Issues
Select Version
AI-汉译-Nissaya
简体中文
နိဿယ
မြန်မာဘာသာ
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

5. Ūnavīsativassasikkhāpadavaṇṇanā

Author: နိဿယ @ IAPT

(သစေ ပန သော ဒဿဝဿစ္စယေန) **အညံ ဥပသမ္မာဒေတီ** တိ၊ ဟူသည်ကား။
**ဂါထာအနက်** ။ ။ (သော)၊ ထိုအသက်နှစ်ဆယ် မပြည့်၍ ရဟန်းမဖြစ်သော ပုဂ္ဂိုလ်သည်။ ဥပဇ္ဈာယော၊ ဥပဇ္ဈာယ်သည်။ ဟုတွာ၊ ဖြစ်၍။ သာမံ၊ ကိုယ်တိုင်။ သစေ ဥပသမ္မာဒေတိ၊ အကယ်၍ ရဟန်းခံပေးအံ့။ဥပဇ္ဈာယ်ကိုယ်တိုင်က ကမ္မဝါစာရွတ်ဖတ်ချီးမြှင့်မှု ။ ။ ရှေးက ဥပဇ္ဈာယ်နှင့် ကမ္မဝါစာဆရာတို့သည် ပုဂ္ဂိုလ်သီးခြား တာဝန်သီးခြားစီ ဖြစ်ခဲ့ကြသည်။ နောက်ပိုင်းတွင်ကား ဥပဇ္ဈာယ်ကိုယ်တိုင် ကမ္မဝါစာရွတ်ဖတ်ပေးကောင်းပါသလော?၊မပေးကောင်းဘူးလော? မေးစရာ ဖြစ်ခဲ့ကြသည်။ ထို ပြဿနာအတွက် ရဟန်းဖြစ်ကြောင်းအင်္ဂါ (သမ္ပတ္တိ) ငါးပါးနှင့် ညီ မညီ ညှိယူရမည် ဖြစ်ပါသည်။ ဤဥပဇ္ဈာယ်ဖြစ်သူက ကမ္မဝါစာ ရွတ်ဖတ်ပေးမှုသည် ရဟန်းဖြစ်ကြောင်း အင်္ဂါငါးပါးတို့နှင့် မဆန့်ကျင် ညီညွတ်နေသောကြောင့်လည်းကောင်း ရဟန်းမဖြစ်ကြောင်း ဝိပတ္တိအင်္ဂါငါးပါးတို့နှင့် မညီညွတ် (အကျုံးမဝင်) မပါဝင်သောကြောင့် လည်းကောင်း ရွတ်ဖတ်ပေး ကောင်းသည်၊ ရဟန်းဖြင်သည်ဟု ဧကန် မှတ်အပ်၏။ ထို့ကြောင့် ဝိမတိ၌ 'ဝတ္တဗ္ဗမေတ နတ္ထိ' ဥပဇ္ဈာယ်ကိုယ်တိုင်က စွမ်းနိုင်၍ ကိုယ်တိုင် ကမ္မဝါစာ ရွတ်ဖတ်ပေးနိုင်ပါမူ "အတိုင်းထက်အလွန် တံခွန်နှင့် ဘုရား" ဆိုသလိုပင် ပြောဖွယ်ရာ မရှိတော့၊အလွန်ပင် ကောင်းမွန် သင့်မြတ်တော့သည်ဟု မိန့်သည်။
သစေ ပန ဥပဇ္ဈာယော သယမေဝ အတ္တနော သဒ္ဓိဝိဟာရိတံ အနုဿာဝေတိ၊ ဧတ္ထ ဝတ္တဗ္ဗမေဝ နတ္ထိ၊ ကမ္မံ သုကတမေဝ ဟောတိ၊ အနုပဇ္ဈာယ ကဿာပိ ယေန ကေနစိ (မည်သည့် ရဟန်းမဆို) အနုဿာပိတေ ဥပသမ္ပဒါ ဟောတိ၊ ကိမင်္ဂံ ပန သဥပဇ္ဈာယဿ ဥပဇ္ဈာယေနေဝ အနုဿာဝိတေတိ ဒဋ္ဌဗ္ဗံ။ (ဝိပတိဋီကာ၊၂၊၁၃၂။) ဗျတ္ထေန ဘိက္ခုနာ ပဋိဗလေန သံဃော ဉာပေတဗ္ဗောတိ ဝစနတော ထေယျသံဝါသကာဒိ အာစရိယေဟိ အနုဿာဝနာယ ကတာယ ဥပသမ္မဒါ န ရုဟတိ၊ တေသံ အဘိက္ခုတ္တာတိ ဝစနမ္ပိ န ဂဟေတဗ္ဗံ။ (ဝဇိရဗုဒ္ဓိဋီကာ ၊၄၃၃။) တတြိဒံ ယုတ္တိ၊ ဥပသမ္ပန္နဗုဗ္ဗော ဧဝ စေ ကမ္မဝါစံ သာဝေတိ၊ သံဃော စ တသ္မိံ ဥပသမ္ပန္နသညီ၊ ဧဝဉ္စေ ကမ္မံ ရဟတိ။ န အညတာထိ နော ခန္တီတိ အာစရိယော။ (ဝဇိရဗုဒ္ဓိဋီကာ၊ ၁၀၉။)
