Issues
Select Version
နိဿယ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

6. Cārittasikkhāpadavaṇṇanā

Author: နိဿယ @ IAPT

**သဘတ္တော သမာနော** တိ ဧတ္ထ၊ သဘတ္တော သမာနော ဟူသော ဤပါဌ်၌။ နိမန္တနဘတ္တော၊ ပင့်ဖိတ်ကြောင်း ဘက်တည်း။ ဣတိ၊ ဤသို့။ ပေါရာဏာ၊ ရှေးဆရာတို့သည်။ ဝဒန္တိ၊ ဆိုကြကုန်၏။
သန္တံ ဘိက္ခုံ အနာပစ္ဆာ၊ သန္တံ ဘိက္ခုံ အနုပစ္ဆာ ပညတ်လည်းကောင်း။ ပုရေဘတ္တံ၊ ပုရေဘတ္တ ပညတ်လည်းကောင်း။ ပစ္ဆာဘတ္တံ၊ ပစ္ဆာဘတ္တ ပညတ်လည်းကောင်း။ အညတြ သမယာ၊ အညတြ သမယာ ပညတ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဧတ္ထ၊ ဤစာရိတ္တသိက္ခာပုဒ်၌။ စတုဗ္ဗိဓာ၊ လေးပါး အပြားရှိသော။ အယံ အနုပညတ္တိ၊ ဤအနုပညတ်သည်။ စတုဗ္ဗိဓာ အနုပညတ္တိ ။ ။ အနုပညတ် ရေတွက်ရာ၌ နိဿယဝယ် စာသွင်းသင့်ရုံမျှ အနက်သမ္ဗန်လိုက်သည်။ ရေတွက်ပုံမျာ အားလုံး နည်းလမ်းမကျ။ ယခုစာတို့၌ အနုပညတ် လေးပါးသရုပ်မှာ-- ၁။ သန္တံ ဘိက္ခုံ၊ ၂။ အနာပစ္ဆာ၊ ၃။ ပုရေဘတ္တံ ပစ္ဆာဘတ္တံ၊ ၄။ အညတြ သမာယာဟု ရှိနေသည်။ သင့်မသင့်ကား ပါဠိတော်နှင့် နှီးနှောကြည့်ပါမှ ပို၍ ထင်ရှားသည်။ သန္တံ ဘိက္ခုံနှင့် အနာပုစ္ဆာသည် ခွဲ၍ ယူရမည် မဟုတ်၊ နှစ်ခုပေါင်း ရေတွက်ရသော အနုပညတ် တစ်ခုတည်းသာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပါစိတ်ပါဠိတော် (၁၃၄)၌ ဂိလာနရဟန်းတို့ကို အကြောင်းပြု၍ "ယန္တံ ဘိက္ခုံ အနာပုစ္ဆာ" ဟု တပေါင်းတည်း ပြု၍ အနုပညတ်ကို ပညတ်တော်မူသောကြောင့်လည်းကောင်း၊ အာပတ် သင့်ကြောင်း အင်္ဂါတို့ကို ပြဆိုရာ၌ နှစ်မျိုးအခွဲဘဲ "သန္တံ ဘိက္ခုံ အနာပုစ္ဆာ" ဟု အင်္ဂါတစ်ရပ်တည်းသာ ပြု၍ ပြဆိုသောကြောင့်လည်းကောင်းတည်း။ ပုရေဘတ္တံမှာလည်း မူလပညတ်သာ ဖြစ်သည်၊ (၎င်း ပါဠိတော ၁၃၂ ရှုပါ)။ အနုပညတ် မဟုတ်ပါ၊ ကမာဒလေခ ပါဌ်ပိုဖြစ်သည်။ အညတြ သမာယာ၌ ဝတ္ထုကြောင်းနှစ်မျိုးဖြင့် သမယနှစ်ပါးကို ထပ်၍ ပညတ်တော်မူသောကြောင့် အနုပညတ်နှစ်ပါး အကျုံးဝင်သွားသည်ဟု သိနိင်သည်။ ထို့ကြောင့် ပါဠိတော်နှင့်အညီ အနုပညတ်လေးပါးကို မှန်ကန်စွာ ရေတွက်ရသော်--- ၁။ သန္တံ ဘိက္ခုံ အနာပုစ္ဆာပညတ်၊ ၂။ ပစ္ဆာဘတ္တံပညတ်၊ ၃။ စီဝရဒါနသမယပညတ်၊ ၄။ စီဝရကာရ သမယ ပညတ်ဟု မှန်ကန်စွာ ရေတွက်ပါ။ ဟောတိ၊ ဖြစ်၏။
