**ယသ္မာ (ပေ) ဌပိတာ**။ ။ ဤဝါကျဖြင့် နာယမာတိကာကို အကျယ်ပြသောအခါ နယမုခမာတိကာ၌လည်သော ပုဒ်များကို အသုံးပြုရပုံကိုပြ၏။ ချဲ့ဦးအံ့- "ရူပက္ခန္ဓော ကတိဟိ ခန္ဓေဟိ သင်္ဂဟိတော" စသော စကားရပ်၌ "ရူပက္ခန္ဓော" သည် အဗ္ဘန္တရမာတိကာ၌ ပြအပ်သော ပဉ္စက္ခန္ဓာ၏ အကျယ်တည်း၊ "သင်္ဂဟိတော" သည် နယမာတိကာ၌လည်သော သင်္ဂတော အသင်္ဂဟောဝယ် သင်္ဂဟော၏ အကျယ်တည်း၊ "ကတိဟိ ခန္ဓေဟိ အာယတနေဟိ ဓာတူဟိ" တို့သည် နယမုခမာတိကာ၌လာသော "တီဟိ သင်္ဂဟော, တီဟိ အသင်္ဂဟော" တို့၏ အကျယ် တည်း။
သင်္ဂဟော အသင်္ဂဟောတိ အာဒိကာယ၊ အစရှိသော။
နယမာတိကာယ၊ ၏။
[နယ မာတိကာအတွက်, နယမာတိကာ၌ အသုံးပြုဖို့ရာ ဟူလို။]
တီဟိ သင်္ဂဟော တီဟိ အသင်္ဂဟောတိ၊ ဟူ၍။
နယမုခမာတိကာ၊ ကို။
(ဘဂဝတာ) ဌပိတာ၊
တသ္မာ၊ ကြောင့်။
(ထိုသို့ နယမာတိကာ၌ အသုံးပြုဖို့ရာ တီဟိ သင်္ဂဟော တီဟိ အသင်္ဂဟော ဟူ၍ နယမုခမာတိကာ၏ ထားတော်မူအပ်သည်၏ အဖြစ်ကြောင့်။)
**တသ္မာ(ပေ) ဥဒ္ဓဋာနိ**။ ။ ထိုသို့ ဥဒ္ဒေသမာတိကာ၌ ပြအပ်သော စကားရပ်တို့ကို ထိုက်သင့်သလို အသုံးပြုသော အားဖြင့် ဤနိဒ္ဒေသ၌ ထုတ်ပြတော်မူရသည်။ ခန္ဓာ အာယတန ဓာတ်တို့ကိုသာ အသုံးပြု၍ သစ္စာအစရှိသော ပုဒ်တို့တွင် တပုဒ်ကိုမျှလည်း သင်္ဂဟ အသင်္ဂဟ အရာ၌လည်းကောင်း, နောက်လာမည့်သမ္၌ယောဂ ဝိပ္ပယောဂ အရာ၌လည်းကောင်း အသုံးပြုတော်မမူပုံကို ဋီကာအဖွင့်ကြည့်ပါ။ အဖြေဝါကျ၌ "သဘာဂေါ ဝိသဘာဂေါ" ဟူသော လက္ခဏာမာတိကာကို ထောက်၍ "ဧကေန ခန္ဓေန" စသည်ဖြင့် ဖြေတော်မူရကား လက္ခဏမာတိကာကို ဤနိဒ္ဒေသ၌ အသုံးပြုရပုံကို လည်း သိပါ။
ရူပက္ခန္ဓာဒီနံ၊ ရူပက္ခန္ဓာ အစရှိသော တရားတို့၏။
သင်္ဂဟံ၊ သင်္ဂဟကို။
ဒဿေတုံ၊ ငှါ။
ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူ ဟီတိ၊ ဟူ၍။
တီဏိ၊ ကုန်သော။
