ဘိက္ခုနိယာ၊ ၌။
ကာယသံသဂ္ဂရာဂေန၊ ကာယသံသဂ္ဂရာဂဖြင့်။
ဖုဋ္ဌဿ၊ တွေ့ထိအပ်သော ရဟန်းအား။
ကာယသံသဂ္ဂသံဃာဒိသေသာပတ္တိဘာဝေ၊ ကာယသံသဂ္ဂသံဃာဒိသိသ်အာပတ်၏ အဖြစ်သည်။
သမာနေပိ၊ ဖြစ်ပါသော်လည်း။
ဟသာဓိပ္ပါယေန၊ ရယ်မြူးလိုသဖြင့်။
ဘိက္ခုနိယာပိ၊ ရဟန်းမ၌သော်လည်းကောင်း။
အနုပသမ္ပန္နေပိ၊ လူ သာမဏေရှိသော်လည်းကောင်း။
ဖုသတော၊ တွေ့ထိသော ရဟန်းအား။
ဒုက္ကဋံ၊ ဒုက္ကဋ်အာပတ်သည်။
ဟောတိ၊ ဖြစ်၏။
ဥပသမ္ပန္နေ ဧဝ၊ လိင်တူ ရဟန်းတော်၌သာလျှင်။
ပါစိတ္တိယံ၊ ပါစိတ်အာပတ်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိ ဧဝံ၊ ဤသို့။
ပုဂ္ဂလာပေက္ခံ၊ ပုဂ္ဂိုလ်ကို ငဲ့ခြင်းကို။
ဒဿေတုံ၊ ပြခြင်းငှာ။
**"အင်္ဂုလိပတောဒကေ ပါစိတ္တိယ"** န္တိ၊ ဟူ၍။
ဝုတ္တံ၊ (ကာရကပုဂ္ဂိုလ် မညွှန်းဘဲ) ဟောတော်မူအပ်ပြီ။
**သတိ ကရဏီယေတိ** ဧတ္ထ၊ သတိ ကရဏီယေဟူသော ဤပါဌ်၌။
သတိ ကရဏီယေ ။ ။ အနာပတ္တိပါဠိတော်၌ "ကိစ္စရှိ၍ ထိကိုင်လျှင် အာပတ်မသင့်" ဟူသော စကားတော်သည် ထိကိုင်သော ရဟန်းနှင့် လိင်တူသော အထီးသတ္တဝါများကို ရည်ညွှန်း၍ ဆိုခြင်းဖြစ်သည်။ မိန်းမ (အမ) ကိုကား ပြုဖွယ်ကိစ္စ ကြုံလျှင်သော်လည်း မကိုင်ကောင်း၊ ကိုင်လျှင် အနာမာသဒုက္ကဋ်အာပတ် သင့်သည်။
ပုရိသံ၊ ယောင်္ကျားကို။
ကရဏီယေ၊ ပြုဖွယ်ကိစ္စသည်။
သတိ၊ ရှိလတ်သော်။
အာမသတော၊ သုံးသပ်သော ရဟန်းအား။
အနာပတ္တိ၊ အာပတ်မသင့်။
ဣတိ၊ ဤသည်ကား။
အဓိပ္ပါယော၊ အဓိပ္ပာယ်တည်း။
ဣတ္ထိံ၊ မိန်းမကို။
ကရဏီယေ၊ ပြုဖွယ်ကိစ္စသည်။
သတိပိ၊ ရှိပါသော်လည်း။
အာမသိတုံ၊ သုံးသပ်ခြင်းငှာ။
န ဝဋ္ဋတိ၊ မအပ်။
(ဋီကာသစ်နည်း။)
(တစ်နည်း- ဣတ္ထိံ၊ မိန်းမကို။
န၊ မဟုတ်။
ဟု အလွယ်သော်လည်း ပေးနိုင်သည်)။