တတ္ထ၊ ထိုအနုပညတ်၌။ သမယောတိ၊ သမယာ ဟူသည်ကား။ ဒွေ၊ စီဝရဒါနသမယ စီဝရကာရသမယ အားဖြင့် နှစ်ပါးကုန်သော။ သမယာ၊ သမယတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
(အနာပတ္တိ ဘတ္တိယဃရံ ဂစ္ဆတိ၊ ပါဠိတော်၊) **ဘတ္တိယဃရန္တိ**၊ ကား။ နိမန္တိတဿ၊ ပင့်ဖိတ်အပ်သော ဒါယကာ၏။ ဃရံ ဝါ၊ အိမ်သည်လည်းကောင်း။ သလာကဘတ္တာဒိဒါယကာနံ၊ သလာကဘတ် အစရှိသည်ကို ပေးလှူမည့် ဒါယကာတို့၏။ ဃရံ ဝါ၊ အိမ်သည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။
**"သမုဋ္ဌာနဒီနိ ပဌမကထိနသဒိသာနိ၊ ဣဒံ ပန ကိရိယာကိရိယ"န္တိ**၊ ဟူ၍။ ပါဌော၊ အဋ္ဌကထာ ပါဌ်သည်။ အတ္ထိ၊ ရှိ၏။ "ဣဓ၊ ဤစာရိတ္တသိက္ခာပုဒ်၌။ နိပန္တနာ၊ ပင့်ဖိတ်ခြင်းသည်။ အကပ္ပိယနိမန္တနာ၊ မအပ်သော ပင့်ဖိတ်ခြင်းတည်း။" ဣတိ၊ ဤသို့။ ဧကေ၊ အချို့ဆရာတို့သည်။ ဝဒန္တိ၊ ဆိုကြကုန်၏။
ဂါထာ အနက်။ ။ဘိက္ခု၊ ရဟန်းသည်။ ပုရေဘတ္တဉ္စ၊ ဖိတ်ကြောင်းဖြစ်သော ဘတ်ကို မစားမီ ရှေ့၌လည်း။ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။ စရိတွာ၊ လှည့်လည်၍။ လဒ္ဓဘတ္တံ၊ ရအပ်ပြီးသော ဆွမ်းကို။ ယဒိ ဘုဉ္ဇတိ၊ အကယ်၍ စားမိအံ့။
ဧဝံ သတိ၊ ဤသို့ ဖြစ်လတ်သော်။ ပရမ္ပရာပတ္တိ၊ ပရမ္ပရဘောဇန ပါစိတ် အာပတ်သည်။ သိယာ၊ ဖြစ်ရာ၏။ ပစ္ဆာဘတ္တံ၊ ဖိတ်ကြောင်းဖြစ်သော ဘတ်ကို စားပြီး နောက်၌။ (ယဒိ ဘုဉ္ဇတိ၊ အကယ်၍ စားအံ့)။ သာ၊ ထိုပရမ္ပရဘောဇနပါစိတ်အာပတ်သည်။ န သိယာ၊ မဖြစ်ရာ။
ပစ္ဆာဘတ္တဉ္စ၊ နိမန္တနဘတ်ကို စားပြီးနောက်၌ပင်။ ဂမိကော၊ သွားသော ရဟန်းသည်။ ပုဗ္ဗဂေဟံ၊ ရှေ့အိမ်သို့။ ယဒိ ဂစ္ဆေ၊ အကယ်၍ သွားအံ့။
ဧဝံ သတိ၊ ဤသို့ ဖြစ်လတ်သော်။ ဧကေ၊ အချို့ဆရာတို့သည်။ အာပတ္တိယေဝ၊ အာပတ်သင့်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဝဒန္တိ၊ ဆိုကြကုန်၏။ ဧကစ္စေ၊ အချို့ကုန်သော ဆရာတို့သည်။ အနာပတ္တိ၊ အာပတ်မသင့်။ ဣတိ၊ ဤသို့။ ဝဒန္တိ၊ ဆိုကြလေကုန်၏။
ဟိ၊ ချဲ့ဦးအံ့။ ဣဓ၊ ဤစာရိတ္တသိက္ခာပုဒ်၌။ အာပတ္တိမတယော၊ အာပတ်သင့်၏ ဟု အယူရှိကုန်သော။ ယေ အပရေ၊ အကြင်တစ်ပါးကုန်သော ဆရာတို့သည်။ သန္တိ၊ ရှိကုန်၏။