ခန္ဓာယတနဓာတုပဒါနေဝ၊ ခန္ဓာ, အာယတန, ဓာတ်ဟူသော ပုဒ်တို့ကိုသာ။
ဥဒ္ဓဋာနိ၊ ထုတ်ဆောင်တော်မူ အပ်ကုန်ပြီ။
[ဧဝ ၏ နိဝတ္တေတဗ္ဗတ္ထကို ပြုလို၍ စတ္တာရိ သစ္စာနိ- စသည်ကို မိန့်။]**ရူပက္ခန္ဓေနေဝ**။ ။ "ရူပက္ခန္ဓော ဧကေန ခန္ဓေန" ၌ "ရူပက္ခန္ဓော" ဟူသော ကံပုဒ်နှင့် "ဧကေန ခန္ဓေန" ဟူသော ကရိုဏ်းပုဒ်တို့အရတူသောကြောင့် "ရူပက္ခန္ဓေနေဝ" ဟု သန္နိဋ္ဌာနာဝဓာရဏ ထည့်၍ ဖွင့်သည်။ "သဘာဂါ ဟိ" စသည်ကား ရူပက္ခန္ဓော ဟူသော ကတ္တားပုဒ်၏ အရနှင့် "ဧကေန ခန္ဓေန (ပေ) ဧကာဒသဟိ ဓာတူတိ" ဟူသော ကရိုဏ်းပုဒ်တို့၏ အရသည် ရုပ္ပန သဘောလက္ခဏာချင်းတူကြ၏။ ထို့ကြောင့် ရူပက္ခန္ဓာဖြင့် သိမ်းယူရမည့် တရာတို့ကို ပြရာ၌ ထို သဘာဂ ဖြစ်ကြသော ခန္ဓာ အာယတန ဓာတ်ကို့ကိုသာ ထုတ်ပြတော်မူသည်။
(သင်္ဂဟိတော၊ ၌စပ်။)
["ရူပက္ခန္ဓဘာဝေန, ရူပက္ခန္ဓဝစနေန"ဟု ဖွင့်လတ္တံ အတိုင်းလည်း အနက်ပေးနိုင်၏။]ဟိ၊ မှန်။
ယံကိဉ္ဇိ၊ အမှတ်မရှိ ကြွင်းမရှိ ဥဿုံ အလုံးစုံသော။
ရူပံ၊ ကို။
ဝါ၊ သည်။
ရူပက္ခန္ဓသဘာဂတ္တာ၊ ရူပက္ခန္ဓာအားဖြင့် တူသော အဖို့ ရှိသည်၏ အဖြစ်ကြောင့်။
(ရူပက္ခန္ဓာ ချင်းသဘောတူသည်၏ အဖြစ်ကြောင့်။)
ရူပက္ခန္ဓောတွေဝ၊ ရူပက္ခန္ဓာ ဟူ၍သာ။
သင်္ဂဟံ၊ သိမ်းယူရေတွက် အပ်သည်၏ အဖြစ်သို့။
ဂစ္ဆတိ၊ ၏။
ဣတိ၊ ကြောင့်။
(ထိုသို့ ရုပ် အားလုံး၏ ရူပက္ခန္ဓာချင်း သဘော တူသည့်အတွက် ရူပက္ခန္ဓာ ဟူ၍သာ သိမ်းယူရေတွက် အပ်သည်၏ အဖြစ် ကြောင့်။)
ရူပက္ခန္ဓေနေဝ၊ ဖြင့်သာ။
ဂဏိတံ၊ ရေတွက်အပ်ပြီ။
ယဉှိ ကိဉ္ဇိ (ပေ) ဂဏိတံ။ ။ "ရူပက္ခန္ဓေနေဝ" ဟူသော ရှေ့စကား၏ ဒဠှီဝါကျတည်း။ "ရူပက္ခန္ဓသဘောဂတာ" ဟူသည် ရုပ္ပန လက္ခဏာရှိခြင်းအားဖြင့် သဘောတူခြင်းတည်း။ ဤသို့ သဘောတူသောကြောင့် "သဘာဂေါ ဝိသဘာဂေါ" ဟူသော လက္ခဏ မာတိကာနှင့် အညီ ရုပ်အားလုံးကို