Issues
Select Version
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

Bhikkhunīpātimokkhavaṇṇanā

Author: နိဿယ @ IAPT

**အဘိလာပမတ္တမေဝါ** တိ ဧတ္ထ၊ အဘိလာပမတ္တမေဝ ဟူသော ဤပါဌ်၌။ ဒဟရဝသေန၊ သီတင်းငယ်၏ အစွမ်းအားဖြင့်။ "ဘန္တေ" တိစ၊ "ဘန္တေ" ဟူ၍လည်းကောင်း။ ဝုဍ္ဎဝသေန၊ သီးတင်းကြီး၏ အစွမ်းအားဖြင့်။ "အာဝုသော" တိ စ၊ "အာဝုသော" ဟူ၍ လည်းကောင်း။ တတ္ထ၊ ထိုဘိက္ခုပါတိမောက်၌။ ဒုဝိဓော၊ နှစ်ပါးအပြားရှိသော။ အဘိလာပေါ၊ အခေါ်အဝေါ်သည်။ ဟောတိ၊ ဖြစ်၏။ ဣဓ ပန၊ ဤဘိက္ခုနီပါတိမောက်၌ကား။ ဝုဍ္ဎဒဟရာနံ၊ သီတင်းကြီး သီးတင်းငယ်တို့၏။ "အယျာ" တိ၊ "အယျာ" ဟူ၍။ ဧကမေဝ၊ တစ်ခုတည်းသာလျှင်ဖြစ်သော။ အဘိလာပေါ၊ အခေါ်အဝေါ်သည်။ ဟောတိ၊ ဖြစ်၏။
**ကာယသံသဂ္ဂေ ဝုတ္တနယေနာ** တိ ဧတ္ထ၊ ၌။ တဗ္ဗဟုလနယေန၊ တဗ္ဗဟုလနည်းဖြင့်။ ကိရိယသမုဋ္ဌာနတာ၊ ကိရိယသမုဋ္ဌာန်၏ အဖြစ်ကို။ ဝုတ္တာ၊ ဆိုအပ်ပြီ။ ပန၊ စင်စစ်သော်ကား။ "ကာယသံသဂ္ဂံ သမာပဇ္ဇေယျော" တိ၊ ဟူ၍။ အဝတွာ၊ မဟောမိန့်မူ၍။ "သာဒိယေယျာ" တိ၊ ဟူ၍။ ဝုတ္တတ္တာ၊ ဟောတော်မူအပ်သည်၏ အဖြစ်ကြောင်း။ အကိရိယတောပိ၊ အကိရိယအားဖြင့်လည်း။ သမုဋ္ဌာတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။
ဧတ္ထ ယထာ စ၊ ဤ ဥဗ္ဘဇာဏု မဏ္ဍလိကာသိက္ခာပုဒ် ကဲ့သို့။ ဧဝံ တထာ၊ ဤအတူ။ ဟေဋ္ဌာ၊ အောက်ဖြစ်သော ပဌမပါရာဇိကသိက္ခာပုဒ်၌။ "မနုဿိတ္ထိယာ တယော မဂ္ဂေ မေထုနံ ဓမ္မံ ပဋိသေဝန္တဿ အာပတ္တိ ပါရာဇိကဿာ" တိ အာဒိနာ၊ "မနုဿိတ္ထိယာ ။ပ။ ပါရာဇိကဿ" အစရှိသော။ ဝိ၊၁။၃၅။ နယေန၊ နည်းအားဖြင့်။ ကိရိယသမုဋ္ဌာနတံ၊ ကိရိယသမုဋ္ဌာန်၏အဖြစ်ကို။ ဝတွာ၊ ဟောကြားတော်မူ၍။ တဒနန္တရံ၊ ထိုစကား၏ အခြားမဲ့၌။ "ဘိက္ခုပစ္စတ္ထိကာ မနုဿိတ္ထိံ ဘိက္ခုဿ သန္တိကံ အာနေတွာ ဝစ္စမဂ္ဂေန အင်္ဂဇာတံ အဘိနိသီဒေန္တိ၊ သော စေ ပဝေသနံ သာဒိယတီ" တိ အာဒိနာ၊ "ဘိက္ခုပစ္စတ္ထိကာ ။ပ။ သာဒိယတိ" အစရှိသော။ နယေန၊ နည်းအားဖြင့်။ အကိရိယ သမုဋ္ဌာနဿပိ၊ အကိိရိယသမုဋ္ဌာန်ကိုလည်း။ ဝုတ္တတ္တာ၊ ဟောတော်မူသည်၏ အဖြစ်ကြောင့်။ ပဌမပါရာဇိကာယပိ၊ ပဌမပါရာဇိကအာပတ်၏လည်း။ တဗ္ဗဟုလနယေနေဝ၊ တဗ္ဗဟုလနည်းဖြင့်သာလျှင်။တဗ္ဗဟုလနယ။ ။ ဥဗ္ဘဇာဏုမဏ္ဍလိကာသိက္ခာပုဒ်သည် တဗ္ဗဟုလနည်းအားဖြင့် ဖြစ်သော ကိရိယသမုဋ္ဌာန် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်- သာဒိယေယျအသုံးဖြင့် အကိရိယဖြစ်ပုံကိုလည်းဟောတော်မူသောကြောင့်တည်း။ ပဌမပါရာဇိကသိက္ခာပုဒ်သည်လည်း တဗ္ဗဟုလနည်းအားဖြင့် ဖြစ်သော ကိရိယသမုဋ္ဌာန် ဖြစ်သည်။ အကြောင်းကား- ပါရာဇိကဏ်-၃၅ ၌ 'မေထုနံ ဓမ္မံ ပဋိဿေဝန္တ" စသည်ဖြင့် ကိရိယ ဖြစ်ပုံကို ဟောပြီးနောက် 'ပဝေသနံ သာဒိယတိ' စသည်ဖြင့် အကိရိယဖြစ်ပုံကိုလည်း ဟောတော်မူသောကြောင့်တည်း။
သို့သော် ပဌမပါရာဇိကဝတ္ထု၌ ကိရိယကို ပုံသေသတ်မှတ်ယူရန်ကား မသင့်ပေ။ အဘယ့်ကြောင့်ဆိုသော်- "မေထုန်မှီဝဲရာ၌ သွင်းသည့်အဆင့် သွင်းပြီးသည့်အဆင့် ရပ်တန့်သည့်အဆင့်တို့၌ မသာယာပါက ပါရာဇိက အာပတ်မသင့်သေး" ဟူသော ဟောကြားတော်မူချက် ရှိသည်။ ထိုတွင် ရပ်တန့်သည် အဆင့်၌ လှုပ်ရှားမှုကိရိယ အစုံ ရရှိနေသော်လည်း ပါရာဇိက အာပတ်မသင့်သေးသောကြောင့် ဖြစ်သည်။ မေထုန်ကို လက်ခံသာယာရာ၌ကား လှုပ်ရှားမှုကိရိယ မဖြစ်သော်လည်း အာပတ်သင့်ရကား ကိရိယအဆိုမှာ တဗ္ဗဟုလနည်းအားဖြင့် ဆိုသည်ဟု ယူရမည်ဖြစ်သည်။
ကိရိယ သမုဋ္ဌာနတာ၊ ကိရိယသမုဋ္ဌာန်၏ အဖြစ်ကို။ ဝေဒိတဗ္ဗာ၊ သိထိုက်၏။
ဟိ၊ မှန်၏။ ပဝေသနသာဒိယနာဒိမှိ၊ ပဝေသေန သာဒိယနအစရှိသည်၌။ ကိရိယသမုဋ္ဌာနတာ၊ ကိရိယ သမုဋ္ဌာန်၏ အဖြစ်သည်။ ဝါ၊ ကို။ န ဒိဿတိ၊ မထင်။ ဝါ၊ မတွေ့မြင်အပ်။
ဧတ္ထ၊ ဤပဌမပါရာဇိကဝတ္ထု၌။ အင်္ဂဇာတစလနဉ္စ၊ အင်္ဂါဇာတ်လှုပ်ခြင်း ဟူသော ကိရိယသမုဋ္ဌာန်ကိုလည်း။ သာရတော၊ အနှစ်အားဖြင့်။ န ဒဋ္ဌဗ္ဗံ၊ မမှတ်အပ်။ ကသ္မာ၊ အဘယ့်ကြောင့်နည်း။ "သော စေ ပဝေသနံ န သာဒိယတိ၊ ပဝိဋ္ဌံန သာဒိယတိ၊ ဌိတံ န သာဒိယတိ၊ ဥဒ္ဓရဏံ သာဒိယတိ၊ အာပတ္တိ ပါရာဇိကဿာ" တိ ဧတ္ထ၊ "သော စေ ။ပ။ ပါရာဇိကဿ" ဟူသော ဤပါဌ်၌။ ဝိ၊၁။၃၆။ ဌိတနသာဒိယနေ၊ ရပ်တန့်နေသည်ကို မသာယာခြင်း၌။ ပကတိယာပိ၊ ပင်ကိုအားဖြင့်လည်း။ ပရိပုဏ္ဏစလနတ္တာ၊ ပြည့်သော လှုပ်ခြင်း ကိစ္စရှိသည်၏ အဖြစ်ကြောင့်တည်း။
ဧတ္ထ၊ ဤပဌမပါရာဇိကဝတ္ထု၌။ အာဒိယနပစ္စယာ၊ သာယာခြင်းဟူသော အကြောင်းကြောင့်။ ပဋိသေဝနစလနဉ္စ၊ မှီဝဲကြောင်း လှုပ်ရှားခြင်းကိုလည်း။ (မှီဝဲစဉ် လှုပ်ခြင်းဟူလည်း ပေးသည်။) န ဒိဿတေဝ၊ မတွေ့မြင်အပ်သည်သာလျှင်တည်း။ ဣတိ တသ္မာ၊ ထို့ကြောင့်။ တဗ္ဗဟုလနယေနေဝ၊ တဗ္ဗဟုလနည်း (ယေဘုယျနည်း) အားဖြင့်သာလျှင်။ ကိရိယ သမုဋ္ဌာနတာ၊ ကိရိယသမုဋ္ဌာန်၏ အဖြစ်ကို။ ဂဟေတဗ္ဗာ၊ ယူထိုက်၏။
အပိ စ (အပရော နယော)၊ တစ်ပါးသော နည်းကို။ အခြားနည်း။ ။ ဤနည်းကို ပြဆိုရာ၌ ယခုဋီကာပါဌ်တို့၌ ဘိက္ခုနိယာ ပဌမ ပါရာဇိကေပိ 'တဿ သာဒိယနဿ' ဟု ရှိနေသည်။ ထိုသာဒိယနပါဌ်သည် ကိရိယကို ပြဆိုသော စကားမဟုန်၊ အကိရိယကိုသာ ပြဆိုသော အသုံးအနှုန်းစကား ဖြစ်သည်။ ရှေ့၌ ဆိုခဲ့သော "သာဒိယတီတိအာဒိနာ နယေန အကိရိယသမုဋ္ဌာနဿပိ ဝုတ္တတ္တာ" စကားကို သတိပြုပါ။ ဤသို့ အကိရိယပြ သာဒိယနကို အတည်ယူခဲ့ပါလျှင် နောက်စကားများနှင် ဆန့်ကျင်မည် ဖြစ်သည်၊ ဆန့်ကျင် မကျင်ကိုအသာထား ထိုသာဒိယန စကားသက်သက် အသုံးကပင် မှားယွင်းလျက်ရှိသည်။ ဘိက္ခုနီပဌမပါရာဇိက၌ သာဒိယန အသုံးဟူ၍ တစ်လုံးမျှ မပါ။ ကိရိယဖြစ်ကြောင်းကို ပြဆိုသော "ယာ ပန ဘိက္ခုနီ ဆန္ဒသော မေထုနံ ဝမ္မံ ပဋိသေဝေယျ၊ အန္တမသော တိရစ္ဆာနဂတေနပိ၊ ပါရာဇိကာ ဟောတိအသံဝါသာ" ဟူသော စကားရပ်သာ လာရှိသည်။ ထို့ကြောင့် ရှေ့နောက်စကား ဆီလျော်ညီညွတ်ရန် "တဿ ကိရိယသမုဋ္ဌာနဿ" ဟု အမှန်ပြင်၍ မှတ်ယူသင့်သည်။ ဤကျမ်း၏ အမှီကျမ်းဖြစ်သော ဝဇိရဗုဒ္ဓိ- (၃၅၃)၌လည်း 'ယော ပန ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝေယျာ' တိ မာတိကာယံ ကိရိယသမုဋ္ဌာနဿ သရူပေန ဝုတ္တတ္တာ တဒနုရူပဝသေန ဝိဘင်္ဂနယမနော လောကေတွာ "ကိရိယသမုဋ္ဌာန" မိစ္စေဝ ဝုတ္တံ' ဟု မိန့်ဆို၍ "ကိရိယသမုဋ္ဌာနဿ" ဟုပင် သုံးတော်မူသည်။ ထို့ကြောင့် ဤ၌ လက်သည်းကွင်းပြဖြင့် "တဿ ကိရိယသမုဋ္ဌာနဿ" ဟု ထည့်သွင်း၍ ပြပါသည်။ မယာ၊ ငါသည်။ ဝုစ္စတေ၊ ဆိုအပ်၏။ ဝါ၊ ဆိုပေအံ့။ ဘိက္ခုနိယာ၊ ဘိက္ခုနီ၏။ ပဌမပါရာဇိကေပိ၊ ပဌမပါရာဇိက၌လည်း။ တဿ သာဒိယနဿ၊ ထိုသာယာခြင်းို။ ဝါ၊ (တဿကိရိယ သမုဋ္ဌာနဿ၊ ထိုကိရိယသမုဋ္ဌာန်ကို။ ဝဇီရ၊ ) သရူပေန၊ သရုပ်အားဖြင့်။ ဝုတ္တတ္တာ၊ ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့်။ တဒနုရူပဝသေန၊ ထိုမာတိကာပါဠိ အားလျော်သည်၏ အစွမ်းအားဖြင့်။ ဝိဘင်္ဂနယံ၊ ဝိဘင်းနည်းကို။ အနော လောကေတွာ၊ မကြည့်တော်မူဘဲ။ 'ကိရိယသမုဋ္ဌာန'မိစ္စေဝ၊ "ကိရိယသမုဋ္ဌာန်" ဟူ၍ သာလျှင်။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
စ၊ ဆက်ဦးအံ့။ ဧတေသု၊ ဤဆိုခဲ့ပြီးသော သိက္ခာပုဒ်တို့၌။ တဗ္ဗဟုလနယေန၊ တဗ္ဗဟုလနည်းဖြင့်။ ကိရိယသမုဋ္ဌာနတော၊ ကိရိယ သမုဋ္ဌာန်၏ အဖြစ်ကို။ ဝုတ္တာ ယထာ၊ ဆိုအပ်သကံသို့။ တထာ၊ ထို့အတူ။ သုရာဒီနံ၊ သေရည် အစရှိသည်တို့ကို။ အကုသလေနေဝ၊ အကုသိုလ်ဖြင့်သာလျှင်။ ပါတဗ္ဗတာ၊ သောက်အပ်သည်၏ အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
ဣတရတာ၊ တစ်ပါးသော စိတ်ဖြင့်။ ပါတဗ္ဗတာ၊ သည်။ န ဟောတိ၊ မဖြစ်။ (မူရင်း ဝဇိရဗုဒ္ဓိ၌ န ပဋိသေဓ ပါသည်။) "ယံ၊ အကြင်အာပတ်သို့။ အကုသလေနေဝ၊ အကုသိုလ်ဖြင့်သာလျှင်။ အာပဇ္ဇတိ၊ သင့်ရောက်၏။ အယံ၊ ဤအာပတ်သည်။ လောကဝဇ္ဇာ၊ လောကဝဇ္ဇ မည်၏။ သေသာ၊ ကြွင်းသောအာပတ်သည်။ ပဏ္ဏတ္တိဝဇ္ဇာ၊ ပဏ္ဏတ္တိဝဇ္ဇမည်၏။" ဣတိ၊ ဤသို့။ ဝုတ္တေ၊ ဆိုအပ်သော။ လောကဝဇ္ဇ ပဏ္ဏတ္တိဝဇ္ဇာနံ၊ လောကဝဇ္ဇ ပဏ္ဏတ္တိဝဇ္ဇအာပတ်တို့အား။ နိယမလက္ခဏသိဒ္ဓိ၊ မြဲသော အမှတ်လက္ခဏာဖြင့် ပြီးသည်။ ဟောတိ၊ ဖြစ်၏။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ တံ၊ ထိုဝဇ္ဇအထူးကို။ အဝတွာ၊ မဆိုမူ၍။ "ယဿာ သစိတ္တကပက္ခေ စိတ္တံ အကုသလမေဝ ဟောတိ၊ အယံ လောကဝဇ္ဇာ၊ သေသာ ပဏ္ဏတ္တိဝဇ္ဇာ" တိ၊ "ယဿာ ။ပ။ ပဏ္ဏတ္တိဝဇ္ဇာ" ဟူ၍။ ဝုတ္တေ၊ ဆိုအပ်သော်။ လောကဝဇ္ဇဝနံ၊ လောကဝဇ္ဇစကားသည်။ နိရတ္တကံ၊ အကျိုးမရှိသည်။ သိယာ၊ ဖြစ်ရာ၏။ ကသ္မာ၊ အဘယ့်ကြောင့်နည်း။ ဝတ္ထုအဇာနနပက္ခေပိ၊ ဝတ္ထုကို မသိသော အဖို့၌လည်း။ အကုသလေနေဝ၊ အကုသိုလ်ဖြင့် သာလျှင်။ ပါတဗ္ဗတ္တာ၊ သောက်အပ်သည်၏ အဖြစ်ကြောင့်တည်း။
ယသ္မာ၊ အကြင်ကြောင့်။ တတ္ထ၊ ထိုဝတ္ထုကို မသိရာ၌။ သုရာပါနဝီတိက္ကမဿ၊ သေသောက်မှုဟူသော လွန်ကျူးခြင်း၏။ အကုသလ စိတ္တုပ္ပါဒေါ၊ အကုသိုလ်စိတ်ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ **ခန္ဓကဋ္ဌကထာယံ**၊ ခန္ဓကအဋ္ဌကထာ၌။ "ပန၊ အထူးကား။ မဇ္ဇပါနေ၊ သေရည်ကို သောက်ခြင်း၌။ အဇာနိတွာပိ၊ မသိမူ၍လည်း။ ဗီဇတော၊ မျိုးစေ့မှ။ ပဋ္ဌာယ၊ စ၍။ မဇ္ဇံ၊ သေရည်ကို။ ပိဝန္တဿ၊ သောက်သော။ ဘိက္ခုနော၊ ရဟန်းအား။ ပါစိတ္တိယံ၊ ပါစိတ်အာပတ်သည်။ ဟောတိ၊ ဖြစ်၏။
သာမဏေရော၊ သာမဏေသည်။ ဇာနိတွာဝ၊ သိ၍သာလျှင်။ ပိဝန္တော၊ သောက်လတ်သော်။ သီလဘေဒံ၊ သီလ၏ ပျက်စီးခြင်းသို့။ အာပဇ္ဇတိ၊ ရောက်၏။ အဇာနိတွာ၊ မသိမူ၍။ ပိဝန္တော၊ သော်လတ်သော်။ သီလဘေဒံ၊ သီလ၏ ပျက်စီးခြင်းသို့။ န အာပဇ္ဇတိ၊ မရောက်။" ဣတိ၊ ဤသို့။ဝိ၊ဋ္ဌ၊၃။၂၉၆။
