Issues
Select Version
နိဿယ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

7. Sappāṇakavaggo

Author: နိဿယ @ IAPT

ဝတ္ထုဂဏနာယ၊ မိမိသတ်ရာ သတ္တဝါဟူသော ဝတ္ထုအရေအတွက် အားဖြင့်။ ဂမ္မဗန္ဓဂဏနာ၊ ကံဖြင့် ဖွဲ့ခြင်းဟူသော အရေအတွက်သည်။ ဟောတိ၊ ဖြစ်၏။ ကမ္မဗန္ဓစေတနာမာရဏာနံ၊ ကံဖြင့် ဖွဲ့ခြင်း သေစေလိုသော စေတနာတို့တွင်။ ကမ္မဗန္ဓဂဏနာယ၊ ကံဖြင့် ဖွဲ့ခြင်းဟူသော အရေအတွက်အားဖြင့်။ စေတနာ မာရဏာ၊ သေစေလိုသော။
ဧတ္ထ၊ ဤသတ်ခြင်း၌။ ဧကစေတနာယ၊ တစ်ခုသောစေတနာဖြင့်။ ဗဟုပါဏတာ၊ များစွာကုန်သော တိရစ္ဆာန်သတ္တဝါတို့သည်။ မရန္တိ၊ သေကုန်၏။ ဣတိ၊ ဤသို့။ အယံ ဝိဘာဂေါ၊ ဤခွဲခြမ်း ဝေဖန်ခြင်းကို။ ဝေဒိတဗ္ဗော၊ သိထိုက်၏။
**သပ္ပါဏကန္တိ**၊ ကား။ ပါဏကာနံ၊ ပိုးကောင်တို့၏။ မရဏဝသေန၊ သေခြင်း၏ အစွမ်းဖြင့်။ ပါစိတ္တိယံ၊ ပါစိတ်အာပတ်သင့်၏။ သပ္ပါဏကဥဒက ပရိဘောဂ ဝသေန၊ ပိုးကောင်ရှိသော ရေကို သုံးစွဲခြင်း၏ အစွမ်းဖြင့်။ န ပါစိတ္တိယံ၊ ပါစိတ်အာပတ်သင့်သည် မဟုတ်။ တသ္မာ ဧဝ၊ ထို့ကြောင့်သာလျှင်။ (ဣဒံ) "ပဏ္ဏတ္တိဝဇ္ဇ" န္တိ၊ ဟူ၍။ အဋ္ဌကထာယံ၊ ကင်္ခါဝိတရဏီအဋ္ဌကထာ၌။ ဝုတ္တံ၊ ဆိုအပ်ပြီ။
(သပ္ပါဏကဥဒကပရိဘောဂေ)၊ ပိုးကောင်ရှိသောရေကို သုံးစွဲရာ၌။ အသုဒ္ဓစိတ္တတ္တာ၊ မစင်ကြယ်သော စိတ်ရှိသည်၏ အဖြစ်ကြောင့်။ ပါစိတ္တိယံ၊ ပါစိတ်အာပတ်သင့်၏။ သုဒ္ဓစိတ္တေ၊ စင်ကြယ်သော စိတ်၌။ အနာပတ္တိ၊ အာပတ်မသင့်။ (ဧတ္ထ၊ ဤသိက္ခာပုဒ်၌။ ပဋင်္ဂပါဏကာနံ၊ ပဋင်္ဂမည်သော ပိုးငယ်တို့၏။ ဝါ၊ ပိုးပရန်တို့၏။ ပတနံ၊ ကျခြင်းကို။ ဉတွာပိ၊ သိသော်လည်း။ သုဒ္ဓစိတ္တတာယ၊ စင်ကြယ်သော စိတ်ရှိသည်၏ အဖြစ်ဖြင့်။)
