ယသ္မာ၊ အကြင်ကြောင့်။
တေသု၊ ထိုသပိတ်ကိုးလိုးတို့တွင်။
ဥက္ကဋ္ဌုက္ကဋ္ဌော စ၊ ဥက္ကဋ္ဌုက္ကဋ္ဌ သပိတ်လည်းကောင်း။
ဩမကောမကော စ၊ ဩမကောမက သပိတ်လည်းကောင်း။
ဒွေ၊ နှစ်လုံးကုန်သော သပိတ်တို့သည်။
အပတ္တာ၊ သပိတ်မဟုတ်ကုန်။
တသ္မာ၊ ထို့ကြောင့်။
ဧတေ၊ ဤသပိတ် နှစ်လုံးတို့ကို။
ဘာဇန ပရိဘောဂေန၊ ခွက်အသုံးအဆောင်ဖြင့်။
ပရိဘုဉ္ဇနတဗ္ဗာ၊ သုံးစွဲထိုက်ကုန်၏။
အဓိဋ္ဌာနူပဂတိကပ္ပနူပဂတာ၊ အဓိဋ္ဌာန်သို့ ကပ်ရောက် ဝိကပ္ပနာသို့ ကပ်ရောက်ကုန်သည်၏ အဖြစ်သည်(အဓိဋ္ဌာန်တင်ထိုက် ဝိကပ္ပနာပြုထိုက်သည်)။
န ဟောတိ၊ မဖြစ်။
ဣတိ အတ္ထော၊ ဤကား အနက်တည်း။
ဣတိ စ၊ ဤသို့လည်း။
လိခိတံ၊ ဆရာ ရေးအပ်ပြီ။
[ဝိ၊ဋ္ဌ အဖွင့်တွင်လည်း ဆိုပြီး ရှိသည်။]
**သမဏသာရုပ္ပေန ပက္ကန္တိ** ဧတ္ထ၊ ဟူသော ဤပါဌ်၌။
အယောပတ္တော၊ သံသပိတ်ကို။
ပဉ္စဟိ၊ ငါးကြိမ်ကုန်သော။
ပါကေဟိ၊ မီးဖုတ်ခြင်းတို့တွင်။
ပက္ကော၊ ဖုတ်အပ်သည်။
(သမာနော၊ ဖြစ်လတ်သော်။
သမဏသာရုပ္ပေန၊ ရဟန်းတို့အား လျောက်ပတ်သော အားဖြင့်။
ပက္ကော၊ ဖုတ်အပ်သည်။)
ဟောတိ၊ ဖြစ်၏။
မတ္တိကာပတ္တော၊ မြေသပိတ်ကို။
ဒွီဟိ၊ နှစ်ကြိမ်ကုန်သော။
ပါကေဟိ၊ မီးဖုတ်ခြင်းတို့ဖြင့်။
ပက္ကော၊ ဖုတ်အပ်သည်။
(သမာနော၊ ဖြစ်လတ်သော်။
သမဏသာရုပ္ပေန၊ ရဟန်းတို့အားလျှောက်ပတ်သောအားဖြင့်။
ပက္ကော၊ ဖုတ်အပ်သည်။)
ဟောတိ၊ ဖြစ်၏။
[ဆိုလိုရင်းအနက် ထင်ရှားပေါ်လွင်စေရန် ဋီကာသစ်အတိုင်း ထည့်လိုက်ပါသည်၊ "ပက္ကော- ဟောတိ" အနက်မျှဖြင့်လည်း ကိစ္စပြီးနိုင်ပါသည်။ ]
"ဘိက္ခုနိယာ၊ ဘုက္ခုနီ၏။
ပတ္တသန္နစယဿ၊ သပိတ် သိုမှီး သိမ်းဆည်းခြင်းကို။
ဝါရိတတ္တာ၊ ဘုရားတားမြစ်တော်မူအပ်သည်၏ အဖြစ်ကြောင့်။
ဘိက္ခုဿပိ၊ ရဟန်းအားလည်း။
တံ၊ ထိုသပိတ်အများကို သိုမှီးသိမ်းဆည်းခြင်းသည်။
အနနုရူပံ၊ မလျောက်ပတ်။
(ဝဇိရ ဗုဒ္ဓိ၌ ဝါရိတတ္တာ နောင် တဒနုလောမတော၊ ထိုဘိက္ခုနီမတို့အား တားမြစ်အပ်သည်နှင့် လျော်သောအားဖြင့်။
ဘိက္ခူနမ္ပိ၊ တို့အားလည်း။
ဒုတိယော၊ နှစ်လုံးမြောက်သော သပိတ်ကို။
ဝါရိတော၊ တားမြစ်အပ်၏၊ ဟုလာ၏။)
ဣတိ၊ ဤသို့။
ကတွာ၊ ပြုရသောကြောင့် (ဤအကြောင်းကြောင့်)။
(အဋ္ဌကထာယံ၊ ကင်္ခါဝိတရဏီ အဋ္ဌကထာ၌)။
ပုရာဏပတ္တံ၊ သပိတ်ဟောင်းကို။
