Issues
Select Version
နိဿယ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

Pāṭidesanīyakaṇḍaṃ

Author: နိဿယ @ IAPT

(ယာမကာလိကာဒီသု ပဋိဂ္ဂဏေပိ အဇ္ဈောဟရဏေပိ ဒုက္ကဋံ၊ ကင်္ခါ၊ဋ္ဌ)။ ယာမကာလိကာဒီသု၊ ယာမကာလိကအစရှိသည်တို့၌။ အာဟာရတ္ထာယ ဧဝ၊ အာဟာရ အကျိုးငှာသာလျှင်။ ဒုက္ကဋံ၊ ဒုက္ကဋ်အာပတ်သည်။ ဟောတိ၊ ဖြစ်၏။
တမ္ပိ၊ ထိုဒုက္ကဋ်အာပတ်သည်လည်း။ အာမိသေန၊ ဆွမ်းစသော အာမိသနှင့်။ အသမ္ဘိန္နရသေ၊ မရောနှောအပ်သော ယာမကာလိက သတ္တာဟကာလိက ယာဝဇိဝိကအရသာ၌။ ဟောတိ၊ ဖြစ်၏။ သမ္ဘိန္နေ၊ ဆွမ်းစသော အာမိသနှင့် ရောစပ်ပြီးသော။ ဧကရသေ၊ တပေါင်းတည်း အရသာရှိသော ယာမကာလိကစသောသုံးပါးအပေါင်း၌။ (ဂဏှန္တဿ) ပန၊ ခံယူသော ရဟန်းကား။ ပါဋိဒေသနီယမေဝ၊ ပါဋိဒေသနီအာပတ်သာလျှင်တည်း။ရှင်လင်းချက်။ ။မြို့အတွင်း ရွာတွင်းသို့ ဝင်သော ဆွေမျိုး မတော်သော ဘိက္ခုနီ၏ လက်မှ ယာဝကာလိကဝတ္ထုကို တိုက်ရိုက် ခံယူ စားသုံလျှင် ဤသိက္ခာပုဒ်အရ ပါဋိဒေသနီအာပတ် သင့်သည်။ ယာမကာလိကသတ္တာဟကာဘိက ယာဝဇီဝိကဝတ္ထုတို့ကို ခံယူသုံးဆောင်ရာ၌လည်း ထိုဝတ္ထုတို့က ဆွမ်းစသော အာမိသနှင့် ရောနေပါလျှက် ပါဋိဒေသနီ အာပတ်ပင် သင့်သည်။ အာမိသနှင့် မရောမယှက် သက်သက်သောဝတ္ထုပင် ဖြစ်သော်လည်း အစာအာဟာရအတွက် ခံယူရာ သုံးဆောင်ရာတို့၌ ဒုက္ကဋ်အာပတ်သင့်သေးသည်။ ထိုယာမကာလိက စသည်ကို ပိပါသဂေလည အကြောင်းရှိ၍ ခံယူသုံးဆောင်ရာ၌ကား အာပတ်မသင့်ပါ။
ယာမကာလိကံ သတ္တာဟကာလိကံ ယာဝဇီဝိကံ အာဟာရတ္ထာယပဋိဂ္ဂဏှာတိ အာပတ္တိ ဒုက္ကဋဿ။ အဇ္ဈောဟာရေ အာပတ္တိ ဒုက္ကဋဿ။ (ပါစိတ်ပါဠိတော၊ ၂၂၉။) ဣဒံ အာမိသေန အသမ္ဘိန္နံ သန္ဓာယဝုတ္တံ၊ သမ္ဘိန္နေ ပန ဧကရသေ ပါဋိဒေသနီယမေဝ။ (ပါစိတ်၊ဋ္ဌ၊၁၅၇။) သမ္ဘိန္နေ ဧကရသေ ကာလိကတ္တယေတိ ယောဇနာ။ (ပါစိ၊ ယော၊ ၁၂၈။) အာမိသေန သမ္ဘိန္နေ ဧကရသေ ယာမကာလိကာဒိမှိ။ (ဝိနယ ဝိနိစ္ဆယဋီကာ၊ ၂၊၃။)
