Issues
Select Version
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

Pārājikakaṇḍaṃ

Author: နိဿယ @ IAPT

**အဘိလာပမတ္တမေဝါ** တိ ဧတ္ထ၊ အဘိလာပမတ္တမေဝ ဟူသော ဤပါဌ်၌။ ဒဟရဝသေန၊ သီတင်းငယ်၏ အစွမ်းအားဖြင့်။ "ဘန္တေ" တိစ၊ "ဘန္တေ" ဟူ၍လည်းကောင်း။ ဝုဍ္ဎဝသေန၊ သီးတင်းကြီး၏ အစွမ်းအားဖြင့်။ "အာဝုသော" တိ စ၊ "အာဝုသော" ဟူ၍ လည်းကောင်း။ တတ္ထ၊ ထိုဘိက္ခုပါတိမောက်၌။ ဒုဝိဓော၊ နှစ်ပါးအပြားရှိသော။ အဘိလာပေါ၊ အခေါ်အဝေါ်သည်။ ဟောတိ၊ ဖြစ်၏။ ဣဓ ပန၊ ဤဘိက္ခုနီပါတိမောက်၌ကား။ ဝုဍ္ဎဒဟရာနံ၊ သီတင်းကြီး သီးတင်းငယ်တို့၏။ "အယျာ" တိ၊ "အယျာ" ဟူ၍။ ဧကမေဝ၊ တစ်ခုတည်းသာလျှင်ဖြစ်သော။ အဘိလာပေါ၊ အခေါ်အဝေါ်သည်။ ဟောတိ၊ ဖြစ်၏။
**ကာယသံသဂ္ဂေ ဝုတ္တနယေနာ** တိ ဧတ္ထ၊ ၌။ တဗ္ဗဟုလနယေန၊ တဗ္ဗဟုလနည်းဖြင့်။ ကိရိယသမုဋ္ဌာနတာ၊ ကိရိယသမုဋ္ဌာန်၏ အဖြစ်ကို။ ဝုတ္တာ၊ ဆိုအပ်ပြီ။ ပန၊ စင်စစ်သော်ကား။ "ကာယသံသဂ္ဂံ သမာပဇ္ဇေယျော" တိ၊ ဟူ၍။ အဝတွာ၊ မဟောမိန့်မူ၍။ "သာဒိယေယျာ" တိ၊ ဟူ၍။ ဝုတ္တတ္တာ၊ ဟောတော်မူအပ်သည်၏ အဖြစ်ကြောင်း။ အကိရိယတောပိ၊ အကိရိယအားဖြင့်လည်း။ သမုဋ္ဌာတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။
ဧတ္ထ ယထာ စ၊ ဤ ဥဗ္ဘဇာဏု မဏ္ဍလိကာသိက္ခာပုဒ် ကဲ့သို့။ ဧဝံ တထာ၊ ဤအတူ။ ဟေဋ္ဌာ၊ အောက်ဖြစ်သော ပဌမပါရာဇိကသိက္ခာပုဒ်၌။ "မနုဿိတ္ထိယာ တယော မဂ္ဂေ မေထုနံ ဓမ္မံ ပဋိသေဝန္တဿ အာပတ္တိ ပါရာဇိကဿာ" တိ အာဒိနာ၊ "မနုဿိတ္ထိယာ ။ပ။ ပါရာဇိကဿ" အစရှိသော။ ဝိ၊၁။၃၅။ နယေန၊ နည်းအားဖြင့်။ ကိရိယသမုဋ္ဌာနတံ၊ ကိရိယသမုဋ္ဌာန်၏အဖြစ်ကို။ ဝတွာ၊ ဟောကြားတော်မူ၍။ တဒနန္တရံ၊ ထိုစကား၏ အခြားမဲ့၌။ "ဘိက္ခုပစ္စတ္ထိကာ မနုဿိတ္ထိံ ဘိက္ခုဿ သန္တိကံ အာနေတွာ ဝစ္စမဂ္ဂေန အင်္ဂဇာတံ အဘိနိသီဒေန္တိ၊ သော စေ ပဝေသနံ သာဒိယတီ" တိ အာဒိနာ၊ "ဘိက္ခုပစ္စတ္ထိကာ ။ပ။ သာဒိယတိ" အစရှိသော။ နယေန၊ နည်းအားဖြင့်။ အကိရိယ သမုဋ္ဌာနဿပိ၊ အကိိရိယသမုဋ္ဌာန်ကိုလည်း။ ဝုတ္တတ္တာ၊ ဟောတော်မူသည်၏ အဖြစ်ကြောင့်။ ပဌမပါရာဇိကာယပိ၊ ပဌမပါရာဇိကအာပတ်၏လည်း။ တဗ္ဗဟုလနယေနေဝ၊ တဗ္ဗဟုလနည်းဖြင့်သာလျှင်။တဗ္ဗဟုလနယ။ ။ ဥဗ္ဘဇာဏုမဏ္ဍလိကာသိက္ခာပုဒ်သည် တဗ္ဗဟုလနည်းအားဖြင့် ဖြစ်သော ကိရိယသမုဋ္ဌာန် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်- သာဒိယေယျအသုံးဖြင့် အကိရိယဖြစ်ပုံကိုလည်းဟောတော်မူသောကြောင့်တည်း။ ပဌမပါရာဇိကသိက္ခာပုဒ်သည်လည်း တဗ္ဗဟုလနည်းအားဖြင့် ဖြစ်သော ကိရိယသမုဋ္ဌာန် ဖြစ်သည်။ အကြောင်းကား- ပါရာဇိကဏ်-၃၅ ၌ 'မေထုနံ ဓမ္မံ ပဋိဿေဝန္တ" စသည်ဖြင့် ကိရိယ ဖြစ်ပုံကို ဟောပြီးနောက် 'ပဝေသနံ သာဒိယတိ' စသည်ဖြင့် အကိရိယဖြစ်ပုံကိုလည်း ဟောတော်မူသောကြောင့်တည်း။
သို့သော် ပဌမပါရာဇိကဝတ္ထု၌ ကိရိယကို ပုံသေသတ်မှတ်ယူရန်ကား မသင့်ပေ။ အဘယ့်ကြောင့်ဆိုသော်- "မေထုန်မှီဝဲရာ၌ သွင်းသည့်အဆင့် သွင်းပြီးသည့်အဆင့် ရပ်တန့်သည့်အဆင့်တို့၌ မသာယာပါက ပါရာဇိက အာပတ်မသင့်သေး" ဟူသော ဟောကြားတော်မူချက် ရှိသည်။ ထိုတွင် ရပ်တန့်သည် အဆင့်၌ လှုပ်ရှားမှုကိရိယ အစုံ ရရှိနေသော်လည်း ပါရာဇိက အာပတ်မသင့်သေးသောကြောင့် ဖြစ်သည်။ မေထုန်ကို လက်ခံသာယာရာ၌ကား လှုပ်ရှားမှုကိရိယ မဖြစ်သော်လည်း အာပတ်သင့်ရကား ကိရိယအဆိုမှာ တဗ္ဗဟုလနည်းအားဖြင့် ဆိုသည်ဟု ယူရမည်ဖြစ်သည်။
ကိရိယ သမုဋ္ဌာနတာ၊ ကိရိယသမုဋ္ဌာန်၏ အဖြစ်ကို။ ဝေဒိတဗ္ဗာ၊ သိထိုက်၏။
ဟိ၊ မှန်၏။ ပဝေသနသာဒိယနာဒိမှိ၊ ပဝေသေန သာဒိယနအစရှိသည်၌။ ကိရိယသမုဋ္ဌာနတာ၊ ကိရိယ သမုဋ္ဌာန်၏ အဖြစ်သည်။ ဝါ၊ ကို။ န ဒိဿတိ၊ မထင်။ ဝါ၊ မတွေ့မြင်အပ်။
ဧတ္ထ၊ ဤပဌမပါရာဇိကဝတ္ထု၌။ အင်္ဂဇာတစလနဉ္စ၊ အင်္ဂါဇာတ်လှုပ်ခြင်း ဟူသော ကိရိယသမုဋ္ဌာန်ကိုလည်း။ သာရတော၊ အနှစ်အားဖြင့်။ န ဒဋ္ဌဗ္ဗံ၊ မမှတ်အပ်။ ကသ္မာ၊ အဘယ့်ကြောင့်နည်း။ "သော စေ ပဝေသနံ န သာဒိယတိ၊ ပဝိဋ္ဌံန သာဒိယတိ၊ ဌိတံ န သာဒိယတိ၊ ဥဒ္ဓရဏံ သာဒိယတိ၊ အာပတ္တိ ပါရာဇိကဿာ" တိ ဧတ္ထ၊ "သော စေ ။ပ။ ပါရာဇိကဿ" ဟူသော ဤပါဌ်၌။ ဝိ၊၁။၃၆။ ဌိတနသာဒိယနေ၊ ရပ်တန့်နေသည်ကို မသာယာခြင်း၌။ ပကတိယာပိ၊ ပင်ကိုအားဖြင့်လည်း။ ပရိပုဏ္ဏစလနတ္တာ၊ ပြည့်သော လှုပ်ခြင်း ကိစ္စရှိသည်၏ အဖြစ်ကြောင့်တည်း။
