Issues
Select Version
နိဿယ
မြန်မာဘာသာ
Milindapañhapāḷi
Milindapañhapāḷi

1. Pathavīaṅgapañho

Author: နိဿယ @ IAPT

ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ပထဝိယာပဉ္စင်္ဂါနိဂဟေတဗ္ဗာနီတိ၊ ပထဝိယာပဉ္စင်္ဂါနိဂဟေတဗ္ဗာနိဟူ၍။ ယံ၊ အကြင်စကားကို။ ဝဒေသိ၊ ဆိုတော်မူ၏။ ကတမာနိ၊ အဘယ်မည်ကုန်သော။ တာနိပဉ္စင်္ဂါနိ၊ ထိုအင်္ဂါငါးပါးတို့ကို။ ဂဟေတဗ္ဗာနိ၊ ယူအပ်ပါသနည်း။ ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယထာ၊ ဥပမာအားဖြင့်။ ပထဝီ၊ မြေကြီးသည်။ ဣဋ္ဌာနိဋ္ဌာနိ၊ အလိုရှိအပ်အလိုမရှိအပ် သည်ဖြစ်ကုန်သော။ ကပ္ပူရာဂရုတဂ္ဂရစန္ဒနကုင်္ကုမာဒီနိ၊ ပရုတ်အကျော်တောင် ဇလပ်စန္ဒကူးမာလာကျီကျူစသည်တို့ကို။ အာကိရန္တေပိ၊ လောင်းချသော်လည်းကောင်း။. ပိတ္တသေမှပုဗ္ဗရုဟိရသေဒမေဒခေဠသိင်္ဃာဏိကထသိကမုတ္တကရီသာဒီနိ၊ သည်းခြေသလိပ်ပြည်သွေးချွေး အဆီခဲတံထွေးနှပ်အစေးကျင်ငယ်ကျင်ကြီးစသည်တို့ကို။ အာကိရန္တေပိ၊ လောင်းချသော်လည်းကောင်း။ တာဒိသာယေဝ၊ ထိုရှေးနည်းအလား မဖောက်ပြားသည်သာတည်း။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ ယောဂိနာ၊ လုံ့လရှိသော။ ယောဂါဝစရေန၊ ကမ္မဋ္ဌာန်းကိုစီးဖြန်းကျက်စားသောပုဂ္ဂိုလ်မည်သည်။ ဣဋ္ဌာနိဋ္ဌေ၊ အလိုရှိအပ်အလိုမရှိအပ်သည်၌လည်းကောင်း။ လာဘာလာဘေ၊ လာဘ်ရှိလာဘ်မဲ့၌လည်းကောင်း။ ယသာယသေ၊ ကျော်စောရှိကျော်စောမဲ့၌လည်းကောင်း။၏ နိန္ဒာပသံသာယ၊ ကဲ့ရဲ့ခြင်း ခြီးမွမ်းခြင်း၌လည်းကောင်း။ သုခဒုက္ခေ၊ ချမ်းသာဆင်းရဲ၌လည်းကောင်း။ သဗ္ဗတ္ထ၊ အလုံးစုံ၌။ တာဒိနာယေဝ၊ ထိုမြေကြီးနှင့် တူသည်သာလျှင်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ပထဝိယာ၊ မြေကြီး၏။ ပဌမံ၊ ‌ရှေးဦးစွာသော။ ဣဒံအင်္ဂါ၊ ဤအင်္ဂါကို။ ဂဟေတဗ္ဗံ၊ ယူအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ပုနစပရံ၊ တဖန်တပါးလည်း။ ပထဝီ၊ မြေကြီးသည်။ မဏ္ဍိနဝိဘူသနာပဝတာ၊ တန်ဆာဆင်ခြင်း အတင့်အတယ်ပြုခြင်းမှကင်းသည်ဖြစ်၍။ သကဂန္ဓပရိဘာဝိတာ၊ မိမိအနံ့ဖြင့်ထုံအပ်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ ယောဂိနာ၊ လုံ့လရှိသော။ ယောဂါဝစရေန၊ ကမ္မဋ္ဌာန်းကိုစီးဖြန်းကျက်စားသောပုဂ္ဂိုလ်မည်သည်။ ဝိဘူသနာပဂတေန၊ အတင့်အတယ်ပြုခြင်းမှကင်းသဖြင့်။ သကသီလဂန္ဓပရိဘာဝိတေန၊ မိမိသီလအနံ့ဖြင့်ထုံအပ်သည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ပထဝိယာ၊ မြေကြီး၏။ ဒုတိယံ၊ နှစ်ခုမြောက်‌သော။ ဣဒံအင်္ဂံ၊ ဤအင်္ဂါကို။ ဂဟေတဗ္ဗံ၊ ယူအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ပုနစပရံ၊ တဖန်တပါးလည်း။ ပထဝီ၊ မြေကြီးသည်။ နိရန္တရာ၊ အပြတ်အခြားမရှိ။ အစ္ဆိဒ္ဒါ၊ အပေါက်မရှိ. အသုသိရာ၊ အခေါင်းမရှိ။ ဗဟလာ၊ ထူး၏။ ဃနာ၊ တခဲနက်ရှိ၏။ ဝိတ္ထိဏ္ဏာ၊ ပြန့်ကျယ်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ ယောဂိနာ၊ လုံ့လရှိသော။ ယောဂါဝစရေန၊ ကမ္မဋ္ဌာန်းကိုစီးဖြန်းကျက်စားသောပုဂ္ဂိုလ်မည်သည်။ နိရန္တရမက္ခဏ္ဍစ္ဆိဒ္ဒမသုသိရဗဟလဃနဝိတ္ထိဏ္ဏသီလေန၊ အပြတ် အခြားမရှိသောမကျိုးသောမပေါက်သောအခေါင်းမရှိသောထူထဲသောတခဲနက်သော ပြန့်ကျယ်သောသီလရှိသည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ပထဝိယာ၊ မြေကြီး၏။ တတိယံ၊ သုံးခုမြောက်သော။ ဣဒံအင်္ဂံ၊ ဤအင်္ဂါကို။ ဂဟေတဗ္ဗံ၊ ယူအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ပုနစပရံ၊ တဖန်တပါးလည်း။ ပထဝီ၊ မြေကြီးသည်။ ဂါမနီဂမဇနပဒရုက္ခပဗ္ဗတနဒီတဠာကပေါက္ခရဏိမိဝပက္ခိမနုဇနရနာရီဂဏံ၊ ရွာနိဂုံးဇနပုဒ်သစ်ပင်တောင်မြစ်တဘက်ဆည်ကန်လေးထောင့်ကန်သားငှက်လူယောက်ျားလူမိန်းမအပေါင်းကို။ ဓာရေန္တီပိ၊ ဆောင်သော်လည်း။ အကိလာသု၊ ကြောင့်ကြမရှိသည်။ ဟောတိ၊ ဖြစ်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ ‌ယောဂိနာ၊ လုံ့လမရှိသော။ ယောဂါဝစရေန၊ ကမ္မဋ္ဌာန်းကိုစီးဖြန်းကျက်စားသောပုဂ္ဂိုလ်မည်သည်။ ဩဝဒန္တေနပိ၊ ဆုံးမသဖြင့်လည်းကောင်း။ အနုသာသန္တေနပိ၊ ကန်မြစ်သဖြင့်လည်းကောင်း။ ဝိညာပေန္တေနပိ၊ သိစေသဖြင့်လည်းကောင်း။ သန္ဒဿေန္တေနပိ၊ တရားပြသဖြင့်လည်းကောင်း။ သမာဒပေန္တေနပိ၊ ဆောက်တည်စေသဖြင်လည်းကောင်း။ သရတ္တေဇေန္တေနပိ၊ အလွန်သံထက်စေသဖြင့်လည်းကောင်း။ သမ္ပဟံသေန္တေနပိ၊ ရွှင်ကြည်စေသဖြင့်လည်းကောင်း။ ဓမ္မဒေသနာသု၊ တရားဟောခြင်းတို့၌။ အကိလာသုနာ၊ ကြောင့်ကြမရှိသည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ပထဝိယာ၊ မြေကြီး၏။ စတုတ္ထံ၊ လေးခု‌မြောက်သော။ ဣဒံအင်္ဂံ၊ ဤအင်္ဂါကို။ ဂဟေတဗ္ဗံ၊ ယူအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ပုနစပရံ၊ တဖန်တပါးလည်း။ ပထဝီ၊ မြေကြီးသည်။ အနုနယပ္ပဋိဃဝိမုတ္တာ၊ ချစ်ခြင်းမုန်းခြင်းမှလွတ်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ ယောဂိနာ၊ လုံ့လရှိသော။ ယောဂါဝစရေန၊ ကမ္မဋ္ဌာန်းကို စီးဖြန်းကျက်စားသော ပုဂ္ဂိုလ်မည်သည်။ အနုနယပ္ပဋိလဝိပ္ပမုတ္တေန၊ ချစ်ခြင်းမုန်းခြင်းမှလွတ်သော။ ပထဝိသမေန၊ မြေကြီးနှင့်တူသော။ စေတသာာ၊ စိတ်ဖြင့်။ ဝိဟရိတဗ္ဗံ၊ နေအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ပထဝိယာ၊ ‌မြေကြီး၏။ ပဉ္စမံ၊ ငါးခုမြောက်သော။၏ ဣဒံအင်္ဂံ၊ ဤအင်္ဂါကို။ ဂဟေတဗ္ဗံ၊ ယူအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ စူဠသုဘဒ္ဒါယ၊ စူဠသုဘဒ္ဒါမည်သော။ ဥပါသိကာယ၊ ဒါယိကာမသည်။ သကသမဏေ၊ မိမိကိုးကွယ်ဆည်းကပ်သောရဟန်းမြတ်တို့ကို။ ပရိကိတ္တိယမာနာယ၊ ဂုဏ်ကိုဖော်ပြခြီးကျူးလိုရကား။
ဧကံဗာယံ၊ မောင်းတဘက်ကို။ ဝါသိယာ၊ ပဲခွပ်ဖြင့်။ ကုပိတမာနသာ၊ အမျက်ထွက်သောစိတ်ဖြင့်။ စေတစ္ဆေယျ၊ အကယ်၍ရွေ့ရာ၏။
ဧကံဗာဟံ၊ မောင်းတဘက်ကို။ ဂန္ဓေန၊ အမွှေးနံ့သာဖြင့်။ ပမောဒိတော၊ နှစ်သက်ရွှင်ပျသည်ဖြစ်၍။ စေအာလိမ္ပေယျ၊ အကယ်၍ သုတ်လိမ်းပေးရာ၏။
အမုကသ္မိံ၊ ဤမည်သော မောင်းတဘက်ကိုရွေ့သောသူ၌။ ပဋိဃော၊ မျက်ငြိုးရန်းထားခြင်းသည်။ နတ္ထိ၊ မရှိချေ။ အသ္မိံ၊ ထိုမောင်းတဘက်ကိုအမွှေးပက်ဖျန်းသူ၌။ ရာဂေါ၊ တပ်နှစ်သက်ခြင်းသည်။ ဝိဇ္ဇတိ၊ မရှိပလေ။
တေ၊ ထိုရဟန်းတို့သည်။ ပထဝီသမစိတ္တာ၊ မြေနှင့်တူမျှသောစိတ်ရှိကုန်၏။ မမ၊ ငါ၏။ သမဏာ၊ ရဟန်းတော်တို့သည်။ တာဒိသာ၊ ထိုသို့သဘောရှိပေကုန်၏။ ဣတိဧတံ၊ ဤသို့သော စကားကို။ ဘာသိတမ္ပိ၊ ရွတ်ဆိုလည်းရွတ်ဆိုအပ်ပေပြီ။
ပဌမာ၊ ရှေးဦးစွာသော။ ပထဝီယင်္ဂပဉှာ၊ မြေကြီး၏အင်္ဂါကိုမေးသောပြဿနာသည်။ နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ပြီ။