**"သမုဋ္ဌာနဒီနိ ကထိနသဒိသာနိ၊ ဣဒံ ပန ကိရိယာကိရိယ"** န္တိ၊ "သမုဋ္ဌာနာဒီနိ၊ ပ။ ကိရိယာ ကိရိယံ" ဟူ၍။ ပါဌော၊ အဋ္ဌကထာပါဌ်သည်။ အတ္ထိ၊ ရှိ၏။
**အာရာမေ ဝါ အာရာမူပစာရေ ပါ ပဋိဂ္ဂဟေတွာ အဇ္ဈောဟရန္တဿာ** တိ၊ ကား။ အာရာမေ ဝါ၊ အာရာမ်၌လည်းကောင်း။ အာရာမူပစာရေ ဝါ၊ အာရာမ်၏ ဥပစာ၌လည်းကောင်း။ ပဋိဂ္ဂဟေတွာ၊ ခံယူ၍။ အာရာမေ ဝါ၊ အာရာမ်၌ လည်းကောင်း။ အာရာမူပစာရေ ဝါ၊ အာရာမ်၏ ဥပစာ၌လည်းကောင်း။ အဇ္ဈောဟရန္တဿ၊ စားမြိုသော ရဟန်းအား။ ဣတိ အတ္ထော၊ ဤကား အနက်တည်း။ (ဤသို့ ခံယူဘုဉ်းပေးရာ၌ ခံယူခြင်းကြောင့် ဒုက္ကဋ်၊ ဘုဉ်းပေးတိုင်း ပါဋိဒေသနီ အာပတ်သင့်၏။)
ဗဟာရာမေ၊ အာရာမ်၏ ပြင်ပ၌။ ပဋိဂ္ဂဟိတံ၊ ခံယူအပ်သော ခဲဖွယ်ဘောဇဉ်ကို။ အဇ္ဈာရာမေ၊ အာရာမ်၏ အတွင်း၌။ ဘုဉ္ဇန္တဿ၊ စားသော ရဟန်းအား။ အနာပတ္တိ၊ အာပတ်မသင့်။
စ၊ အထူးကို ဆိုဦးအံ့။ အင်္ဂေသု၊ အာပတ်သင့်ကြောင်း အင်္ဂါ ခုနှစ်ပါးတို့၌။ အဇ္ဈာရာမေ၊ အာရာမ်အတွင်း၌။ ပဋိဂ္ဂဟဏံ၊ ခံယူခြင်း (အင်္ဂါ)ကို။ "အဇ္ဈာရာမေ ဝါ၊ အာရာမ်အတွင်း၌လည်းကောင်း။ အာရာမူပစာရေ ဝါ၊ အာရာမ်၏ ဥပစာ၌လည်းကောင်း။ ပဋိဂ္ဂဟဏံ၊ ခံယူခြင်း။" ဣတိ အတ္ထဇာတံ၊ ဤသို့သော အနက်ကို။ ဂဟေတဗ္ဗံ၊ ယူထိုက်၏။
ကသ္မာ၊ အဘယ့်ကြောင့်နည်း။ ဟိ ယသ္မာ၊ အကြင်ကြောင့်။ အဇ္ဈာရာမေ၊ အာရာမ်အတွင်းသို့။ ဒဿိတေ၊ ပြအပ်သော်။ အာရာမူပစာရံ၊ အာရာမ်၏ ဥပစာကို။ ဒဿိတမေဝ၊ ပြအပ်ပြီးတော့သည်သာ။ ဟောတိ၊ ဖြစ်၏။ ဣတိ တသ္မာ၊ ထို့ကြောင့်တည်း။
**"သမုဋ္ဌာနာဒီနိ ကထိနသဒိသာနိ၊ ဣဒံ ပန ကိရိယာကိရိယ** "န္တိ၊ "သမုဋ္ဌာနာဒီနိ ။ပ။ ကိရိယာ ကိရိယ" ဟူ၍။ ပါဌော၊ အဋ္ဌကထာပါဌ်သည်။ အတ္ထိ၊ ရှိ၏။