ဧတ္ထ၊ ဤပဌမပါရာဇိကဝတ္ထု၌။ အာဒိယနပစ္စယာ၊ သာယာခြင်းဟူသော အကြောင်းကြောင့်။ ပဋိသေဝနစလနဉ္စ၊ မှီဝဲကြောင်း လှုပ်ရှားခြင်းကိုလည်း။ (မှီဝဲစဉ် လှုပ်ခြင်းဟူလည်း ပေးသည်။) န ဒိဿတေဝ၊ မတွေ့မြင်အပ်သည်သာလျှင်တည်း။ ဣတိ တသ္မာ၊ ထို့ကြောင့်။ တဗ္ဗဟုလနယေနေဝ၊ တဗ္ဗဟုလနည်း (ယေဘုယျနည်း) အားဖြင့်သာလျှင်။ ကိရိယ သမုဋ္ဌာနတာ၊ ကိရိယသမုဋ္ဌာန်၏ အဖြစ်ကို။ ဂဟေတဗ္ဗာ၊ ယူထိုက်၏။
အပိ စ (အပရော နယော)၊ တစ်ပါးသော နည်းကို။ အခြားနည်း။ ။ ဤနည်းကို ပြဆိုရာ၌ ယခုဋီကာပါဌ်တို့၌ ဘိက္ခုနိယာ ပဌမ ပါရာဇိကေပိ 'တဿ သာဒိယနဿ' ဟု ရှိနေသည်။ ထိုသာဒိယနပါဌ်သည် ကိရိယကို ပြဆိုသော စကားမဟုန်၊ အကိရိယကိုသာ ပြဆိုသော အသုံးအနှုန်းစကား ဖြစ်သည်။ ရှေ့၌ ဆိုခဲ့သော "သာဒိယတီတိအာဒိနာ နယေန အကိရိယသမုဋ္ဌာနဿပိ ဝုတ္တတ္တာ" စကားကို သတိပြုပါ။ ဤသို့ အကိရိယပြ သာဒိယနကို အတည်ယူခဲ့ပါလျှင် နောက်စကားများနှင် ဆန့်ကျင်မည် ဖြစ်သည်၊ ဆန့်ကျင် မကျင်ကိုအသာထား ထိုသာဒိယန စကားသက်သက် အသုံးကပင် မှားယွင်းလျက်ရှိသည်။ ဘိက္ခုနီပဌမပါရာဇိက၌ သာဒိယန အသုံးဟူ၍ တစ်လုံးမျှ မပါ။ ကိရိယဖြစ်ကြောင်းကို ပြဆိုသော "ယာ ပန ဘိက္ခုနီ ဆန္ဒသော မေထုနံ ဝမ္မံ ပဋိသေဝေယျ၊ အန္တမသော တိရစ္ဆာနဂတေနပိ၊ ပါရာဇိကာ ဟောတိအသံဝါသာ" ဟူသော စကားရပ်သာ လာရှိသည်။ ထို့ကြောင့် ရှေ့နောက်စကား ဆီလျော်ညီညွတ်ရန် "တဿ ကိရိယသမုဋ္ဌာနဿ" ဟု အမှန်ပြင်၍ မှတ်ယူသင့်သည်။ ဤကျမ်း၏ အမှီကျမ်းဖြစ်သော ဝဇိရဗုဒ္ဓိ- (၃၅၃)၌လည်း 'ယော ပန ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝေယျာ' တိ မာတိကာယံ ကိရိယသမုဋ္ဌာနဿ သရူပေန ဝုတ္တတ္တာ တဒနုရူပဝသေန ဝိဘင်္ဂနယမနော လောကေတွာ "ကိရိယသမုဋ္ဌာန" မိစ္စေဝ ဝုတ္တံ' ဟု မိန့်ဆို၍ "ကိရိယသမုဋ္ဌာနဿ" ဟုပင် သုံးတော်မူသည်။ ထို့ကြောင့် ဤ၌ လက်သည်းကွင်းပြဖြင့် "တဿ ကိရိယသမုဋ္ဌာနဿ" ဟု ထည့်သွင်း၍ ပြပါသည်။ မယာ၊ ငါသည်။ ဝုစ္စတေ၊ ဆိုအပ်၏။ ဝါ၊ ဆိုပေအံ့။ ဘိက္ခုနိယာ၊ ဘိက္ခုနီ၏။ ပဌမပါရာဇိကေပိ၊ ပဌမပါရာဇိက၌လည်း။ တဿ သာဒိယနဿ၊ ထိုသာယာခြင်းို။ ဝါ၊ (တဿကိရိယ သမုဋ္ဌာနဿ၊ ထိုကိရိယသမုဋ္ဌာန်ကို။ ဝဇီရ၊ ) သရူပေန၊ သရုပ်အားဖြင့်။ ဝုတ္တတ္တာ၊ ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့်။ တဒနုရူပဝသေန၊ ထိုမာတိကာပါဠိ အားလျော်သည်၏ အစွမ်းအားဖြင့်။ ဝိဘင်္ဂနယံ၊ ဝိဘင်းနည်းကို။ အနော လောကေတွာ၊ မကြည့်တော်မူဘဲ။ 'ကိရိယသမုဋ္ဌာန'မိစ္စေဝ၊ "ကိရိယသမုဋ္ဌာန်" ဟူ၍ သာလျှင်။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
စ၊ ဆက်ဦးအံ့။ ဧတေသု၊ ဤဆိုခဲ့ပြီးသော သိက္ခာပုဒ်တို့၌။ တဗ္ဗဟုလနယေန၊ တဗ္ဗဟုလနည်းဖြင့်။ ကိရိယသမုဋ္ဌာနတော၊ ကိရိယ သမုဋ္ဌာန်၏ အဖြစ်ကို။ ဝုတ္တာ ယထာ၊ ဆိုအပ်သကံသို့။ တထာ၊ ထို့အတူ။ သုရာဒီနံ၊ သေရည် အစရှိသည်တို့ကို။ အကုသလေနေဝ၊ အကုသိုလ်ဖြင့်သာလျှင်။ ပါတဗ္ဗတာ၊ သောက်အပ်သည်၏ အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
ဣတရတာ၊ တစ်ပါးသော စိတ်ဖြင့်။ ပါတဗ္ဗတာ၊ သည်။ န ဟောတိ၊ မဖြစ်။ (မူရင်း ဝဇိရဗုဒ္ဓိ၌ န ပဋိသေဓ ပါသည်။) "ယံ၊ အကြင်အာပတ်သို့။ အကုသလေနေဝ၊ အကုသိုလ်ဖြင့်သာလျှင်။ အာပဇ္ဇတိ၊ သင့်ရောက်၏။ အယံ၊ ဤအာပတ်သည်။ လောကဝဇ္ဇာ၊ လောကဝဇ္ဇ မည်၏။ သေသာ၊ ကြွင်းသောအာပတ်သည်။ ပဏ္ဏတ္တိဝဇ္ဇာ၊ ပဏ္ဏတ္တိဝဇ္ဇမည်၏။" ဣတိ၊ ဤသို့။ ဝုတ္တေ၊ ဆိုအပ်သော။ လောကဝဇ္ဇ ပဏ္ဏတ္တိဝဇ္ဇာနံ၊ လောကဝဇ္ဇ ပဏ္ဏတ္တိဝဇ္ဇအာပတ်တို့အား။ နိယမလက္ခဏသိဒ္ဓိ၊ မြဲသော အမှတ်လက္ခဏာဖြင့် ပြီးသည်။ ဟောတိ၊ ဖြစ်၏။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ တံ၊ ထိုဝဇ္ဇအထူးကို။ အဝတွာ၊ မဆိုမူ၍။ "ယဿာ သစိတ္တကပက္ခေ စိတ္တံ အကုသလမေဝ ဟောတိ၊ အယံ လောကဝဇ္ဇာ၊ သေသာ ပဏ္ဏတ္တိဝဇ္ဇာ" တိ၊ "ယဿာ ။ပ။ ပဏ္ဏတ္တိဝဇ္ဇာ" ဟူ၍။ ဝုတ္တေ၊ ဆိုအပ်သော်။ လောကဝဇ္ဇဝနံ၊ လောကဝဇ္ဇစကားသည်။ နိရတ္တကံ၊ အကျိုးမရှိသည်။ သိယာ၊ ဖြစ်ရာ၏။ ကသ္မာ၊ အဘယ့်ကြောင့်နည်း။ ဝတ္ထုအဇာနနပက္ခေပိ၊ ဝတ္ထုကို မသိသော အဖို့၌လည်း။ အကုသလေနေဝ၊ အကုသိုလ်ဖြင့် သာလျှင်။ ပါတဗ္ဗတ္တာ၊ သောက်အပ်သည်၏ အဖြစ်ကြောင့်တည်း။
