**သပ္ပါဏကန္တိ**၊ ကား။
ပါဏကာနံ၊ ပိုးကောင်တို့၏။
မရဏဝသေန၊ သေခြင်း၏ အစွမ်းဖြင့်။
ပါစိတ္တိယံ၊ ပါစိတ်အာပတ်သင့်၏။
သပ္ပါဏကဥဒက ပရိဘောဂ ဝသေန၊ ပိုးကောင်ရှိသော ရေကို သုံးစွဲခြင်း၏ အစွမ်းဖြင့်။
န ပါစိတ္တိယံ၊ ပါစိတ်အာပတ်သင့်သည် မဟုတ်။
တသ္မာ ဧဝ၊ ထို့ကြောင့်သာလျှင်။
(ဣဒံ) "ပဏ္ဏတ္တိဝဇ္ဇ" န္တိ၊ ဟူ၍။
အဋ္ဌကထာယံ၊ ကင်္ခါဝိတရဏီအဋ္ဌကထာ၌။
ဝုတ္တံ၊ ဆိုအပ်ပြီ။
(သပ္ပါဏကဥဒကပရိဘောဂေ)၊ ပိုးကောင်ရှိသောရေကို သုံးစွဲရာ၌။
အသုဒ္ဓစိတ္တတ္တာ၊ မစင်ကြယ်သော စိတ်ရှိသည်၏ အဖြစ်ကြောင့်။
ပါစိတ္တိယံ၊ ပါစိတ်အာပတ်သင့်၏။
သုဒ္ဓစိတ္တေ၊ စင်ကြယ်သော စိတ်၌။
အနာပတ္တိ၊ အာပတ်မသင့်။
(ဧတ္ထ၊ ဤသိက္ခာပုဒ်၌။
ပဋင်္ဂပါဏကာနံ၊ ပဋင်္ဂမည်သော ပိုးငယ်တို့၏။
ဝါ၊ ပိုးပရန်တို့၏။
ပတနံ၊ ကျခြင်းကို။
ဉတွာပိ၊ သိသော်လည်း။
သုဒ္ဓစိတ္တတာယ၊ စင်ကြယ်သော စိတ်ရှိသည်၏ အဖြစ်ဖြင့်။)
ပဒီပုဇ္ဇာလနေ ဝိယ၊ ဆီမိးကို တောက်စေခြင်းကဲ့သို့။
ဝါ၊ ဆီမီးထွန်းခြင်း၌ကဲ့သို့။
(သပ္ပါဏကဘာဝံ၊ ပိုးရှိသည်၏ အဖြစ်ကို။
ဉတွာပိ၊ သိသော်လည်း။
ဥဒကသညာယ၊ ရေဟူသော အမှတ်သညာဖြင့်။
ပရိဘုဉ္ဇိတဗ္ဗတော၊ သုံးစွဲနိုင်သည်၏ အဖြစ်ကြောင့်)။
ပဏ္ဏတ္တိဝဇ္ဇတာ၊ ပဏ္ဏတ္တိဝဇ္ဇ၏ အဖြစ်ကို။
ပဏ္ဏတ္တိဝဇ္ဇ ။ ။ ရှေးက ပိုးရှိမှန်း သိသော်လည်း အမှတ်တမဲ့ စိတ်သန့် သန့်ဖြင့် သုံးစွဲရာ၌ အကုသိုလ်စိတ်အပြစ်မရှိပေ။ ထို့ကြောင့် ဤသိက္ခာ ပုဒ်သည် လောကဝဇ္ဇ မဟုတ်၊ ပဏ္ဏတ္တိဝဇ္ဇသာ ဖြစ်ရသည်။ ဧတ္ထ အစ ချီသော လက်သည်းကွင်းပြ စကားတို့သည် ပါစိတ်အဋ္ဌကထာ (၁၃၃) လာစကာတို့ ဖြစ်သည်၊ အဓိပ္ပါယ်ပေါ်လွင်စေရန် ထည့်သွင်း ယောဇနာ ထားခြင်းဖြစ်သည်။ 'ပဒီပုဇ္ဇာလနေ ဝိယ'၌ ဋီကာဝယ် 'ပဒီပုဇ္ဇလနေဝိယ' ဟု ရှိနေသည်။ သဗျာပါရဖြစ်သော တမင်ညှိထွန်းရခြင်း ဖြစ်၍ ကာရိတ်ဖြင့် 'ပဒီပုဇ္ဇာလနေ ဝိယ' ဟု ရှိထိုက်သည်။ ပါစိတ်- ဋ္ဌ၌ ဒီပဇာလနေ ဝိယဟု ကာရိတ်ဖြင့် ရှိသည်။
