တတြ၊ ထို စက္ခာယတနေန အစရှိသော သင်္ဂဟိတေန အသင်္ဂဟိတပဒနိဒ္ဒေသ၌။
[ရှေးနိဿယဝယ် "ထို သင်္ဂဟိတေန အသင်္ဂဟိတပဒ၌" ဟု စွဲသည်။]
ဣဒံ၊ ဤဆိုအပ်လတ္တံ့ကား။
လက္ခဏံ၊ မှတ်သားအပ်သော သဘောတည်း။
ဟိ၊ ချဲ့။
ဣမသ္မိံ ဝါရေ၊ ဤဒုတိယနယနိဒ္ဒေသ ဝါရ၌။
("ပုစ္ဆိတွာ ဝိသဇ္ဇနံ ကတံ" ၌စပ်)။
ယံ (ဓမ္မဇာတံ)၊ အကြင် တရားသဘောကို။
(ကေနစိ၊ တစ်စုံတခုသော။
သင်္ဂါဟကေန၊ သိမ်းယူရေတွက်တတ်သော ကတ္တားသည်။)
ခန္ဓပဒေန၊ ခန္ဓာ ဟူသော တရားအဖို့အစုဖြင့်။
ယံ ခန္ဓပဒေန (ပေ) အသင်္ဂဟိတံ။ ။ ဤစကားဖြင့် "စက္ခာယတနေန" ကဲ့သို သော ရုပ်တချို့ကို ကတ္တားလုပ်၍ ဟောတော်မူအပ်သော ရုပ်တရားတို့၏ "သင်္ဂဟိတ အသင်္ဂဟိတ" ဖြစ်ပုံကို ပြ၏။ "စက္ခာယတနေန ယေ ဓမ္မာ (ပေ) အာယတနသင်္ဂဟေန အသင်္ဂဟိတာ၊ ဓာတု သင်္ဂဟေန အသင်္ဂဟိတာ" ဟူသော ပါဠိတော်၏ အရကောက်ကို သတိပြုပါ။
ခန္ဓပဒေန။ ။ ဤ၌ ပဒ သဒ္ဒါသည်။ ကောဋ္ဌာသ အနက်ဟော၊ တနည်း ပုဒ် ဟူသော အနက်ဟော ဟု ၂ မျိုးကြံပါ။ ကောဋ္ဌာသ အနက်ကို ဟောရာ၌ ခန္ဓာ အဖို့အစု ဟူသော အနက်ကို ရ၏။ ပုဒ်ဟူသော အနက် ကိုဟောရာ၌ ရူပက္ခန္ဓာ စသော သဒ္ဒါကို ရ၏။ ဤသို့ ၂ နည်းရအောင် ပေးခြင်းသည် "ရူပက္ခန္ဓ ဘာဝသင်္ခါတေန ရူပက္ခန္ဓဝစန သင်္ခါတေနစ" ဟူသော ဋီကာ ဖွင့်သည့်ခဲ့အတိုင်း ပေးခြင်းတည်း။
ခန္ဓာ ယတန ပဒေဟိ ဝါ (ပေ)အသင်္ဂဟိတံ။ ။ ဤစကားဖြင့် "စက္ခု ဝိညာဏ ဓာတုယာ" ကဲ့သို့ သော စိတ်တချို့ကို ကတ္တားလုပ်၍ ဟောတော်မူအပ်သော တရားတို့၏ "သင်္ဂဟိတ အသင်္ဂဟိတ " ဖြစ်ပုံကို ပြ၏။ "စက္ခုဝိညာဏဓာတုယာ (ပေ) ဓာတုသင်္ဂဟေန အသင်္ဂဟိတာ" ဟူသော ပါဠိတော်၏ အရကောက်ကို သတိပြုပါ။
ဝါ၊ ခန္ဓ ပုဒ်ဖြင့်။ သင်္ဂဟိတံ၊ သိမ်းယူရေတွက်အပ်သည်။ ဟုတွာ၊ ၍။ အာယတနဓာတုပဒေဟိ၊ အာယတန ဓာတ်ဟူသော တရားအဖို့အစု တို့ဖြင့်။ ဝါ၊ အာယတနပုဒ်, ဓာတုပုဒ် တို့ဖြင့်။ အသင်္ဂဟိတံ၊ အပ်။ ဝါ၊ တနည်း။ ခန္ဓာယတနပဒေဟိ၊ တို့ဖြင့်။ ဝါ၊ တို့ဖြင့်။ သင်္ဂဟိတံ၊ သည်။ ဟုတွာ ဓာတုပဒေန၊ ဖြင့်။ ဝါ၊ ဖြင့်။ အသင်္ဂဟိတံ၊ အပ်။ တဿ (ဓမ္မဇာတဿ)၊ ထိုတရားသဘောကို။ ``**တဿ (ပေ) အသင်္ဂဟံ**။ ။ ဤစကားဖြင့် "တေဓမ္မာ ကတိဟိ ခန္ဓေဟိ ၊ပေ၊ အသင်္ဂဟိတာ၊ တေ ဓမ္မာ စတူဟိ ခန္ဓေတိ (ပေ) အသင်္ဂဟိတာ" ကဲ့သို့ သော ပုစ္ဆာ, ဝိသဇ္ဇန ကို ပြသည်။ ဓာတုကထာညဝါအကောက်ကို ဆိုပြီးသော ပုဂ္ဂိုလ်များအတွက် ခက်ခဲ့သော အဓိပ္ပါယ် မရှိပါ။ `` (အသင်္ဂဟိတံ၊ ၌စပ်)။ ခန္ဓာဒီဟိ၊ ခန္ဓာ အစရှိသော တရားတို့ဖြင့်။ အသင်္ဂဟံ၊ မသိမ်းယူ မရေတွက်ခြင်းကို။ ပုစ္ဆိတွာ၊ မေးတော်မူပြီး၍။ ဝိသဇ္ဇဣံ၊ အဖြေကို။ (ဘဂဝတာ) ကတံ၊ ပြုတော်မူအပ်ပြီ။**ယာနိ ပန (ပေ) ဂဟိတာနိ**။ ။ ဤဒုတိယ နယ၌ စက္ခာယတနကဲ့သို့ ရုပ်ခန္ဓာတချို့ကိုသာ အရကောက်ရသော ပုဒ်, စက္ခာဝိညာဏဓာတ်ကဲ့သို့ စိတ်တချို့ကိုသာ အရကောက်ရသော ပုဒ်တို့ကို ဟောတော်မူရပုံကိုလည်းကောင်း၊ ရုပ်ကို ကတ္တားလုပ်ရာ၌ ယေမ္မော၏ အစွဲကို ခန္ဓာ တူ၍ အာယဘန ဓာတ်ကွဲသော တရားတို့ကို စွဲရပုံနှင့် စိတ်ကို ကတ္တားလုပ်၍ ဟောတော်မူရာ၌ ယေဓမ္မာ၏ အစွဲကို ခန္ဓာ အာယတန တူ၍ ဓာတ်ကွဲသော တရားတို့ကို စွဲရပုံကိုလည်းကောင်း သိပါ။ ထို့ကြောင့် "ဒုမှာဟောဖို၊ ရုပ်တချို့နှင့်၊ တချို့စိတ်ရ၊....ယေ စွဲပြသော်၊ ရုပ်ကခန်တူ။ စိတ်ကမူကား၊ မတူဓာတ်သာ" ဟု ဆရာတို့ မိန့်တော်မူကြသည်။
ဣဒံ၊ ဤဆိုအပ်ပြီးကား။
(တတြ၊ ထို စက္ခာယတနေန အစရှိသော စကားအရပ်၌။
လက္ခဏံ၊ မှတ်သားအပ် သော သဘောတည်း။
တတြိဒံ လက္ခဏံကို ပြန် ၍ အုပ်သည်။)**သဒိသဝိသဇ္ဇနေ (ပေ) သမောဓာနေတွာ**။ ။ စ-ဖော-စ-ဣ- စသည်၌ စက္ခာယတန စက္ခုဓာတ် တို့နှင့် ဖောဋ္ဌဗ္ဗာယတန, ဖောဋ္ဌဗ္ဗဓာတ် တို့ကို စ+ဖော ဟု ၂ မျိုးခွဲထားသော်လည်း ဝိသဇ္ဇန ပြုသောအခါ "စတူဟိ ခန္ဓေဟိ ဒွီဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ အသင်္ဂဟိတာ" ဟု အဖြေတူသောကြောင့် တပေါင်းတည်းပေါင်း၌ ပြဿနာ တရပ်အဖြစ် ပြုတော်မူအပ်၏။ ထိုသို့ အဖြေတူသော်လည်း စ အတွက် ယေဓမ္မာ တေဓမ္မာ အရ ရုပ်သတ္တဝီသ ရသောကြောင့် တမျိုး၊ ဖော- အတွက် ရုပ် ပဉ္စဝီသ ရသောကြောင့် တမျိုး၊ ဤသို့ ၂ မျိုးခွဲ၍ စ+ဖော ဟု ဆောင်ပုဒ်ပြုတော်မူကြသည်။