ရူပက္ခန္ဓာဖြင့် သိမ်းယူရေတွက်ရသည်။ အ၌ "သင်္ဂဟိတံ" ကို "ဂဏိတံ" ဟုဖွင့်၏။ ထို့သို့ဖွင့်ခြင်းဖြင့် "သင်္ဂဟိတံ" အရ ဇာတိသင်္ဂဟ စသော ၄ မျိုးတွင် ဂဏနသင်္ဂဟ ကို ယူရကြောင်း သိစေသည်။ ထို ဂဏိတံကို "ပရိစ္ဆိန္နံ" ဟု ထပ်၍ ဖွင့်၏၊ "ရူပက္ခန္ဓာဖြင့် သိမ်းယူရေတွက် လိုက်သောအခါ အခြားသော ဝေဒနာက္ခန္ဓာ ဖွင့်ခြင်းဟု မှတ်ပါ။
မေးဖွယ်။ ။ "ရူပက္ခန္ဓော ဧကေန ခန္ဓေန" ၌ ရူပက္ခန္ဓော အရနှင့် ဧကေန ခန္ဓေန အရသည် ရုပ် ၂၀ ပါးချည်းရသောကြောင့် "တဝါကျ၌ အရတူလျှင် ဝိဘတ်တူရသည်" ဟူသော ဥပဒေသနှင့် ဆန့်ကျင်သည် မဟုတ်ပါလောဟု မေးဖွယ်ရှိ၏။ထိုသို့ မေးဖွယ်ရှိသောကြောင့် ဋီကာ၌ အရမတူအောင် "ဧကေန ခန္ဓေန" အရ "ရူပက္ခန္ဓဘာဝ" ကို ယူဖို့ရန်, တနည်း "ရူပက္ခန္ဓသဒ္ဒါ" ကို ယူဖို့ရန် ၂ နည်းပြထားသည်။ ဋီကာနိယာမ အဓိပ္ပါယ်ကို ကြည့်ပါ။
တံ၊ ထို ရုပ်ကို။ ရူပက္ခန္ဓေနေဝ၊ ဖြင့်သာ။ ပရိစ္ဆိန္နံ၊ ပိုင်းခြားအပ်ပြီ။**အသင်္ဂဟနယနိဒ္ဒေသေ**။ ။ ဤပဌမ နယသည် သင်္ဂဟာသင်္ဂဟနယတည်း။ ထိုသင်္ဂဟ, အသင်္ဂဟ ၂ ပုဒ်ပေါင်းမှ တစ် နယသာဖြစ်၏။ ထို့ကြောင့် "အသင်္ဂဟနယ" ဟူသည် သီးခြား နယ တမျိုး မဟုတ်။ ပဌမ နယဖြစ်သော သင်္ဂဟ အသင်္ဂဟတွင် အသင်္ဂဟ တစိတ်ကိုပင် ဧကဒေသျူပစာရအားဖြင့် "အသင်္ဂဟနယ" ဟု ဆိုထားသည်ဟု မှတ်ပါ။ [အသင်္ဂဟ နယနိဒ္ဒေသေတိ, ဣဒံ (ပေ) ဒဋ္ဌဗ္ဗံ။- ဋီကာ။]
ကတိဟိ အသင်္ဂဟိတောတိ၊ ဟူ၍။
သင်္ခေပေနေဝ၊ အကျဉ်းအားဖြင့် သာလျှင်။
**သင်္ခေပေနေဝ (ပေ) အာဒိ ဝုတ္တံ**။ ။ ပါဠိတော်ကို ကြည့်ပါ။ အသင်္ဂဟ နယ၌ "ကတိဟိ အသင်္ဂဟိတော" ဟု အကျဉ်းပုစ္ဆာကို တွေ့ရလိမ့်မည်။ အဖြေ၌ကား ရူပက္ခန္ဓာနှင့် ဝိသဘာဂဖြစ်သော နာမ် ခန္ဓာ ၄ ပါး မနာယတန, သတ္တဝိညာဏဓာတ်တို့ကို ဖြေတော်မူ၏။ ထို့ကြောင့် "ဝိသဇ္ဇနေ ပန (ပေ) တသ္မာ စတူဟိ ခန္ဓေဟီတိအာဒိ ဝုတ္တံ" ဟု ဆိုသည်။
ပုစ္ဆာ၊ ကို။