အရက်မှန်း မသိဘဲ သောက်လျှင် အကုသိုလ်ဖြစ် မဖြစ်။ ။ ဤပြဿနာသည် ရှေးကစ၍ ယခုတိုင် ရှိနေသေးသော ပြဿနာဖြစ်သည်။ ဤဋီကာသည် အကုသိုလ်မဖြစ်သည့်ဘက်၌ ရပ်တည်လိုသည့် သဘောရှိသည်။ ဤ၌ ဋီကာကျမ်းနှစ်စောင်၏ ဝါဒကို သုတေသီများ လေ့လာနိုင်ရန်နှင့် အဓိပ္ပာယ်ရှင်းလင်းစွာ သိနိုင်ရန် လိုရင်းကို ထုတ်၍ စကားပြောဟန်ဖြင့် ဖော်ပြလိုက်ပါသည်၊ ပါဠိနှင့် တွဲဖက်၍ ဖြစ်စေ လေ့လာနိုင်ပါသည်။
"အရက်မှန်း မသိဘဲ သောက်လျှင် အကုသိုလ် မဖြစ်"
သာရတ္ထ အဆို။ ။'ယဿ သစိတ္တကပက္ခေ စိတ္တံ အကုသလမေဝ ဟောတိ၊ တံ လောကဝဇ္ဇံ နာမ'လို့ ဖွင့်ဆိုတဲ့ အဋ္ဌကထာစကားရပ်မှာ သစိတ္တကပက္ခေဆိုတာ အစိတ္တကကို ရည်ညွှန်းတာပါ။ သစိတ္တကအတွက် ဝိသေသနလုပ်လို့ ဘာအကျိုးမှ မရှိပါဘူး၊ ဝတ္ထုကိုသိပြီး လွန်ကျူးတာ "သစိတ္တက"ပါ၊ ဒီစကားနဲ့ ဝတ္ထုမသိဘဲ လွန်ကျူးတဲ့ အစိတ္တကအဖို့မှာ အကုသိုလ်မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်ကို ပြပါတယ်။ တကယ်လို့ အစိတ္တကသိက္ခာပုဒ်ရဲ့ အစိတ္တကအဖို့မှာ" အကုသိုလ် ဖြစ်တယ်" ဆိုရင် "သစိတ္တကပက္ခေ"ဆိုတဲ့ ဝိသေသနစကားဟာ ဘာအကျိုးမှ ရှိမှာ မဟုတ်ပါဘူး။စူဠဂဏ္ဌိ မဇ္ဈျမဂဏ္ဌိတို့မှာတော့- ဒီသတ္တဝါကို သတ်မယ်ဆိုပြီး ဟိုသတ္တဝါကို သတ်ရင် သတ္တဝါဆိုတဲ့သဘောချင်း အတူတူဖြစ်လို့ ပါဏာတိပါတ ဖြစ်တယ်။ အလားတူဘဲ ဒီအရက်သောက်မယ်ဆိုပြီး ဟိုအရက်ကို သောက်ရင်လဲ အရက်ဆိုတဲ့ သဘောချင်း အတူတူဖြစ်လို့ အကုသိုလ်ဖြစ်ပါတယ်။ ဒါပေမဲ့ ထင်းအမှတ်နဲ့ မြွေကိုသတ်ရင် အကုသိုလ် မဖြစ်သလို အုန်းရည်အမှတ်နဲ့ အရက်သောက်ရင်လဲ အကုသိုလ်မဖြစ်ဘူးလို့ မိန့်ကြပါတယ်။ ကေစိဆရာတို့ရဲ့ "အရက်ကို မသိဘဲ သောက်ရင် အကုသိုလ်ဖြစ်သေးတယ် "ဆိုတဲ့ စကားဟာ သူတို့ရဲ့အယူအဆ သက်သက်ပါဘဲ၊ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓကအဋ္ဌကထာမှာ "ကိုရင်တွေဟာ အရက်မှန်းသိပြီး သောက်မှသာ သီလပျက်တယ်၊ မသိရင်မပျက်ဘူး" လို့မိန့်ထားလို့ပါ။ "မသိရင် အကုသိုလ်ဖြစ်တယ်" လို့မှ မိန့်ဆိုမထားဘဲကိုး။ နောက်တစ်ခု ပြောကြတာ ရှိသေးတယ်၊ "ကမ္မပထမြောက်တဲ့ အကုသိုလ်စိတ်နဲ့ဘဲ သောက်ရမှာ ဖြစ်လို့ မသိဘဲ သောက်တဲ့ သောတပန်ပုဂ္ဂိုလ်ရဲ့ခံတွင်းကို အရက်မဝင်တာ" ဆိုပြီးတော့ပြောတယ်။ ဒီစကားဟာလဲ မသင့်ပါဘူး၊ အမှန်တော့ အရိယာတွေရဲ့ ဓမ္မတာကြောင့် မဝင်ရတာပါ။
ဒါဆိုရင် သုရာပါနသိက္ခာပုဒ်မှာ ဝတ္ထုကို မသိရင် "အစိတ္တက"၊ အကုသိုလ်စိတ်နဲ့ သောက်ရင် "လောကဝဇ္ဇ"လို့ ဘာကြောင့် မိန့်ရတာလဲ? မေးစရာရှိတယ်။ ဒါက အပြစ်မဟုတ်ပါဘူး၊ သူ့အဓိပ္ပါယ်က ဒီလိုပါ- သစိတ္တကအဖို့မှာ အကုသိုလ်စိတ်နဲ့ဘဲ သောက်ရလို့ လောကဝဇ္ဇ ဒီလိုပြောချင်တာပါ။ ဟုတ်ပါတယ်၊ ဒီအဓိပ္ပာယ်နှစ်မျိုးနဲ့ဘဲ အခြားလောကဝဇ္ဇ အစိတ္တကသိက္ခာပုဒ်တွေမှာ အကုသိုလ်စိတ်ကိုဘဲ ဆိုရတာပါ။ ဒါကြောင့် ဘိက္ခုနီဝိဘင်းအဋ္ဌကထာမှာ- ဂိရဂ္ဂ, သမဇ္ဇစတဲ့ ဒီသိက္ခာပုဒ် ဆယ်ပါးဟာ အစိတ္တက, လောကဝဇ္ဇ အကုသိုလ်စိတ်လို့ ပြောထားရ တာပေါ့။ သူ့ရဲ့ အဓိပ္ပါယ်က ဝတ္ထုကို သိတဲ့စိတ်နဲ့ ကင်းပြီးတော့လဲဘဲ အာပတ်သင့်နိုင်လို့ အစိတ္တက စိတ်ရှိနေရင် အကုသိုလ်စိတ်နဲ့ပဲ့ အာပတ်သင့်ရလို့ လောကဝဇ္ဇ အကုသိုလ်စိတ်- ဒီလိုပါ။ ဒါကြောင့် ဘိက္ခု ဘိက္ခုနီလာ အစိတ္တက သိက္ခာပုဒ် တစ်ဆဲ့သုံးပါးဟာ လောကဝဇ္ဇပါဆိုတာ ပြချင်လို့ သစိတ္တကပက္ခေလို့ ဝိသေသပြုရတာပါ။ ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်ရဲ့ ဝတ္ထုကို သိတဲ့ သစ္စတ္်တကအဖို့မှာ- ကုသိုလ်, အကုသိုလ်, အဗျာကတစိတ် သုံးမျိုးလုံး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သိက္ခာပုဒ်ရဲ့ သစိတ္တကအဖို့မှာ အကုသိုလ်ပဲ ဖြစ်တယ်လို့ သတ်မှတ်ချက် မရှိပါဘူ။ ဒါကြြောင့် ကျန်တာ ပဏ္ဏတ္တိဝဇ္ဇလို့ မိန့်တာပါ။
"အရက်မှန်း မသိဘဲ သောက်လျှင် အကုသိုလ်အဖြစ်"
ဝိပတိဋီကာ အဆို။ ။ ပါဏာတိပါတစတဲ့ သစိတ္တကသိက္ခာပုဒ်များနဲ့ သုရာပါနစတဲ့ အစိတ္တကသိက္ခာပုဒ်တွေရဲ့ လက္ခဏ တစ်မျိုးတည်းနဲ့ လောကဝဇ္ဇ ဖြစ်တယ်ဆိုတာ ပြချင်လို့ "ယဿ သစိတ္တကပက္ခေ ။ပ။ လောကဝဇ္ဇ နာမ"လို့ အဋ္ဌကထာ မိန့်ဆိုတာပါ။ ဒီစကားရပ်မှာ သစိတ္တကပက္ခေဆိုတာ အစိတ္တကသိက္ခာပုဒိကို ရည်ရွယ်ပြီး ဆိုသင့်ကာ မှန်ပေမဲ့ သစိတ္တကသိက္ခာပုဒ်များမှာလည်း ဝဓကစေတနာမပါဘဲ လမ်းလျှောက်ခြင်း စတာမျိုးတွေမှာ- လူတွေရဲ့ "သူ့အသက်သတ်တယ်ဆိုတဲ့ အပြောအဆိုဝေါဟာရတွေ ရှိနေလို့ အစိတ္တကအပိုင်းကို ကြံပြီး သစိတ္တကအစိတ္တကသိက္ခာပုဒ် နှစ်ခုလုံနဲ့ဆိုင်အောင် "သစိတ္တကပက္ခေ"လို့ မိန့်ရတာပါ။
ဒီလိုအဓိပ္ပာယ်မှ မကောက်ရင် ဒီစကားရပ်မှာ- သစိတ္တကသိက္ခာပုဒ်တွေရဲ့ ‌လောကဝဇ္ဇလက္ခဏာကို မဆိုရာ ရောက်သွားမှာပါ။ "သစိတ္တကမက္ခေ စိတ္တံ အကုသလမေဝ" ဆိုတဲ့ စကားရပ်မှာ "သစိတ္တကသိက္ခာပုဒ်တွေမှာ အကုသိုလ်စိတ်ပဲ့ ဖြစ်တယ်၊ အခြား အစိတ္တကအပိုင်းမှာ- အကုသိုလ် ပုံသေမဟုတ်ဘူး၊ ကုသိုလ် အကုသိုလ် အဗျာကတာစိတ် သင့်သလို ဖြစ်တယ်" ဆိုတဲ့ အဓိပ္ပာယ်ပါ။ တစ်နည်းအားဖြင့် ပြောရရင် ဒီအဋ္ဌကထာစကားရပ်မှာ 'သစိတ္တကပက္ခေယေဝ' ဆိုပြီး ‌ဧဝသဒ္ဒါနဲ့ အကုသိုလ်စိတ် ဖြစ်မှုကို ဆိုမိန့်ထားတာ မဟုတ်တဲ့အတွက် သုရာပါန စတာတွေရဲ့ အစိတ္တကအပိုင်းမှာ- အကုသိုလ်စိတ် မဖြစ်ပါဘူးလို့ တထစ်ချ ကန့်ကွက်ပြောဆိုလို့ မရနိုင်ပါဘူး။ တကယ်ပြောနိုင်တာက "သစိတ္တကအပိုင်းမှာ- အကုသိုလ်စိတ်ပဲ့ ဖြစ်တယ်၊ ကုသိုလ်စိတ် စတာတွေ မဖြစ်ဘူး၊" ဒီလောက်ပဲ့ ပြောလို့ရနိုင်တာပါ။ ဒီတော့ကာ အရက်ကို မသိဘဲသောက်တဲ့ ရဟန်းတွေမှာ အကုသိုလ်စိတ်နဲ့ သောက်တယ်၊ နံ့သာမှန်း မသိဘဲ လိမ်းတဲ့ ဘိက္ခုနီမှာ အကုသိုလ်စိတ် မပါဘဲလဲ လိမ်းနိုင်တယ်၊ အာပတ်သင့်မှုကိုလဲဘဲ ဖြစ်စေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပြီးစေတာပါဘဲ။
"သစိတ္တကပက္ခေ စိတ္တံ အကုသလမေဝ" လို့ မိန့်တာကြောင့် အစိတ္တက သိက္ခာပုဒ်ရဲ့ ဝတ္ထုကို မသိတဲ့ အစိတ္ထကအပိုင်းမှာ အကုသိုလ်စိတ်မဖြစ်ဘူးဆိုတာ သိနိုင်ပါတယ်ဆိုတဲ့ သာရတ္ထရဲ့ စကားဟာ အလွန်ဘဲ မသင့်ပါဘူး။ အစိတ္တက‌လောကဝဇ္ဇဖြစ်တဲ့ သိက္ခာပုဒ်တစ်ဆယ့် သုံးပါးထဲမှာ သုရာပါန သိက္ခာပုဒ်မှာသာလျှင် အစိတ္တကအပိုင်း သစိတ္တက အပိုင်းမှာပါ အကုသိုလ်စိတ် သတ်မှတ်ချက် ရှိပါတယ်။ ကျန် သိက္ခာပုဒ် တစ်ဆယ့်နှစ်ပါးမှာတော့ အကုသိုလ်စတဲ့ စိတ်တစ်မျိားမျိုးနဲ့လဲဘဲ အာပတ်သင့်တာဖြစ်လို့ အကုသိုလ်စိတ်သတ်မှတ်ချက် မရှိပါဘူး။ သစိတ္တကအပိုင်းမှာသာလျှင် အကုသိုလ် ဖြစ်ပါသည်။ ဒီလို ဘယ်ပညာရှင်ကမှလည်း အသိအမှတ်မပြု၊ သဒ္ဒါရေးဆိုင်ရာ ရှုထောင့်ကနေပြီး ကြည့်ပြန်တော့လဲ အဆင်မပြေတဲ့ "အကုသိုလ်မဖြစ်ဝါဒ" ကို မိစ္ဆာဝါဒလုပ်ပြီးပြချင်တော့ "အစိတ္တက သိက္ခာပုဒ်ရဲ့ အစိတ္တကအပိုင်းမှာလဲဘဲ အကုသိုလ် စိတ်သာ ဖြစ်တယ်ဆိုရင် သစိတ္တကပက္ခေဆိုတဲ့စကား အလကားဖြစ်သွားမှာပေါ့" ဆိုပြီး ပြောတော့တာပါဘဲ။
အဓိပ္ပါယ်အမှတ်က "သစိတ္တကအပိုင်းမှာ အကုသိုလ်စိတ်သာဖြစ်တယ်၊ အစိတ္တကအပိုင်းမှာတော့ ပုံသေမဟုတ်ဘူး၊ ကုသိုလ်, အကုသိုလ်, အဗျာကတ တစ်မျိုးမျိုးဖြစ်မယ်" လို့ ပြောချင်တာပါ။ ဒါကြောင့် "သစိတ္တကပ‌က္ခေ" ‌ဆိုတဲ့ ဝိသေသစကား အလကား ဖြစ်မသွားပါဘူး၊ အကျိုးရှိပါတယ်။ ကိုယ့်အယူအဆကို ခိုင်မာအောင် လုပ်ဖို့ 'ဂဏ္ဌိပုဒ် တွေမှာ' ဆိုတဲ့ စကားတွေနဲ့ ကိုးကားမိန့်ဆိုနေပါသည်။ ကိုးကားတဲ့ဂဏ္ဌိစကားတွေဟာလည်း အဋ္ဌကထာတွေနှင့် ဆန့်ကျင်နေတဲ့အတွက် အတည်မမှတ်သင့်တဲ့ စကားတွေပါ။ "သစိတ္တကအပိုင်းမှာ အကုသိုလ်စိတ်နှင့်သာ သောက်ရလို့ လောကဝဇ္ဇ ဖြစ်တယ် "ဆိုတဲ့ ကင်္ခါအဋ္ဌကထာ (၁၁၂) စကားဟာ မသင့်ပါဘူး။ ဘာကြောင့် မသင့်သလဲဆိုတော့၊ လောကဝဇ္ဇ သိက္ခာပုဒ်အားလုံးအတွက် ပါရာဇိကဏ်အဋ္ဌကထာ (၁၊၁၉၃။) မှာ "သစိတ္တကအပိုင်း၌ အကုသိုလ်စိတ်သာ ဖြစ်သည်" လို့ သာမန်ပဲ မိန့်ပါတယ်။ [ယခုအခါ၌ သာမန် မဟုတ်ပဲ အားလုံးတူညီနေကြ၍ လိင်မျှသာ အထူးရှိနေသည်]။ သုရာပါနသိက္ခာပုဒ်အဋ္ဌကထာအဖွင့် (ပါစိတ်၊ ဋ္ဌ၊ ၁၂၇) မှာလည်း "အကုသိုလ်စိတ်ဖြင့်သာလျှင် သောက်သောကြောင့်" ဆိုပြီး အစိတ္တက အပိုင်းမှာလည်းဘဲ အကုသိုလ်စိတ်ကို အထူးပြုပြီး မိန့်ဆိုထားပါသေးတယ်။
ဘိက္ခုနီဝိဘင်းအဋ္ဌကထာမှာ ဂိရဂ္ဂ, သမဇ္ဇစတဲ့ သိက္ခာပုဒ်တွေရဲ့ သစိတ္တကအပိုင်းမှာသာ လောကဝဇ္ဇ အကုသိုလ်စိတ်ကို အထူးပြုဆိုတာပါ။ သုရာပါနသိက္ခာပုဒ်ကျတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ သုရာပါနမှာကျတော့ သစိတ္တက, အစိတ္တက နှစ်ပါးဆိုင်အနေနှင့် "အကုသိုလ်စိတ်ဖြင့်သာ သောက်ရသောကြောင့်" လို့ မိန့်တာပါ။ "သစိတ္တကအဖို့၌" လို့ အထူးပြုမဆိုပါဘူး။ သုရာပါနသိက္ခာပုဒ်မှာ ဒီလိုသာမန်မိန့်တာဟာ သစိတ္တက အစိတ္တက နှစ်မျိုးလုံးနှင့် ဆိုင်ကယ်ဆိုတာ ပြချင်လို့ပါ။ ဒီသုရာပါနသိက္ခာပုဒ်မှာ 'စိတ္တေ သတိ' စိတ်ရှိရင်လို့ အထူးမဆိုဘဲ 'အကုသိုလ်စိတ်ဖြင့်သာ' လို့ သာမညမိန့်တဲ့အတွက် သစိတ္တကအစိတ္တကနှစ်ပိုင်းလုံးမှာ လောကဝဇ္ဇ အကုသိုလ်စိတ်ဖြစ်တယ်လို့ သိနိုင်ပါတယ်။ ဒါကြောင့် ခုဒ္ဒကအဋ္ဌကထာမှ အရက်သောက်ခြင်းဟာ 'ကိုယ်' သို့မဟုတ် 'ကိုယ်, စိတ်'အားဖြင့်ဖြစ်ကြောင့် နှစ်ပါးရှိတယ်လို့ မိန့်ပါတယ်။ ဒီမှာ ပဌမ 'ကိုယ်' လို့ ဖြစ်ကြောင်းကို တစ်ခုတည်း ဆိုထားပေမဲ့ ကိုယ်ဖြစ်တဲ့ အချိန်မှာ သောက်ကြောင်းစေတနာဟာ ဧကန်အကုသိုလ်သာ ဖြစ်လို့ အဲဒီအဋ္ဌကထာမှာ- 'ပဌမာဝေတ္ထ ပဉ္စ ဧကန္တ အကုသလစိတ္တသမုဋ္ဌာနတ္တာ ပါဏာတိပါတာဒီနံ ပကတိဝဇ္ဇတော (လောကဝဇ္ဇတော) ဝေရမဏိယော၊ သေသော ပဏ္ဏတ္တိဝဇ္ဇတော' လို့ ပါဏာတိပါတအစ သုရာအဆုံး ငါးပါးလုံးကို သာမညအနေနှင့် အကုသိုလ်စိတ် လောကဝဇ္ဇလို့ မိန့်ဆိုထားပါသေးတယ်။