ပစ္စုဒ္ဓရိတွာ၊ ပစ္စုဒ္ဓိုရ်ပြု၍(အဓိဋ္ဌာန်ချ၍)။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ မိန့်ဆိုအပ်၏။
ဣတိ စ၊ ဤသို့လည်း။
လိခိတံ၊ အချို့ဆရာတို့ အဆိုကို ဝဇိရဗုဒ္ဓိဆရာ ရေးအပ်ပြီ။
တံ၊ ထိုသပိတ်များစွာ သိုမှီးသိမ်းဆည်းမှုကို တားမြစ်လို၍ မိန့်ဆိုအပ်၏ ဟူသော စကားသည်။
ပါဠိယံ၊ ပါစိတ်ပါဠိတော်၌။
"သန္နိစယံ ကရောယျာတိ အနဓိဋ္ဌိတော အဝိကပ္ပိတော"တိ၊ ဟူ၍။
ဝုတ္တတ္တော၊ ဟောမိန့်တော်မူအပ်သည်၏ အဖြစ်ကြောင့်။
န ယုတ္တံ၊ မသင့်။
တံ န ယုတ္တံ ။ ။ "နှစ်လုံးမြောက်သပိတ်မှ စ၍ သပိတ်အများ သိုးမှီးခြင်းကို တားမြစ်လိုသောကြောင့် ပုရာဏပတ္တံ ပစ္စုဒ္ဓရိတွာဟာ အဋ္ဌကထာမိန့်ခြင်း ဖြစ်သည်" ဟု ဆိုသော စကားသည် မသင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ဘိက္ခုနီပါစိတ်ပါဠိတော်၌ပင်- အဓိဋ္ဌာန်မတင် ဝိကပ္ပနာ မပြုလုပ်ဘဲ သိုမှိးခြင်းဟု ဖွင့်ရကား အဓိဋ္ဌာန်ဝိကပ္ပနာ မပြုခြင်းကိုသာမြစ်သည်၊ အဓိဋ္ဌာန်ဝိကပ္ပနာ ပြုလုပ်ပါမူ သပိတ်များစွာကိုပင် သိုမှီးနိုင်သည်ဟု အဓိပ္ပါယ်ရသောကြောင့်တည်း။ မှန်၏၊ 'သိုမှီး' ဟူရာ၌ ယနေ့ရ၍ ယနေ့ ရ၍ နောက်တစ်နေ့ရောက်လျှင် သိုမှီးသည်ဟုပင် ဆိုရတော့သည်။ ဤဘိက္ခုသိက္ခာပုဒ်၌ကား- 'ဒသာဟပရမံ' ဟုလည်းကောင်း 'အတိရေက ပတ္တော' ဟုလည်းကောင်း အဟောပင် ရှိလေပြီ။
ဟိ၊ မှန်၏။
သော၊ ထိုပက္ကသန္နိစယကို။
ကထိနက္ခန္ဓကေ၊ မဟာဝါကထိနက္ခန္ဓက၌။
နိစယသန္နိဓိ ဝိယ၊ နိစယသန္နိဓိကဲ့သို့။
ဧကောပိ၊ တစ်လုံးတည်းသော သပိတ်ကိုလည်း။
ပုန ဒိဝသေ၊ ယနေ့ရရှိသည်မှ နောက်တစ်နေ့၌။
"သန္နစယော"တိ၊ သန္နိစယဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
အနန္တရသိက္ခာပဒေ ပန၊ အခြားမဲ့ဖြစ်သော ဦနပဉ္စဗန္ဓနသိက္ခာပုဒ်၌ကား။
ဒုတိယော၊ နှစ်လုံးမြောက်သော သပိတ်ကို။
ဝါရိတော၊ တားမြစ်တော်မူအပ်၏။
ဣတိ၊ ထို့ကြောင့်။
အဓိဋ္ဌာနံ၊ အဓိဋ္ဌာန်တင်ခြင်းသည်။
နိယတံ၊ စွဲမြဲ၏။
တသ္မာ၊ ထို့ကြောင့်။
ဒွေ၊ နှစ်လုံးကုန်သော။
ပတ္တေ၊ သပိတ်တို့ကို။
အဓိဋ္ဌာတုံ၊ အဓိဋ္ဌာန် တင်ခြင်းငှာ။
န လဘတိ၊ မရ။
ဒွေ ပတ္တေ၊ နှစ်သပိတ်တို့ကို။
ဧကတော၊ တပေါင်းတည်း။
သစေ အဓိဋ္ဌာတိ၊ အကယ်၍ အဓိဋ္ဌာန်တင်အံ့။