(ဘဂဝတာ) ကတွာ၊
["ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ" တို့ကို ချုံးထားသည် ဟူလို။]
[စာအုပ်တို့၌ "ပနဿ" ဟု ရှိ၏။ "အဿ- ထို ရူပက္ခန္ဓာ၏" ဟုလည်း ရှေးနိဿယ ပေးသည်။ မိမိကား "ပနဿဦ" ဟု ရှိသင့်မည် ထင်သည်။]**ဧကမူလကေ**။ ။ "ရူပက္ခန္ဓော ကတိဟိ ခန္ဓေဟိ " စသည်ဖြင့် ခန္ဓာ တပါး တည်းကိုသာ စတည်သော သင်္ဂဟနယ, အသင်္ဂဟနယကို ဧကမူလက သင်္ဂဟနယ, အသင်္ဂဟနယ ဟု ဆိုသည်။ ဤအတူ "ရူပက္ခန္ဓော စ ဝေဒနာက္ခန္ဓော စ ကတိဟိ" စသည်ကို "ဒုကမူလက" ဟုလည်းကောင်း, ခန္ဓာ ၃ ပါး တွဲထားသည်ကို "တိကမူလက" ဟုလည်းကောင်း၊ ခန္ဓာ ၄ ပါး တွဲထားသည်ကို "စတုက္ကမူလက" ဟုလည်းကောင်း ခန္ဓာ ၅ ပါး ပေါင်းထားသည်ကို "ပဉ္စက" ဟု လည်းကောင်း ခေါ်ထားသည်။ထိုပဉ္စက၌လည်း ခန္ဓာ ငါးပါးလုံး နာမည်ဖော်ထားသော ပါဠိတော်ကို ဘေဒ,နာမည်မ ဖော်ပဲ "ပဉ္စက္ခန္ဓာ ကတိဟိ ခန္ဓေဟိ" ဟသည်ကို အဘေဒဟု ၂ မျိုးခွဲထားသည်။
ဝါ၊ ဝယ်။
(သင်္ဂဟနယ၊ ၌စပ်။)
သင်္ဂဟနယေ၊ ၌။
(သိမ်းယူ ရေတွက်ပုံကို ပြရာနည်း၌။)
သရူပေနေဝ၊ သရုပ်အားဖြင့်ဝယ်။
ဒဿိတာ၊ ပြတော်မူအပ်ကုန်သော။
ပဉ္စ၊ ကုန်သော။
ပုစ္ဆာ၊ အမေးတို့သည်လည်းကောင်း။
ပဉ္စ၊ ကုန်သော။
ဝိသဇ္ဇနာနိ၊ အဖြေတို့သည်လည်းကောင်း။
**ပဉ္စ ပုစ္ဆာ ပဉ္စ ဝိသဇ္ဇနာနိ**။ ။ သင်္ဂဟနယ၌ ဧကမူလကဝယ် ခန္ဓာငါးပါး အတွက် ပုစ္ဆာ ၅ ပါး ဝိသဇ္ဇနာ ၅ ပါးတို့ကို ပေယျာလ မမြှုပ်ပဲ သရုပ်ဖော်ထားသည်ကို ရည်ရွယ်၍ "သင်္ဂဟနယေသရှုပေနေဝ ဒဿိတာ ပဉ္စ ပုစ္ဆာ ပဉ္စ ဝိသဇ္ဇနာနိ" ဟု ဆိုသည်။ အသင်္ဂဟနယ ဧကမူလက ၌ကား ထို ပုစ္ဆာ ၅ ပါးတို့ကို ပြထားသော်လည်း "ရူပက္ခန္ဓော, ဝေဒနာက္ခန္ဓော" စသည်ဖြင့် နာမည်သရုပ် မဖော်တော့ပဲ "ကတိဟိ အသင်္ဂဟိတော" စသည်ဖြင့် အကျဉ်းမျှ ပြတော်မူသည်ကို