သုရာရဲ့ အင်္ဂါလေးပါးကို ပြဆိုရာမှာ "အရက်မှန်း သိခြင်း" ဆိုတဲ့ အင်္ဂါထည့်ဆိုမထားပါဘူး။ အလားတူဘဲ အခြားသုတ္တန်နှင့် အဋ္ဌကထာကျမ်းတွေမှာလည်း မဆိုကြပါဘူး။ ဒါကြောင့် အကုသိုလ်ဖြစ်မှုဟာ သစိတ္တက, အစိတ္တက နှစ်ခုလုံးနှင့် အကျုံးဝင်ပါတယ်။ ကိုးကားထားတဲ့ ဂဏ္ဌိပုဒ်များမှာ- ပါဏာတိပါတနှင့် အားလုံးတူညီစွာထားပြီး ဥပမာပေးထားတာဟာ အလွန်ဘဲ မသင့်ပါဘူး။ သိက္ခာပုဒ်အလုံးစုံဟာ ပါဏာတိပါတစတဲ့ အကုသိုလ်နှင့် အချင်းချင်းတူညီတဲ့အနေနဲ့ သတ်မှတ်ချက် မရှိပါဘူး။ ပါဏာတိပါတကံဟာ ပရိယာယ်နှင့် ပြီးနိုင်ပေမဲ့ အဒိန္နာဒါန ကျတော့ အဲဒီလို မဟုတ်ပြန်ပါဘူး၊ စေခိုင်းမှုနှင့်လည်း ပြီနိင်ပါတယ်။ မေထုန်စတာတွေမှာတော့ စေခိုင်းမှုနှင့် မဖြစ်ပါဘူး။ ဒါကြောင့် ပယောဂအင်္ဂါရပ်စသည် ကံတွေကို ရောနှောပြီး အတူထားပြောတာဟာ မသင့်ပါဘူး။ "တထာ ပါဏာတိပါတသဒိသံ သုရာပါနံ" လို့ အဆိုမရှိတဲ့အတွက် မယူသင့်ပါဘူး။ သူတစ်ပါးအယူကို တားချင်ရင် သုတ္တန်, သုတ္တန် အလျော်စသည်တွေနှင့် ဆန့်ကျင်ပုံတွေ ထုတ်ဆောင်ပြိးတော့ တားမြစ် ရမှပါ။ ပယောဂ အင်္ဂါရပ် စသည် ကွဲပြားနေတဲ့ အခြားသိက္ခာပုဒ်တွေနှင့် တန်းတူထားပြီး တားရမှာ မဟုတ်ပါဘူး။
"အရက်မှန်းမသိဘဲ သောက်မိရင်လည်း အကုသိုလ်ဖြစ်တယ်"ဆိုတဲ့ အဆိုနှင့် ဆန့်ကျင်တဲ့ သုတ္တန်, ဝိနည်း- တစ်စုံတစ်ရာမှ မရှိပါဘူး။ အချို့က "မနောပုဗ္ဗင်္ဂမာ ဓမ္မာ" ကိုထောက်ပြီး ဝတ္ထုကို သိပြီး လွန်ကျူးမှသာလျှင် အကုသိုလ်ဖြစ်တယ်လို့ ဆိုကြသေးတယ်။ ဒီသာဓကက ဒီအဓိပ္ပာယ်မျိုး မပြပါဘူး။ ကုသိုလ် အကုသိုလ်တရားတွေ ဖြစ်ကြရာမှာခေါင်းဆောင်ဖြစ်တဲ့ တကွ ဖြစ်ဖက်စိတ်ကို မှီပြီးတော့သာ ဖြစ်ကြတယ်၊ ကင်းပြီး မဖြစ်ကြဘူး။ ဒီအဓိပ္ပာယ်ကို ပြတာပါ။
တစ်နည်း ပြောရရင်တော့ ဗာလပုထုဇဉ်တွေရဲ့ ခြောက်ဒွါရမှာ အကုသိုလ်စိတ် ဖြစ်တာက များများပါ၊ မိတ်ဆွေကောင်းစတဲ့ အမှီအကောင်းတွေကြောင့် ကုသိုလ်စိတ်ဖြစ်တာ နည်းပါးတယ်။ စကား‌မပြောတဲ့သူ အိပ်တဲ့ သူတွေမှာလည်း ကုသိုလ်, အကုသိုလ်ကင်းပြီး ဇောစောခြင်းမရှိတော့ ဥဒ္ဓစ္စစတဲ့ အကုသိုလ်ဇောများ ဖြစ်တတ်ပါတယ်။ ဖြစ်တဲ့အခါ အာရုံနှင့် ဝါသနာအားလျော်စွာ ဖြစ်ကြတာပါ၊ ရှေးတုန်းက သိတာ မသိတာနှင့် မဆိုင်ပါဘူး။ သိရခြင်း စတဲ့ အင်္ဂါနှင့် ပြည့်စုံရတဲ့ ပါဏာတိပါတစသည်တွေ သိခြင်းစတဲ့ အင်္ဂါတွေနဲ့ ကင်းပြီးတော့လဲဘဲ ဖြစ်တဲ့ သုရာပါနမိစ္ဆာဒိဋ္ဌိ စသည်တွေဟာ မြတ်စွာဘုရားကိုယ်တိုင်က အမှန်ကို သိမြင်ပြီး ဟောကြားခဲ့တာဘဲ၊ ဘယ်သုတ္တန် ဘယ်အဘိဓမ္မာနှင့် ဆန့်ကျင့်ရဦးမှာတုန်း၊ အဋ္ဌကထာမှာလည်း မိန့်ကြားထားလေတော့ ဒီအတိုင်းယူရုံ ဘဲပေါ့။
ဒါဆိုရင် "ကိုရင်ဟာ အရက်မှန်သိပြီး သောက်ရင် သီလပျက်တယ်၊ အရက်မှန်းမသိဘဲ သောက်ရင် သီလမပျက်ဘူး" လို့ဘာကြောင့် အဋ္ဌကထာမှာ ဆိုရတာလည်း မေးစရာရှိပါတယ်။ ဒါက အပြစ်မဟုတ်ပါဘူး၊ ဥက္ခိတ္တာနုဝတ္တကရဟန်း အစရှိသူတွေရဲ့ သီလပျက်ခြင်းမျိုးလိုပါဘဲ သီလပျက်ခြင်း မပျက်ခြင်းအရာဟာ ဘုရားရှင်ရဲ့ အာဏာနှင့်စပ်တာမျိုးဖြစ်လို့ပါ။ ချဲ့ပြောရရင် ဥက္ခိတ္တာနုဝတ္တကရဟန်း‌တွေအတွက် သမနုဘာသနကံအဆုံးမှာသာ သီလပျက်မှုကို သတ်မှတ်တော်မူတဲ့အတွက် သူတို့ အကုသိုလ်ဖြစ်ပေမဲ့ သီလမပျက်သေးပါဘူး။ ဒီအတူပါဘဲ ကိုရင်များရဲ့ သီလမှာလည်းဘဲ အရက်မှန်းသိပြီး သောက်မှသာ သီလပျက်တယ်၊ မသိဘဲသောက်ရင် သီလမပျက်ဘူးလိ့ဆိုတဲ့ သတ်မှတ်တော်မူချက်ကြောင့်ပါ။
မှတ်ပါတယ် ဝိနည်းသိက္ခာပုဒ်အရာနှင့်အကုသိုလ်အရာ တစ်ခြားစီပါ။ ဒါကြောင့်ဘဲ မဟုတ်လား၊ သာမဏေများရဲ့ ရှေ့သိက္ခာပုဒ် သီလ ငါးပါးမှာ တစ်ပါးကျိုးရင် အားလုံးကျိုးရတယ်ဆိုတာ။ ဒါပေမဲ့ အကုသိုလ်ဖြစ်တဲ့ အပိုင်းမှာတော့ ကျိုးတဲ့သိက္ခာပုဒ် တစ်ပါးတည်းအတွက်သာ အကုသိုလ်ဖြစ်တယ်၊ ကျန်သိက္ခာပုဒ်များနှင့် စပ်ပြီးတော့ အကုသိုလ်မဖြစ်တော့ပါဘူး
သာရတ္ထက "အဋ္ဌကထာမှာ အရက်မှန်းမသိဘဲ သောက်ရင် အကုသိုလ်ဖြစ်တယ်" လို့မှ မိန့်ဆိုမထားဘဲဆိုပြီး အကြောင်းပြပါတယ်။ ဒါက သင့်လျော်တဲ့ အကြောင်းမဟုတ်ပါဘူး။ အကုသိုလ်ဖြစ်တယ်လို့ တိုက်ရိုက် မမိန့်ဆိုတာဟာ အစိတ္တက (မသိဘဲ သောက်တဲ့) အပိုင်းမှာ အကုသိုလ် မဖြစ်ဘူးဆိုတဲ့ ဝါဒရဲ့ အကြောင်းယုတ္တိ မဖြစ်ပါဘူး။ အမှန်တကယ် ပြောရမည့် သုရာပါနသိက္ခာပုဒ်အဖွင့် မျိုးမှာဘဲ အကုသိုလ်နှင့် သောက်လို့ လောကဝဇ္ဇဖြစ်တယ်လို့ မိန့်ဆိုတာ ရှိနေလို့ပါ။ အမှန်တော့ "အရက်မှန်းမသိဘဲ သောက်ရင် အကုသိုလ်ဖြစ်တယ်" လို့ မိန့်ကြားတော်မူကြတဲ့ ဆရာမြတ်များဟာ ကိုရင်သီလပျက်မှုနှင့်စပ်တဲ့ ဒီခန္ဓက အဋ္ဌကထာလောက်ကိုသာ ကွက်ကြည့်ပြီး မိန့်ဆိုကြတာ မဟုတ်ပါဘူး၊ သုရာပါနအဋ္ဌကထာ သုတ္တန်အဋ္ဌကထာတွေနှင့် မဟာဝိဟာရနွယ်ဝင် မထေရ်အရှင်တို့ရဲ့ ဆရာစဉ်ဆက် လက်ကမ်းဆင့် သယ်ဆောင်လာတဲ့ စကားတွေကိုပါ အခြေပြုပြီး မိန့်ကြားတော်မူကြတာပါ။ "အရက်မှန်းသိပြီး သောက်မှသာလျှင် အကုသိုလ်ဖြစ်တယ်" ဆိုတဲ့ အယူအဆဟာ ဝါဒမတူတဲ့ အဘယဂိလိဂိုဏ်းသား စတာတွေရဲ့ ဝါဒ ဖြစ်ပါတယ်။
'ကမ္မပထမြောက်တဲ့ အကုသိုလ်စိတ်နှင့်သာ သောက်ရလို့ မသိဘဲ သောက်တဲ့ သောတာပန်အရိယာရဲ့ ခံတွင်းမှာ အရက်မဝင်ဘူး' ဆိုတဲ့စကားဟာ ဘယ်အ‌ကြောင်းကြောင့် မသင့်တော်ရမှာတုန်း။ အရိယာတို့ရဲ့ ဓမ္မတာဆိုတဲ့ စကားနှင့် ကန့်ကွက်လို့မရနိုင်ပါဘူး။ အရိယာတို့ ဓမ္မတာဆိုတာမျိုးက ‌အကြောင်းမဲ့ဖြစ်ခြင်း မဖြစ်ခြင်းဆိုတဲ့ ဓမ္မတာမျိုးမှမဟုတ်ဘဲ၊ အပါယ်လားကြောင်းရာဂ မရှိတော့တာဖြစ်လို့ မသိဘဲသောက်သော်လည်းအရက်မဝင်တော့တာမျိုးကို ရည်ရွယ်တာပါ။ ဒီဃနိကာယ် အဋ္ဌကထာမှာ မိန့်ဆိုတဲ့ သုရဉ္စ မိဿေတွာ စသည်ဖြင့် ဓမ္မနာကို ပြဆိုတဲ့ စကားဟာလည်း အစိတ္တကအပိုင်းမှာလည်းဘဲ အကုသိုလ်စိတ် ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးကို ပြပါတယ်။ အရိယာ ပုဂ္ဂိုလ်များသာ နောက်ဘဝတွေမှာတောင် ငါးပါးသီလမြဲတယ် ဆိုရာမှာ ရှေ့သီလ လေးပါးကတော့ သစိတ္တက၊ သိပြီးရှောင်နိုင်လို့ ရှောင်လို့ ရနိုင်ပါတယ်။ အရက်သောက်တာဟာ အစိတ္တကဖြစ်လို့ အရက်မှန်း မသိရင် ဘယ်လိုလုပ်ရှောင်နိုင်တော့မှာလဲ ဖြစ်နိုင်ပါ့မလားလို့ အမေးရှိလာမှာကို မြင်လို့ အရက်သောက်တာဟာ အစိတ္တကဖြစ်ပေမဲ့ ကမ္မပထမြောက်တဲ့ အကုသိုလ်နှင့်သာ သောက်ရတာ၊ အဲဒီအကုသိုလ်မျိုးကို အရိယာ မဂ်နှင့်ပယ်သတ်ပြီးသွားပြီ။ ဒါကြောင့် အရက်မှန်းမသိဘဲသောက်မိလဲ လည်မျိုအောက်ကို အရက်မဝင်ဘူး (သိက္ခာပုဒ် မကျိုးဘူး) ဆိုတဲ့ ‌အဖြေမျိုးကို ဖြေချင်လို့ "သစေ ပဿ သုရဉ္စ ခီရဉ္စ" စတဲ့စကားနှင့် ဓမ္မတာစကားကို မိန့်ကြားရတာပါ။
ဝတ္ထုမှန်းသိပြီး လွန်ကျူးသူအနေနှင့် ပါဏာတိပါတစတဲ့ ကမ္မပထအကုန်လုံးကို သိမ်းကျုံး‌ဟောမိန့်ထားတာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မိစ္ဆာဒိဋ္ဌိဆိုတာမျိုးက အလွဲအမှားယူခြင်းနှင့်သာ ဖြစ်လေ့ရှိလို့ပါ။ အလုံးစုံမသိသူကို အလုံးစုံသိသူ အနိစ္စသည်တွေကို နိစ္စ စသည်ဖြင့် ယူတဲ့ ဒိဋ္ဌိဟာ ဘယ်လိုလုပ် ဝတ္ထုကို သိမှာလဲ၊ သိရင်လည်း မိစ္ဆာဒိဋ္ဌိတောင် ဖြစ်‌တော့မှာ မဟုတ်ဘူး၊ အဲဒီ ဒိဋ္ဌိဟာ ကမ္မပထထဲမှာ ပါတာဖြစ်လို့ ဘယ်လိုလုပ်ပြီး "ဝတ္ထုကို သိမှသာ ကမ္မပထမြောက်တဲ့ အကုသိုလ်ဖြစ်တယ်" လို့ သတ်မှတ်နိုင်မှာလဲ။
တစ်နည်းဆိုရရင် အရက်သောက်လို့ အကုသိုလ်ဖြစ်တယ်ဆိုတာ သဘာဝပါ။ နို့ရည် စတဲ့ အမှတ်အသားနှင့် အရက်သောက်သူမှာ အမေနှမစတဲ့ သတ္တဝါတွေအ‌ပေါ်မှာ ‌လောဘဒေါသ စတဲ့ အကုသိုလ်တရားတွေဟာ သောက်ပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာတော့တာပါဘဲ။ အလားတူ သောက်နေဆဲမှာလည်း ထက်မြက်တဲ့ရာဂ ဖြစ်ပွားပါတယ်။ ဒါကြောင့်ဘဲ သာဂကမထေရ်ဟာ မသိဘဲ သောက်တုန်းမှာ အဘိညာဉ်ငါးပါးစတဲ့ဈာန်တွေ လျှောကျကွယ်ပျောက်ကုန်ပါတယ်။ နောက်ပိုင်းမှာလည်း ဘုရား စတဲ့ ပုဂ္ဂိုလ်တွေမှာ မရိုသေမှုစတဲ့ အကုသိုလ်တွေ အမူးပြေတဲ့အထိ ဖြစ်နေတာပါဘဲ။ ဘုရားကလည်း သာဂတရဲ့ အဂါရဝစတဲ့ အကုသိုလ်ဖြစ်ပုံကို ပြတော်မူခြင်းအားဖြင့် အရက်ရဲ့ အပြစ်ကိုပြပြီး သိက္ခာပုဒ် ပညတ်ရတာပါ။ "ဈာန်လျှောတယ်" ဆိုတာက နီဝရဏအကုသိုလ်နှင့် ကင်းကွာပြီး လျှောရိုးထုံးစံမှ မရှိတာဘဲ။ ဒါကြောင့် အရက်မှန်းမသိဘဲသောက်လည်း မိမိသဘောအရ အကုသိုလ်ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ "အရက်မှန်းသိပြီး သောက်မှသာလျှင် အကုသိုလ်ဖြစ်တယ်" ဆိုတာအယူဝါဒမတူတဲ့ အဘယဂိရိဂိုဏ်းသားတွေရဲ့ အယူဝါဒပါ။ ဒါကို ဂဏ္ဌိပုဒ်ကျမ်းပြု ဆရာတော်တွေက မှားယွင်းတဲ့ အဓမ္မဝါဒ ပရဝါဒလို့ မသိတော့ ကိုယ့်အမြင်အယူတွေနှင့် ရောနှောပြီး မှန်ကုန်ကြောင်း ထောက်ခံရေးခဲ့ကြပါတယ်။ ဒီလိုနှင့် ထေရဝါဒသာသနာအတွင်းထဲ ဒီမိစ္ဆာဝါဒ ဝင်ရောက်လာခဲ့ပြီး ဒီနေ့ ဒီအချိန်ထိ သာသနာကို ဖျက်ဆီးနေတုန်းပါဘဲ။
ရှေ့က ဒမိဠတိုင်းမှာ အဓမ္မဝါဒီ နာဂသေနမထေရ်ဆိုတာ ရှိခဲ့ပါတယ်။ ဒီ မထေရ်ဟာ အရက်မှန်း သောက်မှသာ အကုသိုလ်ဖြစ်တယ် စသည် အားဖြင့် အယူမှားများစွာကို ကျမ်းရေးဆရာတစ်ဦးကို ရေးခိုင်းပါတယ်။ ဒီကျမ်းမှာ အကြောင်းမျိုးစုံနှင့် ‌နှောင်ဖွဲ့ရိုက်သွင်းထားပါတယ်။ ဒီကျမ်းကိုမှီပြီး ဖြစ်ပေါ်လာတဲ့ အဓမ္မဝါဒဟာ သာသနုထဲ ဝင်ရောက်လာပြီး ကာလရှည်ကြာစွာ ဖြစ်တည်နေခဲ့ပါတယ်၊ နောက်ပိုင်းမှာတော့ ဆရာဗုဒ္ဓပ္ပိယမထေရ်မြတ်ကြီးက ဒီအယူဝါဒကို ဖြိုခွဲပြီး စင်ကြယ်အောင် ပြုလုပ်ခဲ့ပါသေးတယ်။ သို့သော်လည်း သာရတ္ထဋီကာရဲ့ မိစ္ဆာစကားကို အမှီသဟဲပြုပြီး ဒီဝါဒဟာ နောက်ထပ်တစ်ကျော့ ခေါင်းထောင်လာပြန်ပါတော့တယ်။ အဲဒီအချိန်မှာလည်း ‌မထေရ်ကြီးမြတ်များဟာ ကောင်းစွာ ဆုံးဖြတ်တော်မူကြပြီး အဓမ္မဝါဒအဖြစ် သတ်မှတ်ကာ အယူလွဲတဲ့ ရဟန်းတွေကို အယူစွန့်စေပြီး အချိန်ကာလ ကြာမြင့်စွာနှင့် ငြှိမ်းခဲ့ကြရပါတယ်။ ဒါကြောင့် ဒို့များကလည်း အခြားဝေဖန်ရေးဝါဒီပုဂ္ဂိုလ်တွေ "ဒီအယူကို မဖျက်ဆီးကြပါစေနှင့် " ဆိုပြီး အကျယ်တဝင့် နည်းမျိုးစုံနှင့် ရေးသားပြီး ပယ်ရှားပေးလိုက်ရတာပါ။ (ဝီ၊ဋီ။)
ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။ "ဝတ္ထုအဇာနနပက္ခေ၊ ဝတ္ထုကို မသိသော အဖို့၌။ ပါဏာတိပါတာဒီနံ၊ သူ့အသက် သတ်ခြင်းစသော ကံတို့၏။ သိဒ္ဓိကရအကုသလစိတ္တုပ္ပါဒသဒိသေ၊ အပြီးအစီးကို ပြုသော အကုသိုလ်စိတ္တုပ္ပါဒ်နှင့် အလားတူသော။ စိတ္တုပ္ပါဒေ၊ အကုသိုလ် စိတ္တုပ္ပါဒ်သည်။ သတိပိ၊ ဖြစ်ပါသော်လည်း။ သာမဏေရော၊ သာမဏေသည်။ သီလဘေဒံ၊ သီလပျက်ခြင်းသို့။ နာပဇ္ဇတိ၊ မရောက်။" ဣတိ၊ ဤသို့။ န ဝုတ္တံ၊ မမိန့်ဆို။
သာကဏေရာနံ၊ သာမဏေတို့၏။ သုရာပါနဿ၊ သေသောက်ခြင်း၏။ ပါဏာတိပါတာဒီဟိ၊ ပါဏာတိပါတစသော ကံတို့နှင့်။ သမာနဂတိကတ္တာ၊ တူသော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့်။ အဘိနိတေသဝစနံ၊ နှလုံးသွင်းသော စကားသည်။ ဟောတိ၊ ဖြစ်၏။
"ဣမေ၊ ဤအရည်တို့သည်။ သုရာမေရယာ၊ သေရည် အရက်တို့တည်း။" ဣတိ၊ ဤသို့။ ဝတ္ထုံ၊ ဝတ္ထုကို။ ဇာနိတွာ၊ သိ၍။ ပါတဗ္ဗတာဒိဝသေန၊ သောက်အပ်သည်၏ အဖြစ် စသည်၏အစွမ်းဖြင့်။ ဝီတိက္ကမန္တဿ၊ လွန်ကျူးသော သူအား။ အကုသလဿ၊ အကုသိုလ်၏။ အသဗ္ဘဝေါ၊ မဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိ။
တေန၊ ထို့ကြောင့်။ "ယဿာ သစိတ္တကပက္ခေ"တိ အာဒိ၊ "ယဿာ သစိတ္တကပက္ခေ" အစရှိသည်ကို။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ဧတ္ထ၊ ဤစကားအစဉ်၌။ ယုတ္တိဝစနေန၊ အသင့်ဖြစ်သော စကားဖြင့်။ အရဟန္တာနံ၊ ရဟန္တာပုဂ္ဂိုလ်တို့အား။ အပ္ပဝိသနတော၊ မဝင်ခြင်းကြောင့်။ သစိတ္တကာ စိတ္တကပက္ခေသု၊ သစိတ္တကအဖို့ အစိတ္တကအဖို့တို့၌။ အကုသလနိယမော၊ အကုသိုလ်ကို သတ်မှတ်ခြင်းသည်။ ကိဉ္စ၊ အဘယ်နည်း။ ဝါ၊ အဘယ်အကျိုးရှိသနည်း။ ဣတိ၊ ဤသို့။ စေ ပုစ္ဆေယျ၊ အကယ်၍ မေးငြားအံ့။
(ဧဝံ၊ ဤသို့)။ န ဝတ္တဗ္ဗံ၊ မဆိုထိုက်ပါ။ ကသ္မာ၊ အဘယ့်ကြောင့်နည်း။ ဓမ္မတာဝသေန၊ အရိယာတို့၏ ထုံးစံဓမ္မတာအစွမ်းဖြင့်။ သေက္ခနမ္ပိ၊ သေက္ခပုဂ္ဂိုလ်တို့အာလည်း။ (သုရာယ၊ သေရည်၏။) အပ္ပဝိသနတော၊ လည်မျိုအတွင်းသို့ မဝင်ရောက်ခြင်းကြောင့်တည်း။
အစိတ္တကပက္ခေ၊ အစိတ္တကအဖို့၌။ အကုသလနိယမာဘာဝဒဿနတ္တံ၊ အကုသိုလ်ကိုမှတ်ခြင်း မရှိသည်ကို ပြခြင်းအကျိုးငှာ။ သုပန္တဿ၊ အိပ်ပျော်နေသူ၏။ မုခေ၊ ခံတွင်း၌။ ပက္ခိတ္တဇလဗိန္ဒုမိဝ၊ ထည့်အပ်သော ရေစက်ရေပေါက်ကဲ့သို့။ သုရာဗိန္ဒုအာဒယော၊ သေရည်စက် သေရည်ပေါက် စသည်တို့ကို။ ဥဒါဟရိတဗ္ဗာ၊ ထုတ်ဆောင်အပ်ကုန်၏။
တဗ္ဗဟုလနယေန၊ တဗ္ဗဟုလနည်းဖြင့်။ အတ္ထေ၊ အနက်ကို။ ဂဟိတေ၊ ယူအပ်လတ်သော်။ ပုဗ္ဗေန၊ ရှေ့စကားနှင့်။ အပရံ၊ နောက်စကားသည်။ အဋ္ဌကထာယ၊ အဋ္ဌကထာနှင့်။ သဒ္ဓိံ၊ တကွ။ ပါဠိယော စ၊ ပါဠိတော်နှင့်လည်း။ သမေတိ၊ ညီ၏။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။
အာစရိယာပိ၊ ဆရာတို့သည်လည်း။ သုရာပါနေ၊ သေသော်ရာ၌။ အကုသလနိယမာဘာဝမေဝ၊ အကုသိုလ်ကို မှတ်ခြင်းမရှိသည်ကိုသာလျှင်။ ဝဒန္တိ၊ ဆိုကြကုန်၏။
ဧကစ္စေ ပန၊ ဧကေဆရာတို့သည်ကား။ "အဿ၊ ထိုသုရာပါနသိက္ခာပုဒ်၏။ ကိရိယသမုဋ္ဌာနတာ ပန၊ ကိရိယာသမုဋ္ဌာန်၏ အဖြစ်သည်ကား။ တဗ္ဗဟုလနယမေဝ၊ တဗ္ဗဟုလနည်းရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ (ဤအဆို မှတ်သည်)။ ပဌမပါရာဇိကေ၊ ပဌမပါရာဇိကသိက္ခာပုဒ်၌။ ကိရိယသမုဋ္ဌာနတာ၊ ကိရိယသမုဋ္ဌာန်၏ အဖြစ်သည်။ တဗ္ဗဟုလနယံ၊ တဗ္ဗဟုလနည်းရှိသည်။ န ဟောတိ၊ မဖြစ်။ (ဤအဆို မမှန်)။
ကထံ၊ အဘယ်သို့လျှင်။ (ပဌမပါရာဇိက၊ ပဌမပါရာဇိကသိက္ခာပုဒ်၌။ တဗ္ဗဟုလနယံ၊ တဗ္ဗဟုလနည်းရှိသည်။ န ဟောတိ၊ မဖြစ်သနည်း။)
ကာယကံသဂ္ဂသိက္ခာပဒံ၊ ကာယသံသဂ္ဂသိက္ခာပုဒ်သည်။ ပဌမပါရာဇိကသမုဋ္ဌာနံ၊ ပဌမပါရာဇိကသမုဋ္ဌာန်သည်။ ဟောတိ၊ ဖြစ်၏။
ဧတ္ထ၊ ဤကာယသံသဂ္ဂ၌။ ဘိက္ခုဿ စ၊ ရဟန်း၏ လည်းကောင်း။ ဘိက္ခုနိယာ စ၊ ရဟန်းမ၏လည်းကောင်း။ ကာယသံသဂ္ဂဘာဝေ၊ ကိုယ်လက်နှီးနှောသည်၏ အဖြစ်သည်။ သတိ၊ ရှိလတ်သော်။ ဘိက္ခုနီ၊ ရဟန်းမသည်။ ကာယင်္ဂံ၊ ကိုယ်အင်္ဂါကို။ အစောပယမာနာပိ၊ မလှုပ်ရှားစေလဲလည်း။ စိတ္တေနေဝ၊ စိတ်ဖြင့်သာလျှင်။ အဓိဝါသေတိ၊ လက်ခံသာယာ၏။ အာပဇ္ဇတိ၊ အာပတ်သင့်၏။ ဧဝံ၊ ဤအတူ။ ဘိက္ခု၊ ရဟန်းသည်။ န အာပဇ္ဇတိ၊ အာပတ်မသင့်။
ဘိက္ခုပန၊ ရဟန်းသည်ကား။ စောပယမာနောဝ၊ လှုပ်ရှားသေသော်သာလျှင်။ အာပဇ္ဇတိ၊ အာပတ်သင့်၏။ (ဤစကားမှန်သည်။) ဧဝပေဝ၊ ဤအတူသာလျှင်။ ပဌမပါရာဇိကေပိ၊ ပဌမပါရာဇိကသိက္ခာပုဒ်၌လည်း။ ဘိက္ခုနော၊ ရဟန်း၏။ စောပန၊ လှုပ်စေခြင်းသည်။ သတိ ဧဝ၊ ရှိသော်သာလျှင်။ အာပဇ္ဇတိ၊ အာပတ်သင့်၏။ စောပနေ၊ လှုပ်စေခြင်းသည်။ အသတိ၊ မရှိလတ်သော်။ န အာပဇ္ဇတိ၊ အာပတ်မသင့်။" (ဤစကား မမှန်)။ ဣတိ၊ ဤသို့။ ဝဒန္တိ၊ ဆိုကြကုန်၏။ (ဣတိ မပါလျှင် ထည်ပေးရမည်)။
**ပဝေသနံ သာဒိယတီ** တိ ဧတ္ထ၊ ၌။ ပဝေသနသာဒိယနံ နာမ၊ ပဝေသနာသာဒိယန မည်သည်။ သေဝနစိတ္တုပ္ပါဒနံ၊ မှီဝဲကြောင်းစိတ်(မှီဝဲလိုသော စိတ်)ကို ဖြစ်စေခြင်းတည်း။ ဝါ၊ တစ်နည်းကား။ မဂ္ဂေန၊ မဂ်ဖြင့်။ မဂ္ဂပ္ပဋိပနမ္ပိ၊ မဂ်ကို ကျင့်ခြင်းကိုလည်း။ ဣစ္ဆန္တိ၊ အလိုရှိကြကုန်၏။
တဿာပိ၊ ထိုဘိက္ခူနီအားလည်း။ ကာယစလနံ၊ ကိုယ်လှုပ်ခြင်းသည်။ ဧကန္တံ၊ စင်စစ်။ အတ္ထိ ဧဝ၊ ရှိသည်သာလျှင်တည်း။
ဧဝံ သန္တေပိ၊ ဤသို့ ဖြစ်ပါသော်လည်း။ ဝီမံသိတွာ၊ စုံစမ်း၍။ ဂဟေတဗ္ဗန္တိ၊ ယူထိုက်၏ဟူ၍။ ဝဒန္တိ၊ မိန့်ဆိုကြကုန်၏။ ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။
ဘိက္ခုနီနံ၊ ဘိက္ခုနီတို့၏။ သံဃာဒိသေသံ၊ သံဃာဒိသိသ် အာပတ်သို့။ ပတွာ၊ ရောက်၍။ ဝါ၊ ရောက်လတ်သော်။ ဝုဋ္ဌာနဝိဓယော၊ အာပတ်မှထပုံ အစီအရင်တို့ကို။ သန္ဒဿနတ္ထံ၊ ပြတော်မူခြင်း အကျိုးငှာ။ **"အယံ ဘိက္ခုနီ ။ပ။ အာပန္နာ"** တိ၊ "အယံ ဘိက္ခုနီ ။ပ။ အာပန္နာ" ဟူ၍။ ပုဂ္ဂလနိယမံ၊ ပုဂ္ဂိုလိကိုမှတ်ခြင်းကို။ ကတွာ၊ ပြုတော်မူ၍။ ပါရာဇိကတော၊ ပါရာဇိကအာပတ်မှ။ (အညံ၊ အခြားသော။) အဓိပ္ပါယံ၊ အဓိပ္ပါယ်တည်း။ ဣတိ မနသိကရိတွာ၊ ဤသို့ နှလုံးသွင်း၍။ "နိဿာရဏီယံ သံဃာဒိသေသ"န္တိ၊ ဟူ၍။ အာပတ္တိနာမဂ္ဂဟဏဉ္စ၊ အာပတ်အမည် ယူခြင်းကိုလည်း။ ကတံ၊ ပြုတော်မူအပ်ပြီ။
**"သမုဋ္ဌာနာဒီနိ ပဌမ ကထိနသဒိသာနီ၊ ဣဒံ ကိရိယမေဝါ"** တိ၊ ဟူ၍။ ပါဌော၊ အဋ္ဌကထာပါဌ်သည်။ အတ္ထိ၊ ရှိ၏။
ကတ္ထစိ၊ တစ်စုံတစ်ခုသော အရပ်သို့။ အဂန္တွာ၊ မသွားမူ၍။ နိသိန္နဋ္ဌာနေ ဧဝ၊ ထိုင်ရာ အရပ်၌သာလျှင်။ နိသီဒိတွာ၊ ထိုင်၍။ (ဧကရိံ၊ ခိုးသူမကို)။ ကရောန္တိယာ၊ ရဟန်းခံမှု ပြုသော ဘိက္ခုနီအား။ **ဝါစာစိတ္တတော**၊ နှုတ်စိတ်မှ။ သမုဋ္ဌာတိ၊ ဖြစ်၏။ သမုဋ္ဌာန်။ ။ ဤဒုတိယသိက္ခာပုဒ်၏ သမုဋ္ဌာန်ကို ကင်္ခါဝိတရဏီ အဋ္ဌကထာ၌ "စောရိဝုဋ္ဌာပနသမုဋ္ဌာန်" ဟု ဖွင့်ပြသည်။ ယာ ပဉ္စမဆဋ္ဌေတိ သမုဋ္ဌာတိ၊ အယံ စောရိဝုဋ္ဌာပနသမုဋ္ဌာနံ နာမ၊ (ကင်္ခါ၊ဋ္ဌ၊၁၁၁။) ဟူသည်နှင့် အညီ သမုဋ္ဌာန်ခြောက်ပါးတွင် ငါးခုမြောက်သမုဋ္ဌာန် 'နှုတ်စိတ်' နှင့် ခြောက်ခုမြောက်သမုဋ္ဌာန် "ကိုယ်နှုတ်စိတ်" တို့ဖြင့် ဖြစ်ရသော သမုဋ္ဌာန်ဖြစ်သည်။ ဤသို့ ဖြစ်ကြောင်း နှစ်ပါးရှိသာကြောင့် ဒွိသမုဋ္ဌာန်ဟုလည်းခေါ်သည်။ ဤ၌ သမုဋ္ဌာန်နှစ်ပါး ဖြစ်ပွားပုံကို ပြလိုရကား ကတ္ထစိ အဂန္တွာ စသည်ဖြင့် မိန့်သည်။ ခဏ္ဍသီမာဒိဂတာယ၊ ခဏ္ဍသိမ် အစရှိသော အရပ်တို့ကို သွားရောက်သော ဘိက္ခုနီအား။ **ကာယဝါစာစိတ္တတော**၊ ကိုယ် နှုတ် စိတ်မှ။ သမုဋ္ဌာတိ၊ ဖြစ်၏။
အဋ္ဌကထာယံ၊ ကင်္ခါဝိတရဏီအဋ္ဌကထာ၌၊ ထည့်။ **"အာဘောဂံ ဝိနာ"** တိ၊ "အာဘောဂံ ဝိနာ"ဟူ၍။ ဝုတ္တတ္တာ၊ ဆိုအပ်သည်၏ အဖြစ်ကြောင့်။ အာဘောဂေ၊ နှလုံးသွင်းသည်။ သတိ၊ ရှိလတ်သော်။ အနာပတ္တိ၊ အာပတ်မသင့်။ ပန၊ အဖို့တစ်ပါးကား။ ဣမသ္မိံ သိက္ခာပဒေ၊ ဧကပါမန္တရဂမနသိက္ခာပုဒ်၌။ **သမန္တ ပါသာဒိကာယံ**၊ သမန္တပါသာဒိကာ (ပါစိတ်၊ဋ္ဌ၊၁၈၄။)၌။ ဥပစာရာတိက္ကမေ၊ ဥပစာကို ကျော်လွန်ရာ၌။ အာပတ္တိ၊ အာပတ်ကို။ ဝုတ္တာ၊ မိန့်ဆိုအပ်ပြီ။ ဣဓ၊ ဤ ကင်္ခါဝိတရဏီအဋ္ဌကထာ၌။ ဩက္ကမေ၊ သက်ရောက်ရာ၌။ အာပတ္တိ၊ အာပတ်ကို။ ဝုတ္တာ၊ မိန့်ဆိုအပ်ပြီ။
ဒွီသုပိ၊ နှစ်ပါးစုံတို့၌လည်း။ အတ္ထတော၊ အနက်သဘောအားဖြင့်။ ဧကမေဝ၊ တစ်မျိုးတည်းကိုသာလျှင်။ ဝုတ္တံ၊ ဆိုအပ်ပြီ။ ကသ္မာ၊ အဘယ့်ကြောင့်နည်း။ ဂါမန္တရဂမနသံဃာဒိသေသံ၊ ဂါမန္တရဂမနသံဃာဒိသိသ်ကို။ ဥပစာရဿ၊ ဥပစာကို။ သန္ဓာယ၊ ရည်ရွယ်၍။ ဝုတ္တတ္တာ၊ မိန့်ဆိုအပ်သည်၏ အဖြစ်ကြောင့်တည်း။
ဂဏမှာ၊ ဘိက္ခုနီအပေါင်းမှ။ ဩဟီယနဿ၊ ချန်ရစ်ခြင်း၏။ ဝိရောဓာ၊ ဆန့်ကျင်ဘက်သည်။ ဟောတိ၊ ဖြစ်၏။ (ဂဏမှာ ဩဟီယန၌ ရွာဥပစာဖြင့် မသတ်မှတ်၊ ဒဿနူပစာရ သဝနူပစာရဖြင့် သတ်မှတ်သည်။)
"အရညေ"တိ၊ "အရညေ" ဟူဿော။ ဣဒံ၊ ဤပါဌ်ကို။ အရည။ ။'နိက္ခမိတွာ ဗဟိဣန္ဒခိလာ သဗ္ဗမေတံ အရညံ' ဟူသည်နှင့် အညီ ရွာတံခါးခုံမှ အပြင်ဘက်အရပ်သည် ရွာမဟုတ်သောအားဖြင့် တောနှင့်တူသောကြောင့် တောဟု ခေါ်ရသည်။ တကယ် တောကားမဟုတ်၊ ဤသို့သော အရပ်သည်လည်း အာပတ်သင့်နိုင်သည်။ ထို့ကြောင့် ဂါထာ၌ "အခြားရွာ၌ ထည့်သွင်းရသောအကျုံးဝင်သော မြစ်တစ်ဖက်ကမ်းအရပ်" ဟု အာပတ်လေးချက်သင့်ရာတွင် မိန့်ရခြင်းဖြစ်သည်။ ဝိ၊၂။၂၉၆။ ဥဘတောသံဃေ မက္ခမာနတ္တံ စရိတဗ္ဗန္တိ ဘိက္ခုနိယာ ဟိ အာပတ္တိံ ဆာဒေန္တိယာပိ ပရိဝါသော နာမ နာတ္ထိ၊ ဆာဒနပစ္စယာပိ န ဒုက္ကဋံ အာပဇ္ဇတိ၊ တသ္မာ ဆာဒေတွာပိ အဆာဒေတွာပိ ဧကံ ပက္ခမာနတ္တမေဝ စရိတဗ္ဗံ ။[ကင်္ခါ၊ဋ္ဌ၊ ၃၀၅။]) အတ္ထဝသေန၊ အနက်၏အစွမ်းဖြင့်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဝါမန္တရေပိ၊ ရွာတစ်ပါး၌လည်း။ ဟောတိ ဧဝ၊ ဖြစ်သည်သာလျှင်တည်း။