ဒွေပိ၊ နှစ်လုံးကုန်သော သပိတ်တို့သည်လည်း။
အနဓိဋ္ဌိတာ၊ အဓိဋ္ဌာန်မတင်အပ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဝိသုံ ဝိသုံ၊ သီးခြားစီ သီးခြားစီ။
အဓိဋ္ဌာတိ၊ အဓိဋ္ဌာန်တင်အံ့။
ဒုတိယော၊ နှစ်လုံးမြောက်သော သပိတ်ကို။
အနဓိဋ္ဌိတော၊ အဓိဋ္ဌာန်မတင်အပ်သည်။
ဟောတိ၊ ဖြစ်၏။
ဝိကပ္ပေတုံ ပန၊ ဝိကပ္ပနာပြုခြင်းငှာသော်ကား။
ဗဟူပိ၊ များစွာသော သပိတ်တို့ကိုလည်း။
လဗ္ဘန္တိ၊ ရအပ်ကုန်၏။
**ကာကဏိကမတ္တမ္ပိ** တိ ဧတ္ထ၊ ကာကဏိကမတ္တမ္ပိဟူသော ဤအဋ္ဌကထာပါဌ်၌။
ကာကဏိကမတ္တမ္ပိ ။ ။' သစေ ပနဿ မူလတော ကာကဏိကမတ္တမ္ပိ ဒါတဗ္ဗံ ဟောတိ၊ အဓိဋ္ဌာနုပဂေါ န ဟောတိ' ဟူသော ကင်္ခါဝိတရဏီ အဋ္ဌကထာစကားကို ဖွင့်ပြခြင်းတည်း။ ၎င်းအဓိပ္ပါယ်ကား 'ထိုသပိတ်၏ တန်ဖို့အားဖြင့် တစ်ခြင်ရွေးမျှပင်လည်း မူလသပိတ်ရှင်အား ပေးဆပ်ဖို့ရန် ကျန်ရှိနေသေးပါက အဓိဋ္ဌာန်မလောက်တော့' ဟူလို။ ဤ၌ ပိသဒ္ဒါသည် "သပိတ်တန်ဖိုး ပေးချေရန် တစ်ခြင်ရွေးမျှပင် ကျန်နေသေးသော သပိတ်သည် အဓိဋ္ဌာန်မလောက်သကဲ့သို့ သတ်မှတ်ထားသောမိးဖုတ်အကြိမ် တစ်ကြိမ်မျှဖြစ်စေ ကျန်နေသေးသော သပိတ်သည်လည်း အဓိဋ္ဌာန်မလောက်" ဟူ၍ ပါကပရိမာဏကို ပေါင်းဆည်း၏။ ထို့ကြောင့် ဤဋီကာလာ ဧကပါတမ္ပိ ဇနေတိ၌ "ဧကပါကမ္ပိ န ဇနေတိ" ဟု 'န' ပဋိသေဓပါရှိနေရမည် ဖြစ်သည်။ ပါရာဇိကဏ် အဋ္ဌကထာ၌ကား ဝါသဒ္ဒါအပိုပါပြီးဖြစ်၍ ပိဖြင့် ဆည်းဖွယ်မလိုတော့၊ ပိသဒ္ဒါ၏ မူရင်းတာဝန်ဖြစ်သော များစွာသော တန်ဖို့ကိုသာ ဆည်းရမည် ဖြစ်သည်။ ထို့ကြောင့်ပင် ပါရာဇိကဏ်အဋ္ဌကထာ (ဒု - ၂၈၃) ၌ "သစေ ဧကောပိ ပါကော ဦနော ဟောတိ၊ ကာကဏိကမတ္တမ္ပိ ဝါ မူလံ အဒိန္နံ၊ န အဓိဋ္ဌာနုပဂေါ" ဟု မိန့်ဆို၏။ ဤပဌမ နည်းအရ "သံသပိတ်၌ ငါးကြိမ်၊ မြေသပိတ်ဲ၌ နှစ်ကြိမ် အပြည့်မီးဖုတ်မှသာ အဓိဋ္ဌာန်လောက်သည်" ဟု မှတ်ရမည် ဖြစ်သည်။ထို့အပြင် ဤဋီကာဟောင်း၌ 'အထ ဝါ' ဖြင့် ဒုတိယနည်းကို ပြဆိုသည်။ ဤအနည်းအရ သံသပိတ် ငါးကြိမ်, မြေသပိတ်နှစ်ကြိမ် ဟူသည် သာရုပ္ပဖြစ်လောက်သော အကြိမ်ကို မှန်း၍ ဆိုသော စကားဖြစ်သည်၊ ဧကန် မဟုတ်။ လိုရင်းမှာ- မည်းနက်သော သမဏသာရုပ္ပ ဖြစ်တော့သည်သာ။ တစ်ကြိမ်တည်း မီးဖုတ်ရုံမျှဖြင့် အနက်ရောင်ရ သာရုပ္ပဖြစ်လျှင် ထိုတစ်ကြိမ်ဖြင့်ပင် အပ်သည်။ အကြိမ်သည် လိုရင်း မဟုတ်၊ ထို့ကြောင့် ကင်္ခါဝိတရဏီအဋ္ဌကထာ (၁၇၈)၌ မီးဖုတ်ရာအကြိမ် အရေအတွက်ကို မပြဆိုတော့ဘဲ 'သမဏသာရုပ္ပေန- ရဟန်းတို့အား လျောက်ပတ်သော အားဖြင့်၊ ပက္ကံ- ဖုတ်ပြီးသော' ဟုမိန့်သည်။ ဤဒုတိယနည်းအရ "အနက်ရောက်အဆင်း ရလျှင် သပိတ်အရာဝင်၍ အဓိဋ္ဌာန်ဝိကပ္ပနာ ပြုနိုင်ပြီ" ဟု မှတ်ရမည် ဖြစ်သည်။
ပိကာရော၊ ပိသဒ္ဒါသည်။
"(ဦနံ၊ ခွင့်ပြုသော သပိတ်၏ အကြိမ်သတ်မှတ်ချက် အားလျော်စွာ ယုတ်လျော့သော)။
ဧကပါကမ္ပိ၊ တစ်ကြိမ်သော မီးဖုတ်ခင်းမျှကိုလည်း။
န ဇနေတိ၊ မဖြစ်စေ။"
ဣတိ ဧဝံ၊ ဤသို့။
ပါကံ၊ မီးဖုတ်ခြင်း (မီးဖုတ်ရာ အကြိမ်ပမာဏ)ကို။
သမ္ပိဏ္ဍေတိ၊ ပေါင်းစည်း၏။
အထ ဝါ၊ ထို့အပြင် တစ်နည်းကား။
ဧကပါကေနေဝ၊ တစ်ကြိမ် မီးဖုတ်ခြင်းမျှဖြင့်သာလျှင်။
သာရုပ္ပေါ၊ ရဟန်းတို့အား လျောက်ပတ်သည်။
သစေ ဟောတိ၊ အကယ်၍ ဖြစ်ငြားအံ့။
(ဧဝံ သတိ)။
ဝဋ္ဋတိ၊ အပ်၏။
ဣတိ တသ္မာ၊ ထို့ကြောင့်။
ပါကပရိမာဏံ၊ မီးဖုတ်မှု အတိုင်းအရှည် (အကြိမ်ပမာဏ အရေအတွက်) ကို။
အဋ္ဌကထာယံ၊ ကင်္ခါဝိတရဏီ အဋ္ဌကထာ၌။
န ဝုတ္တံ၊ မမိန့်ဆိုအပ်။
ဣတိ၊ ဤသို့။
ဂဟေတဗ္ဗံ၊ ယူထိုက်၏။
(သော ပတ္တော)၊ ထို (သတ်မှတ်ရာ မီးဖုတ်အကြိမ် ပမာဏ မပြည့်သော ပိုင်ရှင်အား သပိတ်တန်ဖိုး အကျေမဆပ်ရသေးသော) သပိတ်သည်။
အပတ္တတ္တာ၊ သတ်မှတ်ရာ မီးဖုတ်အကြိမ် ပမာဏလျော့သော အားဖြင့် သပိတ်မဟုတ်သည်၏ အဖြစ်ကြောင့်။
(တစ်နည်း) အပတ္တတ္တာ၊ ကိုယ်ပိုင်သပိတ် မဟုတ်သည်၏ အဖြစ်ကြောင့်။
အဓိဋ္ဌာနူပဂေါ၊ အဓိဋ္ဌာန်လောက်သည်။
န ဟောတိ၊ မဖြစ်။
(ဒွေ၊ နှစ်လုံးကုန်သော။
အဓိဋ္ဌိတပတ္တာနံ၊ အဓိဋ္ဌာန်တင်အပ်ကုန်သော (ကိုယ်ပိုင်) သပိတ်တို့၏။
အသမ္ဘဝတော၊ အဖြစ်သင့်ခြင်းကြောင်ံ။)
ပုရာဏပတ္တံ၊ သပိတ်ဟောင်းကို။
အပစ္စုဒ္ဓရန္တေန၊ အဓိဋ္ဌာန်ချသော အားဖြင့် ပစ္စုဒ္ဓိုရ် မပြုလိုသော ရဟန်းသည်။
သော ပတ္တော၊ ထိုသပိတ်အသစ်ကို။
ဝိကပ္ပေတဗ္ဗော၊ ဝိကပ္ပနာ ပြုထိုက်၏။
(န အဓိဋ္ဌာကဗ္ဗော၊ အဓိဋ္ဌာန်မတင်ထိုက်)။
ဣတိ အယံ၊ ဤသည်ကား။
**အပစ္စုဒ္ဓရန္တေန ဝိကပ္ပေတဗ္ဗော** တိ ပဒဿ၊ အပစ္စုဒ္ဓရန္တေန ဝိကပ္ပေတဗ္ဗော ဟူသော ပုဒ်၏။
အတ္ထော၊ အနက်တည်း။
ဣတိ၊ ဤသို့။
လိခိတံ၊ ရေးအပ်ပြီ။