ဝီသတိ၊ နှစ်ဆယ်သော။
ဓမ္မေ၊ တရားတို့ကို။
သမောဓာနေတွာ၊ ပေါင်းတော်မူ၍။
ဧကော၊ တပါးသော။
ပဉှော၊ ကို။
ကတော၊ ပြီ။
[ဩဠာရိကာ ယတန ၀ ပါး, ဩဠာရိကဓာတ် ၁၀ ပါးအားဖြင့် ၂၀ သော တရားတို့ကို ပြဿနာတရပ် အဖြစ်ဖြင့် ပြုတော်မူအပ်ပြီ။ ပါဠိတော် ကြည့်ပါ။]
(သဒိသဝိသဇ္ဇနာယော၊ ကုန်သော)။
သတ္တ၊ ကုန်သော။
ဝိညာဏဓာတုယော၊ ဝိညာဏဓာတ်တို့ကို။
သမောဓာနေတွာ၊ ၍။
ဧကော၊ သော။
(ပဉှော ကတော)၊
(သဒိသဝိသဇ္ဇနာနိ၊ ကုန်သော)။
သတ္တ ဣန္ဒြိယာနိ၊ တို့ကို။
သမောဓာနေတွာ ဧကော (ပဉှော ကတော)၊ ။
(သဒိသဝိသဇ္ဇနေ၊ ကုန်သော)။
ဒွေ၊ ၂ ပါးကုန်သော။
ဘဝေ၊ ဘဝတို့ကို။
သမောဓာနေတွာဧကော (ပဉှော ကတော)၊
(သဒိသဝိသဇ္ဇနေန၊ သော။)
ပရိဒေဝေန၊ ဖြင့်လည်းကောင်း။
(သဒိသဝိသဇ္ဇနေဟိ၊ ကုန်သော)။
သနိဒဿနသပ္ပဋိဃေဟိ စ၊ တို့ဖြင့်လည်းကောင်း။
ဧကော (ပဉှော ကတော)၊
အနိဒဿနသပ္ပဋိဃေဟိ၊ တို့ဖြင့်။
ဧကော (ပဉှော ကတော)၊
[ဤ၌ တပုဒ်တည်းဖြစ်သောကြောင့် သဒိသဝိသဇ္ဇနေ လိုက်ရန် မလို။]
သနိဒဿနေဟိ၊ တို့ဖြင့်။
ဧကော (ပဉှောကတော)၊
(သဒိသဝိသဇ္ဇနေဟိ၊ ကုန်သော။
သပ္ပဋိဃေသိ စ၊ တို့ဖြင့်လည်းကောင်း။
ဥပါဒါဓမ္မေဟိ စ၊ တို့ဖြင့်လည်းကောင်း။
ဧကော (ပဉှော ကတော)၊
ဣတိ၊ သို့။
အဋ္ဌ၊ ကုန်သော။
ပဉှာ၊ တို့ကို။
(ဘဂဝတာ) ကထာ၊ ကုန်ပြီ။**အတ္ထယောဇနာ ပနေတ္ထ**။ ။ "အနက်ချင်း ဆက်သွယ်၍ ယောဇနာပုံကို အောက်၌ ဆိုအပ်ပြီးသော နည်းဖြင့် သိပါ" ဟူရာဝယ် ရှေးနိဿယ၌ ပဌမနယကို "အောက်" ဟု ဆို၏။ "ဧတ္ထ" အရလည်း ဒုတိယနယအားလုံးကို စွဲ၏။ မိမိကား ပြဿနာ ရှစ်ရပ်တွင် ပဌမပြဿနာ၌ "တတြာယံ နယော" ဟု အပြည့်အစုံ ယောဇနာပုံကို ပြခဲ့၏။ ထိုနည်းကိုပင် "ဟေဋ္ဌာ" ဟု ဆိုလို ပါသည်။ သို့ဖြင်လျှင် "ဧတ္ထ" အရကိုလည်း ဒုတိယပဉှ စသည်ကို စွဲရပါလိမ့်မည်။
ဧတ္ထ၊ ဤ ဒုတိယ ပဉှ စသည်တို့၌။
(တနည်း) ဧတ္ထ၊ ဤ ဒုတိယ နယနိဒ္ဒေသ၌။
အတ္ထယောဇနာ၊ အနက်တို့ကို ယှဉ်စေခြင်းကို။
ဟေဋ္ဌာ၊ အောက်၌။
ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။
ဝေဒိတဗ္ဗာ၊ ၏။
ဣတိ၊ အပြီးတည်း။