သိက္ခာပဒါ ဗုဒ္ဓဝရေန ဝဏ္ဏိတာတိ၊ သိက္ခာပဒါ ဗုဒ္ဓဝရေန ဝဏ္ဏိတာ စသော။ ဝါ၊ ဟူသော။ ဂါထာယ၊ ဂါထာ၏။ ဝသေန၊ အစွမ်းဖြင့်။ အဋ္ဌကထာယမ္ပိ၊ ကင်္ခါဝိတရဏီအဋ္ဌကထာ၌လည်း။ ဂါမန္တရပရိယာပနံ၊ ရွာတစ်ပါး၌ အကျုံးဝင်သော။ နဒိပါရံ၊ မြစ်တစ်ဖက်ကမ်းကို။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ဧကစ္စေသု၊ အချို့ကုန်သော။ ပေါတ္ထကေသု၊ ပေစာအုပ်တို့၌၊ထည့်။ **"ဆာဒနပစ္စယာ ပန ဒုက္ကဋံ အာပဇ္ဇတီ"** တိ၊ ဟူသော။ ဣဒံ၊ န ပဋိသေဓမပါသော ဤစကားသည်။
"အာပဇ္ဇတိ ဂရုကံ ဘာဝသေသံ။ ဆာဒေတိ အနာဒရိယံ ပဋိစ္စ။ န ဘိက္ခုနီ နော စ ဖုသေယျ ဝဇ္ဇံ၊ ပဉှာမေသာ ကုသလေဟိ စိန္တိတာ" တိ၊ 'အာပဇ္ဇတိ ။ပ။ စိန္တိတာ' ဟူသော။
ဣမာယ၊ ဤဂါထာ၌။ ပမာဒလေခါ ဝိယ၊ မေ့လျော့သောအားဖြင့် ရေးအပ်သော စကားကဲ့သို့။ ဒိဿတိ၊ တွေ့မြင်အပ်၏။
ဝါ၊ ထင်၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ ဧတ္ထ၊ ဤစကားရပ်၌။ အတ္ထော၊ သင့်သော အနက်ကို။ ဂဝေသိတဗ္ဗော၊ ရှာဖွေထိုက်၏။ [ဧတ္ထ စ "တာဒနပစ္စယာပိ န ဒုက္ကဋံ အာပဇ္ဇတိ" တိ ပါဌော ဒဋ္ဌဗ္ဗော။ ကင်္ခါ-ဋီသစ်။ ဒဋ္ဌဗ္ဗံကား သန္နိဋ္ဌာန်၊ ဝေဒိတဗ္ဗံကား သံသယ။] **ဂါထာ အနက်**။ ။ (ယော၊ အကြင်ရဟန်းသည်)။ ဘာဝသေသံ၊ အကြွင်းနှင့်တကွဖြစ်သော။ ဂရုကံ၊ ဂရုကအာပတ်သို့။ အာပဇ္ဇတိ၊ သင့်ရောက်၏။ (သော၊ ထိုရဟန်းသည်။ အနာဒိရယံ၊ လေးစားခြင်း မရှိသူ၏ အဖြစ်ကို။ ပဋိစ္စ၊ စွဲ၍။ ဆာဒေတိ၊ ဖုံးထား၏။ န ဘိက္ခုနီ၊ ဘိက္ခုနီလည်း မဟုတ်။ (အထ၊ ထိုသို့ ဖြစ်ပါလျက်)။ ဝဇ္ဇံဝ၊ ဖုံးထားသည်အတွက် အာပတ်ဟူသော အပြစ်သို့လည်း။ နောဖုသေယျ၊ မထိရောက်ရာ။ ဧသာ ပဉှာ၊ ဤပြဿနာကို။ ကုသလေတိ၊ ဝိနည်းကျွမ်းကျင် ပညာရှင်တို့သည်။ စိန္တိတာ၊ "ဥက္ခိတ္တကရဟန်း" ဟူ၍ ကြံစည်အပ်ပြီ။ [ဖုံးသည့်အတွက် အာပတ်မသင့် ဆိုနိုင်ရန်ကလည်း ဘိက္ခုနီမဟုတ်၊ ဘိက္ခုနီသာ ဖြစ်ကြောင်း အာပတ်မသင့် ဖြစ်ရသည်- ဟူလို။]
ဘိက္ခူနံ၊ ရဟန်းတို့၏။ မာနတ္တကထာယံ၊ မာနတ်နှင့် စပ်သော စကား၌။ "ပရိက္ခိတ္တဿ၊ ကာရံအပ်သော။ ဝိဟာရဿ၊ ကျောင်း၏။ ပရိက္ခေပတော၊ အကာအရံမှလည်းကောင်း။ ဝိဟာရဿ၊ ကျောင်း၏။ ပရိက္ခေပါရဟဋ္ဌာနတော၊ အကာအရံထိုက်သော အရပ်မှလည်းကောင်း။ ဒွေလေဍ္ဍုပါတေ၊ ခဲနှစ်ကျတို့ကို။ အတိက္ကမိတွာ၊ ကျော်လွန်၍။" ဣတိ၊ ဤသို့။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဣဓ ပန၊ ဤဘိက္ခုနီတို့၏ မာနတ္တကထာ၌လည်း။ "**ဂါမူပစာရတော စ**၊ ရွာဥပစာမှလည်းကောင်း။ **ဘိက္ခု နံ**၊ ရဟန်းတို့၏။ **ဝိဟာရူ ပစာရတော စ**၊ ကျောင်း၏ ဥပစာမှလည်းကောင်း။ **ဒွေ လေဍ္ဍုပါတေ**၊ ခဲနှစ်ကျတို့ကို။" ဣတိ အာဒိ၊ ဤသို့ စသည်ကို။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
တတြ၊ ထိုမာနတ်၌။ ဘိက္ခူနံ၊ ရဟန်းတို့အား။ ဝုတ္တပ္ပကာရပ္ပဒေသံ၊ ဆိုအပ်ခဲ့ပြီးသော အပြားရှိသော အရပ်ကို။ အတိက္ကမိတွာ၊ ကျော်လွန်၍။ ဂါမေပိ၊ ရွာ၌လည်း။ တံ ကမ္မံ၊ ထိုမာနတ်ကြားခြင်းအမှုကို။ ကာတုံ၊ ပြုခြင်းငှာ။ ဝဋ္ဋတိ၊ အပ်၏။ ပန၊ ဗျတိရိက်ကား။ ဘိက္ခုနိနံ၊ ဘိက္ခုနီတို့အား။ (ဝုတ်တ္တပ္ပကာရပ္ပဒေသံ၊ ကို။ အတိက္ကမိတွာ၊ ၍)။ ဂါမေ၊ ရွာ၌။ တံ ကမ္မံ၊ ထိုမာနတ်ကြားခြင်းအမှုကို။ ကာတုံ၊ ပြုခြင်းငှာ။ န ဝဋ္ဋတိ၊ မအပ်။
တသ္မာ၊ ထို့ကြောင့်။ ဧဝံ၊ ဤသို့။ ('ဂါမူပစာရတော စ' စသည်ကို)။ ဝုတ္တံ၊ ဆိုအပ်ပြီ။ ဣတိ၊ ဤသို့။ ဧကေ၊ အချို့ကုန်သော ဆရာတို့သည်။ ဝဒန္တိ၊ ဆိုကြကုန်၏။
အပရေ ပန၊ အခြားကုန်သော ဆရာတို့သည်ကား။ ဘိက္ခူနမ္ပိ၊ ရဟန်းတို့အားလည်း။ ဂါမေ၊ ရွာ၌။ တံ ကမ္မံ၊ ထိုမာနတ်ကြားခြင်းအမှုကို။ ကာတုံ၊ ပြုခြင်းငှာ။ န ဝဋ္ဋတိ၊ မအပ်။
ကသ္မာ၊ အဘယ့်ကြောင့်နည်း။ ယသ္မာ၊ အကြင်ကြောင့်။ ဘိက္ခုတိဟာရော နာမ၊ ရဟန်းတို့၏ ကျောင်းမည်သည်။ ပုဗ္ဗေ ဧဝ၊ မာနတ်မကြားမီ ရှေ့အခါ၌ပင်လျှင်။ ဂါမူပစာရံ၊ ရွာ၏ ဥပစာကို။ အတိက္ကမိတွာ၊ ကျော်လွန်၍။ ဌိတော၊ တည်၏။ တသ္မာ၊ ထို့ကြောင့်။ ဂါမံ၊ ရွာကို။ အဝတွာ၊ မဆိုမူ၍။ ဝိဟာရူပစာရမေဝ၊ ကျောင်း၏ ဥပစာကိုသာလျှင်။ ဟေဋ္ဌာ၊ အောက်ဖြစ်သော မာနတ္တကထာ၌။ ဝုတ္တံ၊ ဆိုအပ်ပြီ။
ဘိက္ခူနီနံ၊ ဘိက္ခုနီတို့၏။ ဝိဟာရော၊ ကျောင်းသည်။ ဂါမေ ဧဝ၊ ရွာ၌သာလျှင်။ ဝဋ္ဋတိ၊ အပ်၏။ ဗဟိ၊ ရွာအပ၌။ နဝဋ္ဋတိ၊ မအပ်။ တသ္မာ၊ ထို့ကြောင့်။ ဧတ္ထ၊ ဤဘိက္ခုနီမာနတ္တကထာ၌။ ဂါမူပစာရဉ္စ၊ ရွာဥပစာကိုလည်းကောင်း။ ဝိဟာရူပစာရဉ္စ၊ ကျောင်းဥပစာကိုလည်းကောင်း။ ဥဘယံ ဧဝ၊ နှစ်ပါးစုံကိုသာလျှင်။ ဒဿိတံ၊ ပြအပ်ပြီ။
တသ္မာ၊ ထို့ကြောင့်။ ဥဘယတ္ထာပိ၊ ဘိက္ခုမာနတ္တကထာ ဘိက္ခုနီမာနတ္တကထာ နှစ်ပါးစုံ၌လည်း။ အတ္ထတော၊ အနက်သဘောအားဖြင့်။ နာနာတ္တံ၊ မတူထူးခြား ကွဲပြားသည်၏အဖြစ်သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ ဝဒန္တိ၊ ဆိုကြကုန်၏။
ဧတေသု ဝါဒေသု၊ ဤဝါဒတို့တွင်။ ဝီမံသိတွာ၊ စုံစမ်း၍ (ထည့်)။ ယံ ဝစနံ၊ အကြင်စကားသည်။ ယုဇ္ဇတိ၊ သင့်လျော်သည်။ တံ၊ ထိုစကားကို။ ဂဟေတဗ္ဗံ၊ ယူထိုက်၏။
ဣဓ၊ ဤဘိက္ခုနီ နိဿဂ္ဂိယကဏ္ဍ ပတ္တဝဂ်၌။ ဒုတိယေ၊ နှစ်ခုမြောက်သော အကာလစီဝရဘာဇနသိက္ခာပုဒ်၌။ ဘာဇာပိတာယ၊ (အကာလသင်္ကန်းကို ကာလသင်္ကန်းဟု အဓိဋ္ဌာန်၍ ပုရိမဝါကပ်ကုန်သော ဘိက္ခုနီသံဃာတို့အားသာလျှင်) ခွဲခြမ်းဝေဘန်အပ်သဖြင့်။ လဒ္ဓစီဝရံ၊ (မိမိအတွက် ဝေစု) ရအပ်သော အကာလသင်္ကန်းကို။ နိဿဂ္ဂိယံ၊ စွန့်အပ် စွန့်ထိုက်သည်။ ဟောတိ၊ ဖြစ်၏။ တံ၊ ထိုအကာလသင်္ကန်းကို။ ဝိနယကမ္မံ၊ စွန့်ခြင်းဝိနည်းကံကို။ ကတွာပိ၊ ပြုပြီး၍သော်လည်း။ အတ္တနာ၊ ခွဲခြမ်းဝေဘန်သော မိမိသည်။ န လဗ္ဘတိ၊ မရအပ်မရနိုင်။အတ္တနာ န လဗ္ဘတိ။ ။ ထိုအကာလသင်္ကန်းကို ဝိနည်းနှင့်အညီ ပေးစွန့်ပြီး၍ ပြန်ရသော်လည်း မယူကောင်း မသုံးကောင်းတော့ချေ။ မိမိကိုယ်ပိုင် သင်္ကန်း မဖြစ်ပေ။ သင်္ကန်းဒကာ၏ မူလရည်မှန်းထားသော ဂိုဏ်း ပုဂ္ဂိုလ်အထံသို့ ပြန်လည်းပေးအပ်ရမည်ဖြစ်သည်။ ဤနည်းတူစွာပင် စွန့်ပြီးပြန်ရသော်လည်း မသုံးကောင်းတော့သော နိဿဂ္ဂိယဝတ္ထုတို့ကို မူလရည်မှန်းရာတို့သို့ ပြန်လည်အပ်နှံပေးရ၏။
နိဿဋ္ဌံ ပဋိလဘိတွာပိ ယထာ ဒါနေယေဝ ဥပနေတဗ္ဗံ၊ အညသ္မိမ္ပိ ဧဝရူပေ သိက္ခာပဒေ ဧသေဝနယော။ ကင်္ခါ၊ဋ္ဌ၊ ၃၀၈။
ပလဏ္ဍုကာဒယော။ ။ပင်ကိုမူလအားဖြင့်ပင် အပ်စပ်နေပြီးကုန်သော ကြက်သွန်တို့ကို ပြဆိုခြင်းငှာ ပလဏ္ဍုကာဒယောဟု မိန့်သည်။ ဤ ကြက်သွန်တို့ကို ပါဠိတော်၌ အနာပတ္တိဖြင့် ပြဆိုထားလေပြီ။ အာဒိသဒ္ဒါဖြင့် ဘဉ္ဇနက- နှစ်မြှောင့်ရှိသော ကြက်သွန်နီ, ဟရိတက- သုံးမြှောင့်ရှိသော ကြက်သွန်စိမ်း, စာပလသုဏ- ကြက်သွန်မြိတ် စသည်တို့ကိုယူ။ အာဒိဝန်ကား ပလဏ္ဍုက- တစ်မြှောင့်ရှိသော ကြက်သွန်ဝါတည်း။
တတိယေ၊ သုံးခုမြောက်သော စီဝရပရိဝတ္တနသိက္ခာပုဒ်၌။ **"သမုဋ္ဌာနဒီနိ အဒိန္နာဒါနသဒိသာနိ၊ ဣဒံ ပန ဒုက္ခဝေဒန"** န္တိ၊ "သမုဋ္ဌာနာဒီနိ ။ပ။ ဒုက္ခ ဝေဒနံ" ဟူ၍ ။ ပါဌော၊ အဋ္ဌကထာပါဌ်သည်။ အတ္ထိ၊ ရှိ၏။
စတုတ္ထေ၊ လေးခုမြောက်သော အညဝိညာပနသိက္ခာပုဒ်၌။ ပဌမံ၊ ရှေးဦးစွာ။ ဝိညတ္တံ၊ တောင်းအပ်သော ဝတ္ထုကို။ အလဘိတွာ၊ မရမူ၍။ အညံ၊ ပဌမ တောင်းအပ်သော ဝတ္ထုမှ အခြားသော။ တတော၊ ထိုပဌမ ဝတ္ထုအောက်။ ဝါ၊ ထက်။ ဦနတရမ္ပိ၊ သာ၍ တန်ဖိုးယုတ်လျော့သော ဝတ္ထုကိုလည်း။ လဘေယျ၊ (တောင်းသောကြောင့်) ရငြားအံ့။ အင်္ဂသမ္ပတ္တိတော၊ အာပတ်သင့်ကြောင်း အင်္ဂါသုံးရပ်နှင့် ပြည့်စုံခြင်းကြောင်း။ နိဿဂ္ဂိယမေဝ၊ နိဿဂ္ဂိပါစိတ်အာပတ်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏။
ပဌမေ၊ ရှေးဦးစွာသော လသုဏသိက္ခာပုဒ်၌။ ဟရိတပတ္တ ဝဏ္ဏော၊ စိမ်းသော အရွက်အဆင်းရှိသော ကြက်သွန်သည်။ ဟရိတကော၊ ဟရိတက မည်၏။
**စာပလသုဏံ**၊ စာပလသုဏသည်။ အပိဉ္ဇကော၊ အမြှောင့်မရှိသည်။ ဟောတိ၊ ဖြစ်၏။
ဟိ၊ မှန်၏။ တဿ၊ ထိုကြက်သွန်မြိတ်အား။ အင်္ကုရမတ္တမေဝ၊ အညွန့်မျှသာလျှင်။ ဟောတိ၊ ဖြစ်၏။
**ပလဏ္ဍုကာ**ဒယော၊ ပလဏ္ဍုက အစရှိကုန်သော ကြက်သွန်တို့သည်။ သဘာဝေနေဝ၊ ပင်ကိုသဘောအားဖြင့်သာလျှင်။ ဝဋ္ဋန္တိ၊ အပ်ကုန်၏။
**သုပသမ္ပာကာဒီ**၊ ဟင်းရည်ကို ကြက်သွန်ထည့်ကာ ကောင်းစွာချက်ခြင်း အစရှိသည်ကို။ ဝိနာပိ၊ ကြဉ်၍လည်း။ အန္တပသော၊ အောင်ထစ်ဆုံးအားဖြင့်။ ယာဂုဘတ္တေပိ၊ ယာဂုထမင်း၌လည်း။ ပက္ခိပိတုံ၊ ထည့်ခြင်းငှာ။ ဝဋ္ဋတိ၊ အပ်၏။ ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။ "ဂိလာနယ၊ မကျန်းမာသော ။ ဘိက္ခုနိယာပိ၊ ဘိက္ခုနီအားသော်လည်း။ ပုရေဘတ္တမေဝ၊ ထမင်းစားရာကာလ၏ ရှေ့အခါ၌သာလျှင်။ ဝါ၊ နံနက်အခါ၌သာလျှင်။ လသုဏံ၊ ကြက်သွန်သည်။ ကပ္ပတိ၊ အပ်၏။ အဂိလာနာယ၊ မကျန်းမာသူ မဟုတ်သော ဘိက္ခုနီအား။ လသုဏံ၊ ကြက်သွန်သည်။ န ကပ္ပတိ၊ မအပ်။" ဣတိ၊ ဤသို့။ အဘယဂိရီနံ၊ ကွဲပြားသော အယူရှိကုန်သော အဘယဂိရိဂိုဏ်သားတို့၏။ ဥဂ္ဂဟော၊ သင်ယူခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။
ဒုတိယေ၊ နှစ်ခုမြောက်သော သမ္ဗာဓလောမသိက္ခာပုဒ်၌။ အာဗာဓပ္ပစ္စယာ၊ အနာဟူသော အကြောင်းကြောင့်။ ဘိက္ခုနိသံဃံ၊ ဘိက္ခုနီသံဃာကို။ အာပုစ္ဆိတွာ၊ ပန်ပြော၍။ (သမ္ဗာဓေ၊ ကျဉ်းမြောင်းသော အရပ်၌။ လောမံ၊ ပေါက်သော အမွေးကို။) သံဟရာပေတုံ၊ ဖယ်ရှားစေခြင်းငှာ။ ဝွ၊ ရိတ်ခြင်း နုတ်ခြင်း ဖြတ်စေခြင်းငှာ။ ဝဋ္ဋတိ၊ အပ်၏။ ဘိက္ခုဿ၊ ရဟန်းယောင်္ကျားအား။ ဧတ္ထ စ၊ ဤသမ္ဗာဓလောမသိက္ခာပုဒ်၌လည်းကောင်း။ လသုဏေစ၊ လသုဏသိက္ခာပုဒ်၌လည်းကောင်း။ ဒုက္ကဋံ၊ ဒုက္ကဋ်အာပတ်သည်။ ဟောတိ၊ ဖြစ်၏။