(ဋ္ဌ- ၌ ဆိုပြီး ဖြစ်သည်။)
(အနာပတ္တိ) **ပဝါရိတေ** တိ ဧတ္ထ၊ ၌။
သံဃဝသေန၊ အပေါင်းသံဃာ၏ အစွမ်အားဖြင့်။
ပရိဝါရိတဋ္ဌာနေ၊ ဖိတ်မံအပ်သော အရာ၌။
ပဉ္စဗန္ဓနေနေဝ၊ ငါးဖွဲ့ဖြင့် သာလျှင် (ငါးဖွဲ့ရှိမှသာလျှင်)။
စေတာပေတုံ၊ တောင်းခြင်းငှာ။
ဝဋ္ဋတိ၊ အပ်၏။ပဝါရိတေ ။ပ။ ဝဋ္ဋတိ ။ ။ ဤစကားရပ် ပါရာဇိကဏ်အဋ္ဌကထာ (ဒု-၂၈၈)၌ 'ကုရုန္ဒိယံ ဝုတ္တံ' ဖြင့် ကုရုန္ဒိမည်သော ရှေးအဋ္ဌကထာ၏ စကားဖြစ်ကြောင်း ပြ၏။ ထို့ကြောင့် လိခိတံ ဆိုသော်လည်း ဋီကာဆရာ၏ မူရင်း စကားမဟုတ်ကြောင်း သိနှင့်ရာ၏။
ဤစကားရပ်ဖြင့်- သံဃကို ဦးတည်၍ 'အရှင်ဘုရားတို့ သပိတ်အလိုရှိသောအခါ တပည့်တော်ထံ တောင်းကြပါ' ဟု ဖိတ်မန်ခဲ့သော် ငါးဖွဲ့ပြည့်မှသာ တောင်းကောင်း၏။ အရှင်မြတ်ဘုရား သပိတ်လိုလျှင် တပည့်တော်ထံမှာ တောင်းပါ (အလှူခံပါ) ဟု တစ်သီးပုဂ္ဂလ ဖိတ်မန်ခဲ့သော် ငါးဖွဲ့မပြည့် (တစ်ဖွဲ့မျှမရှိ)သော်လည်း တောင်းကောင်း၏ဟု ပြသည်။ ပုဂ္ဂလိကဝသေန၊ ပုဂ္ဂိုလ်၏ ဥစ္စာအစွမ်းအားဖြင့်။ ပဝါရိတဋ္ဌာနေ၊ ဖိတ်မန် အပ်သော အရာ၌။ ဦနပဉ္စဗန္ဓနေနာပိ၊ ယုတ်လျော့သော ငါးဖွဲ့ဖြင့်လည်း (ငါးဖွဲ့မပြည့်သော်လည်း)။ စေတာပေတုံ၊ တောင်းခြင်းငှာ။ ဝဋ္ဋတိ၊ အပ်၏။ ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။
ဤစကားရပ်ဖြင့်- သံဃကို ဦးတည်၍ 'အရှင်ဘုရားတို့ သပိတ်အလိုရှိသောအခါ တပည့်တော်ထံ တောင်းကြပါ' ဟု ဖိတ်မန်ခဲ့သော် ငါးဖွဲ့ပြည့်မှသာ တောင်းကောင်း၏။ အရှင်မြတ်ဘုရား သပိတ်လိုလျှင် တပည့်တော်ထံမှာ တောင်းပါ (အလှူခံပါ) ဟု တစ်သီးပုဂ္ဂလ ဖိတ်မန်ခဲ့သော် ငါးဖွဲ့မပြည့် (တစ်ဖွဲ့မျှမရှိ)သော်လည်း တောင်းကောင်း၏ဟု ပြသည်။ ပုဂ္ဂလိကဝသေန၊ ပုဂ္ဂိုလ်၏ ဥစ္စာအစွမ်းအားဖြင့်။ ပဝါရိတဋ္ဌာနေ၊ ဖိတ်မန် အပ်သော အရာ၌။ ဦနပဉ္စဗန္ဓနေနာပိ၊ ယုတ်လျော့သော ငါးဖွဲ့ဖြင့်လည်း (ငါးဖွဲ့မပြည့်သော်လည်း)။ စေတာပေတုံ၊ တောင်းခြင်းငှာ။ ဝဋ္ဋတိ၊ အပ်၏။ ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။
**ဂါထာအနက်** ။ ။ စ၊ ဆက်ဦးအံ့။
ယော၊ အကြင်အာပတ်သင့်မိသော ရဟန်းသည်။
ဦနပဉ္စဗန္ဓနတ္ထံ၊ ယုတ်လျော့သော ငါးဖွဲ့ရှိသော သပိတ်၏ အကျိုးငှာ။
ဝုတ္တမ္ပိ၊ ဟောမိန့်တော်မူအပ်ပြီးသည်သာဖြစ်သော။