ယသ္မာ၊ အကြင်ကြောင့်။ တတ္ထ၊ ထိုဝတ္ထုကို မသိရာ၌။ သုရာပါနဝီတိက္ကမဿ၊ သေသောက်မှုဟူသော လွန်ကျူးခြင်း၏။ အကုသလ စိတ္တုပ္ပါဒေါ၊ အကုသိုလ်စိတ်ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ **ခန္ဓကဋ္ဌကထာယံ**၊ ခန္ဓကအဋ္ဌကထာ၌။ "ပန၊ အထူးကား။ မဇ္ဇပါနေ၊ သေရည်ကို သောက်ခြင်း၌။ အဇာနိတွာပိ၊ မသိမူ၍လည်း။ ဗီဇတော၊ မျိုးစေ့မှ။ ပဋ္ဌာယ၊ စ၍။ မဇ္ဇံ၊ သေရည်ကို။ ပိဝန္တဿ၊ သောက်သော။ ဘိက္ခုနော၊ ရဟန်းအား။ ပါစိတ္တိယံ၊ ပါစိတ်အာပတ်သည်။ ဟောတိ၊ ဖြစ်၏။
သာမဏေရော၊ သာမဏေသည်။ ဇာနိတွာဝ၊ သိ၍သာလျှင်။ ပိဝန္တော၊ သောက်လတ်သော်။ သီလဘေဒံ၊ သီလ၏ ပျက်စီးခြင်းသို့။ အာပဇ္ဇတိ၊ ရောက်၏။ အဇာနိတွာ၊ မသိမူ၍။ ပိဝန္တော၊ သော်လတ်သော်။ သီလဘေဒံ၊ သီလ၏ ပျက်စီးခြင်းသို့။ န အာပဇ္ဇတိ၊ မရောက်။" ဣတိ၊ ဤသို့။ဝိ၊ဋ္ဌ၊၃။၂၉၆။
အရက်မှန်း မသိဘဲ သောက်လျှင် အကုသိုလ်ဖြစ် မဖြစ်။ ။ ဤပြဿနာသည် ရှေးကစ၍ ယခုတိုင် ရှိနေသေးသော ပြဿနာဖြစ်သည်။ ဤဋီကာသည် အကုသိုလ်မဖြစ်သည့်ဘက်၌ ရပ်တည်လိုသည့် သဘောရှိသည်။ ဤ၌ ဋီကာကျမ်းနှစ်စောင်၏ ဝါဒကို သုတေသီများ လေ့လာနိုင်ရန်နှင့် အဓိပ္ပာယ်ရှင်းလင်းစွာ သိနိုင်ရန် လိုရင်းကို ထုတ်၍ စကားပြောဟန်ဖြင့် ဖော်ပြလိုက်ပါသည်၊ ပါဠိနှင့် တွဲဖက်၍ ဖြစ်စေ လေ့လာနိုင်ပါသည်။
"အရက်မှန်း မသိဘဲ သောက်လျှင် အကုသိုလ် မဖြစ်"
သာရတ္ထ အဆို။ ။'ယဿ သစိတ္တကပက္ခေ စိတ္တံ အကုသလမေဝ ဟောတိ၊ တံ လောကဝဇ္ဇံ နာမ'လို့ ဖွင့်ဆိုတဲ့ အဋ္ဌကထာစကားရပ်မှာ သစိတ္တကပက္ခေဆိုတာ အစိတ္တကကို ရည်ညွှန်းတာပါ။ သစိတ္တကအတွက် ဝိသေသနလုပ်လို့ ဘာအကျိုးမှ မရှိပါဘူး၊ ဝတ္ထုကိုသိပြီး လွန်ကျူးတာ "သစိတ္တက"ပါ၊ ဒီစကားနဲ့ ဝတ္ထုမသိဘဲ လွန်ကျူးတဲ့ အစိတ္တကအဖို့မှာ အကုသိုလ်မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်ကို ပြပါတယ်။ တကယ်လို့ အစိတ္တကသိက္ခာပုဒ်ရဲ့ အစိတ္တကအဖို့မှာ" အကုသိုလ် ဖြစ်တယ်" ဆိုရင် "သစိတ္တကပက္ခေ"ဆိုတဲ့ ဝိသေသနစကားဟာ ဘာအကျိုးမှ ရှိမှာ မဟုတ်ပါဘူး။စူဠဂဏ္ဌိ မဇ္ဈျမဂဏ္ဌိတို့မှာတော့- ဒီသတ္တဝါကို သတ်မယ်ဆိုပြီး ဟိုသတ္တဝါကို သတ်ရင် သတ္တဝါဆိုတဲ့သဘောချင်း အတူတူဖြစ်လို့ ပါဏာတိပါတ ဖြစ်တယ်။ အလားတူဘဲ ဒီအရက်သောက်မယ်ဆိုပြီး ဟိုအရက်ကို သောက်ရင်လဲ အရက်ဆိုတဲ့ သဘောချင်း အတူတူဖြစ်လို့ အကုသိုလ်ဖြစ်ပါတယ်။ ဒါပေမဲ့ ထင်းအမှတ်နဲ့ မြွေကိုသတ်ရင် အကုသိုလ် မဖြစ်သလို အုန်းရည်အမှတ်နဲ့ အရက်သောက်ရင်လဲ အကုသိုလ်မဖြစ်ဘူးလို့ မိန့်ကြပါတယ်။ ကေစိဆရာတို့ရဲ့ "အရက်ကို မသိဘဲ သောက်ရင် အကုသိုလ်ဖြစ်သေးတယ် "ဆိုတဲ့ စကားဟာ သူတို့ရဲ့အယူအဆ သက်သက်ပါဘဲ၊ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓကအဋ္ဌကထာမှာ "ကိုရင်တွေဟာ အရက်မှန်းသိပြီး သောက်မှသာ သီလပျက်တယ်၊ မသိရင်မပျက်ဘူး" လို့မိန့်ထားလို့ပါ။ "မသိရင် အကုသိုလ်ဖြစ်တယ်" လို့မှ မိန့်ဆိုမထားဘဲကိုး။ နောက်တစ်ခု ပြောကြတာ ရှိသေးတယ်၊ "ကမ္မပထမြောက်တဲ့ အကုသိုလ်စိတ်နဲ့ဘဲ သောက်ရမှာ ဖြစ်လို့ မသိဘဲ သောက်တဲ့ သောတပန်ပုဂ္ဂိုလ်ရဲ့ခံတွင်းကို အရက်မဝင်တာ" ဆိုပြီးတော့ပြောတယ်။ ဒီစကားဟာလဲ မသင့်ပါဘူး၊ အမှန်တော့ အရိယာတွေရဲ့ ဓမ္မတာကြောင့် မဝင်ရတာပါ။
ဒါဆိုရင် သုရာပါနသိက္ခာပုဒ်မှာ ဝတ္ထုကို မသိရင် "အစိတ္တက"၊ အကုသိုလ်စိတ်နဲ့ သောက်ရင် "လောကဝဇ္ဇ"လို့ ဘာကြောင့် မိန့်ရတာလဲ? မေးစရာရှိတယ်။ ဒါက အပြစ်မဟုတ်ပါဘူး၊ သူ့အဓိပ္ပါယ်က ဒီလိုပါ- သစိတ္တကအဖို့မှာ အကုသိုလ်စိတ်နဲ့ဘဲ သောက်ရလို့ လောကဝဇ္ဇ ဒီလိုပြောချင်တာပါ။ ဟုတ်ပါတယ်၊ ဒီအဓိပ္ပာယ်နှစ်မျိုးနဲ့ဘဲ အခြားလောကဝဇ္ဇ အစိတ္တကသိက္ခာပုဒ်တွေမှာ အကုသိုလ်စိတ်ကိုဘဲ ဆိုရတာပါ။ ဒါကြောင့် ဘိက္ခုနီဝိဘင်းအဋ္ဌကထာမှာ- ဂိရဂ္ဂ, သမဇ္ဇစတဲ့ ဒီသိက္ခာပုဒ် ဆယ်ပါးဟာ အစိတ္တက, လောကဝဇ္ဇ အကုသိုလ်စိတ်လို့ ပြောထားရ တာပေါ့။ သူ့ရဲ့ အဓိပ္ပါယ်က ဝတ္ထုကို သိတဲ့စိတ်နဲ့ ကင်းပြီးတော့လဲဘဲ အာပတ်သင့်နိုင်လို့ အစိတ္တက စိတ်ရှိနေရင် အကုသိုလ်စိတ်နဲ့ပဲ့ အာပတ်သင့်ရလို့ လောကဝဇ္ဇ အကုသိုလ်စိတ်- ဒီလိုပါ။ ဒါကြောင့် ဘိက္ခု ဘိက္ခုနီလာ အစိတ္တက သိက္ခာပုဒ် တစ်ဆဲ့သုံးပါးဟာ လောကဝဇ္ဇပါဆိုတာ ပြချင်လို့ သစိတ္တကပက္ခေလို့ ဝိသေသပြုရတာပါ။ ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်ရဲ့ ဝတ္ထုကို သိတဲ့ သစ္စတ္်တကအဖို့မှာ- ကုသိုလ်, အကုသိုလ်, အဗျာကတစိတ် သုံးမျိုးလုံး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သိက္ခာပုဒ်ရဲ့ သစိတ္တကအဖို့မှာ အကုသိုလ်ပဲ ဖြစ်တယ်လို့ သတ်မှတ်ချက် မရှိပါဘူ။ ဒါကြြောင့် ကျန်တာ ပဏ္ဏတ္တိဝဇ္ဇလို့ မိန့်တာပါ။
