Issues
Select Version
AI-汉译-Nissaya
简体中文
နိဿယ
မြန်မာဘာသာ
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

5. Mañcapīṭhasikkhāpadavaṇṇanā

Author: နိဿယ @ IAPT

**အဋ္ဌင်္ဂုလပါဒကန္တိ**၊ ကား။ ဘာဝနပုံသကံ၊ ကြိယာကို အထူးပြုတတ်သော နပုလ္လိင်သဒ္ဒါတည်း။ ဝါ၊ ဘာဝနပုံသကတည်း။ဘာဝနပုံသကံ ။ ။ ဘာဝေါတိ- ကိရိယာ၊ တသ္မိံ ဝတ္တမာနော နပုံသကသဒ္ဒေါ။ (ဝိမတိ ဋီ၊၁၊၆၇။)
ဘာဝဿ ဝိသေသနံ နပုံသကံ ဘာဝနပုံသကံ၊ (ပါရာ၊ယော၊ ၈၆။) ဘာဝနပုံသကန္တိ ဘာဝဇောတကံ နပုံသကဝစနံ၊ ယထာဝိသမံ ဝါတာ ဝါယန္တိ ဧကမန္တံ နိသီဒီ"တိ ၊ (သံ၊ဋီ၊၂၊၅၀၂။) ဧကမန္တံ- သင့်တင့်လျောက်ပတ်စွာ၊ နိသီဒိ- ထိုင်ပြီဟူရာ၌ နိသီဒိကြိယာသည် ထိုင်ခြင်းမျိုးစုံနှင့် ဆက်ဆံနေသော ပုဒ်ဖြစ်သည်။ ဤနေရာ၌ အဘယ်ထိုင်ခြင်းမျိုးနှင့် ထိုင်နေပါသနည်းဟု မေးဖွယ်ရှိ၏၊ သို့ဖြစ်ရကား ထိုင်ခြင်း ကြိယာကို "ဧကမန္တံ- စွာ" ဟု အထူးပြုလိုက်သည်။ မသင့်မတင့်ထိုင်ခြင်း မဟုတ်၊ ဒူးထောင်ပေါင်ကား ထိုင်ခြင်း မဟုတ်ဟူလို။ ဤသို့ ကြိယာပုဒ်ကို ထူးခြားသွားအောင် ပြုတတ်သောကြောင့် ဧကမန္တံ ဝိသမံ စသည်ကို "ကြိယာဝိသေသန" ဟု ခေါ် ရသည်။ ထိုကြိယာ ဝိသေသနပုဒ်များသည် နပုလ္လိင်သာ များသည်။ ထို့ကြောင့် ထိုပုဒ်မျိုးကို "ဘာဝနပုံသက" ဟုလည်း ခေါ်ကြသည်။ ထို့အပြင် ဧကဝုစ်သာ ရှိတတ် ကြသည်။ ထို့ကြောင့် ဆရာတို့အက "ကြိယာဝိသေသနံ ယံ တု၊ တံ သဗ္ဗမ္ပိ နပုံသကေ။ ဒုတိယာယေကဝစနံ၊ ဂဟိတဿ ဟိ တာဒိသီ" ဟု မိန့်ဆိုကြသည်။
[အဋ္ဋတံ ဗန္ဓိတွာတိ၊ ကား။ (ကင်္ခါ၊ဋ္ဌ၊ အလို။) တုလာသင်္ဃာတေ ဌပေတွာ အဋ္ဋံ ကတွာတိ၊ ကား။ (ပါစိတ်၊ဋ္ဌ၊ အလို။) ထည့်။] (ပမာဏာတိက္ကန္တံ၊ ပမာဏထက် ပိုလွန်သော ညောင်စောင်းအင်းပျဉ်ကို။) တုလာသင်္ဃာတေ၊ ထုပ်လျောက်ပေါ်၌။ ဌပနမေဝ၊ တင်ထားခြင်းသည်ပင်။ အဋ္ဋကရဏံ၊ ငြမ်းစင်ကို ပြုခြင်းသည်။ ဟောတိ၊ ဖြစ်၏။ (ဧဝံ၊ ဤသို့။ ပရိဘုဉ္ဇန္တဿ၊ ထုပ် လျောက်ပေါ်၌ ညောင်စောင်းအင်းပျဉ်ကို ခွတင်၍ သုံးစွဲသော ရဟန်းအား၊ အနာပတ္တိ= အာပတ်မသင့်။)