ပဒီပုဇ္ဇာလနေ ဝိယ၊ ဆီမိးကို တောက်စေခြင်းကဲ့သို့။ ဝါ၊ ဆီမီးထွန်းခြင်း၌ကဲ့သို့။ (သပ္ပါဏကဘာဝံ၊ ပိုးရှိသည်၏ အဖြစ်ကို။ ဉတွာပိ၊ သိသော်လည်း။ ဥဒကသညာယ၊ ရေဟူသော အမှတ်သညာဖြင့်။ ပရိဘုဉ္ဇိတဗ္ဗတော၊ သုံးစွဲနိုင်သည်၏ အဖြစ်ကြောင့်)။ ပဏ္ဏတ္တိဝဇ္ဇတာ၊ ပဏ္ဏတ္တိဝဇ္ဇ၏ အဖြစ်ကို။ ပဏ္ဏတ္တိဝဇ္ဇ ။ ။ ရှေးက ပိုးရှိမှန်း သိသော်လည်း အမှတ်တမဲ့ စိတ်သန့် သန့်ဖြင့် သုံးစွဲရာ၌ အကုသိုလ်စိတ်အပြစ်မရှိပေ။ ထို့ကြောင့် ဤသိက္ခာ ပုဒ်သည် လောကဝဇ္ဇ မဟုတ်၊ ပဏ္ဏတ္တိဝဇ္ဇသာ ဖြစ်ရသည်။ ဧတ္ထ အစ ချီသော လက်သည်းကွင်းပြ စကားတို့သည် ပါစိတ်အဋ္ဌကထာ (၁၃၃) လာစကာတို့ ဖြစ်သည်၊ အဓိပ္ပါယ်ပေါ်လွင်စေရန် ထည့်သွင်း ယောဇနာ ထားခြင်းဖြစ်သည်။ 'ပဒီပုဇ္ဇာလနေ ဝိယ'၌ ဋီကာဝယ် 'ပဒီပုဇ္ဇလနေဝိယ' ဟု ရှိနေသည်။ သဗျာပါရဖြစ်သော တမင်ညှိထွန်းရခြင်း ဖြစ်၍ ကာရိတ်ဖြင့် 'ပဒီပုဇ္ဇာလနေ ဝိယ' ဟု ရှိထိုက်သည်။ ပါစိတ်- ဋ္ဌ၌ ဒီပဇာလနေ ဝိယဟု ကာရိတ်ဖြင့် ရှိသည်။ ဝုတ္တာ၊ မိန့်ဆိုအပ်ပြီ။ ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။
ဂါထာအနက်။ ။ ပုဗ္ဗံ၊ ရှေ့ (ဘူတဂါမဝဂ်လာ) သပ္ပါဏကသိက္ခာပုဒ်သည်။ ဇလေ၊ ပိုးရှိသော ရေ၌။ ပက္ခိပနံ၊ မြက် မြေညက်ကို ထည့်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဣဒံ၊ ဤ (သပ္ပါဏကဝဂ်လာ) သပ္ပါဏကသိက္ခာပုဒ်သည်။ ဇလပ္ပဝေသနံ၊ ပိုးရှိသော ရေကို သွင်းခြင်းသည်။ ဝါ၊ ရေသောက်ခြင်းသည်။ ရေသောက်ခြင်း ။ ။ ဇလပ္ပဝေသနံ အရ "ရေသောက်ခြင်း" ဟူသော အဓိပ္ပါယ် ပြန်ဆို၍ ယူရခြင်းမှာ ပါစိတ်အဋ္ဌကထာ (၁၃၃) သပ္ပါဏက သိက္ခာပုဒ်အဖွင့်တွင်ပါရှိသော "ပတ္တပူရမ္ပိ အဝိစ္ဆိန္ဒိတွာ ဧကပယောဂေန ပိဝတော ဧကာ အာပတ္တိ" ကို သာဓက ပြု၍ သုံးစွဲခြင်း ဖြစ်ပါသည်။ ဟောတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့လျှင်။ ဥဘိန္နံ၊ နှစ်ပါးကုန်သော သပ္ပါဏကသိက္ခာပုဒ်တို့၏။ နာနာတ္တံ၊ မတူထူးခြားကွဲပြားကုန်သည်၏ အဖြစ်ကို။ ဥဘိန္နံ နာနာတ္တံ ။ ။ 'ဇလေ ပက္ခိပနံ' ဖြင့် ရှေ့သိက္ခာပုဒ်၏ ဒုတိယနည်း အရ အာပတ်သင့်ပုံကို ပြသည်။ သို့သော် ပဌမနည်းအရ ပိုးရှိသော ရေကို မြက်, မြေညက်သို့ သွန်းလောင်းလျှင်လည်း အာပတ်သင့်သေးသည်။ ဇလပ္ပဝေသနံ ဖြင့် ဤသိက္ခာပုဒ်အရ အာပတ်သင့်ပုံကို ပြသည်။ သို့သော် ရေသောက်မှသာ မဟုတ်သေး၊ ပိုးရှိသော ရေဖြင့် ဆေးကြောခြင်း, မီးငြိမ်းခြင်း, ရေချိုးခြင်း စသည်ပြုလျှင် သုံးစွဲလျှင်လည်း အာပတ်သင့်သေးသည်။ ထို့ကြောင့် ဤဂါထာလာ အခွဲစကားသည် ပြည့်စုံ ခြုံငုံမိသော အခွဲစကား မဟုတ်ဟု မှတ်ရာသည်။ သာရတ္ထဋီကာ (၃၊၃၃။)၌ ပဌမ သိက္ခာ ပုဒ်ကို ခန္ဓာကိုယ်ပြင်ပ သုံးစွဲခြင်း၏ အစွမ်းဖြင့် ပညတ်၍ ဒုတိယသိက္ခာ ပုဒ်ကို မိမိ၏ ရေချိုးခြင်း သောက်ခြင်း စသည်၏ အစွမ်းဖြင့် ပညတ်သည်ဟု တစ်မျိုးခွဲပြသည်။ ဉာဏဝတာ၊ ဉာဏ်ရှိသော ပုဂ္ဂိုလ်သည်။ သဒါ၊ အခါခပ်သိမ်း။ ဉေယျံ၊ သိသင့် သိထိုက်၏။ ဣတိ လိခိတံ၊ ဤသို့ ရေးအပ်ပြီ။
(သစေ ပန သော ဒဿဝဿစ္စယေန) **အညံ ဥပသမ္မာဒေတီ** တိ၊ ဟူသည်ကား။
**ဂါထာအနက်** ။ ။ (သော)၊ ထိုအသက်နှစ်ဆယ် မပြည့်၍ ရဟန်းမဖြစ်သော ပုဂ္ဂိုလ်သည်။ ဥပဇ္ဈာယော၊ ဥပဇ္ဈာယ်သည်။ ဟုတွာ၊ ဖြစ်၍။ သာမံ၊ ကိုယ်တိုင်။ သစေ ဥပသမ္မာဒေတိ၊ အကယ်၍ ရဟန်းခံပေးအံ့။ဥပဇ္ဈာယ်ကိုယ်တိုင်က ကမ္မဝါစာရွတ်ဖတ်ချီးမြှင့်မှု ။ ။ ရှေးက ဥပဇ္ဈာယ်နှင့် ကမ္မဝါစာဆရာတို့သည် ပုဂ္ဂိုလ်သီးခြား တာဝန်သီးခြားစီ ဖြစ်ခဲ့ကြသည်။ နောက်ပိုင်းတွင်ကား ဥပဇ္ဈာယ်ကိုယ်တိုင် ကမ္မဝါစာရွတ်ဖတ်ပေးကောင်းပါသလော?