"အရက်မှန်း မသိဘဲ သောက်လျှင် အကုသိုလ်အဖြစ်"
ဝိပတိဋီကာ အဆို။ ။ ပါဏာတိပါတစတဲ့ သစိတ္တကသိက္ခာပုဒ်များနဲ့ သုရာပါနစတဲ့ အစိတ္တကသိက္ခာပုဒ်တွေရဲ့ လက္ခဏ တစ်မျိုးတည်းနဲ့ လောကဝဇ္ဇ ဖြစ်တယ်ဆိုတာ ပြချင်လို့ "ယဿ သစိတ္တကပက္ခေ ။ပ။ လောကဝဇ္ဇ နာမ"လို့ အဋ္ဌကထာ မိန့်ဆိုတာပါ။ ဒီစကားရပ်မှာ သစိတ္တကပက္ခေဆိုတာ အစိတ္တကသိက္ခာပုဒိကို ရည်ရွယ်ပြီး ဆိုသင့်ကာ မှန်ပေမဲ့ သစိတ္တကသိက္ခာပုဒ်များမှာလည်း ဝဓကစေတနာမပါဘဲ လမ်းလျှောက်ခြင်း စတာမျိုးတွေမှာ- လူတွေရဲ့ "သူ့အသက်သတ်တယ်ဆိုတဲ့ အပြောအဆိုဝေါဟာရတွေ ရှိနေလို့ အစိတ္တကအပိုင်းကို ကြံပြီး သစိတ္တကအစိတ္တကသိက္ခာပုဒ် နှစ်ခုလုံနဲ့ဆိုင်အောင် "သစိတ္တကပက္ခေ"လို့ မိန့်ရတာပါ။
ဒီလိုအဓိပ္ပာယ်မှ မကောက်ရင် ဒီစကားရပ်မှာ- သစိတ္တကသိက္ခာပုဒ်တွေရဲ့ ‌လောကဝဇ္ဇလက္ခဏာကို မဆိုရာ ရောက်သွားမှာပါ။ "သစိတ္တကမက္ခေ စိတ္တံ အကုသလမေဝ" ဆိုတဲ့ စကားရပ်မှာ "သစိတ္တကသိက္ခာပုဒ်တွေမှာ အကုသိုလ်စိတ်ပဲ့ ဖြစ်တယ်၊ အခြား အစိတ္တကအပိုင်းမှာ- အကုသိုလ် ပုံသေမဟုတ်ဘူး၊ ကုသိုလ် အကုသိုလ် အဗျာကတာစိတ် သင့်သလို ဖြစ်တယ်" ဆိုတဲ့ အဓိပ္ပာယ်ပါ။ တစ်နည်းအားဖြင့် ပြောရရင် ဒီအဋ္ဌကထာစကားရပ်မှာ 'သစိတ္တကပက္ခေယေဝ' ဆိုပြီး ‌ဧဝသဒ္ဒါနဲ့ အကုသိုလ်စိတ် ဖြစ်မှုကို ဆိုမိန့်ထားတာ မဟုတ်တဲ့အတွက် သုရာပါန စတာတွေရဲ့ အစိတ္တကအပိုင်းမှာ- အကုသိုလ်စိတ် မဖြစ်ပါဘူးလို့ တထစ်ချ ကန့်ကွက်ပြောဆိုလို့ မရနိုင်ပါဘူး။ တကယ်ပြောနိုင်တာက "သစိတ္တကအပိုင်းမှာ- အကုသိုလ်စိတ်ပဲ့ ဖြစ်တယ်၊ ကုသိုလ်စိတ် စတာတွေ မဖြစ်ဘူး၊" ဒီလောက်ပဲ့ ပြောလို့ရနိုင်တာပါ။ ဒီတော့ကာ အရက်ကို မသိဘဲသောက်တဲ့ ရဟန်းတွေမှာ အကုသိုလ်စိတ်နဲ့ သောက်တယ်၊ နံ့သာမှန်း မသိဘဲ လိမ်းတဲ့ ဘိက္ခုနီမှာ အကုသိုလ်စိတ် မပါဘဲလဲ လိမ်းနိုင်တယ်၊ အာပတ်သင့်မှုကိုလဲဘဲ ဖြစ်စေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပြီးစေတာပါဘဲ။
"သစိတ္တကပက္ခေ စိတ္တံ အကုသလမေဝ" လို့ မိန့်တာကြောင့် အစိတ္တက သိက္ခာပုဒ်ရဲ့ ဝတ္ထုကို မသိတဲ့ အစိတ္ထကအပိုင်းမှာ အကုသိုလ်စိတ်မဖြစ်ဘူးဆိုတာ သိနိုင်ပါတယ်ဆိုတဲ့ သာရတ္ထရဲ့ စကားဟာ အလွန်ဘဲ မသင့်ပါဘူး။ အစိတ္တက‌လောကဝဇ္ဇဖြစ်တဲ့ သိက္ခာပုဒ်တစ်ဆယ့် သုံးပါးထဲမှာ သုရာပါန သိက္ခာပုဒ်မှာသာလျှင် အစိတ္တကအပိုင်း သစိတ္တက အပိုင်းမှာပါ အကုသိုလ်စိတ် သတ်မှတ်ချက် ရှိပါတယ်။ ကျန် သိက္ခာပုဒ် တစ်ဆယ့်နှစ်ပါးမှာတော့ အကုသိုလ်စတဲ့ စိတ်တစ်မျိားမျိုးနဲ့လဲဘဲ အာပတ်သင့်တာဖြစ်လို့ အကုသိုလ်စိတ်သတ်မှတ်ချက် မရှိပါဘူး။ သစိတ္တကအပိုင်းမှာသာလျှင် အကုသိုလ် ဖြစ်ပါသည်။ ဒီလို ဘယ်ပညာရှင်ကမှလည်း အသိအမှတ်မပြု၊ သဒ္ဒါရေးဆိုင်ရာ ရှုထောင့်ကနေပြီး ကြည့်ပြန်တော့လဲ အဆင်မပြေတဲ့ "အကုသိုလ်မဖြစ်ဝါဒ" ကို မိစ္ဆာဝါဒလုပ်ပြီးပြချင်တော့ "အစိတ္တက သိက္ခာပုဒ်ရဲ့ အစိတ္တကအပိုင်းမှာလဲဘဲ အကုသိုလ် စိတ်သာ ဖြစ်တယ်ဆိုရင် သစိတ္တကပက္ခေဆိုတဲ့စကား အလကားဖြစ်သွားမှာပေါ့" ဆိုပြီး ပြောတော့တာပါဘဲ။
အဓိပ္ပါယ်အမှတ်က "သစိတ္တကအပိုင်းမှာ အကုသိုလ်စိတ်သာဖြစ်တယ်၊ အစိတ္တကအပိုင်းမှာတော့ ပုံသေမဟုတ်ဘူး၊ ကုသိုလ်, အကုသိုလ်, အဗျာကတ တစ်မျိုးမျိုးဖြစ်မယ်" လို့ ပြောချင်တာပါ။ ဒါကြောင့် "သစိတ္တကပ‌က္ခေ" ‌ဆိုတဲ့ ဝိသေသစကား အလကား ဖြစ်မသွားပါဘူး၊ အကျိုးရှိပါတယ်။ ကိုယ့်အယူအဆကို ခိုင်မာအောင် လုပ်ဖို့ 'ဂဏ္ဌိပုဒ် တွေမှာ' ဆိုတဲ့ စကားတွေနဲ့ ကိုးကားမိန့်ဆိုနေပါသည်။ ကိုးကားတဲ့ဂဏ္ဌိစကားတွေဟာလည်း အဋ္ဌကထာတွေနှင့် ဆန့်ကျင်နေတဲ့အတွက် အတည်မမှတ်သင့်တဲ့ စကားတွေပါ။ "သစိတ္တကအပိုင်းမှာ အကုသိုလ်စိတ်နှင့်သာ သောက်ရလို့ လောကဝဇ္ဇ ဖြစ်တယ် "ဆိုတဲ့ ကင်္ခါအဋ္ဌကထာ (၁၁၂) စကားဟာ မသင့်ပါဘူး။ ဘာကြောင့် မသင့်သလဲဆိုတော့၊ လောကဝဇ္ဇ သိက္ခာပုဒ်အားလုံးအတွက် ပါရာဇိကဏ်အဋ္ဌကထာ (၁၊၁၉၃။) မှာ "သစိတ္တကအပိုင်း၌ အကုသိုလ်စိတ်သာ ဖြစ်သည်" လို့ သာမန်ပဲ မိန့်ပါတယ်။ [ယခုအခါ၌ သာမန် မဟုတ်ပဲ အားလုံးတူညီနေကြ၍ လိင်မျှသာ အထူးရှိနေသည်]။ သုရာပါနသိက္ခာပုဒ်အဋ္ဌကထာအဖွင့် (ပါစိတ်၊ ဋ္ဌ၊ ၁၂၇) မှာလည်း "အကုသိုလ်စိတ်ဖြင့်သာလျှင် သောက်သောကြောင့်" ဆိုပြီး အစိတ္တက အပိုင်းမှာလည်းဘဲ အကုသိုလ်စိတ်ကို အထူးပြုပြီး မိန့်ဆိုထားပါသေးတယ်။