သတ္တမေ၊ ခုနစ်ခုမြောက်သော အာမကဓညသိက္ခာပုဒ်၌။ **"သမုဋ္ဌာနာဒီနိအဒ္ဓါနမဂ္ဂသိက္ခာပဒသဒိသာနီ"** တိ၊ ဟူ၍။ ပါဌော၊ အဋ္ဌကထာပါဌ်သည်။ အတ္ထိ၊ ရှိ၏။
အဋ္ဌမေ၊ ရှစ်ခုမြောက်သော ပဌမဥစ္စာရဆဋ္ဋနသိက္ခာပုဒ်၌။ ဋီကာပါဌ်၌ ဤ "အဋ္ဌမေ" နေရာဝယ် "နဝမေ" ဟုရှိနေသည်။ ကုဋ္ဋပါကာရကာရဟူသော ဝေါဟာရ သည် နဝမသိက္ခာပုဒ်၌ စိုးစဉ်းမျှ မပါရှိ။ အဋ္ဌမ သိက္ခာပုဒ်၌သာ ပါဠိအဋ္ဌကထာ တို့တွင် တိုက်ရိုက်ပါရှိသည်။ ထို့ကြောင့် နဝမေ၌ "အဋ္ဌမေ" ဟုသာ ရှိထိုက်သည်။ ကုဋ္ဋော နာမ၊ ကုဋ္ဋမည်သည်။
ပါကာရော နာမ၊ ပါကာရ မည်သည်။ ပရိက္ခေပပါကာရော၊ အကာအရံ ဟူသော တံတိုင်းတည်း။
နဝမေ၊ ကိုးခုမြောက်သော ဒုတိယဥစ္စာရဆဋ္ဋနသိက္ခာပုဒ်၌၊ထည့်။ ဆဍ္ဍိတခေတ္တေတိ၊ ဆဍ္ဍိတခေတ္တေ ဟူသည်ကား။ဆဍ္ဍိတခေတ္တ ။ ။ အနာပတ္တိပါဠိတော်၌ ဆဍ္ဍိတခေတ္တ- "စွန့်ပစ်အပ်ပြီးသောလယ်" ၌ အမှိုက်စသည် စွန့်လျှင် အာပတ်မသင့် ဟု ပြသည်။ ထိုစွန့်ပစ်လယ်ကို "လယ်ဟောင်းး" ဟု ဤဋီကာ ဖွင့်ပြသည်။ လယ်ဟောင်းဟုထင်စရာရှိသည်။ သို့သော် ထိုလယ်ဟောင်းမျိုးသာ မဟုတ်။ စိုက်ပျိုးထားသော ကောက်စပါးကို ရိတ်သိမ်းပြီးသော အခိုက်အတန့် လယ်ဟောင်းကိုလည်းလယ်ကောင်းဟုပင် ဆိုရသည်။ ထိုလယ်ဟောင်းမျိုး၌ အမှိုက်စသည် စွန့်ကောင်းသည်။ အခြားရိတ်သိမ်းစရာ အပင်များရှိသေး၍ စောင့်ရှောက်ထားပါမူကား စွန့်ပစ်လယ် လယ်ဟောင်းဟု မခေါ်နိုင်သေး၊ စွန့်လျှင် အာပတ်သင့်သည်။
ဆဍ္ဍိတခေတ္တေတိ မနုဿေသု အသံ ဥဒ္ဓရိတွာ ဂတေသု ဥဒ္ဓရိတွာ ဂတေသု ဆဍ္ဍိတခေတ္တံ နာမ ဟောတိ၊ တတ္ထ ဝဋ္ဋတိ၊ ယတ္ထ ပန လာယိတမ္ပိပုဗ္ဗဏ္ဏာဒိ ပုန ဥဋ္ဌဟိဿတီတိ ရက္ခန္တိ၊ တတ္ထ ယထာဝတ္ထုကမေဝ။ (ပါစိတ်၊ဋ္ဌ၊၂၀၀)။
အမှိုက် စသည် စွန့်မှု ။ ။ ရဟန်းသံဃာ၏ ဥစ္စာဖြစ်သော လယ်၌ ဘိက္ခုနီသည်လည်း အမှိုက်စသည် စွန့်ခြင်းငှာ အပ်၏ဟု ဋီကာဟောင်းပါဌ်ဆိုသည်၊ သို့သော်လည်း ကင်္ခါဋီကာသစ်၌ သာမိကေ အပလောကေတွာကို ထောက်၍ မအပ်ဟု အယူရှိသည်။ သာမိကေ အပလောကေတွာတိ ဣမိနာစ သံဃသန္တတေ ဘိက္ခုဿ ဆဍ္ဍေတုံ ဝဋ္ဋတိ သံဃပရိယာပန္နတ္တာ၊ န ဘိက္ခုနီနံ၊ ဘိက္ခုနီနံ ပန အတ္တနော သန္တကေ ဘိက္ခုသန္တကေ ဝုတ္တနယေနေဝ ဝဋ္ဋတိီတိ ဒဿေတိ။ ကင်္ခါ၊ ဋီသစ်၊၄၇၀။
ပုရာဏခေတ္တေ၊ အဟောင်းဖြစ်သောလယ်၌။
သံဃသန္တကေ၊ သံဃာ၏ ဥစ္စာဖြစ်သော လယ်၌။ ဘိက္ခုဿ၊ ရဟန်း၏။ ဝါ၊ အား။ သံဃပရိယာပန္နတ္တာ၊ သံဃာ၌ အကျုံးဝင်သည်၏ အဖြစ်ကြောင့်။ ဆဍ္ဍေတုံ၊ စွန့်ခြင်းငှာ။ ဝဋ္ဋတိ၊ အပ်၏။
ဘိက္ခုနီနမ္ပိ၊ ဘိက္ခုနီတို့အားလည်း။ သံဃသန္တကေ၊ သံဃာ၏ ဥစ္စာဖြစ်သော လယ်၌။ ဘိက္ခုသံဃသန္တကေ၊ ရဟန်းသံဃာ၏ ဥစ္စာဖြစ်သော လယ်၌။ ဝုတ္တနယေနေဝ၊ ဆိုအပ်ခဲ့ပြီးသော နည်းအားဖြင့် သာလျှင်။ ဝဋ္ဋတိ၊ အပ်၏။
ဧဝံ သန္တေပိ၊ ဤသို့ဖြစ်ပါသော်လည်း။ သာရုပ္ပဝသေန၊ သင့်လျော်လျှောက်ပတ်သည်၏ အစွမ်းဖြင့်။ ကာတဗ္ဗံ၊ ပြုထိုက်၏။ ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။
ဒသမေ၊ ဆယ်ခုမြောက်သော နစ္စဂီတသိက္ခာပုဒ်၌။ "သယံ၊ ကိုယ်တိုင်။ **တာနိ ဝတ္ထူနိ**၊ ထိုနစ္စစသော ဝတ္ထုတို့ကို။ **ကရောန္တိယာ**၊ ပြုသော ဘိက္ခုနီ၏လည်းကောင်း။" ဣတိ အာဒိ၊ ဤသို့စသော စကာတော်သည်။ ဣဓ သိက္ခာပဒေ၊ ဤဘိက္ခုနီ နစ္စဝီတသိက္ခာပုဒ်၌။ နတ္ထိ၊ (ဟောတော်မူချက်အားဖြင့် တိုက်ရိုက်) မရှိ။
ကသ္မာ၊ အဘယ့်ကြောင့်နည်း။
တဿ၊ ထိုနစ္စဂီတသိက္ခာပုဒ်၏။ ဧဠကလောမ သမုဋ္ဌာနတ္တာ၊ ကိုယ် ကိုယ်စိတ်ဟူသော ဖြစ်ကြောင်းရှိသော ဧဠလောမ သမုဋ္ဌာန်၏ အဖြစ်ကြောင့်တည်း။
ယဒိ နတ္ထိ၊ အကယ်၍ (ဟောတော်မူချက်) မရှိအံ့။ ဧဝံ သတိ၊ ဤသို့ ဟောတော်မူချက် မရှိသည်ဖြစ်လတ်သော်။ ကသ္မာ၊ အဘယ့်ကြောင့်။ အာစရိယေန၊ အဋ္ဌကထာဆရာသည်။ ဝုတ္တံ၊ မိန့်ဆိုအပ်ပါသနည်း။ ဣတိ၊ ဤသို့။ စေ ပုစ္ဆေယျ၊ အကယ်၍ မေးငြားအံ့။
သုတ္တာနုလောမ မဟာပဒေသတော၊ သုတ်အားလျော်သော မဟာပဒေသကြောင့်တည်း။
နစ္စာဒီနိ၊ ကခြင်းအစရှိသည်တို့ကို။ မဿိတုံ ဝါ၊ ကြည့်ရှုခြင်းငှာသော်လည်းကောင်း။ သုဏိတုံ ဝါ၊ နားထောင်းခြင်းငှာသော်လည်းကောင်း။ ဂမနာယ၊ သွားခြင်းငှာ။ ယဒိ န လဘတိ၊ အကယ်၍ မရအံ့။ အတ္တနာ၊ မိမိသည်။ ဝါ၊ ကိုယ်တိုင်။ (တာဒိ၊ ထိုကခြင်း စသည်တို့ကို)။ ကာတုံ၊ ပြုခြင်းငှာ။ ပဂေဝ၊ အဘယ်မှာ ရရာအံ့နည်း။ ဣတိ နယတော၊ ဤသို့သော နည်းဖြင့်။ လဗ္ဘနာနတ္တာ၊ ရအပ်သည်၏ အဖြစ်ကြောင့်။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ဣတရထာ၊ ဤအနက်မှ တစ်ပါးတစ်ခြားအားဖြင့်။ အတ္ထေ၊ အနက်ကို။ ဂယှမာနေ၊ ယူအပ်လတ်သော်။ မဟာပဒေသာ၊ မဟာပဒေသတို့သည်။ နိရတ္ထကာ၊ အကျိုးမရှိကုန်သည်။ သိယုံ၊ ဖြစ်ကုန်ရာ၏။
"ဧဝံ၊ ဤအတူ။ အညတ္ထပိ၊ အခြားသော အရာတို့၌လည်း။ နယော၊ နည်းကို။ နေတဗ္ဗော၊ ဆောင်ထိုက်၏။
သမုဋ္ဌာနမ္ပိ၊ သမုဋ္ဌာန်ကိုလည်း။ ဣဓ၊ ဤနစ္စဂီတ သိက္ခာပုဒ်၌။ ဝုတ္တမေဝ၊ ဆိုအပ်သော သမုဋ္ဌာန်ကိုသာလျှင်။ အဂ္ဂဟေတွာ၊ မယူမူ၍။ ဆသမုဋ္ဌာနဝသေန၊ ခြောက်ပါးကုန်သော သမုဋ္ဌာန်တို့၏ အစွမ်းဖြင့်။ ဂဟေတဗ္ဗံ၊ ယူရာ၏။" ဣတိ၊ ဤသို့။ အာစရိယာ၊ ဆရာတို့သည်။ ဝဒန္တိ၊ မိန့်ဆိုကြကုန်၏။
ဣဓ၊ ဤနစ္စဂီတ သိက္ခာပုဒ်၌။ ဝုတ္တံ၊ ဆိုအပ်သော။ သမုဋ္ဌာနံ နာမ၊ သမုဋ္ဌာန်မည်သည်။ မူလဘူတဿ၊ မူလဖြစ်သော ကြည့်ရှုနားထောင်ခြင်းငှာ သွားရောက်ခြင်း၏။ အန္တရာ၊ အတွင်း၌။ ဝုတ္တာပတ္တိယာ၊ ဟောမိန့်တော်မူအပ်သော ဒဿနာယဂမနပါစိတ် အာပတ်၏။ (သမုဋ္ဌာနံ နာမ၊ သမုဋ္ဌာန် မည်၏)။ တသ္မာ၊ ထို့ကြောင့်။ ဧဠကလောမသမုဋ္ဌာနမေဝ၊ ဧဠကလောမသမုဋ္ဌာန်သာ်လျှင်တည်း။ ဣတိ၊ ဤသို့။ အပရေ၊ အခြားကုန်သော ဆရာတို့သည်။ ဝဒန္တိ၊ မိန့်ဆိုကြကုန်၏။ သမုဋ္ဌာန် အဆုံးအဖြတ် ။ . သမုဋ္ဌာနာဒီနိ ဧဠကလောမဒိသာနီတိပန မာတိကာဂတပါစိတ္တိယဿေဝ ဝသေန ဝုတ္တံ၊ သဗ္ဗေသံ ဝသေန ပနဆ သမုဋ္ဌာနန္တိ ဂဟေတဗ္ဗံ။ (ကင်္ခါ၊ဋီသစ်၊၄၇၁။)
အနာပတ္တိယံ၊ အနာပတ္တိ၌ (ထည့်)။ **အာရာမေ ဌတွာ** တိ၊ ကား။ ကေဝလံ၊ အခြားဣရိယာပုထ်နှင့်မရောမယှက် သက်သက်။ ဌတွာ၊ ရပ်၍သာလျှင်။ (သဗ္ဗဝါကျံ သာဝဓာရဏံ)။ န၊ မဟုတ်သေး။ ဌတွာ ဌိတာ အနက် ။ ။ အာရာမေ ဌတွာ ဌိတာတို့၌ နိဒဿနယူခိုက် "ရပ်ခြင်း" အနက်ကို ယူ၍ ပရိယာပန္နအနက်ယူခိုက် "တည်ခြင်း" အနက်ကို ယူဆောင် အနက်ပေးပါ။ ပန၊ စင်းစစ်သော်ကား။ (တသ္မိံ အန္တော အာရောမေ ဧဝ)၊ ထိုအာရာမ်၏ အတွင်း၌သာလျှင်။ တတော၊ ထိုမူလအရပ်မှ။ ဂန္တွာ၊ သွား၍။ သဗ္ဗိရိယာပထေဟိပိ၊ အလုံးစုံသော ဣရိယာပုတ်လေးပါးတို့ဖြင့်လည်း။ ဒဿနာယ၊ ကြည့်ရှုနားထောင်းခြင်းငှာ။ လဘတိ၊ ရ၏။ (ဤစကားဖြင့် အာရာမေ ဌတွာ၏ နိဒဿန ဖြစ်ပုံကို ပြသည်။)
ပန၊ အဖို့တစ်ပါးကား။ ပါဠိယံ၊ ပါစိတ်ပါဠိတော်၌၊ထည့်။ **အာရာမေ ဌိတာတိ**၊ အာရာမေ ဌိတာ ဟူသည်ကား။ အာရာမပရိယာဝန္နာ၊ အာရာမ် (အရံ)၌ အကျုံးဝင်သည်။ ဣတိ အတ္ထော၊ ဤကား အနက်တည်း။
ဟိ၊ မှန်၏။ ဣတရတာ၊ အကျုံးဝင်ခြင်း အနက်မှ တစ်ပါးသော ရပ်ခြင်းဖြင့်။ အတ္ထေ၊ အနက်ကို။ ဂယှမာနေ၊ ယူအပ်လတ်သော။ နိသိန္နာပိ၊ အာရာမ်အတွင်း၌ ထိုင်နေသော ဘိက္ခုနီသည်လည်း။ ဒဿနာယ၊ ကြည့်ရှု နားထောင်းခြင်းငှာ။ ဒဿနာယ အနက် ။ ။ ဒဿနေန စေတ္ထ သဝနမ္ပိ သင်္ဂဟိတံ ဝိရူပေကသေသနယေန။ (ကင်္ခါ၊ဋီသစ်၊၄၇၁။) န လဘေယျ၊ မရရာ။ ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။ (ဤစကားဖြင့် နိဒဿနမှ အခြားသော ပရိယာပန္နအနက် ဖြစ်ပုံကို ပြသည်)။
(သာမိကေ အနာပစ္ဆာ ပက္ကမေယျာတိ ။ပ။ အဇ္ဈောကာသေ ဥပစာရံအတိက္ကာမေန္တိယာ အာပတ္တိ ပါစိတ္တိယဿ။ [ပါဠိတော])။ ပဉ္စမေ၊ ငါးခုမြောက်သော အနာပစ္ဆာပက္ကမန သိက္ခာပုဒ်၌။ ဥပစာရော၊ ဥပစာသည်။ ဒွါဒသဟတ္ထော၊ တစ်ဆယ့်နှစ်တောင်ရှိသည်။ ဟောတိ၊ ဖြစ်၏။
(တတ္ထ၊ ထိုသိက္ခာပုဒ်၌)။ **"သမုဋ္ဌာနဒီနိ ကထိနသဒိသာနိ၊ ဣဒံ ပန ကိရိယာကိရိယ"န္တိ**၊ "သမုဋ္ဌာနဒီနိ ။ပ။ ကိရိယာကိရိယံ" ဟူ၍။ ပါဌော၊ အဋ္ဌကထာပါဌ်သည်။ အတ္ထိ၊ ရှိ၏။
ဆဋ္ဌေ၊ ခြောက်ခုမြောက်သော အနာပစ္ဆာအဘိနိသီဒနသိက္ခာပုဒ်၌။ ဆဋ္ဌေ ။ ။ ဆဋ္ဌေ နေရာ၌ ဋီကာပါဌ်ဝယ် "သတ္တမေ" ဟု ရှိနေသည်။ သို့သော် ထို၏ အဖွင့် ဓုဝပညတ္တေ စကားရပ်သည် သတ္တမသိက္ခာပုဒ်၌ မပါရှိသောကြောင့်လည်းကောင်း၊ ဆဋ္ဌသိက္ခာပုဒ်၏အဖွင့် ပါဠိအဋ္ဌကထာတို့၌သာ လာသောကြောင့်လည်းကောင်း၊ သတ္တမသိက္ခာပုဒ်ဆိုင်ရာ ကင်္ခါပဋ္ဌကထာ၌ 'ဓုဝပညတ္တဉ္စ နာမ နတ္ထိ' ဟုသာ ရှိ၍ ၎င်းကိုဖွင့်လျှင် ဓုဝပညတ္တန္တိဟုသာ ဖွင့်မည်ဖြစ်သောကြောင့်လည်းကောင်း၊ ဤ၌ ဓုဝပညတ္တေတိဟုသာ ဖွင့်သောကြောင့်လည်းကောင်း၊ ဤ ဋီကာလာ ဓုဝပညတ္တေတိ အဖွင့်သည် ဆဋ္ဌသိက္ခာပုဒ် အနာပတ္တိ၌လည်း ဓုဝပညတ္တေဟု သတ္တမျန္တဖြင့်ပင် ရှိရကား ၎င်းကို ဖွင့်ကြောင်း ထင်းရှားသောကြောင့်လည်းကောင်း "သတ္တမေ" ဟု မရှိထိုက်။ "ဆဋ္ဌေ" ဓုဝပညတ္တေတိဟုသာ မှန်ကန်စွာ ရှိရမည် ဖြစ်သည်။ **ဓုတမညတ္တေတိ**၊ ဓုဝပညတ္တေ ဟူသည်ကား။ ဘိက္ခုနီနံ၊ ဘိက္ခုနီတို့၏။ အတ္ထာယ၊ အကျိုးငှာ။ (နိစ္စပညတ္တေ၊ အမြဲခင်းထားအပ်သော နေရာ၌)။ (အနာပတ္တိ၌ စပ်)။ ပဉ္စမေ၊ ငါးခုမြောက်သော အနာပစ္ဆာပက္ကမနသိက္ခာပုဒ်၌လည်းကောင်း။ ဆဋ္ဌေ၊ ခြောက်ခုမြောက်သော အနာပုစ္ဆာအဘိနိသီဒနသိက္ခာပုဒ်၌လည်းကောင်း။ သတ္တမေ စ၊ ခုနစ်ခုမြောက်သော အနာပစ္ဆာသန္ထရဏသိက္ခာပုဒ်၌လည်းကောင်း ၊ (ထည့်)။
အာဂတာနိ၊ လာကုန်သော။ **ကုလာနီ** တိ၊ ကုလာနိဟူသည်ကား။ ကုလဃရာနိ၊ အမျိုးလေးပါးတို့၏ အိမ်တို့တည်း။ (ကုလာနိကို၊ "ရူပဿ ဘဝေါ ရူပံ' ကဲ့သို့ ကုလာနံ ဃရာနိ ကုလာနိ ဟူ၍ လောပသမာသ် သို့မဟုတ် ဥပစာသော်လည်းကောင်း ယူပါ။)