အာစရိယော၊ ကမ္မဝါစာဆရာသည်။ ဟုတွာ၊ ဖြစ်၍။ ကမ္မဝါစဉ္စ၊ ကမ္မဝါစာကိုလည်း။ သစေ သာဝေတိ၊ အကယ်၍ ကြားစေအံ့။
ဧဝံ သတိ၊ ဤသို့ ဖြစ်လတ်သော်။ ကမ္မံ၊ ကံသည်။ ရုဟတိ၊ တက်ရောက်၏ (အထမြောက် အောင်မြင်၏)။ ဂါထာနှင့်စပ် သိမှတ်စရာ။ ။ ပဋ္ဌကထာနှင့် ဤဋီကာပါ ရှေ့နောက် စကားတို့ကို ထောက်ဆ၍ ဥပဇ္ဈာယ်ပြုသူ ကမ္မဝါစာရွတ်ဖတ်သူဆိုသည်မှာ ရဟန်းစစ် မဖြစ်သော ပုဂ္ဂိုလ်ကို ရည်ညွှန်း၍ မိန့်ဆိုနေကြောင်းထင်ရှားလှသည်။ အညံ ဥပသမ္ပာဒေတီတိ ဥပဇ္ဈောယော ဝါ အာစရိယော ဝါ ဟုတွာ ဥပသမ္ပာဒေတိ၊ (သာရတ္ထဋီကာ၊ ဝိပတိဋီကာ၊ ဝဇိရဗုဒ္ဓိဋီကာ၊) အဖွင့်မရ "ဥပဇ္ဈာယော ဟုတွာ သစေ ဥပသမ္ပာဒေတိ၊ အာစရိယော ဟုတွာ သစေ သာဝေတိ" ဟု စပ်ပါ။ ဤသို့ ရဟန်းစစ်မဖြစ်သူက သူပဇ္ဈာယ်ပြု ကမ္မဝါစာရွတ်ရာ၌ ဧကေဝါဒက ကံအောင်သည်ဟု ယူ၏။ သမာန ဝါဒက ကံမအောင်ဟု ယူ၏။ ဤသိက္ခာပုဒ်အဖွင့် အဋ္ဌကထာတို့၌ "ထိုရဟန်းစစ် မဖြစ်သူကို လွှတ်၍ ဂိုဏ်းပြည့်လျှင်ကံအောင်သည်၊ ဂိုဏ်မပြည့်လျှင် ကံမအောင်" ဟု မိန့်ဆိုသည်။ ထို့ကြောင့် ဤအခြေအနေ နှစ်ရပ်အပေါ်တွင် မူတည်၍ "ကံအောင်ခြင်း, ကံမအောင်ခြင်း" ကိုမှတ်ယူ ဆုံးဖြတ်ရာသည်။ ဧကေ၊ အချို့ကုန်သော ဆရာတို့သည်။ ဝဒန္တိ၊ မိန့်ဆိုကြကုန်၏။ ကမ္မံ၊ ကံသည်။ န ရုဟတိ၊ မတက်ရောက်။ ဤတိ၊ ဤသို့။ ဝိနယကောဝိဒေါ၊ ဝိနည်းကျွမ်းကျင်ပညာရှင်သည်။ ဝဒတိ၊ မိန့်ဆို၏။
ယသ္မာ၊ အကြင်ကြောင့်။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ အာစရိယဿ စ၊ ကမ္မဝါစာဆရာအားလည်းကောင်း။ ဂဏဿ စ၊ ကာရကသံဃာဟူသော ဂိုဏ်းအားလည်းကောင်း။ ဒုက္ကဋံ၊ ဒုက္ကဋ်အာပတ်ကို။ ဝိဟိတံ၊ စီရင်တော်မူအပ်ပြီ (ပညတ်အပ်ပြီ)။
တသ္မာ၊ ထို့ကြောင့်။ ဣဓ၊ ဤရဟန်းခံရာ၌။ အာစရိယ ဥပဇ္ဈယာ၊ ဆရာ ဥပဇ္ဈာယ်တို့ကို။ ဝိသုံ၊ အသီးအခြား။ ဘိန္နာဝ၊ ခွဲခြားအပ်ကုန်သည်သာ။ ဟောတိ၊ ဖြစ်၏။