ဘိက္ခုနီဝိဘင်းအဋ္ဌကထာမှာ ဂိရဂ္ဂ, သမဇ္ဇစတဲ့ သိက္ခာပုဒ်တွေရဲ့ သစိတ္တကအပိုင်းမှာသာ လောကဝဇ္ဇ အကုသိုလ်စိတ်ကို အထူးပြုဆိုတာပါ။ သုရာပါနသိက္ခာပုဒ်ကျတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ သုရာပါနမှာကျတော့ သစိတ္တက, အစိတ္တက နှစ်ပါးဆိုင်အနေနှင့် "အကုသိုလ်စိတ်ဖြင့်သာ သောက်ရသောကြောင့်" လို့ မိန့်တာပါ။ "သစိတ္တကအဖို့၌" လို့ အထူးပြုမဆိုပါဘူး။ သုရာပါနသိက္ခာပုဒ်မှာ ဒီလိုသာမန်မိန့်တာဟာ သစိတ္တက အစိတ္တက နှစ်မျိုးလုံးနှင့် ဆိုင်ကယ်ဆိုတာ ပြချင်လို့ပါ။ ဒီသုရာပါနသိက္ခာပုဒ်မှာ 'စိတ္တေ သတိ' စိတ်ရှိရင်လို့ အထူးမဆိုဘဲ 'အကုသိုလ်စိတ်ဖြင့်သာ' လို့ သာမညမိန့်တဲ့အတွက် သစိတ္တကအစိတ္တကနှစ်ပိုင်းလုံးမှာ လောကဝဇ္ဇ အကုသိုလ်စိတ်ဖြစ်တယ်လို့ သိနိုင်ပါတယ်။ ဒါကြောင့် ခုဒ္ဒကအဋ္ဌကထာမှ အရက်သောက်ခြင်းဟာ 'ကိုယ်' သို့မဟုတ် 'ကိုယ်, စိတ်'အားဖြင့်ဖြစ်ကြောင့် နှစ်ပါးရှိတယ်လို့ မိန့်ပါတယ်။ ဒီမှာ ပဌမ 'ကိုယ်' လို့ ဖြစ်ကြောင်းကို တစ်ခုတည်း ဆိုထားပေမဲ့ ကိုယ်ဖြစ်တဲ့ အချိန်မှာ သောက်ကြောင်းစေတနာဟာ ဧကန်အကုသိုလ်သာ ဖြစ်လို့ အဲဒီအဋ္ဌကထာမှာ- 'ပဌမာဝေတ္ထ ပဉ္စ ဧကန္တ အကုသလစိတ္တသမုဋ္ဌာနတ္တာ ပါဏာတိပါတာဒီနံ ပကတိဝဇ္ဇတော (လောကဝဇ္ဇတော) ဝေရမဏိယော၊ သေသော ပဏ္ဏတ္တိဝဇ္ဇတော' လို့ ပါဏာတိပါတအစ သုရာအဆုံး ငါးပါးလုံးကို သာမညအနေနှင့် အကုသိုလ်စိတ် လောကဝဇ္ဇလို့ မိန့်ဆိုထားပါသေးတယ်။
သုရာရဲ့ အင်္ဂါလေးပါးကို ပြဆိုရာမှာ "အရက်မှန်း သိခြင်း" ဆိုတဲ့ အင်္ဂါထည့်ဆိုမထားပါဘူး။ အလားတူဘဲ အခြားသုတ္တန်နှင့် အဋ္ဌကထာကျမ်းတွေမှာလည်း မဆိုကြပါဘူး။ ဒါကြောင့် အကုသိုလ်ဖြစ်မှုဟာ သစိတ္တက, အစိတ္တက နှစ်ခုလုံးနှင့် အကျုံးဝင်ပါတယ်။ ကိုးကားထားတဲ့ ဂဏ္ဌိပုဒ်များမှာ- ပါဏာတိပါတနှင့် အားလုံးတူညီစွာထားပြီး ဥပမာပေးထားတာဟာ အလွန်ဘဲ မသင့်ပါဘူး။ သိက္ခာပုဒ်အလုံးစုံဟာ ပါဏာတိပါတစတဲ့ အကုသိုလ်နှင့် အချင်းချင်းတူညီတဲ့အနေနဲ့ သတ်မှတ်ချက် မရှိပါဘူး။ ပါဏာတိပါတကံဟာ ပရိယာယ်နှင့် ပြီးနိုင်ပေမဲ့ အဒိန္နာဒါန ကျတော့ အဲဒီလို မဟုတ်ပြန်ပါဘူး၊ စေခိုင်းမှုနှင့်လည်း ပြီနိင်ပါတယ်။ မေထုန်စတာတွေမှာတော့ စေခိုင်းမှုနှင့် မဖြစ်ပါဘူး။ ဒါကြောင့် ပယောဂအင်္ဂါရပ်စသည် ကံတွေကို ရောနှောပြီး အတူထားပြောတာဟာ မသင့်ပါဘူး။ "တထာ ပါဏာတိပါတသဒိသံ သုရာပါနံ" လို့ အဆိုမရှိတဲ့အတွက် မယူသင့်ပါဘူး။ သူတစ်ပါးအယူကို တားချင်ရင် သုတ္တန်, သုတ္တန် အလျော်စသည်တွေနှင့် ဆန့်ကျင်ပုံတွေ ထုတ်ဆောင်ပြိးတော့ တားမြစ် ရမှပါ။ ပယောဂ အင်္ဂါရပ် စသည် ကွဲပြားနေတဲ့ အခြားသိက္ခာပုဒ်တွေနှင့် တန်းတူထားပြီး တားရမှာ မဟုတ်ပါဘူး။
"အရက်မှန်းမသိဘဲ သောက်မိရင်လည်း အကုသိုလ်ဖြစ်တယ်"ဆိုတဲ့ အဆိုနှင့် ဆန့်ကျင်တဲ့ သုတ္တန်, ဝိနည်း- တစ်စုံတစ်ရာမှ မရှိပါဘူး။ အချို့က "မနောပုဗ္ဗင်္ဂမာ ဓမ္မာ" ကိုထောက်ပြီး ဝတ္ထုကို သိပြီး လွန်ကျူးမှသာလျှင် အကုသိုလ်ဖြစ်တယ်လို့ ဆိုကြသေးတယ်။ ဒီသာဓကက ဒီအဓိပ္ပာယ်မျိုး မပြပါဘူး။ ကုသိုလ် အကုသိုလ်တရားတွေ ဖြစ်ကြရာမှာခေါင်းဆောင်ဖြစ်တဲ့ တကွ ဖြစ်ဖက်စိတ်ကို မှီပြီးတော့သာ ဖြစ်ကြတယ်၊ ကင်းပြီး မဖြစ်ကြဘူး။ ဒီအဓိပ္ပာယ်ကို ပြတာပါ။
တစ်နည်း ပြောရရင်တော့ ဗာလပုထုဇဉ်တွေရဲ့ ခြောက်ဒွါရမှာ အကုသိုလ်စိတ် ဖြစ်တာက များများပါ၊ မိတ်ဆွေကောင်းစတဲ့ အမှီအကောင်းတွေကြောင့် ကုသိုလ်စိတ်ဖြစ်တာ နည်းပါးတယ်။ စကား‌မပြောတဲ့သူ အိပ်တဲ့ သူတွေမှာလည်း ကုသိုလ်, အကုသိုလ်ကင်းပြီး ဇောစောခြင်းမရှိတော့ ဥဒ္ဓစ္စစတဲ့ အကုသိုလ်ဇောများ ဖြစ်တတ်ပါတယ်။ ဖြစ်တဲ့အခါ အာရုံနှင့် ဝါသနာအားလျော်စွာ ဖြစ်ကြတာပါ၊ ရှေးတုန်းက သိတာ မသိတာနှင့် မဆိုင်ပါဘူး။ သိရခြင်း စတဲ့ အင်္ဂါနှင့် ပြည့်စုံရတဲ့ ပါဏာတိပါတစသည်တွေ သိခြင်းစတဲ့ အင်္ဂါတွေနဲ့ ကင်းပြီးတော့လဲဘဲ ဖြစ်တဲ့ သုရာပါနမိစ္ဆာဒိဋ္ဌိ စသည်တွေဟာ မြတ်စွာဘုရားကိုယ်တိုင်က အမှန်ကို သိမြင်ပြီး ဟောကြားခဲ့တာဘဲ၊ ဘယ်သုတ္တန် ဘယ်အဘိဓမ္မာနှင့် ဆန့်ကျင့်ရဦးမှာတုန်း၊ အဋ္ဌကထာမှာလည်း မိန့်ကြားထားလေတော့ ဒီအတိုင်းယူရုံ ဘဲပေါ့။