စတုတ္ထေ၊ လေးခုမြောက်သော သင်္ဃာဋိစာရသိက္ခာပုဒ်၌။ သံဃာဋိအာဒိ ဝသေန၊ သင်္ကန်းကြီး အစရှိသည်တို့၏ အစွမ်းဖြင့်။ အဓိဋ္ဌိတာနံ၊ အဓိဋ္ဌာန်တင်ထား အပ်ပြီးကုန်သော သင်္ကန်း ငါးထည်းတို့၏သာလျှင်။ (ဝသေန)၊ အစွမ်းအားဖြင့်။ **သင်္ဃာဋိစာရံ**၊ သင်္ကန်းတို့၏ လှည့်လည်ခြင်းကို။သင်္ဃာဋိစာရံ ။ ။ ဤ၌ သင်္ဃာဋိအရ- သင်္ကန်းကြီးကိုသာ မယူရ၊ သံဃာဋိတဋ္ဌေန သံဃာဋီတိ လဒ္ဓနာမာနံ ပဉ္စနံ စီဝရာနံ (ဝိ၊ဋ္ဌ၊၂။၂၀၆။) ဟူသည်နှင့်အညီ ချုပ်စပ်အပ်သောကြောင့် သံဃာဋီအမည် ရရှိကြကုန်သော "တိစီဝရိတ်- သုံးထည်၊ ရေသနုပ်နှင့် ရင်စည်းတဘက်" ဟူသော သင်္ကန်းငါးထည်လုံးကို ယူရမည်ဖြစ်သည်။ စာရ ဟူသည် ထိုသင်္ကန်းတို့ကို လဲလှယ်၍ ဝတ်ခြင်း နေလှမ်းခြင်းတည်း။ ငါးရက်ကျော်သည့်တိုင်အောင် ထိုသို့ မပြုလုပ်ပါက ပါစိတ်အာပတ်သင့်သည်။ သို့သော်လည်း အဓိဋ္ဌာန်တင်ပြီးသော သင်္ကန်းတို့၌သာ ထိုအာပတ်သင့်သည်။ အဓိဋ္ဌာန် မတင်သော သင်္ကန်းတို့က်ု ထိုအာပတ်မသင့်ဟု ဆရာတို့ဆိုကြသည်။ ထို့ကြောင့် ဤသိက္ခာပုဒ်၌ အဓိဋ္ဌာန်တင်ပြီးသော သင်္ကန်းငါးထည် တို့ကိုသာ ယူရမည် ဖြစ်သည်။
သင်္ဃာဋိစာရန္တိ ဧတ္ထ သင်္ဃာဋိ အာဒိဝသေန အဓိဋ္ဌိတာနံယေဝါယံဝိဓိ၊ နေတရာသံ ကိရ။ (ဝဇိရဗုဒ္ဓိဋီကာ၊ ၃၇၇။)
(အတိက္ကာမေယျ၌ စပ်။)
ပဉ္စမေ၊ ငါးခုမြောက်သော စီတရသင်္ကမနီယသိက္ခာပုဒ်၌။ **"ဣဒံ ပန ကိရိယာ ကိရိယ"န္တိ**၊ "ဣဒံ ပန ကိရိယာ ကိရိယံ" ဟူ၍။ ပါဋ္ဌော၊ အဋ္ဌကထာပါဌ်သည်။ အတ္ထိ၊ ရှိ၏။
ဆဋ္ဌေ၊ ခြောက်ခုမြောက်သော ဂဏစီဝရသိက္ခာပုဒ်၌။ **အညသ္မိံ ပရိက္ခာရေ ဒုက္ကဋ** န္တိ ဧတ္ထ၊ အညသ္မိံ ဒုက္ကဋံ ဟူသော ဤပါဠ်၌။ ထာလကာဒီနံ ဝါ၊ ခွက်အစရှိသည်တို့တွင်သော်လည်းကောင်း။ သပ္ပိတေလာဒီနံ ဝါ၊ ထောပတ်ဆီအစရှိသည်တို့တွင်သော်လည်းကောင်း။ အညတရသ္မိံ၊ တစ်ခုခုသော။
ဆဋ္ဌေ၊ ခြောက်ခုမြောက်သော။ သံသဋ္ဌဝိဟာရသိက္ခာပဒေ၊ သံသဋ္ဌ ဝိဟာရသိက္ခာပုဒ်၌။ **"သေသမေတ္ထ ပဌမအရိဋ္ဌသိက္ခာပဒေ ဝုတ္တဝိနိစ္ဆယ သဒိသမေဝါ"** တိ၊ "သေသမေတ္ထ ။ပ ။သဒိသမေဝ" ဟူ၍။ ပါဌော၊ ကင်္ခါဝိကရဏီ အဋ္ဌကထာပါဌ်သည်။ အတ္ထိ၊ ရှိ၏။
ပဌမေ၊ ရှေးဦးစွာသော ရာဇာဝါရသိက္ခာပုဒ်၌ (ထည့်)။ "စိတ္တဂါရံ နာမ ယတ္ထ ကတ္ထစိ မနုဿာနံ ကီဠိတုံ ရမိတုံ ကတံ ဟောတိီ" တိ အာဒိနာ၊ "စိတ္တာဂါရံ နာမ ။ပ။ ဟောတိ" အစရှိသည်ဖြင့်။ ပါဌော ။ ။ "ဤသမုဋ္ဌာန်စသည် ပြဆိုသော စကားရပ်" တို့ကို မျက်မှောက်စာတို့တွင် တွေ့နေရသော်လည်း နောင်တစ်ချိန်တွင် အရေးမပါသော စာများဟု ယူဆကာ ဖြုတ်ချထားခဲ့နိုင်သည်။ ထိုသို့ ဖြုတ်ချန်ခဲ့သော် ဤဋီကာစကားအရ ပြန်လည်ဖော်ထုန် သိရှိနိုင်ရန် ရည်ရွယ်၍ မိန့်ဟန်တူသည်။ ပါဠိယံ၊ ပါစိတ်ပါဠိတော်၌။ ဝုတ္တတ္တာ၊ ဟောမိန့်တော်မူအပ်သည်၏ အဖြစ်ကြောင့်။ စိတ္တာဂါရာဒီနိ၊ ဆန်းကြယ်သော အိမ်အစရှိသည်တို့ကို။ (အာဒိဖြင့်၊ အာရာမ် ဥယျဉ် ရေကန်တို့ကို ယူ)။ သဗ္ဗေသံ၊ အလုံးစုံကုန်သော လူတို့၏။ အတ္ထာယ၊ အကျိုးငှာ။ ကတာနိ၊ ပြုအပ်ကုန်၏။ ရညော၊ မင်း၏။ အတ္ထာယ ဧဝ၊ အကျိုးငှာသာလျှင်။ န ကတာနိ၊ မပြုလုပ်အပ်ကုန်။
သတ္တမေ၊ ခုနစ်ခုမြောက်သော အာဝသထစီဝရသိက္ခာပုဒ်၌။ ဧတေန၊ ဤအာဝဿထစီဝရသိက္ခာပုဒ်ဖြင့်။ နိဿဇ္ဇိတုံ၊ သီတင်းသုံးဖော်မတို့အား ပေးစွန့်ခြင်းငှာ။ ကပ္ပိယံ၊ အပ်စပ်သော ဥတုနှီးသင်္ကန်းကို။ (သန္ဓာယ၊ ရည်ရွယ်၍)။ ဝုတ္တံ၊ ဟောမိန့်တော်မူအပ်ပြီ။
"နိဿဇ္ဇိတွာ ပရိဘုဉ္ဇတီ"တိ၊ "နိဿဇ္ဇိတွာ ပရိဘုဉ္ဇတိ" ဟူ၍။ ပါဠိ စ၊ ဘုရားဟောဖော် အနာပတ္တိပါဠိတော်သည်လည်း။ အတ္ထိ၊ ရှိ၏။ (ဧတ္ထ၊ ဤ အာဝသထစီဝရသိက္ခာပုဒ်၌)။
**"သမုဋ္ဌာနဒီနိ ကထိနသဒိသာနိ၊ ဣဒံ ပန ကိရိယာကိရိယ"** န္တိ၊ သမုဋ္ဌာနာဒီနိ ။ပ။ ကိရိယံ" ဟူ၍။ ပါဌော၊ ကင်္ခါဝိတရဏီ အဋ္ဌကထာပါဌ်သည်။ အတ္ထိ၊ ရှိ၏။
အဋ္ဌမေပိ၊ ရှစ်ခုမြောက်သော အာဝသထဝိဟာရ သိက္ခာပုဒ်၌လည်း။ ဧသော ပါဌော ဧဝ၊ ဤ သမုဋ္ဌာနာဒီနိ စသော ပါဌ်သည်ပင်လျှင်။ အတ္ထိ၊ ရှိ၏။
ဒသမေ၊ ဆယ်ခုမြောက်သော ပသာခေဇာတသိက္ခာပုဒ်၌။ **"သမုဋ္ဌာနာဒီနိ ကထိနသဒိသာနိ၊ ဣဒံ ပန ကိရိယာကရိယ"** န္တိ၊ ဟူ၍။ ပါဌော၊ ကင်္ခါဝိတရဏီအဋ္ဌကထာ ပါဌ်သည်။ ပါဌော ။ ။ "ဤသမုဋ္ဌာန် စသည် ပြဆိုသော စကားရပ်" တို့ကို မျက်မှောက်စာတို့တွင် တွေ့နေရသော်လည်း နောင်တစ်ချိန်တွင် အရေးမပါသော စာများဟု ယူဆကာ ဖြုတ်ချထားနိုင်ခဲ့သည်။ ထိုသို့ ဖြုတ်ချန်ခဲ့သော် ဤဋီကာစကားအရ ပြန်လည်ဖော်ထုတ် သိရှိနိုင်ရန် ရည်ရွယ်၍ မိန့်ဟန်တူသည်။ အတ္ထိ၊ ရှိ၏။
ပဌမဒုတိယတိယေသု၊ ပဌမ ဒုတိယ တတိယ ဖြစ်ကုန်သော ကုမာရိဘူတ သိက္ခာပုဒ်တို့၌။ (သမ္မုတိကမ္မာဒီသု၊ သမ္မုတိကံ အစရှိသည်တို့၌။ ဥပသမ္ပဒါပေက္ခာ၊ ဘိက္ခုနီလောင်းဖြစ်ကုန်သော ဂိဟိဂတသိက္ခမာန် ကုမာရိဘူတသိက္ခမာန်တို့ကို။) **"ဂိဟိဂတာ"** တိ ဝါ၊ ဂိဟိဂတာဟူ၍လည်းကောင်း။ **"ကုမာရိဘူတာ"** တိ ဝါ၊ ကုမာရိဘူတာ ဟူ၍လည်းကောင်း။ န ဝတ္တဗ္ဗာ၊ အမည်အားဖြင့် သုံးသပ်၍ မရွတ်ဆိုထိုက်။သိက္ခမာန်သုံးပါးနှင့် အထူး ။ ။ အသက်နှစ်ဆယ်ကျော်လွန်ပြီးသော သိက္ခမာန်ကို "မဟာသိက္ခမာန်" ဟု ခေါ်သည်။ ထိုမစာသိက္ခမာန်သည် ဂိဟိဂတာသိက္ခမာန် (တောထွက်မ)၊ ကုမာရိဘူတာသိက္ခမာန် (ငယ်ဖြူမ) ဟု နှစ်မျိုးကွဲသေးသည်။ အသက် ၁၈- နှစ်နှင့် အောက်ဖြစ်သော သိက္ခမာန်တို့သည် ဂိဟိဂတာသိက္ခမာန် (တောထွက်မ)၊ ကုမာရိဘူတာသိက္ခမာန် (ငယ်ဖြူမ) တို့ ဖြစ်ကြသည်။ ဤသို့ အကျဉ်းအားဖြင့် သိက္ခမာန် သုံးပါး ရှိသည်။ ဤသုံးပါးတို့၏ တူညီသောအချက်မှာ- သမ္မုတိကံ စသည်ပြုခိုက်၌ "ဂိဟိဂတာ" ဟုလည်းကောင်း "ကုမာရိဘူတာ" ဟုလည်းကောင်း ခေါ်ဝေါ်ရွတ်ဆိုသမှု မပြုလုပ်ရခြင်းဖြစ်ပြီး "သိက္ခမာနာ" ဟုသာ ခေါ်ဝေါ် ရွတ်ဆိုရခြင်း ဖြစ်သည်။ မတူညီ ကွဲပြားသော အချက်မှာ- ကံမှ တစ်ပါးသော အချိန်တို့၌ မဟာသိက္ခမာန်ကို ဂိဟိဂတာဟုလည်းကောင်း ကုမာရိဘူတာဟုလည်းကောင်း ခေါ်ဆိုခွင့် မရှိ၊ "သိက္ခမာန်"ဟု ရိုးရိုးသော ခေါ်ရမည်ဖြစ်သည်။ ကျန် သိက္ခမာန်နှစ်ပါးကိုကား အသက် ၁၈- နှစ် အရွယ်မှ စ၍ တောထွက်မ- ဖြစ်လျှင် ဂိဟိဂတာဟုလည်းကောင်း ငယ်ဖြူမ- ဖြစ်လျှင် ကုမာရိဘူတာဟုလည်းကောင်း ခေါ်ခွင့်ရှိခြင်းဖြစ်သည်။ (ငယ်ဖြူမကိုကား "ဂိဟိဂတာ" ဟု မခေါ်ရ။)(ပါစိတ်၊ဋ္ဌ၊၂၂၂။ကင်္ခါ၊ဋ္ဌ၊၃၄၅။)
စေ ဝဒန္တိ၊ အကယ်၍ ရွတ်ဆိုကုန်အံ့။ ဧဝံ သတိ၊ ဤသို့ ရွတ်ဆိုသည် ဖြစ်လတ်သော်။ ကမ္မံ၊ ကံသည်။ ကုပ္ပတိ၊ ပျက်စီး၏။ ('သိက္ခမာနော' ဣစ္စေဝ၊ သိက္ခမာနဟူ၍သာလျှင်။ ဝတ္တဗ္ဗာ၊ ရွတ်ဆိုထိုက်၏။ (ဋ္ဌ။)
ဧကာဒသမေ၊ "တစ်ဆဲ့တစ်ခုမြောက်သော ပါရိဝါသိကသိက္ခာပုဒ်၌။ ပရိသပါရိဝါသိကေ၊ ပရိသတ်သိုးရာ၌ (ထည့်)။ **ဆန္နံ အဝိဿဇ္ဇေတွာ** တိ၊ ကား။ "ယထာသုခံ၊ ချမ်းသာသည့် အားလျော်စွာ။ ဂစ္ဆထ၊ ကြွသွားကြပါကုန်။" ဣတိ၊ ဤသို့။ အဝတွာ၊ (ဆန္ဒစွန့်ကြောင်းစကားကို အဖြတ်) မဆိုမူ၍။
ဧတ္ထ၊ ဤသိက္ခာပုဒ်၌။ အယံ ပန၊ ဤဆိုအပ်လတ္တံ့သည်ကား။ ဝိနိစ္ဆယော၊ အဆုံအဖြတ်တည်း။
(ပါဠိယံ၊ ပါစိတ်ပါဠိတော်၌)။ "ပါရိဝါသိကဆန္ဒဒါနေနာ" တိ၊ ပါရိဝါသိကဆန္ဒဒါနေနဟူသော။ ဣဒံ၊ ဤသံဝဏ္ဏေတဗ္ဗစကားကို။ ဥဒ္ဓရိတွာ၊ ထုတ်ဆောင်ပြီး၍။ "ဝုဋ္ဌိတာယ ပရိသာယာ" တိ၊ "ဝုဋ္ဌိတာယ ပရိသာယ" ဟူသော။ ပဒဘာဇနံ၊ သံဝဏ္စနာ ပဒဘာဇနီကို။ ဝုတ္တံ၊ စော်မိန့်တော်မူအပ်ပြီ။ ဆန္ဒစွန့်မှု မစွန့်မှု၌ ကံအားလျောက်ပတ်ကုန်သော ရဟန်းတို့၏ ဟတ္ထပါသ်စွန့်ခြင်း မစွန့်ခြင်းသာ လိုရင်းဖြစ်ပုံ ။ ။ ဧတ္ထ ပန ကမ္ပပ္ပတ္တာနံ ဟတ္ထပါသဿ အဝိဇဟနမေဝ ဣစ္ဆိတဗ္ဗန္တိ ကတွာ ပေါရာဏဂဏ္ဌိပဒေ ဝုတ္တံ။ ဆန္ဒေါ နာမ ကမ္ပပ္ပတ္တေယု ဘိက္ခူသု ဧကသီမာယ သန္နိပတိတေသု အာဂစ္ဆတိ၊ နာသန္နိပတိတေသု။ ဣဓ ဟိ "ဆန္ဒံ အဝိဿဇ္ဇေတွာ"တိ စ "ဆန္ဒဿ (ကံအတွက် သဘောတူသော ဆန္ဒကို) ပန အဝိဿဋ္ဌတ္တာ" တိ စ ဝုတ္တံ။ အဇ္ဈာသယံ (ကံပြုလိုသော အလိုဆန္ဒကို) အဝိဿဇ္ဇေတွာ "တိ စ "အဇ္ဈာသယသ အဝိဿဋ္ဌတ္တာ" တိ စ န ဝုတ္တံ။ တသ္မာ ဆန္ဒဿ အဝိဿဇ္ဇနံ ကမ္မပ္ပတာနံ ဟတ္ထပါသာဝိဇဟ နေနေဝ ဟောတိ။ (ဝဇိရဗုဒ္ဓိဋီကာ၊ ၃၈၆။)
ပန၊ ဆက်ဦးအံ့။ ဧတဿ၊ ဤပါဠိတော်၏။ **သမန္တပါသာဒိကာယံ**၊ သမန္တပါသာဒိကအဋ္ဌကထာ၌။ "ဝုဋ္ဌိတာယ ပရိသာယာတိ ဆန္ဒံ ဝိဿဇ္ဇေတွာ ကာယေန ဝါ ဝါစာယ ဝါ ဆန္ဒဝိဿဇ္ဇနမတ္တေန ဝါ ဝုဋ္ဌိတာယာ" တိ၊ "ဝုဋ္ဌိတာယ ပရိသာယာတိ ။ပ။ ဝုဋ္ဌိတာယ" ဟူ၍။ ဝုတ္တံ၊ ဖွင့်ဆိုအပ်ပြီ။
ပန ယသ္မာ၊ အကြင်ကြောင့်။ ဣဓ၊ ဤပရိသတ်သိုးရာ၌။ ဆန္ဒဿ၊ ဆန္ဒကို။ အဝိဿဋ္ဌတ္တာ၊ မစွန့်လွှတ်အပ်သည်၏ အဖြစ်ကြောင့်။ ကမ္မံ၊ ကံကို။ ကာတုံ၊ ပြုခြင်းငှာ။ ဝဋ္ဋတိ၊ အပ်၏။ ဣတိ၊ ဤသို့။ အဋ္ဌကထာယံ၊ အဋ္ဌကထာ၌။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
တသ္မာ၊ ထို့ကြောင့်။ ဆန္ဒံ၊ ဆန္ဒကို။ အဝိဿဇ္ဇေတွာဝ၊ မစွန့်လွှတ်မူ၍သာလျှင်။ ဒွါဒသဟတ္ထပါသေ၊ တစ်ဆယ့်နှစ်တောင် ဟတ္ထပါသ်၌။ ဝိဟရိတွာ၊ နေ၍။ ပုန၊ တစ်ဖန်။ သန္နိပါတကရဏဉ္စ၊ ကံပြုရန် စုဝေးမှု ကိုပြုခြင်းသည်လည်း။ ဝဋ္ဋတိ၊ အပ်၏။ "ကံမပြုတော့" ဟု ဆုံးဖြတ်ပြီးသော်လည်း ထိုင်နေ (မထသေး) သော ပရိသတ်၌ ကံပြုကောင်း ။ ။ ပါဠိယံ ပန "အနာပတ္တိ အဝုဋ္ဌိတာယ ပရိသာယာ" တိ သာမညတော ဝုတ္တတ္တာ၊ ဥပေါသထက္ခန္ဓကေ စ ကာတဗ္ဗော အညတြ အဝုဋ္ဌိတာယ ပရိသာယာ"တိ (ဝိ၊၃။၁၉၀။) ဝုတ္တတ္တာ၊ အဒဋ္ဌကထာယမ္ပိ "ပါရိဝါသိယပါရိသုဒ္ဓိဒါနံ နာမ ပရိသာယ ဝုဋ္ဌိတ- ကာလတော ပဋ္ဌာယ န ဝဋ္ဋတိ၊ အဝုဋ္ဌိတာယ ပန ဝဋ္ဋတီတိ (ဝိ၊ဋ္ဌ၊၃။၃၄၈။) ဝုတ္တတ္တာ စ "ကမ္မံ န ကရိဿာမီ" တိ ဓုရံ နိက္ခိပိတါာ နိသိန္နာယပိ (ပရိသာယ) ကမ္မံ ကာတုံ ဝဋ္ဋတီတိ ဂဟေတဗ္ဗံ။ (ဝိမတိ။ ၂၈၀။) ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။
တတိယေ၊ သုံးခုမြောက်သော သင်္ဃာဏိသိက္ခာပုဒ်၌။ **"သေသံ ဝုတ္တနယေန ဝေဒိတဗ္ဗံ၊ ဣဒံ ပန အကုသလစိတ္တ"** န္တိ၊ "သေသံ ။ပ။ အကုသလစိတ္တံ" ဟူ၍။ ပါဌော၊ ကင်္ခါဝိတရဏီအဋ္ဌကထာ ပါဌ်သည်။ အတ္ထိ၊ ရှိ၏။