ဧတံ၊ ဤသိက္ခာလာ ကျင့်ဝတ်ကို။
ကရော၊ ပြုကျင့်လိုက်နာတတ်သည်။
ဟောတိ၊ ဖြစ်၏။
သော၊ ထို ကျင့်ဝတ်ကို လိုက်နာသော ရဟန်းသည်။
ဦပနပဉ္စဗန္ဓနတ္ထံ၊ ယုတ်လျော့သော ငါးဖွဲ့ရှိသော သပိတ်၏ အကျိုးငှာ။
(သံဃံ၊ သံဃာသို့။
ဥပသင်္ကမိတွာ၊ ချဉ်းကပ်ပြီး၍။)
ဝုဍ္ဎာနံ၊ အသက်သိက္ခာကြီးရင့်ကုန်သော။
ဘိက္ခူနံ၊ မထေရ်ရဟန်းတို့၏။
သန္တိကေ၊ အထံသို့။
ပတွာန၊ ရောက်၍။
အဟံ ဘန္တေတိ အာဒိနာ၊ အဟံ ဘန္တေ အစရှိသော စကားဖြင့်။
နိဿဇ္ဇိတွာ၊ သပိတ်ကို စွန့်၍။
အာပတ္တိံ၊ နိဿဂ္ဂိပါစိတ်အာပတ်ကို။
ဒေသေတိ၊ ဒေသနာ ပြောကြား၏။
**"ပဋိသာယနီယာနိ ပဋိဂ္ဂဟေတွာ"** တိ၊ "ပဋိသာသနီယာနိ ပဋိဂ္ဂဟေတွာ" ဟူ၍။
ဝဒန္တေန၊ သိက္ခာပုဒ်၌ ဟောမိန့်တော်မူခြင်းကြောင့်။
(အဘုဉ္ဇိတွာ၊ မစားသုံးမူ၍။)။
ပါဒမက္ခနာဒီနံ၊ ခန္ဓာပြင်ပ ခြေထောက်ကို လိမ်းကျံခြင်း အစရှိသည်တို့၏။
အတ္ထာယ၊ အကျိုးငှာ။
ပဋိဂ္ဂဟေတွာ၊ အကပ်ခံပြီး၍ (အကပ်ခံပြီးနောက်)။
ဌပေတုံ၊ ခုနစ်ရက်ကျော်လွန်အောင် ထားခြင်းငှာ။
ဝဋ္ဋတိ၊ အပ်၏။
ဤတိ၊ ဤသို့။
ဒီပိတံ၊ ပြအပ်ပြီ။
ဣတိ၊ ဤသို့။
လိခိတံ၊ ရေးအပ်ပြီ။
**"ယေသံ မံသံ ကပ္ပတီ"** တိ၊ "ယေသံ မံသံ ကပ္ပတိ" ဟူ၍။
ဝစနေန၊ ဟောမိန့်တော်မူခြင်းကြောင့်။
ယေသံ မံသံ ကပ္ပတိ ။ ။ ဤစကားတော်ကို ဗျတိရိက်အနက်ယူ၍ မအပ်သော မစားကောင်းသော အသားရှိကုန်သော သတ္တဝါတို့မှ ဖြစ်သော ထောပတ်စသည်များ မအပ်ဟု အချို့ပုဂ္ဂိုလ်များ ဆိုကြခြင်းသည် မသိ၍ ဆိုကြခြင်းဖြစ်သည်။ မှန်၏၊ လူမှတစ်ပါး အပ်ကုန် မအပ်ကုန်သော (စားသောက်ကုန် မစားကောင်းကုန်သော) သတ္တဝါတို့မှ ဖြစ်ပေါ်လာသော ထောပတ်စသည်တို့ကိုကား စားကောင်းပါသည်။ အကပ်ခံပြီးနောက် ခုနစ်ရပ်ပတ်လုံး ဆေးအဖြစ် မှီဝဲကောင်းပါသည်။ ခုနစ်ရက်ကျော်အောင်ထားလျှင်မူ ဒုက္ကဋ်အာပတ်သင့်၏။ ဤနေရာ၌ ကား နိဿဂ္ဂိအခန်းဖြစ်၍ ဒုက္ကဋ်အာပတ်သင့်သော ဆေးပစ္စည်းတို့ကို ထုတ်ပြနေဖို့ မလိုပါ။ နိဿဂ္ဂိပါစိတ်အာပတ် သင့်နိုင်သော ဆေးပစ္စည်းတို့ကိုသာ ထုတ်ပြရမည် ဖြစ်သည်။ ထို့ကြောင့် အကပ်ခံပြီးနောက်ခုနစ်ရက်သာ သိုမှီး၍ သုံးနိုင်သော ခုနစ်ရပ်ကျော်လွန်က နိဿဂ္ဂိ ပါစိတ်အာပတ် သင့်နိင်သော ဆေးပစ္စည်း သရုပ်တို့ကိုသာ ပြဆိုခြင်းငှာ "ယေသံ မံသံ ကပ္ပတိ" စသည် ဟောမိန့်တော်မူရခြင်း ဖြစ်သည်။ ပဏီတဘောဇနသိက္ခာပုဒ်အဖွင့်လာ "ယေသံ မံသံ ကပ္ပတိ" စသည် ၌လည်း ဤအနည်းတိုင်းသာ ဖြစ်သည်။