တေ၊ ထိုတစ်ပါးကုန်သော ဆရာတို့သည်။ သမာနဘတ္တပစ္စသာ၊ တူညီသော ဆွမ်း၌ဖြစ်သော အာသာသည်။သမာနဘတ္တပစ္စာသာ ။ ။ တူသော ဆွမ်းအာသာဟူရာ၌ အမျိုးအိမ် တစ်ပါးသို့ သွားသော ရဟန်း ၏ အခြားဖော် ရဟန်းတို့နှင့် တူညီစွာပင် "ဘောဇဉ်ငါးပါး တစ်ပါးပါးဖြင့် ပင့်ဖိတ်မှုကို လက်ခံသာယာခြင်း" ဟူသော အာပတ်သင့်နိုင်းကြောင်း အင်္ဂါရပ်တိုင်အောင် ယူသည်ဟု ကြံပါ။ အိမ်တစ်ပါးသို့ သွားရာ၌လည်း အဖော်ရဟန်းတို့ကို မပန်ပြောဘဲ သွားသည်ဟု ယူပါ။
ဝန်ခံချက် ။ ။ ဤဂါထာ အဆုံးအဖြတ်ဆိုင်ရာတို့၌ အဖွင့်မရှိ၍ ဝဒန္တပုဂ္ဂိုလ်၏ အလိုတော်ကို မမှန်းဆနိုင်ပါ။ သင့်နိုးအံ့ထင်သော အဓိပ္ပာယ်ကို အနက်ဖြစ်ရုံမျှ သမ္ဗန်လိုက်ပါသည်။ ဤထက် ကောင်းမွန်ယုတ္တိရသော အနက်ဓိပ္ပာယ်အမှန်ကို ကြံဆနိုင်က ကြံကြပါလေ။
ဟုတွာ၊ ဖြစ်၍။ ဝါ၊ ဖြစ်ခြင်းကြောင့်။ ကုလန္တရဿ၊ အမျိုးအိမ် တစ်ပါးသို့။ ဩက္ကမနေ၊ သက်ရောက်ခြင်း၌။ အာပတ္တိ၊ အာပတ်သည်။ ဟောတိ၊ ဖြစ်၏။ ဣတိ ကတွာ၊ ဤသို့ ပြု၍။ အာဟု၊ ဆိုကြကုန်၏။
နံ၊ ထိုရဟန်းကို။ နိမန္တနေ၊ ပင့်ဖိတ်ရာ၌။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဂဏိကဘတ္တေန၊ လေးပါးစသော အပေါင်းဂိုဏ်း၏ ဥစ္စာဖြစ်သော ဘတ်ဖြင့်။ သမေန္တိ၊ (သံ+ဣ+အ+အန္တိ) ကြွသွားကုန်၏ ဟူ၍။ မတာ၊ သိအပ်ကုန်၏။
ဧကေ၊ အချို့ဆရာတို့သည်။ တဒါ၊ ထိုအခါ၌။ ဝိသဇ္ဇနံ (ဘတ္တဝိဿဂ္ဂေါ)၊ ဆွမ်းစားခြင်းသည်။ အာပတ္တိယာ၊ ပါစိတ်အာပတ်အားဖြင့်။ သမာနံ၊ တူ၏။ ဣတိ၊ ဤသို့။ ဝဒန္တိ၊ ဆိုကြကုန်၏။ အပရေ၊ အခြားကုန်သော ဆရာတို့သည်။ အာပုစ္ဆိတဗ္ဗဿ၊ ပန်ပြောထိုက်သော ရဟန်း၏။ သမ္မုခတာ၊ မျက်မှောက်၏ အဖြစ်သည်။ သန္တော၊ ထင်ရှား ရှိ သည် မည်၏။ ဣတိ၊ ဤသို့။ ဝဒန္တိ၊ ဆိုကြကုန်၏။
သန္နိဋ္ဌာနတ္ထိကေဟေဝ၊ အဆုံးအဖြတ်ကို အလိုရှိကုန်သော ရဟန်းတို့သည်ပင်လျှင်။ ဝိစာရေတဗ္ဗဘေဒတော၊ စိစစ်စေထိုက်သော အပြားအားဖြင့်။
ပကာသိတံ၊ ထင်ရှားပြအပ်သော။ ဣဒံ သိက္ခာပဒံ၊ ဤသိက္ခာပုဒ်ကို။ ဝိညူ၊ ဝိနည်းကျွမ်းကျင် ပညာရှင်တို့သည်။ စာရိတ္တမိစ္စေဝ၊ စာရိတ္တသိက္ခာပုဒ် ဟူ၍ သာလျှင်။ ဝိဒူ၊ သိတော်မူကြကုန်၏။ ဝိဒူ ။ ။ အာချာတ်ပုဒ်တည်း။ ၎င်း၏ ကတ္တားမှာ နာမယောဂ မဟုဝုစ်ဖြစ်၍ ကြိယာ၌ အန္တိဝိဘတ်တည်း။ ဝိဒ- ဉာဏေ- သီးခြင်း၌၊ ဘူဝါဒိ အပစ္စည်းသက်၊ ထို အပစ္စည်းကို ချေ၊ အန္တိဝိဘတ် သက်၊ ကွစိဓာတုသုတ်ကြီးဖြင့် အန္တိဝိဘတ်ကို ဥုပြု၊ ဓာတွန် ဒ်ကို နောက် ဥုသို့ကပ်၊ ဝိဒူ ပြီး၏။ (ကစ်၊ဘာဋီ၊ဒု၊ ၃၈၀။)