစ်ကြောင့်။
**အမတံ**၊ အမတမည်၏။
ဥတ္တမဋ္ဌေန၊ မြတ်သောသဘောကြောင့်။
ပဏီတံ၊ ပဏီတမည်၏။
သဿိရိကဋ္ဌေန၊ အသရေနှင့် ပြည့်စုံသောသဘောကြောင့်။
**သိဝံ**၊ သီဝမည်၏။
နိရုပဒ္ဒဝတာယ၊ ဥပဒ္ဒဝေါကင်းသည်၏ အဖြစ်ကြောင့်။
**ခေမံ**၊ ဘေးဥပဒ္ဒဝေါကင်းသည်မည်၏။
တဏှာက္ခယဿ၊ တဏှာကုန်ခြင်း၏။
ပစ္စယတ္တာ၊ အကြောင်း၏အဖြစ်ကြောင့်။
**တဏှက္ခယံ**၊ တဏှာကုန်ကြောင်းမည်၏။
ဝိမှာပနီယဋ္ဌေန၊ အံ့ဖွယ်ကိုဖြစ်စေတတ်သော သဘောကြောင့်။
အစ္ဆရံ၊ လက်ဖျစ်ကို။
ပဟရိတဗ္ဗယုတ္တကံ၊ တီးခတ်ခြင်းငှာ လျောက်ပတ်၏။
ဣတိ တသ္မာ၊ ထို့ကြောင့်။
**အစ္ဆရိယံ**၊ အစ္ဆရိယမည်၏။
အဘူတမေဝ၊ မဖြစ်ဘူးသည်သာလျှင်။
ဟုတွာ၊ ဖြစ်၍။
ဘူတံဇာတံ ``အဇာတံ (ဆဋ္ဌ)``၊ ဖြစ်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
အတ္ထိ၊ ရှိ၏။
ဣတိ တသ္မာ၊ ထို့ကြောင့်။
အဗ္ဘူတံ၊ အဗ္ဘူတမည်၏။
နိဒ္ဒုက္ခတ္တာ၊ ဒုက္ခမရှိသည်၏အဖြစ်ကြောင့်။
**အနီတိကံ**၊ အနီတိကမည်၏။
နိဒ္ဒုက္ခသဘာဝတ္တာ၊ ဆင်းရဲကင်းသော သဘောရှိသည်၏အဖြစ်ကြောင့်။
**အနီတိကဓမ္မံ**၊ ဆင်းရဲကင်းသော သဘောရှိ၏။
ဝါနာဘာဝေန၊ ဝါနဟုဆိုအပ်သော တဏှာမရှိသည်၏ အဖြစ်ကြောင့်။
**နိဗ္ဗာနံ**၊ နိဗ္ဗာန်မည်၏။
ဗျာဗဇ္ဈာဘာဝေနေဝ၊ ကြောင့်ကြမရှိသည်၏ အဖြစ်ကြောင့်။
** အဗျာဗဇ္ဈံ**၊ အဗျာပဇ္ဇမည်၏။
ဝိရာဂါဓိဂမဿ၊ ရာဂကင်းကြောင်း ဖြစ်သောမဂ်ကိုရခြင်း၏။
ပစ္စယတော၊ အကြောင်း၏အဖြစ်ကြောင့်။
**ဝိရာဂံ**၊ ဝိရာဂမည်၏။
ပရမတ္ထသုဒ္ဓိတာယ၊ မုချဆတ်ဆတ် စင်ကြယ်သည်၏ အဖြစ်ကြောင့်။
**သုဒ္ဓိ**၊ မုချဆတ်ဆတ်စင်ကြယ်သည်မည်၏။
တီဟိ ဘဝေဟိ၊ ဘဝသုံးပါးတို့မှ။
မုတ္တတာယ၊ လွတ်သည်၏ အဖြစ်ကြောင့်။
**မုတ္တိ**၊ မုတ္တိမည်၏။
ကာမာလယာနံ၊ ပုထုဇည်တို့သည် ကပ်ငြိအပ်သော ကာမဂုဏ်တို့၏။
အဘာဝေန၊ မရှိခြင်းကြောင့်။
**အနာလယံ**၊ ပုထုဇဉ်တို့ ကပ်ငြိတွယ်တာအပ်သော ကာမာလယကင်းသည်မည်၏။
ပတိဋ္ဌဋ္ဌေန၊ တည်ရာ၏အဖြစ်ကြောင့်။
**ဒီပံ**၊ ဒီပမည်၏။
အလ္လီယိတဗ္ဗယုတ္တဋ္ဌေန၊ ကပ်ငြိအပ်သောအနက်ကြောင့်။
**လေဏံ**၊ လေဏမည်၏။
တာယနဋ္ဌေန၊ ဘေးကိုစောင့်ရှောက်စေတတ်သော သဘောကြောင့်။
**တာဏံ**၊ တာဏမည်၏။
ဘယသရဏဋ္ဌေန၊ ဘေးကိုဖျောက်ပယ်ဖျက်စီးတတ်သည်၏ အဖြစ်ကြောင့်။
**သရဏံ**၊ သရဏမည်၏။
ဘယနာသနံ၊ ဘေးကိုဖျက်ဆီးတတ်သည်။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
ပရံ၊ မြတ်သော။
အယနံ ဂတိ၊ လားရာတည်း။
ပတိဋ္ဌာ၊ တည်ရာတည်း။
ဣတိ တသ္မာ၊ ထို့ကြောင့်။
**ပရာယနံ**၊ ပရာယနမည်၏။
ဧတ္ထ၊ ဤသံယုတ်၌။
သေသံ၊ ကြွင်းသော စကားသည်။
ဝုတ္တနယမေဝ၊ ဆိုအပ်ပြီးသောနည်းရှိသည်သာတည်း။
ဣတိ၊ ဤအရွေ့အပြီးတည်း။
အသင်္ခတသံယုတ်သည် ။
သမတ္ထံ၊ ပြီးပြီ