ယေသံ၊ အကြင်သတ္တဝါတို့၏။
မံသံ၊ အသားသည်။
ဘုဉ္ဇိတုံ၊ စားခြင်းငှာ။
န ကပ္ပတိ၊ မအပ်။
တေသံ၊ (မအပ်သော အသားရှိကုန်သော) ထိုသတ္တဝါတို့၏။
သပ္ပိအာဒိ၊ ထောပတ်စသည်သည်။
ပဋိသေဝိတုံ၊ အကပ်ခံပြီးနောက် ခုနစ်ရပ်ပတ်လုံး ဆေးအဖြစ်မှီဝဲခြင်းငှာ။
န ကပ္ပတိ၊ မအပ်ပါ။
ဣတိ၊ ဤသို့။
ဝဒန္တာ၊ ပြောဆိုကုန်သူတို့သည်။
အဇာနိတွာ၊ မသိကုန်သောကြောင့်။
(တွာပစ္စည်း၊ ဟိတ်အနက်)။
ဝဒန္တိ၊ ပြောဆိုကြကုန်၏။
ကသ္မာ၊ အဘယ့်ကြောင့်နည်း။
ဟိ ယသ္မာ၊ အကြင်ကြောင့်။
"ယေသံ မံသံ ကပ္ပတိ၊ တေသံ ကပ္ပီ" တိ အာဒိ၊ "ယေသံ မံသံ ကပ္ပတိ၊ တေသံ သပ္ပိ" အစရှိသည်ကို။
ဝိ၊၁။၃၆၃။
သတ္တာဟကာလိကနိဿဂ္ဂိယဝတ္ထုပရိစ္ဆေဒဒဿနတ္ထံ၊ သတ္တာဟ ကာလိကနိဿဂ္ဂိယဝတ္ထု (ခုနစ်ရက်ပတ်လုံး သုံးစွဲထိုက်သော ခုနစ်ရက်ကျော်ကစွန့်ရခြင်း ဝိနည်းကံ ရှိသော ဝတ္ထု) အပိုင်းအခြားကို ပြဆိုတော်မူခြင်း အကျိုးငှာ။
ဝုတ္တံ၊ ဟောတောမူအပ်ပြီ။
တထာ၊ ထို့အတူ။
ပဏီတဘောဇနသိက္ခာပဒေ၊ ပဏီတဘောဇနသိက္ခာပုဒ်၌။
"ယေသံ မံသံ ကပ္ပတိ၊ တေသံယေဝ ခီရာ"ဒိ ပဏီတဘောဇနံ၊ "ယေသံ မံသံ ကပ္ပတိ၊ တေသံယေဝ ခီရံ" အစရှိသော ပဏီတဘောဇဉ်ကို။
နယတော၊ နည်းအားဖြင့်။
ဝေဒိတဗ္ဗံ၊ ၏။
ဣတရံ၊ အခြားသောအရာသည်။
န၊ မဟုတ်။
ဣတိ၊ ဤသို့။
ဒဿေတုံ၊ ပြဆို ခြင်းငှာ။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဣတိ တသ္မာ၊ ထို့ကြောင့်တည်း။
**မဓု နာမ**၊ မဓု မည်သည်။မဓု နာမ ။ ။ မဓု၌ သတ္တာဟကာလိကမဓု၊ ယာဝဇီကမဓု ဟု နှစ်မျိုးရှိ၏။ ဤ၌ ယာဝဇီဝီကမဓုကိုထုတ်ပြသည်။ စီရိကာ နာမ သပက္ခာ ဒီဃမက္ခိကာ၊ တုမ္ဗလနာမိကာစ အဋ္ဌိပက္ခာ ကာဠမဟာဘမရာ ဟောန္တိ၊ တေသံ အာသယေသု နိယျာသသဒိသံ မဓု ဟောတိ၊ တံ ယာဝဇီဝိကံ။ (ပါရာဇိကဏ် အဋ္ဌကထာ၊ဒု၊၂၉၄၊)
ဝတ္ထုနှင့်စပ် သိမှတ်စရာ