ဒါဆိုရင် "ကိုရင်ဟာ အရက်မှန်သိပြီး သောက်ရင် သီလပျက်တယ်၊ အရက်မှန်းမသိဘဲ သောက်ရင် သီလမပျက်ဘူး" လို့ဘာကြောင့် အဋ္ဌကထာမှာ ဆိုရတာလည်း မေးစရာရှိပါတယ်။ ဒါက အပြစ်မဟုတ်ပါဘူး၊ ဥက္ခိတ္တာနုဝတ္တကရဟန်း အစရှိသူတွေရဲ့ သီလပျက်ခြင်းမျိုးလိုပါဘဲ သီလပျက်ခြင်း မပျက်ခြင်းအရာဟာ ဘုရားရှင်ရဲ့ အာဏာနှင့်စပ်တာမျိုးဖြစ်လို့ပါ။ ချဲ့ပြောရရင် ဥက္ခိတ္တာနုဝတ္တကရဟန်း‌တွေအတွက် သမနုဘာသနကံအဆုံးမှာသာ သီလပျက်မှုကို သတ်မှတ်တော်မူတဲ့အတွက် သူတို့ အကုသိုလ်ဖြစ်ပေမဲ့ သီလမပျက်သေးပါဘူး။ ဒီအတူပါဘဲ ကိုရင်များရဲ့ သီလမှာလည်းဘဲ အရက်မှန်းသိပြီး သောက်မှသာ သီလပျက်တယ်၊ မသိဘဲသောက်ရင် သီလမပျက်ဘူးလိ့ဆိုတဲ့ သတ်မှတ်တော်မူချက်ကြောင့်ပါ။
မှတ်ပါတယ် ဝိနည်းသိက္ခာပုဒ်အရာနှင့်အကုသိုလ်အရာ တစ်ခြားစီပါ။ ဒါကြောင့်ဘဲ မဟုတ်လား၊ သာမဏေများရဲ့ ရှေ့သိက္ခာပုဒ် သီလ ငါးပါးမှာ တစ်ပါးကျိုးရင် အားလုံးကျိုးရတယ်ဆိုတာ။ ဒါပေမဲ့ အကုသိုလ်ဖြစ်တဲ့ အပိုင်းမှာတော့ ကျိုးတဲ့သိက္ခာပုဒ် တစ်ပါးတည်းအတွက်သာ အကုသိုလ်ဖြစ်တယ်၊ ကျန်သိက္ခာပုဒ်များနှင့် စပ်ပြီးတော့ အကုသိုလ်မဖြစ်တော့ပါဘူး
သာရတ္ထက "အဋ္ဌကထာမှာ အရက်မှန်းမသိဘဲ သောက်ရင် အကုသိုလ်ဖြစ်တယ်" လို့မှ မိန့်ဆိုမထားဘဲဆိုပြီး အကြောင်းပြပါတယ်။ ဒါက သင့်လျော်တဲ့ အကြောင်းမဟုတ်ပါဘူး။ အကုသိုလ်ဖြစ်တယ်လို့ တိုက်ရိုက် မမိန့်ဆိုတာဟာ အစိတ္တက (မသိဘဲ သောက်တဲ့) အပိုင်းမှာ အကုသိုလ် မဖြစ်ဘူးဆိုတဲ့ ဝါဒရဲ့ အကြောင်းယုတ္တိ မဖြစ်ပါဘူး။ အမှန်တကယ် ပြောရမည့် သုရာပါနသိက္ခာပုဒ်အဖွင့် မျိုးမှာဘဲ အကုသိုလ်နှင့် သောက်လို့ လောကဝဇ္ဇဖြစ်တယ်လို့ မိန့်ဆိုတာ ရှိနေလို့ပါ။ အမှန်တော့ "အရက်မှန်းမသိဘဲ သောက်ရင် အကုသိုလ်ဖြစ်တယ်" လို့ မိန့်ကြားတော်မူကြတဲ့ ဆရာမြတ်များဟာ ကိုရင်သီလပျက်မှုနှင့်စပ်တဲ့ ဒီခန္ဓက အဋ္ဌကထာလောက်ကိုသာ ကွက်ကြည့်ပြီး မိန့်ဆိုကြတာ မဟုတ်ပါဘူး၊ သုရာပါနအဋ္ဌကထာ သုတ္တန်အဋ္ဌကထာတွေနှင့် မဟာဝိဟာရနွယ်ဝင် မထေရ်အရှင်တို့ရဲ့ ဆရာစဉ်ဆက် လက်ကမ်းဆင့် သယ်ဆောင်လာတဲ့ စကားတွေကိုပါ အခြေပြုပြီး မိန့်ကြားတော်မူကြတာပါ။ "အရက်မှန်းသိပြီး သောက်မှသာလျှင် အကုသိုလ်ဖြစ်တယ်" ဆိုတဲ့ အယူအဆဟာ ဝါဒမတူတဲ့ အဘယဂိလိဂိုဏ်းသား စတာတွေရဲ့ ဝါဒ ဖြစ်ပါတယ်။
'ကမ္မပထမြောက်တဲ့ အကုသိုလ်စိတ်နှင့်သာ သောက်ရလို့ မသိဘဲ သောက်တဲ့ သောတာပန်အရိယာရဲ့ ခံတွင်းမှာ အရက်မဝင်ဘူး' ဆိုတဲ့စကားဟာ ဘယ်အ‌ကြောင်းကြောင့် မသင့်တော်ရမှာတုန်း။ အရိယာတို့ရဲ့ ဓမ္မတာဆိုတဲ့ စကားနှင့် ကန့်ကွက်လို့မရနိုင်ပါဘူး။ အရိယာတို့ ဓမ္မတာဆိုတာမျိုးက ‌အကြောင်းမဲ့ဖြစ်ခြင်း မဖြစ်ခြင်းဆိုတဲ့ ဓမ္မတာမျိုးမှမဟုတ်ဘဲ၊ အပါယ်လားကြောင်းရာဂ မရှိတော့တာဖြစ်လို့ မသိဘဲသောက်သော်လည်းအရက်မဝင်တော့တာမျိုးကို ရည်ရွယ်တာပါ။ ဒီဃနိကာယ် အဋ္ဌကထာမှာ မိန့်ဆိုတဲ့ သုရဉ္စ မိဿေတွာ စသည်ဖြင့် ဓမ္မနာကို ပြဆိုတဲ့ စကားဟာလည်း အစိတ္တကအပိုင်းမှာလည်းဘဲ အကုသိုလ်စိတ် ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးကို ပြပါတယ်။ အရိယာ ပုဂ္ဂိုလ်များသာ နောက်ဘဝတွေမှာတောင် ငါးပါးသီလမြဲတယ် ဆိုရာမှာ ရှေ့သီလ လေးပါးကတော့ သစိတ္တက၊ သိပြီးရှောင်နိုင်လို့ ရှောင်လို့ ရနိုင်ပါတယ်။ အရက်သောက်တာဟာ အစိတ္တကဖြစ်လို့ အရက်မှန်း မသိရင် ဘယ်လိုလုပ်ရှောင်နိုင်တော့မှာလဲ ဖြစ်နိုင်ပါ့မလားလို့ အမေးရှိလာမှာကို မြင်လို့ အရက်သောက်တာဟာ အစိတ္တကဖြစ်ပေမဲ့ ကမ္မပထမြောက်တဲ့ အကုသိုလ်နှင့်သာ သောက်ရတာ၊ အဲဒီအကုသိုလ်မျိုးကို အရိယာ မဂ်နှင့်ပယ်သတ်ပြီးသွားပြီ။ ဒါကြောင့် အရက်မှန်းမသိဘဲသောက်မိလဲ လည်မျိုအောက်ကို အရက်မဝင်ဘူး (သိက္ခာပုဒ် မကျိုးဘူး) ဆိုတဲ့ ‌အဖြေမျိုးကို ဖြေချင်လို့ "သစေ ပဿ သုရဉ္စ ခီရဉ္စ" စတဲ့စကားနှင့် ဓမ္မတာစကားကို မိန့်ကြားရတာပါ။