စတုတ္ထ၊ လေးခုမြောက်သော ဣတ္ထာလင်္ကာရသိက္ခာပုဒ်၌။ စတုတ္ထေ ။ ။ဋီကာပါဌ်၌ 'စတုတ္ထေ ဝုတ္တနယေနာတိ တတိယေ ဝုတ္တ နယေန' ဟု ရှိသည်။ သို့သော် ကင်္ခါအဋ္ဌာကထာ၌ 'ဝုတ္တနယေန' အသုံးစကားသည် ဒုတိယသိက္ခာပုဒ် တတိယသိက္ခာပုဒ်တို့၌သာ ပါရှိသည်။ စတုတ္ထသိက္ခာပုဒ်မှ စ၍ မရှိတော့ပါ။ ထို့ကြောင့် 'တတိယ ဝုတ္တနယေနာတိ ပဌမေ ဝုတ္တနယေန' ဟု ရှိထိုက်သည်။ သို့ငြားသော်လည်း ဋီကာက စတုတ္ထေ တတိယေ ဟု အတိအလင်းကြီး သုံးနေ၍ ဋီကာဆရာတို့ လက်ထက်က အဋ္ဌကထာ၌ စတုတ္ထသိက္ခာပုဒ်ဝယ် ဝုတ္တနယေမပါဌ်ရှိကောင်း ရှိခဲ့လေမည်လား စဉ်းစားစရာ ဖြစ်သည်။ သို့သော်လည်း ယခုစာတို့၏ စတုတ္ထသိက္ခာပုဒ်၌ ၎င်းဝုတ္တနယေနပုဒ် အလျှင်းမရှိသည်ဖြစ်သောကြောင့် (ဋ္ဌ-ဋီ) အသွားအလာ ညီညွတ်စေရန် 'တတိယေ ဝုတ္တနယေနာတိ ဒုတိယေ' (သို့မဟုတ်) 'ပဌမေ ဝုတ္တနယေန' ဟူ၍သာ အမှန် ရှိသင့်ပေသည်။ **ဝုတ္တနယေနာ** တိ၊ ကား။ တတိယေ၊ သုံးခုမြောက်သော သင်္ဃာဏိသိက္ခာပုဒ်၌။ **ဝုတ္တနယေန**၊ ဆိုအပ်ခဲ့သော နည်းဖြင့်။
ဧးကာဒသမေ၊ တစ်ဆယ့်တစ်ခုမြောက်သော အနာပစ္ဆာသိက္ခာပုဒ်၌။ **"သမုဋ္ဌာနာဒီနိ ကထိနသဒိသာနိ၊ ဣဒံ ပန ကိရိယာကိရိယ"** န္တိ၊ "သမုဋ္ဌာနာဒီနိ ။ပ။ ကိရိယာကိရိယံ" ဟူ၍။ ပါဌော၊ ကင်္ခါဝိတရစီအဋ္ဌကထာပါဌ်သည်။ အတ္ထိ၊ ရှိ၏။
ဒွါဒသမေ၊ တစ်ဆယ့်နှစ်ခုမြောက်သော ပဉှာပုစ္ဆနသိက္ခာပုဒ်၌။ **'သမုဋ္ဌာနဒီနိ ပဒသောဓမ္မသဒိသာနိ၊ ဣဒံ ပန ကိရိယာ ကိရိယ"** န္တိ၊ ဟူ၍။ ပါဌော၊ သည်။ အတ္ထိ၊ ရှိ၏။
တေရသမေ၊ တစ်ဆယ့်သုံးခုမြောက်သော အသံကစ္စိကသိက္ခာပုဒ်၌။ "သံကစ္စိကံ နာမ အဓက္ခေကံ ဥဗ္ဘနာဘိ၊ တဿ ပဋိစ္ဆာဒနတ္ထာယာ" တိ၊ "သံကစ္စိကံနာမ ။ပ။ ပဋိစ္ဆာဒနတ္ထာယ" ဟူ၍။ ပါဠိယံ၊ ပါစိတ်ပါဠိတော်၌။ ဝုတ္တတ္တာ၊ ဟောမိန့်တော်မူအပ်သည်၏ အဖြစ်ကြောင့်။ တဿာ ပဋိစ္ဆာဒနတ္ထာယ ။ ။ ဤ၌ တသဒ္ဒါ၏ အစွဲသည် သံကစ္စိကကို စွဲယူခဲ့ပါက နပုလ္လိင်ဖြင့်တဿဟုလည်းကောင်း ထားနိုင်သည်။ အကြောင်းမှာ- သံကစ္စိကပုဒ်က နပုလ္လိင် ဣတ္ထိလ္လိုင် နှစ်မျိုးရသောကြောင့် ဖြစ်သည်။ (ပါစိတ်၊ ၄၆၂။ ပရိဝါ၊ဋ္ဌ၊ ၁၈၄။ ရှု)။ ဤဋီကာ၌ကား 'တဿာ' ဟု ဣတ္ထိလိင်ဖြင့် ရှိနေသည်။ သို့သော်လည်း သံဝဏ္ဏေတဗ္ဗပုဒ်၌ 'သံကစ္စိကံ နာမ' ဟု နပုလ္လိင်ဖြင့်သာ ရှိသောကြောင့်လည်းကောင်း၊ ဤဋီကာ၏ ရည်ညွှန်းကိုကားရာ မူရင်း ပါစိတ်ပါဠိတော် (၄၆၂) ၌ 'တဿ'ဟုသာ ရှိသောကြောင့်လည်းကောင်း၊ ကင်္ခါဝိတရဏီ အဋ္ဌကထာအဖွင့်အရ နပုလ္လိင် သရီရံ ကို စွဲရမည် ဖြစ်၍ လည်းကောင်း၊ ပါစိတျာဒိယောဇနာ (၁၈၁) ၌ နပုလ္လိင်ဖြစ်သော အဓက္ခကဥဗ္ဘနာဘိဋ္ဌာနံ အစွဲကို ပြဆိုသောကြောင့်လည်းကောင်း၊ ဤနေရာ၌ နပုလ္လိင်ဖြင့် 'တဿ' ဟုသာ အမှန် ရှိထိုက်ပေသည်။ ဣဿဦပိ၊ ဤကင်္ခါဝိတရဏီအဋ္ဌကထာ၌လည်း။ **"အဓက္ခကဉဗ္ဘနာဘိသင်္ခါတဿ သရီရဿ ပဋိစ္ဆာဒနတ္ထ"** န္တိ၊ ဟူ၍။ ပါဌော၊ ပါဌ်သည်။ အတ္ထိ၊ ရှိ၏။
ဂါမံ ပဝိသေယျာတိ ဧတ္ထ၊ ဂါမံ ပဝိသေယျဟူသော ဤပါဌ်၌(ထည့်)။ အပရိက္ခေပေ၊ အကာအရံ မရှိသော။ ဂါမေ၊ ရွာ၌။ အာပတ္တိပရိစ္ဆေဒံ၊ အာပတ်အပိုင်းအခြားကို။ သမန္တပါသာဒိကဝသေန၊ သမန္တပါသာဒိကာ၏ အစွမ်းဖြင့်။ အဂ္ဂဟေတွာ၊ မယူမူ၍။ ဣဓ၊ ဤကင်္ခါဝိကရဏီအဋ္ဌကထာ၌။ ဝုတ္တ နယေန၊ မိန့်ဆိုအပ်သော နည်းဖြင့်။ ဂဟေတဗ္ဗံ၊ ယူထိုက်၏။ ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။ ဣဓ ဝုတ္တနယေန ဂဟေတဗ္ဗံ ။ ။ 'ဂါမံ ပဝိသေယျ' အဖွင့်၌ အာပတ်သင့်ပုံ အပိုင်အခြားကို ပြဆိုကြရာတွင် ရှေးဟောင်းပေစာချပ်တို့၌ "အပရိက္ခိတ္တဿ ဂါမဿ ဩက္ကပန္တိယာ" ဟူသော အသုံးစကားကို များစွာတွေ့ရသည်။ သံဃာဒိသိသ်အခန်းတွင် ပြဆိုသကဲသို့သော "ဥပစာရံ အတိက္ကပန္တိယာ" အသုံးမှာ ပေစာတို့၌ အတွေ့နည်းသည်။ (ဝဇီရဋီ၊ ၃၈၈။) ပါစိတ်အဋ္ဌကထာ၌ အာပတ်သင့်ပုံ အပိုင်းအခြားကို ပြဆိုရာတွင် အကာအရံ ရှိသော ရွာအတွက်သာ ပြဆိုထားသည်။ ကင်္ခါဝိတရဏီအဋ္ဌကထာ၌ကား- အကာအရံ ရှိ မရှိသော ရွာနှစ်မျိုးစုံအတွက် ပြဆိုထားသည်။ ပါစိတ်အဋ္ဌကထာ၌ အတွေ့ရနည်းသော "အတိက္ကမန္တိယာ" အသုံးတစ်မျိုးကိုသာ ပြသည်။ ကင်္ခါဝိတရဏီ အဋ္ထကထာ၌ကား- အတွေ့ရများသော "ဩက္ကမန္တိယာ" နှင့် အတွေ့နည်းသော "အတိက္ကမန္တိယာ" နှစ်ပါးစုံကို ပြဆိုထားသည်။ ထို့ကြောင့် ပါစိတ်အဋ္ဌကထာ၌ ပြဆိုသည့်အတိုင်းလောက်သာ မမှတ်ယူဘဲ အစုံအလင် ဖွင့်ဆိုပြသော ဤကင်္ခါဝိတရဏီအဋ္ဌကထာနည်းအတိုင်း မှတ်ယူကြပါဟု ဆရာအရှင်မြတ် တိုက်တွန်းဆုံးဖြတ် ရေးသားတော်မူသည်။
**သုဒ္ဓပါစိတ္တိယဝဏ္ဏနာ၊ သုဒ္ဓပါစိတ်၏ အဖွင့်သည်။ နိဋ္ဌိတာ၊ ပြီးပြီ။**
ပန၊ အဖို့တစ်ပါးကား။ အသာဓာရဏသိက္ခာပဒေသု၊ အသာဓာရဏသိက္ခာပုဒ်တို့၌ (ထည့်)။ သမုဋ္ဌာနာနံ၊ သမုဋ္ဌာန်တို့၏။ ဝိနစ္ဆယေ၊ အဆုံးအဖြတ်၌။ ဂိရဂ္ဂသမဇ္ဇာဒီနိ၊ ဂိရဂ္ဂသမဇ္ဇအစရှိကုန်သော သိက္ခာပုဒ်တို့သည်။ "အစိတ္တကာနိ လောကဝဇ္ဇနီ" တိ၊ "အစိတ္တကာနိ လောကဝဇ္ဇနိ" ဟူ၍။ ဝုတ္တတ္တာ၊ ကင်္ခါဝိတရဏီ အဋ္ဌကထာ၌ ဆိုအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ "နစ္စ"န္တိ ဝါ၊ ကခြင်းဟူ၍လည်းကောင်း။ ဝါ၊ ကသော ပုဂ္ဂိုလ်ဟူ၍လည်းကောင်း။ "ဂန္ဓ"န္တိ ဝါ၊ နံ့သာဟူ၍လည်းကောင်း။ အဇာနိတွာပိ၊ မသိမူ၍လည်း။ ဒဿနေနဝါ၊ ကသည်ကို ကြည့်ရှုခြင်းဖြင့် လည်းကောင်း။ ဝိလိမ္ပနေန ဝါ၊ နံ့သာကို လိမ်းကျံသဖြင့်လည်းကောင်း။ အာပဇ္ဇနတော၊ အာပတ်သင့်ခြင်းကြောင့်။ ဝတ္ထုအဇာနနစိတ္တေန၊ ဝတ္ထုကို မသိသော စိတ်ဖြင့်။ အစိတ္တကာနိ၊ အစိတ္တကတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
'နစ္စ'န္တိ ဝါ၊ ကခြင်းဟူ၍လည်းကောင်း။ ဝါ၊ ကသော ပုဂ္ဂိုလ်ဟူ၍လည်းကောင်း။ "ဂန္ဓ"န္တိ ဝါ၊ နံ့သာဟူ၍လည်းကောင်း။ ဇာနိတွာ၊ သိ၍။ ပဿန္တိယာ ဝါ၊ ကသည်ကို ကြည့်ရှုသော ဘိက္ခုနီမအားလည်းကောင်း။ ဝိလိမ္ပန္တိယာ ဝါ၊ နံ့သာကို လိမ်းကျံသော ဘိက္ခုနီမအားလည်းကောင်း။ အကုသလတ္တာ ဧဝ၊ အကုသိုလ်အဖြစ်ကြောင့်သာလျှင်။ **လောကဝဇ္ဇနိ**၊ လောကဝဇ္ဇတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
စောရိဝုဋ္ဌာပနာဒီနိ၊ စောရိဝုဋ္ဌာပန အစရှိကုန်သော သိက္ခာပုဒ်တို့သည်။ **"စောရီ"** တိ အာဒိနာ၊ ခိုးသူမ အစရှိသည်ဖြင့်။ ဝတ္ထုံ၊ ဝတ္ထုကို။ ဇာနိတွာ၊ သိ၍။ ကရဏေယေဝ၊ ပြုရာ၌သာလျှင်။ အာပဇ္ဇနတ္တာ၊ အာပတ်သင့်သည်၏ အဖြစ်ကြောင့်။ **သစိတ္တကာနိ**၊ သစိတ္တကတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ဥပသမ္ပဒါဒီနံ၊ ပဉ္ဇင်းခံခြင်း အစရှိသည်တို့၏။ ဧကန္တာကုသလစိတ္တေနေဝ၊ ဧကန် အကုသိုလ်စိတ်ဖြင့်သာလျှင်။ အကတ္တဗ္ဗတ္တာ၊ မပြုအပ်သည်၏ အဖြစ်ကြောင့်။ **ပဏ္ဏတ္တိဝဇ္ဇာနိ**၊ ပဏ္ဏတ္တိဝဇ္ဇ တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
"ဣဓ၊ ဤသိက္ခာပုဒ်အရာ၌။ သစိတ္တကာစိတ္တကတာ၊ သစိတ္တက အစိတ္တက၏ အဖြစ်ကို။ ပဏ္ဏတ္တိဇာနနတာယ၊ ပညတ်တော်ကို သိသည် မသိသည်၏ အဖြစ်ဖြင့်။ အဂ္ဂဟေတွာ၊ မယူမူ၍။ ဝတ္ထုဇာနနာဇာနနတာယ၊ ဝတ္ထုကိုသိသည် မသိသည်၏ အဖြစ်ဖြင့်။ ဂဟေတဗ္ဗံ၊ ယူထိုက်၏။" ဣတိ၊ ဤသို့။ တီသုပိ၊ သုံးစောင်လည်းဖြစ်ကုန်သော။ ဂဏ္ဌိပဒေသု၊ ဂဏ္ဌိပုဒ်တို့၌။ (သာရတ္ထဋီ၊၃၊၁၂၈။) လိခိတံ၊ ရေးအပ်ပြီ။
သင်္ခေပတော၊ အကျဉ်း အားဖြင့်။ ဒဿနာဘာဝါ၊ သိမြင်မှု၏ မရှိခြင်းတို့ကို။ အဓိပ္ပေတတ္တာ၊ အလိုရှိအပ်ကုန်သည်၏ အဖြစ်ကြောင့်။
**ဂါထာ အနက်များ** ။ ။ ဝတ္ထုပဏ္ဏတ္တိအညာဏ၊ အာပတ်၏ အကြောင်းဝတ္ထုနှင့် ပညတ်တော်ကို မသိခြင်းဟူသော။ ဒွိမာ၊ နှစ်ပါးအပြားအားဖြင့်။ အစိတ္တကတ္တံ၊ အစိတ္တက၏ အဖြစ်ကို။ မတံ၊ သိအပ်၏။
ဣဓ၊ ဤဂိရဂ္ဂသမဇ္ဇ စသော အသာဓာရဏသမုဋ္ဌာန် အရာ၌။ သကနာမေန၊ မိမိတ်ို့ နာမည်ဖြင့်။ အညာတံ၊ မထင်ရှားသော။ ဉာဏံ၊ ဉာဏ်ကို (သိခြင်းကို)။ ဒွိမာ၊ နှစ်ပါးအပြားအားဖြင့်။ ဝုတ္တံ၊ ဆိုအပ်ပြီ။
ပရနာမဉ္စ၊ တစ်ပါးတစ်ခြားသော နာမည်ကိုလည်း။ ဗလက္ကာရေ၊ အကြောင်းဝတ္ထုကို။ ဇာနနံ၊ သိခြင်းဟူသော။ ဧကံ၊ တစ်ပါးလည်းကောင်း။ သမစာရိကေ၊ အညီအမျှကျင့်ခြင်း၌။ ဝတ္ထုဿ၊ အကြောင်းဝတ္ထုကို။ ဇာနနံ၊ သိခြင်းဟူသော။
ဧကဓာ၊ တစ်ပါးလည်းကောင်း။ (ဣတိ၊ ဤသို့။ ဒွိမာ၊ နှစ်ပါးအပြားအားဖြင့်။ မတံ၊ သိအပ်၏)။ [နောက်ဂါတာမှ ယူ၍ပေးသည်။] တသ္မိံ၊ ထိုတစ်ပါးသော နာမည်၌။ တပ္ပဋိဗန္ဓော၊ ထိုသိခြင်း နှစ်ပါးနှင့် ဆက်ဆပ်၏။ ဣတိ၊ ဤသို့။ (ဝေဒိတဗ္ဗော၊ သိအပ်၏။)
ပရနာမေန၊ တစ်ပါးတစ်ခြားသော နာမည်ဖြင့်။ ဇာနနံ၊ သိခြင်းကို။ မုတ္တာဒိ‌ကေ၊ ပုလဲအစရှိသော အကပ္ပိယ ဒုက္ကဋဝတ္ထု၌။ ဧကံ၊ တစ်ပါးလည်းကောင်း။
လောမာဒိကေ၊ ‌အမွှေးအစရှိသော ကောဋ္ဌာသ၌။ ဧကံ၊ တစ်ပါးလည်းကောင်း။ (ဣတိ၊ ဤသို့)။ ဒွိဓာ၊ နှစ်ပါးအပြားအားဖြင့်။ မတံ၊ သိအပ်၏။ ဣတိ အယံ ဘေဒေါ၊ ဤအပြားကို။ ဝေဒိတဗ္ဗာ၊ သိထိုက်၏။
ဧတ္ထ၊ ဤဘိက္ခုနီ အသာဓာရဏသမုဋ္ဌာနဝိနိစ္ဆယ၌။ သေသံ၊ ကြွင်းသော (ကိရိယ အကိရိယ သညာဝိမောက္ခ နောသညာဝိမောက္ခ စသော) အရာသည်။ ဥတ္တာနံ၊ ပေါ်လွင်သည်။ ဟောတိ၊ ဖြစ်၏။ အနုတ္တာနတ္ထေ၊ မပေါ်လွင်သော အနက်၌။ ဝုတ္တဝိနိစ္ဆယတ္တာ၊ ဆိုအပ်သော အဆုံးအဖြတ်၏အဖြစ်ကြောင့်။ သေသံ၊ ဤမိန့်ဆိုအပ်ပြီးသည်မှ ကြွင်းသော ကိရိယ စသော အရာကို။ န ဥဒ္ဓဋံ၊ မထုတ်ဆောင်အပ်။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗာ၊ သိထိုက်၏။
**သမုဋ္ဌာနဝိနိစ္ဆယဝဏ္ဏနာ၊ သမုဋ္ဌာန်အဆုံးအဖြတ် အဖွင့်သည်။ နိဋ္ဌိတာ၊ ပြီးပြီ။**
**ဘိက္ခုနီပါတိမောက္ခဝဏ္ဏနာ၊ ဘိက္ခုနီပါတိမောက် အဖွင့်သည်။ နိဋ္ဌိတာ၊ ပြီးပါပြီ။**
**ကင်္ခါဝိတရဏီပုရာဏဋီ** ကာ၊ ကင်္ခါဝိတရဏီပုရာဏဋီကာသည်။ ဝါ၊ ဝိနည်းနှင့်စပ် ယုံမှားမှု အရပ်ရပ်ကို ပယ်ခွန်လွန်မြောက်ကြောင်းဖြစ်သော ရှေ့၌ ဖြစ်ပေါ်သော အဖွင့်ဋီကာကျမ်းသည်။ **နိဋ္ဌိတာ**၊ ပြီးဆုံးပါပြီ။