ဤနိဿဂ္ဂိယဝတ္ထုတို့နှင့် စပ်၍ သိမှတ်ဖွယ်ကို ရှေးဆရာတို့က ဤသို့ မှတ်တမ်းတင်တော်မူခဲ့ကြသည်။ [ဆောင်] သန္ထပတေး၊ ရက်ကုန်ဆေး၊ ပြန်ပေးမသုံးရ။ ရွှေ ငွေ ခံလဲ၊ နှစ်ခုတည်း (ထဲ)၊ ပြန်ပဲ မပေးရ။ အကြွင်းစစ်ဆေး၊ နှစ်ဆယ့်လေး၊ ပြန်ပေး သုံးစွဲရ။ သန္ထတတေး- အခင်း ငါးမျိုးတွင် ရှေ့အခင်းသုံးမျိုး ဖြစ်သည်။ ရက်ကုန်ဆေး- အကပ်ခံပြီး၍ ခုနစ်ရက်ကျော်ပြီးသော ထောပတ်ဆီဦး စသော ဘေသဇ္ဇသိက္ခာပုဒ်လည ဆေးများဖြစ်သည်။ ရွှေငွေ ခံ လဲ- ရွှေငွေကို ခံယူခြင်း လဲလှယ်ခြင်းကြောင့်ဖြစ်သော နိဿဂ္ဂိဝတ္ထု ဖြစ်သည်။ အကြွင်းစစ်ဆေး၊ နှစ်ဆယ့်လေး- ဆိုပြီးမှ ကြွင်းသော နိဿဂ္ဂယဝတ္ထု (၂၄) ပါး ဖြစ်သည်။ စွန့်ပြီးနောက် ပြန်ပေး, ပြန်ရလျှင် သုံးဆောင်ကောင်းသည်။ မဓုကရိဘမရမက္ခိကာနံ၊ ပျားရည်ကို ပြုတတ်ကုန်သော စီရိကာပျားအလတ်ပိတုန်းပျားအကြီးတို့၏။ အာသယေသု၊ နေရာတို့၌။ နိယျာသသဒိသံ၊ သစ်စေးနှင့် တူသော။ မဟာမဓု၊ ကြီးသော ပျား(ပျားဖယောင်း)သည်။ (အမက္ခိတံ)- ပျားရည်ဖြင့်မလိမ်းကျံအပ်သည်။ ဟောတိ၊ ဖြစ်အံ့။ တံ၊ ထိုရင့်မာသော ပျားဖယောင်းသည်။ ယာဝဇီဝိကံ၊ ယာဝဇီဝိကတည်း။ ဣတိ စ၊ ဤသို့လည်း။ လိခိတံ၊ ဝဇိရဗုဒ္ဓိဆရာရေးအပ်ပြီ။
ဝတ္ထုနှင့်စပ် သိမှတ်စရာ
ဤနိဿဂ္ဂိယဝတ္ထုတို့နှင့် စပ်၍ သိမှတ်ဖွယ်ကို ရှေးဆရာတို့က ဤသို့ မှတ်တမ်းတင်တော်မူခဲ့ကြသည်။ [ဆောင်] သန္ထပတေး၊ ရက်ကုန်ဆေး၊ ပြန်ပေးမသုံးရ။ ရွှေ ငွေ ခံလဲ၊ နှစ်ခုတည်း (ထဲ)၊ ပြန်ပဲ မပေးရ။ အကြွင်းစစ်ဆေး၊ နှစ်ဆယ့်လေး၊ ပြန်ပေး သုံးစွဲရ။ သန္ထတတေး- အခင်း ငါးမျိုးတွင် ရှေ့အခင်းသုံးမျိုး ဖြစ်သည်။ ရက်ကုန်ဆေး- အကပ်ခံပြီး၍ ခုနစ်ရက်ကျော်ပြီးသော ထောပတ်ဆီဦး စသော ဘေသဇ္ဇသိက္ခာပုဒ်လည ဆေးများဖြစ်သည်။ ရွှေငွေ ခံ လဲ- ရွှေငွေကို ခံယူခြင်း လဲလှယ်ခြင်းကြောင့်ဖြစ်သော နိဿဂ္ဂိဝတ္ထု ဖြစ်သည်။ အကြွင်းစစ်ဆေး၊ နှစ်ဆယ့်လေး- ဆိုပြီးမှ ကြွင်းသော နိဿဂ္ဂယဝတ္ထု (၂၄) ပါး ဖြစ်သည်။ စွန့်ပြီးနောက် ပြန်ပေး, ပြန်ရလျှင် သုံးဆောင်ကောင်းသည်။ မဓုကရိဘမရမက္ခိကာနံ၊ ပျားရည်ကို ပြုတတ်ကုန်သော စီရိကာပျားအလတ်ပိတုန်းပျားအကြီးတို့၏။ အာသယေသု၊ နေရာတို့၌။ နိယျာသသဒိသံ၊ သစ်စေးနှင့် တူသော။ မဟာမဓု၊ ကြီးသော ပျား(ပျားဖယောင်း)သည်။ (အမက္ခိတံ)- ပျားရည်ဖြင့်မလိမ်းကျံအပ်သည်။ ဟောတိ၊ ဖြစ်အံ့။ တံ၊ ထိုရင့်မာသော ပျားဖယောင်းသည်။ ယာဝဇီဝိကံ၊ ယာဝဇီဝိကတည်း။ ဣတိ စ၊ ဤသို့လည်း။ လိခိတံ၊ ဝဇိရဗုဒ္ဓိဆရာရေးအပ်ပြီ။