ဝတ္ထုမှန်းသိပြီး လွန်ကျူးသူအနေနှင့် ပါဏာတိပါတစတဲ့ ကမ္မပထအကုန်လုံးကို သိမ်းကျုံး‌ဟောမိန့်ထားတာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မိစ္ဆာဒိဋ္ဌိဆိုတာမျိုးက အလွဲအမှားယူခြင်းနှင့်သာ ဖြစ်လေ့ရှိလို့ပါ။ အလုံးစုံမသိသူကို အလုံးစုံသိသူ အနိစ္စသည်တွေကို နိစ္စ စသည်ဖြင့် ယူတဲ့ ဒိဋ္ဌိဟာ ဘယ်လိုလုပ် ဝတ္ထုကို သိမှာလဲ၊ သိရင်လည်း မိစ္ဆာဒိဋ္ဌိတောင် ဖြစ်‌တော့မှာ မဟုတ်ဘူး၊ အဲဒီ ဒိဋ္ဌိဟာ ကမ္မပထထဲမှာ ပါတာဖြစ်လို့ ဘယ်လိုလုပ်ပြီး "ဝတ္ထုကို သိမှသာ ကမ္မပထမြောက်တဲ့ အကုသိုလ်ဖြစ်တယ်" လို့ သတ်မှတ်နိုင်မှာလဲ။
တစ်နည်းဆိုရရင် အရက်သောက်လို့ အကုသိုလ်ဖြစ်တယ်ဆိုတာ သဘာဝပါ။ နို့ရည် စတဲ့ အမှတ်အသားနှင့် အရက်သောက်သူမှာ အမေနှမစတဲ့ သတ္တဝါတွေအ‌ပေါ်မှာ ‌လောဘဒေါသ စတဲ့ အကုသိုလ်တရားတွေဟာ သောက်ပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာတော့တာပါဘဲ။ အလားတူ သောက်နေဆဲမှာလည်း ထက်မြက်တဲ့ရာဂ ဖြစ်ပွားပါတယ်။ ဒါကြောင့်ဘဲ သာဂကမထေရ်ဟာ မသိဘဲ သောက်တုန်းမှာ အဘိညာဉ်ငါးပါးစတဲ့ဈာန်တွေ လျှောကျကွယ်ပျောက်ကုန်ပါတယ်။ နောက်ပိုင်းမှာလည်း ဘုရား စတဲ့ ပုဂ္ဂိုလ်တွေမှာ မရိုသေမှုစတဲ့ အကုသိုလ်တွေ အမူးပြေတဲ့အထိ ဖြစ်နေတာပါဘဲ။ ဘုရားကလည်း သာဂတရဲ့ အဂါရဝစတဲ့ အကုသိုလ်ဖြစ်ပုံကို ပြတော်မူခြင်းအားဖြင့် အရက်ရဲ့ အပြစ်ကိုပြပြီး သိက္ခာပုဒ် ပညတ်ရတာပါ။ "ဈာန်လျှောတယ်" ဆိုတာက နီဝရဏအကုသိုလ်နှင့် ကင်းကွာပြီး လျှောရိုးထုံးစံမှ မရှိတာဘဲ။ ဒါကြောင့် အရက်မှန်းမသိဘဲသောက်လည်း မိမိသဘောအရ အကုသိုလ်ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ "အရက်မှန်းသိပြီး သောက်မှသာလျှင် အကုသိုလ်ဖြစ်တယ်" ဆိုတာအယူဝါဒမတူတဲ့ အဘယဂိရိဂိုဏ်းသားတွေရဲ့ အယူဝါဒပါ။ ဒါကို ဂဏ္ဌိပုဒ်ကျမ်းပြု ဆရာတော်တွေက မှားယွင်းတဲ့ အဓမ္မဝါဒ ပရဝါဒလို့ မသိတော့ ကိုယ့်အမြင်အယူတွေနှင့် ရောနှောပြီး မှန်ကုန်ကြောင်း ထောက်ခံရေးခဲ့ကြပါတယ်။ ဒီလိုနှင့် ထေရဝါဒသာသနာအတွင်းထဲ ဒီမိစ္ဆာဝါဒ ဝင်ရောက်လာခဲ့ပြီး ဒီနေ့ ဒီအချိန်ထိ သာသနာကို ဖျက်ဆီးနေတုန်းပါဘဲ။
ရှေ့က ဒမိဠတိုင်းမှာ အဓမ္မဝါဒီ နာဂသေနမထေရ်ဆိုတာ ရှိခဲ့ပါတယ်။ ဒီ မထေရ်ဟာ အရက်မှန်း သောက်မှသာ အကုသိုလ်ဖြစ်တယ် စသည် အားဖြင့် အယူမှားများစွာကို ကျမ်းရေးဆရာတစ်ဦးကို ရေးခိုင်းပါတယ်။ ဒီကျမ်းမှာ အကြောင်းမျိုးစုံနှင့် ‌နှောင်ဖွဲ့ရိုက်သွင်းထားပါတယ်။ ဒီကျမ်းကိုမှီပြီး ဖြစ်ပေါ်လာတဲ့ အဓမ္မဝါဒဟာ သာသနုထဲ ဝင်ရောက်လာပြီး ကာလရှည်ကြာစွာ ဖြစ်တည်နေခဲ့ပါတယ်၊ နောက်ပိုင်းမှာတော့ ဆရာဗုဒ္ဓပ္ပိယမထေရ်မြတ်ကြီးက ဒီအယူဝါဒကို ဖြိုခွဲပြီး စင်ကြယ်အောင် ပြုလုပ်ခဲ့ပါသေးတယ်။ သို့သော်လည်း သာရတ္ထဋီကာရဲ့ မိစ္ဆာစကားကို အမှီသဟဲပြုပြီး ဒီဝါဒဟာ နောက်ထပ်တစ်ကျော့ ခေါင်းထောင်လာပြန်ပါတော့တယ်။ အဲဒီအချိန်မှာလည်း ‌မထေရ်ကြီးမြတ်များဟာ ကောင်းစွာ ဆုံးဖြတ်တော်မူကြပြီး အဓမ္မဝါဒအဖြစ် သတ်မှတ်ကာ အယူလွဲတဲ့ ရဟန်းတွေကို အယူစွန့်စေပြီး အချိန်ကာလ ကြာမြင့်စွာနှင့် ငြှိမ်းခဲ့ကြရပါတယ်။ ဒါကြောင့် ဒို့များကလည်း အခြားဝေဖန်ရေးဝါဒီပုဂ္ဂိုလ်တွေ "ဒီအယူကို မဖျက်ဆီးကြပါစေနှင့် " ဆိုပြီး အကျယ်တဝင့် နည်းမျိုးစုံနှင့် ရေးသားပြီး ပယ်ရှားပေးလိုက်ရတာပါ။ (ဝီ၊ဋီ။)
ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။ "ဝတ္ထုအဇာနနပက္ခေ၊ ဝတ္ထုကို မသိသော အဖို့၌။ ပါဏာတိပါတာဒီနံ၊ သူ့အသက် သတ်ခြင်းစသော ကံတို့၏။ သိဒ္ဓိကရအကုသလစိတ္တုပ္ပါဒသဒိသေ၊ အပြီးအစီးကို ပြုသော အကုသိုလ်စိတ္တုပ္ပါဒ်နှင့် အလားတူသော။ စိတ္တုပ္ပါဒေ၊ အကုသိုလ် စိတ္တုပ္ပါဒ်သည်။ သတိပိ၊ ဖြစ်ပါသော်လည်း။ သာမဏေရော၊ သာမဏေသည်။ သီလဘေဒံ၊ သီလပျက်ခြင်းသို့။ နာပဇ္ဇတိ၊ မရောက်။" ဣတိ၊ ဤသို့။ န ဝုတ္တံ၊ မမိန့်ဆို။
သာကဏေရာနံ၊ သာမဏေတို့၏။ သုရာပါနဿ၊ သေသောက်ခြင်း၏။ ပါဏာတိပါတာဒီဟိ၊ ပါဏာတိပါတစသော ကံတို့နှင့်။ သမာနဂတိကတ္တာ၊ တူသော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့်။ အဘိနိတေသဝစနံ၊ နှလုံးသွင်းသော စကားသည်။ ဟောတိ၊ ဖြစ်၏။
"ဣမေ၊ ဤအရည်တို့သည်။ သုရာမေရယာ၊ သေရည် အရက်တို့တည်း။" ဣတိ၊ ဤသို့။ ဝတ္ထုံ၊ ဝတ္ထုကို။ ဇာနိတွာ၊ သိ၍။ ပါတဗ္ဗတာဒိဝသေန၊ သောက်အပ်သည်၏ အဖြစ် စသည်၏အစွမ်းဖြင့်။ ဝီတိက္ကမန္တဿ၊ လွန်ကျူးသော သူအား။ အကုသလဿ၊ အကုသိုလ်၏။ အသဗ္ဘဝေါ၊ မဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိ။
