问题
选择版本
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhātukathā-aṭṭhakathā
Dhātukathā-aṭṭhakathā

1. Nayamātikāvaṇṇanā

作者: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဟိ၊ ချဲ့ဦးအံ့။ **အာဒီနဉှိ**။ ။ "တဿတ္ထံ ဒီပယိဿာမိ" ဟူသော ပဋိညာဉ်အား လျော်စွာ ပဋိညာတပကရဏကို ပြလိုသောကြောင့် "သင်္ဂဟော (ပေ)အာဒီ နဉှိ" စသော ပါဌ်ကို မိန့်။ "တဿတ္ထံ" ဟူသော သင်္ခေပစကားအရ ထိုအတ္ထကိုအကျယ်ပြသော ဓာတုကထာအဋ္ဌကထာ တကျမ်းလုံးကို "ဝိတ္ထာရ ဝါကျ" ဟု မှတ်ပါ။ အခြားကျမ်းတို့၌ "အတ္ထ" စသည်ဖြင့် တက်လာသော ဝါကျမျိုးပင်တည်း။ [တတ္ထ ကေနဋ္ဌေန အဘိဓမ္မော။ အဋ္ဌသာလိနီ။ တတ္ထ ဝုတ္တာဘိဓမ္မတ္ထာ။ အဘိဓမ္မတ္ထသင်္ဂဟ- စသည်တည်း။] (တနည်း) ဟိ၊ "ဒီပယိဿာမိ" ဟူသော ပဋိညာဉ်မှ တစ်ပါး ပဋိညာတ ပကရဏကို ဆိုဦးအံ့။ သင်္ဂဟောအသင်္ဂဟောတိအာဒီနံ၊ သင်္ဂဟော အသင်္ဂဟော အစရှိသော ပုဒ်တို့၏။ ဝသနေ၊ အပြားအားဖြင့်။ ဣဒံ ပကရဏံ၊ ဤ ဓာတုကထာကျမ်းကို။ စုဒ္ဒသဝိဓေန၊ တစ်ဆယ့်လေးပါး အပြားအားဖြင့်။ **စုဒ္ဒသ (ပေ) ဝုတ္တံ**။ ။ အဋ္ဌသာလီနီ ပကရဏ ပရိစ္ဆေဒ အခဏ်း၌ တဒနန္တရံ ဓာတုကထာပကရဏံ တံ နာမ၊ သင်္ဂဟော အသင်္ဂဟော (ပ) ဝိပ္ပယုတ္တေန သင်္ဂဟိတံ အသင်္ဂဟိတန္တိ စုဒ္ဒသဝိဓေန ဝိဘတ္တံ" ဟု ဆိုခဲ့သည်ကို ရည်ရွယ်၍ "စုဒ္ဒသဝိဓေန ဝိဘတ္တန္တိ ဝုတ္တံ" ဟု ဆိုသည်။ "ထို၌ ဆိုခဲ့ပြီး ဖြစ်သော ကြောင့် ဤ၌ ထပ်၍ ဆိုဖွယ်မလိုပါ" ဟူလို။ ["စုဒ္ဒသဝိဓ" အရ "သင်္ဂဟော အသင်္ဂဟော" ဟူသော ၂ ပုဒ်တွဲကို "တပဒ( တဖို့ တစု)" ဟု ယူ၍ "သင်္ဂဟိတေန သမ္ပယုတ္တံဝိပ္ပယုတ္တံ" စသည်ဖြင့် လာရာ၌ကား ၃ ပုဒ် တွဲကိုမှ "တပဒ" ဟု ယူပါ။] ဝိဘတ္တံ၊ ဝေဖန်အပ်ပြီ။ ဣတိ၊ သို့။ ဝုတ္တံ၊ အဋ္ဌသာလိနီ၌ ဆိုအပ်ပြီ။ (ဆိုခဲ့ပြီ)။
တံ သဗ္ဗမ္ပိ၊ ထို အလုံးစုံသော ဓာတုကထာကျမ်းသည်လည်း။ ဥဒ္ဒေသနိဒ္ဒေသတော၊ ဥဒ္ဒေသနိဒ္ဒေသအားဖြင့်။ ဒွိဓာ၊ ၂ ပါးအပြားအားဖြင့်။ ဌိတံ၊ တည်၏။
တတ္ထ၊ ထို ဥဒ္ဒေသ နိဒ္ဒေသ ၂ ပါးတို့တွင်။ မာတိကာ၊ မာတိကာသည်။ ဥဒ္ဒေသော၊ ဥဒ္ဒေသ မည်၏။ ဝါ၊ အကျဉ်းပြအပ်သော စကားရပ်မည်၏။

