Issues
Select Version
နိဿယ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

4. Kāṇamātāsikkhāpadavaṇṇanā

Author: နိဿယ @ IAPT

**ဒွတ္တိပတ္တပူရာ ပဋိဂ္ဂဟေတဗ္ဗာ** တိ၊ ကား။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ အာနီတာပူဝေဟိ၊ ဆောင်ယူအပ်ကုန်သော မုန့်တို့ဖြင့်။ အတ္ထိကေန၊ အလိုရှိသောရဟန်းသည်။ ဥက္ကဋ္ဌပတ္တပ္ပမာဏဝသေန၊ ဥက္ကဋ္ဌသပိတ် ပမာဏ အစွမ်းအားဖြင့်။ ဂဟေတဗ္ဗာ၊ ခံယူထိုက်ကုန်၏။
အပါထေယျာဒိအတ္ထာယ၊ လမ်းစာရိက္ခာမဟုတ်သော ပန္ထ စသည်တို့၏ အကျိုးငှာ။ သဇ္ဇိတသညာယ၊ စီရင်အပ်၏ဟု ဖြစ်သော အမှတ်သညာ (မှား) ဖြင့်။ အတိရေကပ္ပဋိဂ္ဂဟဏေ စ၊ နှစ်သပိတ်ပြည့် သုံးသပိတ်ပြည့်ထက် အလွန် ခံယူခြင်း၌လည်းကောင်း။ "တွံ၊ အရှင်ဘုရားသည်။ ဧတ္ထ၊ ဤအမျိုးအိမ်၌။ မာ ပဋိဂ္ဂဏှိ၊ (တပည့်တော် နှစ်သပိတ်ပြည့် သုံးသပိတ်ပြည့် အလှူခံပြီး ဖြစ်၍) အလှူမခံပါနှင့်တော့။" ဣတိ၊ ဤသို့။ အနာရော စနေ စ၊ အခြားရဟန်းကို မပြောကြားခြင်း၌ လည်းကောင်း။ အသံဝိဘာဂေ စ၊ (နှစ်သပိတ်ပြည့် သုံးသပိတ်အပြည့် ရပြီးနောက် အခြားရဟန်းတို့နှင့်) မဝေဖန်ခြင်း၌လည်းကောင်း။ အာပတ္တိတော၊ အာပတ်မှ။ န မုစ္စတိ၊ မလွတ်။ မာ ခေါ တွံ ။ပ။ န မုစ္စတိ ။ ။ ဤစကား၌ စာနေရှုပ်ထွေးကာ အဓိပ္ပါယ်ပျက်လျက်ရှိသည်။ ထို့ကြောင့် အခြားအဋ္ဌကထာဋီကာတို့၏ စာသွားအဓိပ္ပာယ်နှင့် ကိုက်ညီအောင် ညှိ၍ အမှတ်ဖြစ်အောင် အနည်းငယ်မျှပြင်ဆင်ထားပါသည်။ ၎င်းစာ၏ ဆိုလိုရင်းကား- ရိက္ခာအတွက် လက်ဆောင်အတွက်မဟုတ်ဟူသော အထင်ဖြင့် အပိုအလွန် ခံမိရာ၌ လည်းကောင်း အခြားရဟန်းအား အသိပေး မပြောကြားမိရာ၌လည်းကောင်း အခြားရဟန်းတို့နှင့် မဝေဖန်မိရာ၌လည်းကောင်း ဤသိက္ခာပုဒ်က အစိတ္တက သိက္ခာပုဒ်ဖြစ်၍ မသိသော်လည်း အာပတ်မှ မလွတ်ဟု ဖြစ်သည်။ ကသ္မာ၊ အဘယ့်ကြောင့်နည်း။ သိက္ခာပဒဿ၊ ကာဏမာတာသိက္ခာပုဒ်၏။ အစိတ္တကတ္တာ၊ အစိတ္တကသိက္ခာပုဒ်၏ အဖြစ်ကြောင့်လည်း။
