**ပဉ္စက္ခန္ဓ (ပေ) ဝိညာဏေန (ပေ) ဂ္ဂါဂကေသု**။ ။ ဤစကားကို ထောက်၍ ဓာတုကထာ အချိုးတို့၌ "စိတ္တသုခုမ် မဆုံ" ဟုလည်းကောင်း, "ခန္ဓာ တစိတ်သာတည်း" ဟု၎င်းဆိုသည်။ "စိတ်နှင့် သုခုမ ရုပ်တို့ ဆုံလျက် ပါဝင်သော အနိဒဿနအပ္ပဋိဃ ကဲ့သို့ သော ပုဒ်များကို၎င်း, ခန္ဓာ ၅ ပါးလုံး ပါဝင်နေသော ဒုက္ခသစ္စာ တရားတိုကို၎င်း ဤ နယ၌ မဟောဝါ- ဟူလို။
ဒုက္ခသစ္စာဒီသု၊ အစရှိကုန်သော။
(ပဒေသု၊ တို့၌၎င်း။)
ဝိညာဏေန၊ နှင့်။
သဒ္ဓိံ၊ ကွ။
သုခုမရူပဂ္ဂါဟကေသု၊ သုခုမရုပ်ကို ယူနိုင်ကုန်သော။
အနိဒဿန အပ္ပဋိဃာဒီသု၊ အစရှိကုန်သော။
ပဒေသုစ၊ တို့၌၎င်း။
နယုဇ္ဇတိ၊ မသင့်။**ပဉှာ ပနေတ္ထ (ပေ) စတုတ္တိံသ**။ ။ ကထေဘုကမျတာ ပုစ္ဆာကို ပြရာ၌ ဝဒန္တ ပုဂ္ဂိုလ်က သိစေခြင်းငှါ အလိုရှိအပ်သော အနက်ကို "ပဉှ" ဟုခေါ်၏၊ သုဏန္တပုဂ္ဂိုလ်က သိလို၍ မေးရာ၌ကား " သိခြင်းငှါ အလိုရှိအပ်သော အနက်ကို "ပဉှ" ဟု ခေါ်၏။ ထို့ကြောင့် ဤနေရာ၌ "ရူပက္ခန္ဓေနယေ ဓမ္မာ (ပေ) တေ ဓမ္မာ ဧကေန ခန္ဓန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ" တိုင်အောင်သော စကားရပ်အားလုံးကို ဘုရားရှင်က သိစေလို၍ မိန့်တော်မူအပ်သောကြောင် "ပဉှ (ပြဿနာ) တရပ်" ဟု မှတ်ပါ။ [ရူပက္ခန္ဓနာတိ အာဒိ သဗ္ဗမ္ပိ ဝါ ဝိညာပေတုံ ဣစ္ဆိတဘာဝေန (ပဉှ၏ အနက်ပြ) ဝစနံ ပဉှဘာဝတော ပုစ္ဆာ၊ တေနာဟ အဋ္ဌကထာယံ "ပဉှာပနေတ္ထ (ပေ) စတုတ္တိံသ ဟောန္တီတိ။- အနူ။]
ဧတ္ထ၊ ဤ ပဉ္စမနယနိဒ္ဒေသ၌။
ပဉှာ၊ ပြဿနာ တို့သည်။
ဝါ၊ သိစေခြင်းငှါ အလိုရှိအပ်သော အနက်တို့သည်။
သဒိသဝိသဇ္ဇနာနံ၊ တူသော အဖြေ ရှိကုန်သော ပုဒ်တို့၏။
**သဒိသဝိသဇ္ဇနာနံ (ပေ) သဒ္ဓိံ**။ ။ ပါဠိတော်၌ ဝိသဇ္ဇနလည်း တူ, နီးကပ်လည်း နီးကပ်နေသော ပုဒ်များကို တပေါင်းတည်း ပြုထား၏။ နီးကပ်သော်လည်း သဒိသဝိသဇ္ဇန မဟုတ်သော ပုဒ်များကိုသာ တပါးစီ အသီး အသီး ဝိသဇ္ဇန ပြုထား၏။ ပေါင်း၍ ပြုရာ၌ အပေါင်းတစုကို "ပြဿနာတရပ်" ဟု မှတ်ပါ။ ဤသို့ ပေါင်းအပ်သော ပြဿနာ, မပေါင်းအပ်သော ပြဿနာ, ဤ ၂ ရပ်ကို ရေတွက်ရာ၌ စတုတ္တိံသ ရှိသည်ဟု ဆိုသည်။ ယခုစာအုပ်များ၌ကား ပဉတ္တိံသ ရှိနေပါသည်။ [ဤသို့ ၃၅ ပါး ဖြစ်ရပုံကို ဋီကာ နိဿယ အဓိပ္ပါယ်၌ မှတ်ချက် ပြထား၏။]
ဝသေန၊ အစွမ်းဖြင့်။