သာ၊ ထိုမာတိကာသည်။ န ယမာတိကာ၊ နယမာတိကာလည်းကောင်း။

နယမာတိကာ။ ။ နယ- ပ နီ- ဓာတ်သည် ပါပန (ရောက်စေခြင်း- ရောက်အောင် ဆောင်ခြင်း) အနက်ကို ဟော၏၊ ထို့ကြောင် ဆောင်ခြင်းအနက်ကို နယ သဒ္ဒါ၏ မူလအနက် (သဒ္ဒတ္ထ) ဟု မှတ်ပါ။ ထိုဆောင်ယူခြင်းသည် ဤနေရာ၌ ဖြစ်စေခြင်း (ဖြစ်အောင် ဆောင်ခြင်း) သိစေခြင်း( သိအောင် ဆောင်ခြင်း) တည်း။ ထို ကြောင့် ဋီကာ ၌ "ခန္ဓာဒီနံ ဒေသနာ နီယတိ ပဝတ္တီယတိ ဧတေဟီတိ နယာ" ဟုလည်းကောင်း, ခန္ဓာဒယော ဧဝ ဝါ နီယန္တိ ဉာယန္တိ ဧတေဟိ ပကာရေဟီတိ နယာ" ဟူလည်းကောင်း ၂ နည်းဖွင့်သည်။ အနက်နှင့် အဓိပ္ပါယ်ကို ဋီကာနိဿယ၌ ရှုပါ။ [နယနံ ပါပဏံ၊ တံ ပန ပဝတ္တနံ ဉာပနဉ္စ ဟောတီတိ ပဝတ္တီဘန္တိ ဉာယန္တီတိ စ ဒွိဓာပိ အတ္ထော ဝုတ္တော။- အနူ။]" နိက္ခိတ္တ- ချထား" ဟူသည် ဝေနေယျ တို့ သန္တာန်၌ ချထားခြင်းတည်း။

ဆိုလိုရင်းကား- ဤ ဓာတုကထာကျမ်း၌ ခန္ဓာ အစရှိသော တရားတို့ကို သင်္ဂဟ, အသင်္ဂဟ စသော တစ်ဆယ့်လေးပါးသော အပြားတို့ဖြင့် ဟောတော်မူရကား ဤ တဆယ့်လေးပါးသော အပြားတို့သည် ခန္ဓာ အစရှိသည်တို့၏ ဒေသနာကို ဖြစ်စေကြောင်းလည်း ဟုတ်၏၊ ထို ခန္ဓာအစရှိသော တရားတို့ကို သိအပ်ကြောင်းလည်း ဟုတ်၏။ ထို့ကြောင့် သင်္ဂဟ, အသင်္ဂဟ စသော တဆယ့်လေးပါးသော အပြားတို့ကို "နယ" ဟု ခေါ်ရသည်- ဟူလို။ [အကျယ်ကို ဋီကာ အဓိပ္ပါယ်၌ ကြည့်ပါ။]

[ဆောင်] ခန္ဓာအာယဘန၊ စသည်များစွာ၊ ဟောပြရာဝယ်၊ ဒေသနာမြတ်၊ ဖြစ်စေအပ်ကြောင်း၊ ၎င်းအပြင်၊ ယခင်ခန္ဓာ၊ အာယတနဓာတ်၊ အရပ်ရပ်ကို၊ သိအပ်ဖို့အကြောင်း၊ အလွန်ကောင်းသဖြင့်၊ ပေါင်းဆယ့်လေးဖြာ၊ သင်္ဂဟာ သင်္ဂဟ ကျဉ်းကျယ်ပြကို၊ နယ ဆိုဘိ၊ထို၏ အကျဉ်းမျှ ၊ ခေါင်းစဉ်ပြ၊ နယမာတိ ခေါ်။

