Issues
Select Version
🙏日光的法宝🙏
中文
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Ekakanipātapāḷi

1. Paṭhamavaggo

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ဧကဓမ္မော၊ တစ်ခုသောတရားသဘောသည်။ ဝါ၊ ကို။ ဘာဝိတော၊ ဖြစ်ပွားစေအပ်သည်။ ဗဟုလီကတော၊ ကြိမ်ဖန်မျာစွာအလေ့အလာပြုအပ်သည်။ (သမာနော၊ ဖြစ်လသော်) ဧကန္တနိဗ္ဗိဒါယ၊ မချွတ်ဧကန် သံသရာဝဋ်၌ ငြီးငွေ့ခြင်းငှာလည်းကောင်း။ ဝိရာဂါယ၊ သံသရာဝဋ်၌မတပ်မက်ခြင်းငှာလည်းကောင်း။ ဝါ၊ ကိလေသာတို့၏ ကင်းကွာပျက်စီးခြင်းငှာလည်းကောင်း။ နိရောဓာယ၊ (မဂ်ဉာဏ်ဖြင့်) ကိလေသာတို့၏ အပြီးသတ်ချုပ်ငြိမ်းခြင်းငှာလည်းကောင်း။ ဝါ၊ သံသရာဝဋ်၏ ချုပ်ငြိမ်းခြင်းငှာလည်းကောင်း။ ဥပသမာယ၊ ကိလေသာတို့၏ ကင်းငြိမ်းခြင်းငှာလည်းကောင်း။ အဘိညာယ၊ (အနိစ္စတာ စသော လက္ခဏာသုံးပါးသို့တင်၍)အထူးသိခြင်းငှာလည်းကောင်း။ သမ္ဗောဓာယ၊ သစ္စာလေးပါးကို သိခြင်းငှာလည်းကောင်း။ ဝါ၊ မဂ်ဉာဏ်လေးပါးကို ထိုးထွင်းမြင်သိ ရရှိခြင်းငှာလည်းကောင်း။ နိဗ္ဗာနာယ၊ အနုပါဒိသေသနိဗ္ဗာန်အကျိုးငှာလည်းကောင်း။ (ပဋိသန္ဓေနေခြင်း၏ အကြောင်းဖြစ်သော တဏှာစသည်မှ ကင်းသော ရုပ်နာမ်ခပ်သိမ်း ချုပ်ငြိမ်းခြင်းဟူသော အမတဓာတ်အနုပါဒိသေသနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာလည်းကောင်း) သံဝတ္တတိ၊ ဖြစ်၏။ ဧကဓမ္မော၊ တစ်ခုသော တရားသဘောဟူသည်။
ကတမော၊ အဘယ်နည်း။
ဗုဒ္ဓါနုဿတိ၊ ဘုရားဂုဏ်တော်တို့ကို အာရုံပြု၍ ထပ်တလဲလဲ အောက်မေ့သောသတိပေတည်း။
ဘိက္ခဝေ၊ တို့။ အယံ ဧကဓမ္မော၊ ဤဗုဒ္ဓါနုဿတိဟူသောတစ်ခုသော တရားသဘောသည်။ ဝါ၊ ကို။ ဘာဝိတော၊ သည်။ ပ။
ဓမ္မာနုဿတိ၊ တရားဂုဏ်တော်တို့ကို အာရုံပြု၍ ထပ်တလဲလဲအောက်မေ့သော သတိပေတည်း။ ဘိက္ခဝေ၊ တို့။ အယံ ဧကဓမ္မော၊ ဤဓမ္မာနုဿတိဟူသော တစ်ခုသောတရားသဘောသည်။ ဝါ၊ ကို။ ဘာဝိတော၊ သည်။ ပ။
သံဃာနုဿတိ၊ သံဃာ့ဂုဏ်တော်တို့ကို အာရုံ... တည်း။ ပ။ သီလာနုဿတိ၊ မိမိ၏ ဖြူစင်သောသီလကို အာရုံ... တည်း။ ပ။ စာဂါနုဿတိ၊ မိမိ၏ စွန့်ကြဲပေးကမ်းလှူဒါန်းမှုကို အာရုံ.... တည်း။ ပ။ ဒေဝတာနုဿတိ၊ နတ်တို့၏ သဒ္ဓါသီလ အစရှိသောဂုဏ်နှင့်တူသော မိမိ၏သဒ္ဓါသီလအစရှိသောဂုဏ်တို့ကို အာရုံ.... တည်း။ [နတ်တို့သည် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဂုဏ်တို့နှင့်ပြည့်စုံကြသဖြင့် နတ်ပြည်၌ဖြစ်ကြရ၏။ ငါ့မှာလည်း ထိုဂုဏ်များရှိ၏ဟုနတ်တို့ကိုသက်သေပြ၍ မိမိ၏ သဒ္ဓါစသောဂုဏ်တို့ကို အောက်မေ့နေခြင်း တည်း။]။ ပ။ အာနာပါနဿတိ၊ ထွက်သက်ဝင်သက်လေတို့ကိုအာရုံပြု၍ ရှုမှတ်သော သတိပေတည်း။ ပ။ မရဏဿတိ၊ သေခြင်းတရားကိုအာရုံပြု၍ဖြစ်သော သတိပေတည်း။ ပ။ ကာယဂတာသတိ၊ ဆံပင်။ မွေးညင်းစသည်တို့၏ အစုအဝေး၌ အာရုံပြုလျက်ဖြစ်သော သတိတည်း။ ဥပသမာနုဿတိ၊ ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကို အာရုံပြု၍ ထပ်တလဲလဲ အောက်မေ့သောသတိပေတည်း။ ဝါ၊ ကိလေသာတို့ကို ကင်းငြိမ်းစေတတ်သောအရိယမဂ်ကိုအာရုံ.... တည်း။ ပ။