အထ၊ ထိုမှတစ်ပါး။ ဥဂ္ဂဟိတကံ၊ အကပ်မခံဘဲ ကိုင်ယူအပ်သော (အကပ်ပျက်သော) ဝတ္ထုကို။ဥဂ္ဂဟိတကံ ။ ။ ရဟန်းသည် အကပ်မခံရသေးသော ခဲဖွယ်ဘောဇဉ် စားစရာအထုပ်ဗူးစသည်ကို သိလျက်ကိုင်လျှင် နေရာမရွေ့စေဘဲ လှုပ်စေလျှင် ဒုရူပစိဏ္ဏဒုက္ကဋ်အာပတ် သင့်သည်။ ထိုစားဖွယ်တို့ကို ထိုရဟန်း မစားကောင်းတော့၊ အခြားရဟန်းတို့အတွက်ကား အပ်သေးသည်။ လှုပ်ရှားစေရုံထက် ပို၍ နေရာအရပ်မှ ရွေ့သွားအောင် ကိုင်အပ်သော ဝတ္ထုသည် ဥဂ္ဂဟိတကဝတ္ထု ဖြစ်သည်။ ဥဂ္ဂဟိတကဒုက္ကဋ်အာပတ် သင့်သည်။ ထိုဝတ္ထုကို ကိုယ်တိုင်လည်း မစာကောင်း၊ အခြားရဟန်းတို့လည်း မစားအပ်တော့ပြီ။ သို့ဖြစ်၍ ခဲဖွယ် ဘောစဉ် စာဖွယ် ကိုယ်တွယ်မှု၌ သတိကြီးစွား ထားသင့်သည်။ ထို့ကြောင့် အကပ်မခံဘဲ ကိုင်ယူအပ်သော အကပ်ပျက်သော ဥဂ္ဂဟိတကဝတ္ထုသည် မအပ်သော ဝတ္ထုဖြစ်နေသောကြောင့် အခြားရဟန်းတို့နှင့် မဝေဖန်သော်လည်း အာပတ်မသင့်ဖြစ်ရသည်။
(ဆောင်) "ဒုရူပစိဏ်"၊ မရွေ့ကိုင်၊ ရွေ့ကိုင် "ဥဂ္ဂဟိ"။ တစ်ဦးအများ၊ မအပ်ငြား၊ မှတ်သား အထူးသိ။
ဂဏှာတိ၊ ခံယူအံ့။ န မုစ္စတိ ဧဝ၊ အာပတ်မှ မလွတ်သည်သာလျှင်တည်း။
အသံဝိဘာဂေ ပန၊ အခြားရဟန်းတို့နှင့် မဝေဖန်ရာ၌ကား။ အကပ္ပိယတ္တာ၊ မအပ်သော ဝတ္ထု၏ အဖြစ်ကြောင့်။ အနာပတ္တိ၊ အာပတ်မသင့်။
"ပဏ္ဏတ္တိဇာနနာဘာဝေနေဝ၊ ပညတ်တော်ကို သိခြင်း မရှိသောအားဖြင့် သာလျှင်။ အစိတ္တကတာ၊ အစိတ္တက၏ အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။ ဝတ္ထု ဇာနနာဘာဝေန၊ ဝတ္ထုကို သိခြင်း မရှိသောအားဖြင့်။ အစိတ္တကတာ၊ အစိတ္တက၏ အဖြစ်သည်။ န ဟောတိ၊ မဖြစ်။" ဣတိ၊ ဤသို့။ ဧကေ၊ အချို့ဆရာတို့သည်။ ဝဒန္တိ၊ ဆိုကြကုန်၏။