ဝုတ္တာ၊ မိန့်ဆိုအပ်ပြီ။
ဣတိ၊ ဤသို့။
လိခိတံ၊ ရေးအပ်ပြီ။
ဂါထာအနက်။ ။ ပုဗ္ဗံ၊ ရှေ့ (ဘူတဂါမဝဂ်လာ) သပ္ပါဏကသိက္ခာပုဒ်သည်။
ဇလေ၊ ပိုးရှိသော ရေ၌။
ပက္ခိပနံ၊ မြက် မြေညက်ကို ထည့်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဣဒံ၊ ဤ (သပ္ပါဏကဝဂ်လာ) သပ္ပါဏကသိက္ခာပုဒ်သည်။
ဇလပ္ပဝေသနံ၊ ပိုးရှိသော ရေကို သွင်းခြင်းသည်။
ဝါ၊ ရေသောက်ခြင်းသည်။
ရေသောက်ခြင်း ။ ။ ဇလပ္ပဝေသနံ အရ "ရေသောက်ခြင်း" ဟူသော အဓိပ္ပါယ် ပြန်ဆို၍ ယူရခြင်းမှာ ပါစိတ်အဋ္ဌကထာ (၁၃၃) သပ္ပါဏက သိက္ခာပုဒ်အဖွင့်တွင်ပါရှိသော "ပတ္တပူရမ္ပိ အဝိစ္ဆိန္ဒိတွာ ဧကပယောဂေန ပိဝတော ဧကာ အာပတ္တိ" ကို သာဓက ပြု၍ သုံးစွဲခြင်း ဖြစ်ပါသည်။
ဟောတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့လျှင်။
ဥဘိန္နံ၊ နှစ်ပါးကုန်သော သပ္ပါဏကသိက္ခာပုဒ်တို့၏။
နာနာတ္တံ၊ မတူထူးခြားကွဲပြားကုန်သည်၏ အဖြစ်ကို။
ဥဘိန္နံ နာနာတ္တံ ။ ။ 'ဇလေ ပက္ခိပနံ' ဖြင့် ရှေ့သိက္ခာပုဒ်၏ ဒုတိယနည်း အရ အာပတ်သင့်ပုံကို ပြသည်။ သို့သော် ပဌမနည်းအရ ပိုးရှိသော ရေကို မြက်, မြေညက်သို့ သွန်းလောင်းလျှင်လည်း အာပတ်သင့်သေးသည်။ ဇလပ္ပဝေသနံ ဖြင့် ဤသိက္ခာပုဒ်အရ အာပတ်သင့်ပုံကို ပြသည်။ သို့သော် ရေသောက်မှသာ မဟုတ်သေး၊ ပိုးရှိသော ရေဖြင့် ဆေးကြောခြင်း, မီးငြိမ်းခြင်း, ရေချိုးခြင်း စသည်ပြုလျှင် သုံးစွဲလျှင်လည်း အာပတ်သင့်သေးသည်။ ထို့ကြောင့် ဤဂါထာလာ အခွဲစကားသည် ပြည့်စုံ ခြုံငုံမိသော အခွဲစကား မဟုတ်ဟု မှတ်ရာသည်။ သာရတ္ထဋီကာ (၃၊၃၃။)၌ ပဌမ သိက္ခာ ပုဒ်ကို ခန္ဓာကိုယ်ပြင်ပ သုံးစွဲခြင်း၏ အစွမ်းဖြင့် ပညတ်၍ ဒုတိယသိက္ခာ ပုဒ်ကို မိမိ၏ ရေချိုးခြင်း သောက်ခြင်း စသည်၏ အစွမ်းဖြင့် ပညတ်သည်ဟု တစ်မျိုးခွဲပြသည်။
ဉာဏဝတာ၊ ဉာဏ်ရှိသော ပုဂ္ဂိုလ်သည်။
သဒါ၊ အခါခပ်သိမ်း။
ဉေယျံ၊ သိသင့် သိထိုက်၏။
ဣတိ လိခိတံ၊ ဤသို့ ရေးအပ်ပြီ။