Issues
Select Version
နိဿယ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

7. Vikālabhojanasikkhāpadavaṇṇanā

Author: နိဿယ @ IAPT

ဇမ္ဗုဒီပဿ၊ ဇမ္ဗူဒိပ်ကျွန်း၏။ ကာလေန၊ အချိန်ကာလအားဖြင့်။ ပရိစ္ဆေဒေါ၊ ပိုင်းခြားခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ ဧဝံ၊ ဤသို့။ ဝဒန္တိ ကိရ၊ ဧကေ ဆရာတို့ ဆိုကုန်သတဲ့။ ဧဝံ ကိရ ။ ။ ဤစကားကို အနှစ်သာရအားဖြင့် မယူထိုက်ပါ။ မှန်၏။ ဘုရားရှင်သည် အရုဏ်တက်ချိန်မှ စ၍ မွန်းတည်းချိန်ထိ အတွင်းကို "ကာလ" ဟုလည်းကောင်း၊ မွန်းလွဲချိန်မှ စ၍ အရုဏ်မတက်မီအချိန်ကို "ဝိကာလ" ဟု လည်းကောင်း သတ်မှတ်တော်မူခဲ့သည်။ ထိုအချိန် သတ်မှတ်ချက်သည် ဇမ္ဗူဒိပ်အပါအဝင် အရပ်ဒေသ အားလုံးနှင့် သက်ဆိုင်သည်။ ဆိုလိုသည်မာ- မည်သည့် ဒေသ၌ မဆို ထိုအရုဏ် တက်ချိန် မွန်းလွဲ ချိန် စသည် စံသတ်မှတ်တော်မူချက် အတိုင်းသာလျှင် ကာလဝိကာလ ကို မှတ်ယူရမည်ဖြစ်သည်။ အရုဏ်တက်ချန် နေဝင်ချိန် တို့သည် ကမ္ဘာတစ်ဝှမ်း တစ်နေရာနှင့် တစ်နေရာမတူ အမျိုမျိုးကွဲပြား လျက်ရှိရာ တိုင်းတစ်ပါး၏ ညအချိန်၌ ဇမ္ဗူဒိပ်တွင် နေ့မွန်းတည့်ချိန် မရောက်သေးဟု ဆိုကာ ညစာစားခွင့်ရမည် မဟုတ်။ တိုင်းတစ်ပါး၏ နံနက်အချိန်၌ ဇမ္ဗူဒိပ်တွင် ညအချိန် ရောက်နေပြီဟု ဆိုကာ အစာ အစားဘဲ ငတ်ခံနေရမည် မဟုတ်ပါ။ ရောက်ရာဒေသ၌ ဘုရားရှင်၏ အချိန်သတ်မှတ်ချက်အတိုင်းသာ ကျင့်သုံးနေထိုင်ရမည် ဖြစ်သည်။ ဇမ္ဗူဒိပ်အချိန်အတိုင်း ပုံသေသွားရမည် မဟုတ်။ ယောနယ်မှ ဂျပန် သာသနာပြု ဆရာတော်ကြီး ဦးဝေပုလ္လသည် ကမ္ဘာ့နိုင်ငံတစ်ခုသို့ ရောက်ရှိ နေပြီး ဆွမ်းဘုဉ်းပေးနေသည်၊ အချန်လွန်ခါနီးပြီဟု ကုက္ကုစ္စရှိ၍ ဆက်လက်ဆွမ်းမဘုဉ်းပေးတော့ဘဲ ရပ်တော်မူသည်။ အနီးမှ ဒကာများက မြန်မာစံတော်ချိန်နှင့်ဆို အများကြီးလိုသေးတဲ့အတွက် ဘုဉ်းပေးပါဦး ဘုရားဟု လျှောက်ထားကြရာ ဆရာတော်ကြီးက "ဝိနည်းကို လှည့်စားလို့ မရပါဘူး" ဟု အမိန့်ရှိတော်မူသည်။