သမောဓာနေတွာ၊ ပေါင်း၍။
ကတေဟိ၊ ပြုအပ်ကုန်သော ပြဿနာတို့နှင့်။
သဒ္ဓိံ၊ ကွ။
သဗ္ဗေပိ၊ အလုံးစုံသော ပြဿနာတို့သည်လည်း။
စတုတ္တိံသ၊ သုံးဆယ့်လေးပါးသည်။
ဟောန္တိ၊ ကုန်၏။**ရူပက္ခန္ဓေန (ပေ) ဟောန္တိ**။ ။ "ယံ ပုစ္ဆာယ ဥဒ္ဓဋံ ပဒံ" စသော အကျဉ်းကို အကျယ်ပြသော စကားတည်း။ ထိုသို့ ပြရာ၌ ပဌမပုစ္ဆာကို ဥဒါဟရုဏ်အဖြစ်ဖြင့် ပြလိမ့်မည်။ ရူပက္ခန္ဓေနသည် ပုစ္ဆာယ ဥဒ္ဓဋပဒ (ပြဿနာအလို့ငှါ ထုတ်အပ်သော ပုဒ် )တည်း။ [ပုစ္ဆာယကို "ပုစ္ဆနတ္ထံ" ဟု အနူဋီကာ ဖွင့်သည်။] သို့သော် ပုစ္ဆာ တရပ်လုံးနှင့် ဆိုင်သောကြောင့် "ပုစ္ဆာ၌" ဟု လည်းပေးပါ၊ ဝိညာဏမေဝ တီဟိ (ပေ) အသင်္ဂဟိတံ နာမသည် "တဒေဝ ယေဟိ (ပေ) အသင်္ဂဟိတံ" ၏ အကျယ်တည်း။ "ပုန တေန ဝိညာဏေန သဒ္ဓိံ (ပေ) အသင်္ဂဟိတာ "မှ စ၍ "အသင်္ဂဟိတာ နာမ ဟောန္တိ" တိုင်အောင်သော စကားရပ်သည် "တေ ဓမ္မေ သန္ဓာယ ဧကေန ခန္ဓေနာတိ အာဒိ ဝုတ္တံ" ဟူသော အကျဉ်း၏ အကျယ်စကားရပ်တည်း။
(ပဌမပုစ္ဆာ၌ ပါဝင်သော ရူပက္ခန္ဓာ သည်။)
စတ္တာရော၊ ကုန်သော။
ခန္ဓာ၊ တို့ကိုလည်းကောင်း။
နိဗ္ဗာနဉ္စ၊ ကိုလည်းကောင်း။
ခန္ဓာသင်္ဂဟေန၊ ဖြင့်။
အသင်္ဂဟိတာ၊ အပ်ကုန်။အထဝါ၊ ထို့ ပြင် တနည်းကား။
အထဝါ။ ။ ဤ နည်း၌လည်း ပါဠိတော်ဝယ လာသော "ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ" ဟဟူသော အဖြေအတိုင်းရ၏။ ထို့ကြောင့် တနည်းဖွင့်ပြသည်။ ရှေ့နည်း၌ "တေဟိ ဓမ္မေဟိ ယေ ဓမ္မာ" ၌ ယေ ဓမ္မာ အရဝယ် နိဗ္ဗာန်နှင့် တကွ ခန္ဓာ ၄ ပါးရ၏။ ဤနည်း၌ကား ယေ ဓမ္မာ အရဝယ် မူလအသင်္ဂါဟက ဖြစ်သော ရုပ်တရားသာရ၏။ ထိုသို့ အရကွဲသော်လည်း ဝိညာဏပုဒ်ကို ကတ္တား ဖြစ်သောကြောင့် "ဧကေန ခန္ဓေန ဧကေနာ ယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ" ဟူသော အဖြေပင် ရသည်။ ယခု အကောက်များ၌ကား ရှေးနည်းအတိုင်းသာ ဆိုရိုး ပြုကြသည်။