တေန၊ ထို့ကြောင့်။ "ယဿာ သစိတ္တကပက္ခေ"တိ အာဒိ၊ "ယဿာ သစိတ္တကပက္ခေ" အစရှိသည်ကို။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ဧတ္ထ၊ ဤစကားအစဉ်၌။ ယုတ္တိဝစနေန၊ အသင့်ဖြစ်သော စကားဖြင့်။ အရဟန္တာနံ၊ ရဟန္တာပုဂ္ဂိုလ်တို့အား။ အပ္ပဝိသနတော၊ မဝင်ခြင်းကြောင့်။ သစိတ္တကာ စိတ္တကပက္ခေသု၊ သစိတ္တကအဖို့ အစိတ္တကအဖို့တို့၌။ အကုသလနိယမော၊ အကုသိုလ်ကို သတ်မှတ်ခြင်းသည်။ ကိဉ္စ၊ အဘယ်နည်း။ ဝါ၊ အဘယ်အကျိုးရှိသနည်း။ ဣတိ၊ ဤသို့။ စေ ပုစ္ဆေယျ၊ အကယ်၍ မေးငြားအံ့။
(ဧဝံ၊ ဤသို့)။ န ဝတ္တဗ္ဗံ၊ မဆိုထိုက်ပါ။ ကသ္မာ၊ အဘယ့်ကြောင့်နည်း။ ဓမ္မတာဝသေန၊ အရိယာတို့၏ ထုံးစံဓမ္မတာအစွမ်းဖြင့်။ သေက္ခနမ္ပိ၊ သေက္ခပုဂ္ဂိုလ်တို့အာလည်း။ (သုရာယ၊ သေရည်၏။) အပ္ပဝိသနတော၊ လည်မျိုအတွင်းသို့ မဝင်ရောက်ခြင်းကြောင့်တည်း။
အစိတ္တကပက္ခေ၊ အစိတ္တကအဖို့၌။ အကုသလနိယမာဘာဝဒဿနတ္တံ၊ အကုသိုလ်ကိုမှတ်ခြင်း မရှိသည်ကို ပြခြင်းအကျိုးငှာ။ သုပန္တဿ၊ အိပ်ပျော်နေသူ၏။ မုခေ၊ ခံတွင်း၌။ ပက္ခိတ္တဇလဗိန္ဒုမိဝ၊ ထည့်အပ်သော ရေစက်ရေပေါက်ကဲ့သို့။ သုရာဗိန္ဒုအာဒယော၊ သေရည်စက် သေရည်ပေါက် စသည်တို့ကို။ ဥဒါဟရိတဗ္ဗာ၊ ထုတ်ဆောင်အပ်ကုန်၏။
တဗ္ဗဟုလနယေန၊ တဗ္ဗဟုလနည်းဖြင့်။ အတ္ထေ၊ အနက်ကို။ ဂဟိတေ၊ ယူအပ်လတ်သော်။ ပုဗ္ဗေန၊ ရှေ့စကားနှင့်။ အပရံ၊ နောက်စကားသည်။ အဋ္ဌကထာယ၊ အဋ္ဌကထာနှင့်။ သဒ္ဓိံ၊ တကွ။ ပါဠိယော စ၊ ပါဠိတော်နှင့်လည်း။ သမေတိ၊ ညီ၏။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။
အာစရိယာပိ၊ ဆရာတို့သည်လည်း။ သုရာပါနေ၊ သေသော်ရာ၌။ အကုသလနိယမာဘာဝမေဝ၊ အကုသိုလ်ကို မှတ်ခြင်းမရှိသည်ကိုသာလျှင်။ ဝဒန္တိ၊ ဆိုကြကုန်၏။
ဧကစ္စေ ပန၊ ဧကေဆရာတို့သည်ကား။ "အဿ၊ ထိုသုရာပါနသိက္ခာပုဒ်၏။ ကိရိယသမုဋ္ဌာနတာ ပန၊ ကိရိယာသမုဋ္ဌာန်၏ အဖြစ်သည်ကား။ တဗ္ဗဟုလနယမေဝ၊ တဗ္ဗဟုလနည်းရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ (ဤအဆို မှတ်သည်)။ ပဌမပါရာဇိကေ၊ ပဌမပါရာဇိကသိက္ခာပုဒ်၌။ ကိရိယသမုဋ္ဌာနတာ၊ ကိရိယသမုဋ္ဌာန်၏ အဖြစ်သည်။ တဗ္ဗဟုလနယံ၊ တဗ္ဗဟုလနည်းရှိသည်။ န ဟောတိ၊ မဖြစ်။ (ဤအဆို မမှန်)။
ကထံ၊ အဘယ်သို့လျှင်။ (ပဌမပါရာဇိက၊ ပဌမပါရာဇိကသိက္ခာပုဒ်၌။ တဗ္ဗဟုလနယံ၊ တဗ္ဗဟုလနည်းရှိသည်။ န ဟောတိ၊ မဖြစ်သနည်း။)
ကာယကံသဂ္ဂသိက္ခာပဒံ၊ ကာယသံသဂ္ဂသိက္ခာပုဒ်သည်။ ပဌမပါရာဇိကသမုဋ္ဌာနံ၊ ပဌမပါရာဇိကသမုဋ္ဌာန်သည်။ ဟောတိ၊ ဖြစ်၏။
ဧတ္ထ၊ ဤကာယသံသဂ္ဂ၌။ ဘိက္ခုဿ စ၊ ရဟန်း၏ လည်းကောင်း။ ဘိက္ခုနိယာ စ၊ ရဟန်းမ၏လည်းကောင်း။ ကာယသံသဂ္ဂဘာဝေ၊ ကိုယ်လက်နှီးနှောသည်၏ အဖြစ်သည်။ သတိ၊ ရှိလတ်သော်။ ဘိက္ခုနီ၊ ရဟန်းမသည်။ ကာယင်္ဂံ၊ ကိုယ်အင်္ဂါကို။ အစောပယမာနာပိ၊ မလှုပ်ရှားစေလဲလည်း။ စိတ္တေနေဝ၊ စိတ်ဖြင့်သာလျှင်။ အဓိဝါသေတိ၊ လက်ခံသာယာ၏။ အာပဇ္ဇတိ၊ အာပတ်သင့်၏။ ဧဝံ၊ ဤအတူ။ ဘိက္ခု၊ ရဟန်းသည်။ န အာပဇ္ဇတိ၊ အာပတ်မသင့်။
ဘိက္ခုပန၊ ရဟန်းသည်ကား။ စောပယမာနောဝ၊ လှုပ်ရှားသေသော်သာလျှင်။ အာပဇ္ဇတိ၊ အာပတ်သင့်၏။ (ဤစကားမှန်သည်။) ဧဝပေဝ၊ ဤအတူသာလျှင်။ ပဌမပါရာဇိကေပိ၊ ပဌမပါရာဇိကသိက္ခာပုဒ်၌လည်း။ ဘိက္ခုနော၊ ရဟန်း၏။ စောပန၊ လှုပ်စေခြင်းသည်။ သတိ ဧဝ၊ ရှိသော်သာလျှင်။ အာပဇ္ဇတိ၊ အာပတ်သင့်၏။ စောပနေ၊ လှုပ်စေခြင်းသည်။ အသတိ၊ မရှိလတ်သော်။ န အာပဇ္ဇတိ၊ အာပတ်မသင့်။" (ဤစကား မမှန်)။ ဣတိ၊ ဤသို့။ ဝဒန္တိ၊ ဆိုကြကုန်၏။ (ဣတိ မပါလျှင် ထည်ပေးရမည်)။
**ပဝေသနံ သာဒိယတီ** တိ ဧတ္ထ၊ ၌။ ပဝေသနသာဒိယနံ နာမ၊ ပဝေသနာသာဒိယန မည်သည်။ သေဝနစိတ္တုပ္ပါဒနံ၊ မှီဝဲကြောင်းစိတ်(မှီဝဲလိုသော စိတ်)ကို ဖြစ်စေခြင်းတည်း။ ဝါ၊ တစ်နည်းကား။ မဂ္ဂေန၊ မဂ်ဖြင့်။ မဂ္ဂပ္ပဋိပနမ္ပိ၊ မဂ်ကို ကျင့်ခြင်းကိုလည်း။ ဣစ္ဆန္တိ၊ အလိုရှိကြကုန်၏။
တဿာပိ၊ ထိုဘိက္ခူနီအားလည်း။ ကာယစလနံ၊ ကိုယ်လှုပ်ခြင်းသည်။ ဧကန္တံ၊ စင်စစ်။ အတ္ထိ ဧဝ၊ ရှိသည်သာလျှင်တည်း။
ဧဝံ သန္တေပိ၊ ဤသို့ ဖြစ်ပါသော်လည်း။ ဝီမံသိတွာ၊ စုံစမ်း၍။ ဂဟေတဗ္ဗန္တိ၊ ယူထိုက်၏ဟူ၍။ ဝဒန္တိ၊ မိန့်ဆိုကြကုန်၏။ ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။