ရည်ရွယ်၍ "အသင်္ဂဟနယေ သင်္ခေပေန ဒဿတိ (ပေ) ဝိသဇ္ဇာနာနိ" ဟု ဆိုသည်။
(ဟောန္တိ)၊ **အသင်္ခတံ (ပေ) ဌပေတွာ**။ ။ ဤပါဠိတော်သည် ဓမ္မာယတန အတွက် ပြအပ်သော ပါဠိတော်တည်း။ ထို့ကြောင့် "အသင်္ခတံ ဓမ္မာယတနံ နာမ နိဗ္ဗာနံ" ဟူ ဓမ္မာယတန အမည်ကိုပြသည်။ နိဗ္ဗာန်သည် "ဘေဒါဘာဝေန နိဗ္ဗာနံ၊ ခန္ဓ သင်္ဂဟ နိဿဋံ" ဟူသော အဘိဓမ္မတ္ထသင်္ဂဟ သမုစ္စည်းပိုင်းနှင့်အညီ ခန္ဓာ မဖွဲ့ရသောကြောင့် "အသင်္ခတံ ခန္ဓတော ဌပေတွာ" ဟု ဟောတော်မူသည်။
ဓမ္မာယတနံ နာမ၊ ဓမ္မာယတန မည်သည်။
နိဗ္ဗာနံ၊ တည်း။
တဉ္စ၊ ထို နိဗ္ဗာန်သည်လည်း။
ခန္ဓသင်္ဂဟံ၊ ခန္ဓာဖြင့် သိမ်းယူရေတွက် အပ်သည်၏ အဖြစ်သို့။
နဂစ္ဆတိ၊ မရောက်။**ဒုက္ခမတ္တမေဝ**။ ။ ဧဝဖြင့် "တိကမှ စ၍ ဧကာဒသက တိုင်အောင် ပြထိုက် သော ပါဠိရပ်တို့ကိုလည်းကောင်း, ဒွါဒသက၌လည်း ဘေဒကိုလည်းကောင်း မပြတော့" ဟု ကန့်သည်။ ပါဠိတော်ကို ကြည့်လျှင် ဒုကမူသက အပြီး၌ ဒွါဒသကဘေဒကိုသာ တွေ့ရလိမ့်မည်။ ဓာတုနိဒ္ဒေသ၌လည်း ဤအတိုင်းပင် (ပါဠိတော်ရှိပုံကို) သိပါ။
ပါဠိယံ၊ ပါဠိတော်၌။
ဒဿေတွာ၊ ၍။
ဒွါဒသာယတနာနီတိ၊ ဟူ၍။
အဘေဒတောဝ၊ အဘေဒအားဖြင့်သာ။
ပုစ္ဆာဝိသဇ္ဇနံ၊ ကို။
(အင်္ဂီတိကာရေဟိ) ကတံ၊ သစ္စနိဒ္ဒေသေ၊ ၌။
သစ္စနိဒ္ဒေသ။ ။ သစ္စနိဒ္ဒေသ ၌ကား ခန္ဓာနိဒ္ဒေသ တုန်းက ကဲ့သို့ ရထိုက်သော ဒုကဘိကစတုက္ကတို့ကို ပါဠိတော်၌ အပြည့်အစုံ ပြတော်မူ၏။ အနည်းငယ်ထူးပုံကား- သစ္စာ ၄ ပါး စဉ်ရာ၌ အကျိုးအကြောင်းတွဲ၍ "နိရောဓသစ္စာ, မဂ္ဂသစ္စာ" ဟု ဟောတော်မူအပ်သော အစဉ်ရှိ၏။ ထို အစဉ်အတိုင်းမကျပဲ သမုဒယ သစ္စာ၏ အခြားမဲ့၌ မဂ္ဂသစ္စာကို ဟောတော်မူထား၏။ ထိိုသို့ ဟောတော်မူရခြင်းမှာ သမုဒယသစ္စာ၏ ဝိသဇ္ဇနနှင့် မဂ္ဂသစ္စာ၏ ဝိသဇ္ဇန တို့ တူသော ကြောင့်တည်း။
