Issues
Select Version
AI-汉译-Nissaya
简体中文
နိဿယ
မြန်မာဘာသာ
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

8. Uyyuttasenāsikkhāpadavaṇṇanā

Author: နိဿယ @ IAPT

**ဟတ္ထိအာဒီသု ဧကမေကန္တိ**၊ ကား။ ဟတ္ထိအာဒီသု ။ ။ စစ်အင်္ဂ်လေးပါး၌ အနိမ့်ဆုံးအားဖြင့် ဆင်တပ် တစ်ခု၏ ဆင်တစီး၌ ဆင်စီးလေးယောက်၊ ခြေတစ်ချောင်းစီက်ု စောင့်ရှောက်ရသော ယောင်္ကျားနှစ်ယောက်စီအားဖြင့် ရှစ်ယောက်၊ ပေါင်း တစ်ဆယ့်နှစ်ယောက်ပါရှိရ၏။ မြင်းတပ်၏ မြင်းတစ်ကောင်၌ မြင်းစီးသူ တစ်ယောက်၊ ခြေစောင့် နှစ်ယောက်၊ ပေါင်း သုံးယောက် ပါရှိရ၏။ ရထားတပ်၏ ရထားတစ်စီးစီ၌ ရထားမောင်းသူတစ်ယောက်၊ စစ်သားတစ်ယောက်၊ နားပန်းစွန့်စောင့် နှစ်ယောက်၊ ပေါင်း လေးယောက်ပါရ၏။ ခြေလျင်တပ်၏ အစုတစ်စုစီ၌ လက်နက်ပါ စစ်သား လေးယောက်ပါရ၏။ ဤသို့သဘောရှိသော စစ်တိုက်ရန် မြို့ရွာမှ ထွက်ခွါချီတက်လာသော စစ်တပ်ကို ကြည့်ရန်သွားပါက ပါစိတ်အာပတ် သင့်သည်။ ဤသို့မျှ စစ်အင်္ဂါမစုံဘဲ အယုတ်ဆုံးအားဖြင့် ဆင်တစ်စီး၌ ယောင်္ကျား တစ်ယောက်, မြင်းတစ်စီး၌ တစ်ယောက်, ရထားတစီး၌ တစ်ယောက်, ခြေလျင်၌ တစ်ယောက်မျှသာ ပါရှိသော စစ်အင်္ဂါလေးပါးတွင် တစ်ပါးပါးသော စစ်အင်္ဂါကိုမျှ ကြည့်ရှုရန်သွားမူ ဒုက္ကဋ်အာပတ် သင့်သေး၏။ (ပါစိတ်၊ဋ္ဌ၊၁၂၅။) အန္တမသော၊ အောက်ထစ်ဆုံးအားဖြင့်။ ဧကပုရိသာရုဠှဟတ္ထိမ္ပိ၊ တစ်ယောက်သော ယောင်္ကျားသာ စီးအပ်သော ဆင်ကိုသော်လည်းကောင်း။ ဧကံ၊ တစ်ယောက်သာဖြစ်သော။ သရဟတ္ထံ၊ လက်၌ မြားရှိသော။ ပုရိသမ္ပိ၊ ယောင်္ကျားကိုသော်လည်းကောင်း။ (ဣတိ၊ ဤသို့။ ဧကမေကံ၊ တစ်ပါးတစ်ပါးသော စစ်အင်္ဂါကို။ ဒဿနာယ၊ ကြည့်ရှုခြင်းငှာ။ ဂမနေ၊ သွားခြင်း၌။ ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။ ဒုက္ကဋံ၊ ဒုက္ကဋ်အာပတ်သည်။ ဟောတိ၊ ဖြစ်၏။ ဤသို့ အဓိပ္ပာယ်စပ်။)
**"သမုဋ္ဌာနာဒီနိ ဧဠကလောမ သဒိသာနိ၊ ဣဒံ ပန လောကဝဇ္ဇံ ၊ အကုသလစိတ္တံ၊ တိဝေဒန"** န္တိ၊ "သမုဋ္ဌာနာဒီနိ ။ပ။ တိဝေဒနံ" ဟူ၍။ ပါဌော၊ အဋ္ဌကထာပါဌ်သည်။ အတ္ထိ၊ ရှိ၏။