Issues
Select Version
AI-汉译-Nissaya
简体中文
နိဿယ
မြန်မာဘာသာ
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

1. Paṭhamapāṭidesanīyasikkhāpadavaṇṇanā

Author: နိဿယ @ IAPT

(ယာမကာလိကာဒီသု ပဋိဂ္ဂဏေပိ အဇ္ဈောဟရဏေပိ ဒုက္ကဋံ၊ ကင်္ခါ၊ဋ္ဌ)။ ယာမကာလိကာဒီသု၊ ယာမကာလိကအစရှိသည်တို့၌။ အာဟာရတ္ထာယ ဧဝ၊ အာဟာရ အကျိုးငှာသာလျှင်။ ဒုက္ကဋံ၊ ဒုက္ကဋ်အာပတ်သည်။ ဟောတိ၊ ဖြစ်၏။
တမ္ပိ၊ ထိုဒုက္ကဋ်အာပတ်သည်လည်း။ အာမိသေန၊ ဆွမ်းစသော အာမိသနှင့်။ အသမ္ဘိန္နရသေ၊ မရောနှောအပ်သော ယာမကာလိက သတ္တာဟကာလိက ယာဝဇိဝိကအရသာ၌။ ဟောတိ၊ ဖြစ်၏။ သမ္ဘိန္နေ၊ ဆွမ်းစသော အာမိသနှင့် ရောစပ်ပြီးသော။ ဧကရသေ၊ တပေါင်းတည်း အရသာရှိသော ယာမကာလိကစသောသုံးပါးအပေါင်း၌။ (ဂဏှန္တဿ) ပန၊ ခံယူသော ရဟန်းကား။ ပါဋိဒေသနီယမေဝ၊ ပါဋိဒေသနီအာပတ်သာလျှင်တည်း။ရှင်လင်းချက်။ ။မြို့အတွင်း ရွာတွင်းသို့ ဝင်သော ဆွေမျိုး မတော်သော ဘိက္ခုနီ၏ လက်မှ ယာဝကာလိကဝတ္ထုကို တိုက်ရိုက် ခံယူ စားသုံလျှင် ဤသိက္ခာပုဒ်အရ ပါဋိဒေသနီအာပတ် သင့်သည်။ ယာမကာလိကသတ္တာဟကာဘိက ယာဝဇီဝိကဝတ္ထုတို့ကို ခံယူသုံးဆောင်ရာ၌လည်း ထိုဝတ္ထုတို့က ဆွမ်းစသော အာမိသနှင့် ရောနေပါလျှက် ပါဋိဒေသနီ အာပတ်ပင် သင့်သည်။ အာမိသနှင့် မရောမယှက် သက်သက်သောဝတ္ထုပင် ဖြစ်သော်လည်း အစာအာဟာရအတွက် ခံယူရာ သုံးဆောင်ရာတို့၌ ဒုက္ကဋ်အာပတ်သင့်သေးသည်။ ထိုယာမကာလိက စသည်ကို ပိပါသဂေလည အကြောင်းရှိ၍ ခံယူသုံးဆောင်ရာ၌ကား အာပတ်မသင့်ပါ။
ယာမကာလိကံ သတ္တာဟကာလိကံ ယာဝဇီဝိကံ အာဟာရတ္ထာယပဋိဂ္ဂဏှာတိ အာပတ္တိ ဒုက္ကဋဿ။ အဇ္ဈောဟာရေ အာပတ္တိ ဒုက္ကဋဿ။ (ပါစိတ်ပါဠိတော၊ ၂၂၉။) ဣဒံ အာမိသေန အသမ္ဘိန္နံ သန္ဓာယဝုတ္တံ၊ သမ္ဘိန္နေ ပန ဧကရသေ ပါဋိဒေသနီယမေဝ။ (ပါစိတ်၊ဋ္ဌ၊၁၅၇။) သမ္ဘိန္နေ ဧကရသေ ကာလိကတ္တယေတိ ယောဇနာ။ (ပါစိ၊ ယော၊ ၁၂၈။) အာမိသေန သမ္ဘိန္နေ ဧကရသေ ယာမကာလိကာဒိမှိ။ (ဝိနယ ဝိနိစ္ဆယဋီကာ၊ ၂၊၃။)