မှတ်ချက်။ ။ အဋ္ဌကထာစာအုပ်တို့၌ "ယသ္မာ ဒုကတိကေသု" ဟု ဒုကတိက တို့၌ "သမုဒယသစ္စာနှင့် မဂ္ဂသစ္စာတို့ အဖြေတူသောကြောင့်" ဟု အကြောင်းပြထား၏။ ဒုကတိက ၌သာ သမ ဧကက၌လည်း ထို သစ္စာ ၂ ပါးတို့ အဖြေတူကြ၏။ သို့ပါလျက် ဒုကတိက တို့၌သာ အဖြေတူပုံကို ပြခြင်း၌ အဋ္ဌကထာ နှလုံးသွင်းကို ဋီကာ ၌ ဖော်ပြထားသည်။
သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ဒုကတိကစတုက္ကာ၊ တို့ကို။ ပါဠိယံ၊ ပါဠိတော်ကို။ ဒဿိတာ၊ ကုန်ပြီ။**အဝိဇ္ဇာ(ပေ) ဒဿိတံ**။ ။ "အဝိဇ္ဇာ ဧကေန ခန္ဓေန၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဧကေန ခန္ဓေန" ဟု ရေးသင့်ကြောင်း ကို ဋီကာ၌ ဆို၏။ ဋီကာဆရာ၏ လက်ထက်က "အဝိဇ္ဇာ ဧကေန ခန္ဓေန" ဟူသော ပါဠိ ရှိဟန် မတူ။ ယခု စာအုပ်တို့၌ ရှိနေ၏။ ယခု အဋ္ဌကထာ စာအုပ်တို့၌ "အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဧကေန ခန္ဓေန" ဟူသော ပါဠိကား မရှိ။ ဋီကာ အဖွင့် အတိုင်း အဋ္ဌကထာဝယ် ရှိသင့်၏။ ပါဠိတာ်၌လည်း ဋီကာ အဖွင့်အတိုင်း အပြည့်စုံရှိသည်။ **ဝိပါကဝိညာဏံ**။ ။ ဝိပါက်ဝိညာဉ်သာ မက, ကုသိုလ်- အကုသိုလ်- ကြိယာ ဝိညာဉ်တို့ကိုပါ "ဝိညာဏ" အရ၌ ယူနိုင်သောကြောင့် "ဝိပါက- ဟူသော ဝိသေသနကို မပြုထိုက်" ဟု ဆိုပြီးလျှင် "ဝိပါက ဓမ္မာ" " အရနှင့် ဤ ဝိညာဏ၏ အရ သဘောမတူကြောင်းကို ဋီကာ ဆရာ ထောက်ပြထားသည်။ **ဖဿာ ဒီသု ခန္ဓာဘေဒေါ**။ ။ ပါဠိတော်ဝယ် ဖဿ ဝေဒနာ တဏှာ ဥပါဒါန ကမ္မဘဝတို့ကို "ဧကေန ခန္ဓေန" ဟု ပေါင်း၍ ပြထားသော်လည်း ခန္ဓာချင်းကာ မတူပါ။ ဖဿ ကို သင်္ခါရက္ခန္ဓာဖြင့်, ဝေဒနာကို ဝေဒနာက္ခန္ဓာဖြင့်, တဏှာ စသည်ကို သင်္ခါရက္ခန္ဓာဖြင့် သိမ်းယူရပါသည်။ ထို့ကြောင့် ဖဿ စသည်တို့အတါက် ခန္ဓာထူးပုံကို သိထိုက်ပါသည်- ဟူလို။
ခန္ဓဘေဒေါ၊ ခန္ဓာတို့၏ အထူးအပြားကို။
ဝေဒိတဗ္ဗော၊ ၏။