အဗ္ဘန္တရမာတိကာ၊ အဗ္ဘန္တရမာတိကာလည်းကောင်း။ နယမုခမာတိကာ၊ နယမုခ မာတိကာလည်းကောင်း။ လက္ခဏမာတိကာ၊ လက္ခဏမာတိကာလည်းကောင်း။ ဗာဟိရမာတိကာ၊ ဗာဟိရမာတိကာလည်းကောင်း။ ဣတိ၊ ဤသို့။ ပဉ္စဝိဓာ၊ ငါးပါးအပြားရှိ၏။
တတ္ထ၊ ထို ငါးပါးအပြားရှိသော မာတိကာတို့တွင်။ [သာ ပဉ္စဝိဓာ ကို ကြည့်၍ "တတ္ထ၊ ထို ငါးပါး အပြားရှိသော မာတိကာတွင်" ဟု ဧကဝုစ်လည်း ပေးကြသည်။] သင်္ဂဟော အသင်္ဂဟော (ပေ) ဝိပ္ပယုတ္တေန သင်္ဂဟိတံ အသင်္ဂဟိတန္တိ၊ သင်္ဂဟော အသင်္ဂဟော (ပေ) အသင်္ဂဟိတံ ဟူ၍။ စုဒ္ဒသဟိ၊ တဆယ့်လေးပါးကုန်သော။ ပဒေဟိ၊ ပုဒ်တို့ဖြင့်။ နိက္ခိတ္တာ၊ ချထားတော်မူအပ်သော။ အယံ၊ ဤ မာတိကာသည်။ နယမာတိကာနာမ၊ နယမာတိကာမည်၏။
ဟိ၊ မှန်။ အယံ၊ ဤ မာတိကာကို။ သင်္ဂဟာဒိကေန၊ သင်္ဂဟ အစရှိသော။ ဣမိနာ နယေန၊ ဤ နယဖြင့်။ ဓာတုကထာ ဓမ္မာ၊ ဓာတုကထာ ကျမ်း၌ လာသော ခန္ဓာ အစရှိသော တရားတို့ကို။ ဝိဘတ္တာ၊ အကျယ် ဝေဖန်တော်မူအပ်ကုန်ပြီ။ ဣတိ၊ ဤ အနက်ကို။ ဒဿေတုံ၊ ပြတော်မူခြင်းငှါ။ ဌပိတတ္တာ၊ ထားတော် မူအပ်သည်၏ အဖြစ်ကြောင့်။ နယမာတိကာတိ၊ နယ်မာတိကာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဧတေသံ ပဒါနံ၊ ဤ သင်္ဂဟော အသင်္ဂဟော အစရှိသော ပုဒ်တို့၏။ **ဧတေသံ ပဒါနံ (ပေ) ဘူတတ္တာ**။ ။ "ပဒါနံ" ၌ ပဒဟူသည့် အနက်ကို သိကြောင်းဖြစ်သော "သင်္ဂဟော အသင်္ဂဟော" ဟသော သဒ္ဒါတို့တည်း။ ပဇ္ဇတေ ဉာယတေ အတ္ထော ဧတေနာတိ ပဒံ" ဟု ပြုရိုးအတိုင်း ဝစနတ္ထပြု၊ ဤ သင်္ဂဟော, အသင်္ဂဟော စသော ပုဒ်တို့သည် ခန္ဓာ အစရှိသည်တို့ကို အကျယ်ဝေဖန်၍ ဟောတော်မူရာ ဖြစ်သော ဤ ဓာတုကထာ ကျမ်း၏ အရင်းမူလဖြစ်၏။ ထို အရင်းမူလဖြစ်သော ခေါင်းစဉ်ကိုပင် "မူလမာတိကာ"ဟုလည်း ခေါ်သင့်သည်။ ဝါ၊ တို့က။ (ဓာတုကထာ ပကရဏဿ၊ ၏။) မူလဘူတတ္တာ၊ မူလ ဖြစ်၍ ဖြစ်ကုန်သည်၏ အဖြစ်ကြောင့်။ မူလ မာတိကာတိပိ၊ မူလမာတိကာ ဟူ၍လည်း။ ဝတ္ထုံ၊ ဆိုခြင်းငှါ။ ဝဋ္ဋတိ၊ သင့်၏။