မှတ်ချက်။ ။ ဒုတိယ နည်း၌ ပုစ္ဆာ အလို့ငှါ ထုတ်အပ်သော ရူပက္ခန္ဓာသည် ပဌမ မိမိက အသင်္ဂါဟက ကတ္တားဖြစ်၍ "တေဟိ ဓမ္မေဟိ ယေ ဓမ္မာ" အရ၌ အသင်္ဂဟိတ ကံ ဖြစ်၏။ ပုစ္ဆာအလို့ငှါ မထုတ်အပ်သော ဝေဒနာ စသော တရားတို့ကား အသင်္ဂဟက ကတ္တား မဖြစ်ကြပဲ အသင်္ဂဟိတ ကံ သာ ဖြစ်ကြ၏။ ဤသို့ ဝေဒနာ စသည်တို့က ၂ ဘက်လုံး မရကြသောကြောင့် ဝေဒနာ စသည်တို့ကို ချန်၍ အသင်္ဂါဟက, အသင်္ဂဟိတ ၂ ဘက် ရသော ရုပ်တရားတို့ကိုသာ ယူထားသည်။ ဤ ဒုတိယ နည်းသည် "အသင်္ဂဟိ တေန အသင်္ဂဟိတံ" ဟူသော စကားနှင့်သာ သာ၍ လျောက်သကဲ့သို့ ထင်၏။
ဋီကာ။ ။ တေဟိပိ ဝိညာဏဓမ္မေဟိ တေ ရူပ ဓမ္မာစ တီဟိ သင်္ဂဟေတိ အသင်္ဂဟိတာတိ ပုစ္ဆာယ ဥဒ္ဓဋာ တီဟိပိ သင်္ဂဟေတိ အသင်္ဂါဟကာ ဟုတွာ အသင်္ဂဟိတာတိ အဓိပ္ပါယော၊ အနူဒ္ဓဋာ ဝေဒနာယောပိ ဟိ အသင်္ဂဟိတာ ဧဝါတိ။
ရူပက္ခန္ဓေန၊ သည်။ ယဒေတံ ဝိညာဏမေဝ၊ အကြင် ဝိညာဉ်ကိုသာ။ တီဟိ၊ ကုန်သော။ ခန္ဓာဒိသင်္ဂဟေဟိ၊ သိမ်းယူ ရေတွက်ကြောင်း ခန္ဓာ အစရှိသည်တို့ဖြင့်။ အသင်္ဂဟိတံ၊ အပ်။ တေဟိပိ ဝိညာဏဓမ္မေဟိ၊ ထို ဝိညာဉ် တရားတို့သည်လည်း။ တေ ရူပဓမ္မာဝ၊ ထို ရုပ်တရားတို့ကိုသာ။ [ဧ ဝ ဖြင့် ပဌမ နည်းကဲ့သို့ ဝေဒနာ သညာ သင်္ခါရ နိဗ္ဗာန်တရာတို့ကို မယူရဟု ကန့်သည်။] တီဟိ၊ ကုန်သော။ သင်္ဂဟေဟိ၊ သိမ်းယူရေတွက်ကြောင်း ခန္ဓာအာယတန ဓာတ်တို့ဖြင့်။ အသင်္ဂဟိတာ၊ အပ်ကုန်။**ရူပဉ္စ ဓမ္မာယတနန္တိ**။ ။ ဤ ပုဒ်ကို သင်္ခိပိတွာ ဒဿိတာ ၌ စပ်ပါ။ "ဥဒ္ဒွန ဂါထာယ ဒဿိတဓမ္မာယေဝ" ၌ ဥဒ္ဒါနဂါထာ ဟူသည် "သဗ္ဗေ ခန္ဓာ တထာယတနာ" စသော ဂါထာတည်း။ ထို ဂါထာ၌ ပြအပ် ပြီးသော တရားတို့တွင် အစဦးဆုံး ရူပက္ခန္ဓာနှင့် အဖြေတူသော တရားတို့ကို "ရူပဉ္စ ဓမ္မာယတနံ" စသော ၂ ဂါထာဖြင့် တိုက်ရိုက်ပြ၍ ဝေဒနာက္ခန္ဓာ စသည်နှင့် အဖြေတူသော တရားတို့ကို နယဒါန အားဖြင့် ပြသည်" ဟု ဋီကာမိန့်သည်။ ထို့ကြောင့် "အညေန အာကာရေန သင်္ခိပိတွာ" ဟူသည် တိုက်ရိုက်အားဖြင့်လည်းကောင်း, နယဒါန အားဖြင့်လည်းကောင်း ဥဒ္ဒါန်း ဂါထာ၌ လာသော တရားတို့ကို အကျဉ်း ပြခြင်းဟု မှတ်ပါ။ [ဤ အဖွင့်ကို ထောက်၍ ပါဠိတော် စာအုပ်များဝယ် "ရူပဉ္စ ဓမ္မာယတနံ"၏ ရှေ့က "သဗ္ဗေ ခန္ဓာ" စသော ဥဒ္ဒါန်းဂါထာ ရှိရဦးမည်ဟု မှတ်ပါ။]
ဥဒ္ဓနဂါထာယ၊ ဥဒ္ဒါန်းဂါထာဖြင့်။
ဒဿိတဓမ္မာယေဝ၊ ပြအပ်ပြီးသော တရားတို့ကိုပင်။
အညေန၊ သော။
အာကာရေန၊ အခြင်းအရာဖြင့်။
သင်္ခပိတွာ၊ ချုံး၍။
(သင်္ဂီတိကာရေဟိ၊ တို့သည်)။
ဒဿိတာ၊ အပ်ကုန်ပြီ။
ဣတိ၊ အပြီးတည်း။