问题
选择版本
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhātukathā-aṭṭhakathā
Dhātukathā-aṭṭhakathā

2. Abbhantaramātikāvaṇṇanā

作者: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ပဉ္စ၊ ငါးပါး ကုန်သော။ ခန္ဓာ၊ ခန္ဓာတို့လည်းကောင်း။ (ပေ) မနသိကာရော၊ မနသိကာရလည်းကောင်း။ ဣတိ၊ ဤသို့။ ပဉ္စဝီသာဓိကေန၊ ၂၅ ပုဒ် အလွန် ရှိသော။ ပဒသတေန၊ ပုဒ်တရာဖြင့်။ နိက္ခိတ္တာ၊ ချထားတော် မူအပ်သော။ အယံ၊ ဤမာတိကာသည်။ အဗ္ဘန္တရမာတိကာ နာမ၊ အဗ္ဘန္တရ မာတိကာ မည်၏။ **ပဉ္စဝီသာ (ပေ) သတေန**။ ။ "ပဉ္စက္ခန္ဓာ ဒွါဒသာယတာနိ (ပေ) ဗာဝီသ တိန္ဒြိယာနိ" တို့၌ သရုပ်မဖော် သော်လည်း ပါဠိတော်ဝယ် လာသည့်အတိုင်း "ခန္ဓာ ၅ ပါး, အာယတန ၁၂ ပါး, ဓာတ် ၁၀ ပါး, သစ္စာ ၄ ပါး, ဣန္ဒြေ ၂၂ ပါး" ဟု ရေတွက်ရ၏။ "ပဋိစ္စသမုပ္ပါဒေါ" ဟူသော ပါဠိတော်၌ကား" အဝိဇ္ဇာ (ပေ) ဇရာမရဏ" တိုင်အောင် ၁၂ ပါးဟု ရေတွက် ရ၏။ ဇရာ မရဏကို တပါးတည်း ယူရခြင်း, ဘဝအရ၌ ကမ္မဘဝ, ဥပပတ္တိဘဝ, ကာမဘဝ စသည်ဖြင့် မခွဲရခြင်း၏ အကြောင်း, သောက စသည်ကို အင်္ဂါ သီးခြား မယူရခြင်း၏ အကြောင်းကို ဋီကာ ၌ ကြည့်ပါ။ "စတ္တာရော သတိပဋ္ဌာနာ" မှ စ၍ သင်္ချာရှိသည့်အတိုင်း သတိပဋ္ဌာန် ၄ ပါး စသည်ဖြင့် ရေတွက်ရ၏။ ဖဿ သတ္တကရာသိ ၌လည်း သရုပ်အတိုင်း ၇ ပါး ရေတွက်ရ၏။ ဤသို့ ရေတွက် ရသောကြောင့် အဗ္ဘန္တရမာတိကာ၌ ၂၅ ပုဒ် အပိုရှိသော ပုဒ်ပေါင်းတရာဖြစ်သည်။

ဟိ၊ မှန်။ အယံ၊ ဤ မာတိကာကို။ [အဝတွာ, ဝုစ္စတိ၊ တို့၌စပ်။] သဗ္ဗာပိ ဓမ္မသင်္ဂဏီ ဓာတုကထာယ မာတိကာတိ၊ သဗ္ဗာပိ ဓမ္မသင်္ဂဏီ ဓာတုကထာယ မာတိကာ ဟူ၍။ (ဓာတုကထာ မာတိကတော၊ ဓာတုကထာ မာတိကာ ၄ ရပ်တို့မှ။ ဗဟိဒ္ဓါ၊ အပ၌။ ဝုတ္တာ ယထာ၊ ဟောတော်မူအပ် သကဲ့သို့။) ဧဝံ၊ ဤ အတူ။ **ဧဝံ အဝတွာ**။ ။ "သဗ္ဗာပိ ဓမ္မသင်္ဂဧီ ဓာတုကထာယ မာတိကာ" ဟု ဗာဟိရ မာတိကာကို ဟောတော်မူခြင်းသည် ဓာတုကထာ မာတိကာမှ ဗဟိဒ္ဒ အဖြစ်ဖြင့် ဟောတော်မူခြင်း ဖြစ်၏။ ထိုသို့ ဗဟိဒ္ဓ အဖြစ်ဖြင့် ဟောတော်မမူခြင်းကို "ဧဝံ အဝတွာ" ဟု ဆိုသည်။ အဝတွာ၊ ဟောတော်မမူပဲ။ သင်္ဂဟာဒိနာ၊ သင်္ဂဟ အစရှိသော။ နယေန၊ နယဖြင့်။ ဝိဘဇိတဗ္ဗေ၊ အကျယ်ဝေဖန် ထိုက်ကုန်သော။ ခန္ဓာဒိဓမ္မေ၊ ခန္ဓာ အစရှိသော တရားတို့ကို။ သရူပတော၊ သရုပ်သကောင်အားဖြင့်။ ဒဿေတွာ၊ ပြတော်မူ၍။ ဓာတုကထာယ၊ ဓာတုကထာ မာတိကာ ၄ ရပ် ၏။ အဗ္ဘန္တရေယေဝ၊ အတွင်း၌သာ။

