Issues
Select Version
နိဿယ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

10. Kayavikkayasikkhāpadavaṇṇanā

Author: နိဿယ @ IAPT

(သန္တံ ဝတ္ထု နိဿဇ္ဇိတဗ္ဗံ)။ **အသန္တေ ပါစိတ္တိယံ ဒေသေတဗ္ဗမေဝါ** တိ ဧတ္ထ၊ ဤပါဌ်၌။ သုဒ္ဓိကံ၊ သက်သက်သော။ ပါစိတ္တိယံ၊ ပါစိတ်အာပတ်သည်။ ဟောတိ ကိံ၊ ဖြစ်လေသလော။ ဥဒါဟု၊ သို့မဟုတ်။ နိဿဂ္ဂိယံ၊ စွန့်ရခြင်း ဝိနည်းကံရှိသော (နိဿဂ္ဂိဖြစ်သော)။ ပါစိတ္တိယံ၊ ပါစိတ်အာပတ်သည်။ ဟောတိ ကိံ၊ ဖြစ်လေသလော။ ဣတိ ပုစ္ဆာ၊ ဤကား အ‌မေးတည်း။
နိဿဂ္ဂိယံ၊ စွန့်ခြင်း ဝိနည်းကံရှိသော။ ပါစိတ္တိယမေဝ၊ ပါစိတ်အာပတ်သည်သာလျှင်။ ဟောတိ၊ ဖြစ်ပါ၏။ နိဿဂ္ဂိပါစိတ် ။ ။ မအပ်သော ခိုင်းနည်းဖြင့် "ဤအစားအစာကို စားပြီး သို့မဟုတ် ဤပစ္စည်းကိုယူပြီး တောထဲက ဆိုးရည်ခေါက်ကို ခွါယူခဲ့ စမ်းပါ" ဟု စကားတစ်ဆက်တည်း ခိုင်းလျှင် ကယဝိက္ကယဖြစ်၏။ ဆိုးရည်အခေါက်ကို ခွါယူစေခဲ့ခြင်းစသည်၌ စွန့်စရာ ဝတ္ထု ထင်ရှားရှိ သောကြောင့် သံဃာစသည်၌ စွန့်ရ၏။ မြေရှင်းခိုင်းခြင်း သင်္ကန်းလျှော် ခိုင်းခြင်းခေါင်းရိတ်ခိုင်းခြင်းစသည်၌ စွန့်စရာဝတ္ထု မရှိသောကြောင့် သာလျှင် ပါစိတ်အာပတ်ကိုသာ ဒေသနာ ကြားရသည်၊ သင့်သော အာပတ်ကားနိဿဂ္ဂိပါစိတ်အာပတ်သာလျှင် ဖြစ်၏။ သုဒ္ဓပါစိတ် အာပတ်မျိုးမဟုတ်။