"န ပါထေယျာဒိအတ္ထာယ သဇ္ဇိတဘာဝ ဇာနန"န္တိ၊ ဟူ၍။ အင်္ဂေသု၊ သိက္ခာပုဒ်လာ အာပတ်သင့်ကြောင်း အင်္ဂါတို့၌။ အဝုတ္တတ္တာ၊ မဆိုသည်၏ အဖြစ်ကြောင့်။ တံ၊ ထိုကေစိဆရာတို့ စကားကို။ န ဂဟေတဗ္ဗံ၊ မယူထိုက်။ (တီသု၊ သုံးပါးကုန်သော။ ဘိက္ခူသု၊ ရဟန်းတို့တွင်။ ဧကေန၊ တစ်ပါးသော ရဟန်းသည်။ ဒွေပတ္တပူရာ၊ နှစ်သပိတ်အပြည့်တို့ကို။ စေ ဂဟိတာ၊ အကယ်၍ ယူအပ်ကုန်အံ့။ ဒုတိယေ၊ နှစ်ပါးမြောက်သော ရဟန်းသည်။ ဒွေ၊ နှစ်သပိတ်တို့ကို။ ဂဏှန္တေ၊ ခံယူလတ်သော်။ ပဌမော၊ ပဌမ ရဟန်းသည်။ ဝဇီရဗုဒ္ဓီ ဋီကာ။) သဉ္စိစ္စ၊ လွန်ကျူးလိုသော စေတနာနှင့်တကွ စေ့ဆော်၍။ ဒုတိယဿ၊ နှစ်ပါးမြောက်သော ရဟန်းအား။ န ဝဒတိ၊ တားမြစ်သော အားဖြင့် မပြောကြားအံ့။ ပါစိတ္တိယံ၊ ပါစိတ်အာပတ်သည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ပေါရဏာ၊ ရှေးဆရာတို့သည်။ ဝဒန္တိ၊ ဆိုကြကုန်၏။
**အတိရေကပ္ပဋိဂ္ဂဟဏန္တိ**၊ ဟူ၍။ တတ္ထ၊ ထိုကင်္ခါဝိတရဏီအဋ္ဌထကာ၌။ ပဉ္စမံဝ၊ ငါးခုမြောက်သာ ဖြစ်သော။ အင်္ဂံ၊ အာပတ်သင့်ကြောင်း အင်္ဂါရပ်ကို။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။ တသ္မာ၊ ထို့ကြောင့်။ အပ္ပဋိဂ္ဂဟိတတ္တာ၊ (သုံးသပိတ်အပြည့်ထက် အလွန်) မခံယူအပ်သည်၏ အဖြစ်ကြောင့်။ (တဿ ပဌမဿ)၊ ထိုပဌမ ရဟန်းတော်အား။ န ပါစိတ္တိယံ၊ ပါစိတ် အာပတ်မသင့်။ ကတ္တဗ္ဗာကရဏတော ပန၊ ပြုထိုက်သော တားမြစ်မှုကို မပြုခြင်းကြောင့်ကား။ ဒုက္ကဋံ၊ ဒုက္ကဋ်အာပတ်သင့်၏။
အညထာ၊ ဤအဆုံးအဖြတ်မှ တစ်ပါး တစ်ခြားအားဖြင့်။ အတ္ထေ၊ အနက်ကို။ ဂယှမာနေ၊ ယူအပ်လတ်သော်။ ဣဒံ၊ ဤ ကာဏမာတိသိက္ခာပုဒ်သည်။ ကိရိယာကိရိယံ၊ ကိရိယ အကိရိယသို့။ အာပဇ္ဇတ္တိ၊ ရောက်၏။
အနိဝါရဏံ ဝါ၊ (သုံးသပိတ်ပြည့်ထက်အလွန် ခံယူရာ၌) မတားမြစ်ခြ်းကိုလည်းကောင်း။ အနာရောစနံ ဝါ၊ အခြားရဟန်းတို့အား အသိပေး မပြောကြားခြင်းကိုလည်းကောင်း။ ဆဋ္ဌံ၊ ခြောက်ခုမြောက်သော။ အင်္ဂံ၊ ကာဏမာတာ သိက္ခာပုဒ်၏ ပါစိတ်အာပတ်သင့်ကြောင်း အင်္ဂါရပ်ဟူ၍။ ဝတ္တဗ္ဗံ၊ ဆိုထိုက်သော အပြစ်သည်။ သိယာ၊ ဖြစ်ရာ၏။