အဗ္ဘန္တရေယေဝ။ ။ ဤပုဒ်ကို ဋီကာ၌ ၂ နည်းဖွင့်၏။ ထိုတွင် ပဌမနည်း၌ "အဗ္ဘန္တရ" ဟူရာဝယ် ဓာတုကထာ တကျမ်းလုံး၏ အတွင်းမဟုတ်။ ဓာတုကထာ ကျမ်း၌ မာတိကာ ၄ ပါး သီးခြားရှိ၏။ ထို မာတိကာ ၄ ပါး၏ အတွင်းတည်း။ ထို အတွင်း၌ ပဉ္စက္ခန္ဓာ စသည်ဖြင့် အကျဉ်း မာတိကာကို ဟောတော်မူသောကြောင့် အဗ္ဘန္တရ မာတိကာ [မာတိကာ ၄ ပါးအတွင်း၌ ပါဝင်သော မာတိကာ] ဟု ခေါ်ရသည်။

တနည်း။ ။ သဗ္ဗာပိ ဓမ္မသင်္ဂဏီ(ပေ) မာတိကာ" ဟူသည် ဤဓာတုကထာ ကျမ်းမှ အပ ဖြစ်သော ဓမ္မသင်္ဂဟီကျမ်း၌ လာသော မာတိကာ တည်း။ ထိုသို့ မဟောဘဲ "ပဉ္စက္ခေန္ဓာ ဒွါဒသာယတနာနိ" စသည်ဖြင့် ဤ ဓာတုကထာ ကျမ်း၏ အတွင်း၌ သရုပ်ဖော်၍ ဟောတော်မူအပ်သောကြောင့် ပဉ္စက္ခန္ဓာ စသော မာတိကာကို "အဗ္ဘန္တရ မာတိကာ" ဟု ခေါ်ရသည်။ ဤနည်း၌ "အဗ္ဘန္တရ" ဟူသည် ဓာတုကထာကျမ်း၏ အတွင်းတည်း။

[ဆောင်] ဓာတုကထာ၊ ကျမ်း၌ပါသည့်၊ မာတိကာလေးဝ၊ အတွင်းပြသဖြင့်၊ အဗ္ဘန္တရ၊ နာမမည်မှု၊ တနည်းရှိသော်၊ ဓာတုကထာ၊ ကျမ်းတွင်းမှာပင်၊ ထင်စွာ ထုတ်ပြန်၊ သရုပ်ဖန်သဖြင့်၊ အဗ္ဘန္တရ၊ မည် နာမ၊ ခေါ်ရ မာတိကာ။ [ပကိဏ္စကမာတိကာ ခေါ်ရပုံကို ဋီကာ နိဿယ၌ ကြည့်ပါ။]

ဌပိတတ္တာ၊ ထားတော်မူအပ်သည်၏ အဖြစ်ကြောင့်။ အဗ္ဘန္တရ မာတိကာတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ [ဋီကာ၌ နောက်တနည်းလည်း ဖွင့်သေး၏။]
ခန္ဓာ ဒိပဒါနံ၊ ခန္ဓာအစ ရှိသော ပုဒ်တို့၏။ ဝါ၊ တို့ကို။ ဓမ္မသင်္ဂဏီမာတိကာယ၊ ဖြင့်။ အသင်္ဂဟိတတ္ထာ၊ မသိမ်းယူအပ် ကုန်သည်၏ အဖြစ်ကြောင့်။ ပကိဏ္ဏကမာတိကာတိပိ၊ ဟူ၍လည်း။ ဝတ္တုံ၊ ဆိုခြင်းငှါ။ ဝဋ္ဋတိ၊ သင့်၏။