၊မပေးကောင်းဘူးလော? မေးစရာ ဖြစ်ခဲ့ကြသည်။ ထို ပြဿနာအတွက် ရဟန်းဖြစ်ကြောင်းအင်္ဂါ (သမ္ပတ္တိ) ငါးပါးနှင့် ညီ မညီ ညှိယူရမည် ဖြစ်ပါသည်။ ဤဥပဇ္ဈာယ်ဖြစ်သူက ကမ္မဝါစာ ရွတ်ဖတ်ပေးမှုသည် ရဟန်းဖြစ်ကြောင်း အင်္ဂါငါးပါးတို့နှင့် မဆန့်ကျင် ညီညွတ်နေသောကြောင့်လည်းကောင်း ရဟန်းမဖြစ်ကြောင်း ဝိပတ္တိအင်္ဂါငါးပါးတို့နှင့် မညီညွတ် (အကျုံးမဝင်) မပါဝင်သောကြောင့် လည်းကောင်း ရွတ်ဖတ်ပေး ကောင်းသည်၊ ရဟန်းဖြင်သည်ဟု ဧကန် မှတ်အပ်၏။ ထို့ကြောင့် ဝိမတိ၌ 'ဝတ္တဗ္ဗမေတ နတ္ထိ' ဥပဇ္ဈာယ်ကိုယ်တိုင်က စွမ်းနိုင်၍ ကိုယ်တိုင် ကမ္မဝါစာ ရွတ်ဖတ်ပေးနိုင်ပါမူ "အတိုင်းထက်အလွန် တံခွန်နှင့် ဘုရား" ဆိုသလိုပင် ပြောဖွယ်ရာ မရှိတော့၊အလွန်ပင် ကောင်းမွန် သင့်မြတ်တော့သည်ဟု မိန့်သည်။
သစေ ပန ဥပဇ္ဈာယော သယမေဝ အတ္တနော သဒ္ဓိဝိဟာရိတံ အနုဿာဝေတိ၊ ဧတ္ထ ဝတ္တဗ္ဗမေဝ နတ္ထိ၊ ကမ္မံ သုကတမေဝ ဟောတိ၊ အနုပဇ္ဈာယ ကဿာပိ ယေန ကေနစိ (မည်သည့် ရဟန်းမဆို) အနုဿာပိတေ ဥပသမ္ပဒါ ဟောတိ၊ ကိမင်္ဂံ ပန သဥပဇ္ဈာယဿ ဥပဇ္ဈာယေနေဝ အနုဿာဝိတေတိ ဒဋ္ဌဗ္ဗံ။ (ဝိပတိဋီကာ၊၂၊၁၃၂။) ဗျတ္ထေန ဘိက္ခုနာ ပဋိဗလေန သံဃော ဉာပေတဗ္ဗောတိ ဝစနတော ထေယျသံဝါသကာဒိ အာစရိယေဟိ အနုဿာဝနာယ ကတာယ ဥပသမ္မဒါ န ရုဟတိ၊ တေသံ အဘိက္ခုတ္တာတိ ဝစနမ္ပိ န ဂဟေတဗ္ဗံ။ (ဝဇိရဗုဒ္ဓိဋီကာ ၊၄၃၃။) တတြိဒံ ယုတ္တိ၊ ဥပသမ္ပန္နဗုဗ္ဗော ဧဝ စေ ကမ္မဝါစံ သာဝေတိ၊ သံဃော စ တသ္မိံ ဥပသမ္ပန္နသညီ၊ ဧဝဉ္စေ ကမ္မံ ရဟတိ။ န အညတာထိ နော ခန္တီတိ အာစရိယော။ (ဝဇိရဗုဒ္ဓိဋီကာ၊ ၁၀၉။)
အာစရိယော၊ ကမ္မဝါစာဆရာသည်။ ဟုတွာ၊ ဖြစ်၍။ ကမ္မဝါစဉ္စ၊ ကမ္မဝါစာကိုလည်း။ သစေ သာဝေတိ၊ အကယ်၍ ကြားစေအံ့။
ဧဝံ သတိ၊ ဤသို့ ဖြစ်လတ်သော်။ ကမ္မံ၊ ကံသည်။ ရုဟတိ၊ တက်ရောက်၏ (အထမြောက် အောင်မြင်၏)။ ဂါထာနှင့်စပ် သိမှတ်စရာ။ ။ ပဋ္ဌကထာနှင့် ဤဋီကာပါ ရှေ့နောက် စကားတို့ကို ထောက်ဆ၍ ဥပဇ္ဈာယ်ပြုသူ ကမ္မဝါစာရွတ်ဖတ်သူဆိုသည်မှာ ရဟန်းစစ် မဖြစ်သော ပုဂ္ဂိုလ်ကို ရည်ညွှန်း၍ မိန့်ဆိုနေကြောင်းထင်ရှားလှသည်။ အညံ ဥပသမ္ပာဒေတီတိ ဥပဇ္ဈောယော ဝါ အာစရိယော ဝါ ဟုတွာ ဥပသမ္ပာဒေတိ၊ (သာရတ္ထဋီကာ၊ ဝိပတိဋီကာ၊ ဝဇိရဗုဒ္ဓိဋီကာ၊) အဖွင့်မရ "ဥပဇ္ဈာယော ဟုတွာ သစေ ဥပသမ္ပာဒေတိ၊ အာစရိယော ဟုတွာ သစေ သာဝေတိ" ဟု စပ်ပါ။ ဤသို့ ရဟန်းစစ်မဖြစ်သူက သူပဇ္ဈာယ်ပြု ကမ္မဝါစာရွတ်ရာ၌ ဧကေဝါဒက ကံအောင်သည်ဟု ယူ၏။ သမာန ဝါဒက ကံမအောင်ဟု ယူ၏။ ဤသိက္ခာပုဒ်အဖွင့် အဋ္ဌကထာတို့၌ "ထိုရဟန်းစစ် မဖြစ်သူကို လွှတ်၍ ဂိုဏ်းပြည့်လျှင်ကံအောင်သည်၊ ဂိုဏ်မပြည့်လျှင် ကံမအောင်" ဟု မိန့်ဆိုသည်။ ထို့ကြောင့် ဤအခြေအနေ နှစ်ရပ်အပေါ်တွင် မူတည်၍ "ကံအောင်ခြင်း, ကံမအောင်ခြင်း" ကိုမှတ်ယူ ဆုံးဖြတ်ရာသည်။ ဧကေ၊ အချို့ကုန်သော ဆရာတို့သည်။ ဝဒန္တိ၊ မိန့်ဆိုကြကုန်၏။ ကမ္မံ၊ ကံသည်။ န ရုဟတိ၊ မတက်ရောက်။ ဤတိ၊ ဤသို့။ ဝိနယကောဝိဒေါ၊ ဝိနည်းကျွမ်းကျင်ပညာရှင်သည်။ ဝဒတိ၊ မိန့်ဆို၏။
ယသ္မာ၊ အကြင်ကြောင့်။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ အာစရိယဿ စ၊ ကမ္မဝါစာဆရာအားလည်းကောင်း။ ဂဏဿ စ၊ ကာရကသံဃာဟူသော ဂိုဏ်းအားလည်းကောင်း။ ဒုက္ကဋံ၊ ဒုက္ကဋ်အာပတ်ကို။ ဝိဟိတံ၊ စီရင်တော်မူအပ်ပြီ (ပညတ်အပ်ပြီ)။
တသ္မာ၊ ထို့ကြောင့်။ ဣဓ၊ ဤရဟန်းခံရာ၌။ အာစရိယ ဥပဇ္ဈယာ၊ ဆရာ ဥပဇ္ဈာယ်တို့ကို။ ဝိသုံ၊ အသီးအခြား။ ဘိန္နာဝ၊ ခွဲခြားအပ်ကုန်သည်သာ။ ဟောတိ၊ ဖြစ်၏။
ဣဓ၊ ဤသံဝိဓာနသိက္ခာပုဒ် (မာတုဂါမ) ၌။ ဧကတော ဥပသမ္ပန္နော၊ ဧကတော ဥပသမ္ပန္နော ဘိက္ခုနီသည်လည်းကောင်း။ သိက္ခမာန၊ သိက္ခမာန်မသည်လည်းကောင်း။ သာမဏေရီ၊ သာမဏေမသည်လည်းကောင်း။ ဣတိ၊ ဤသို့။ ဣမာ တိဿောပိ၊ ဤသုံးပါးကုန်သော သူမတို့သည်လည်း။ သင်္ဂဟံ၊ ပေါင်းယူခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ ပန၊ အထူးကား။ တိဿန္နံ၊ သုံးပါးကုန်သော။ ဣမာသံ၊ ဤသူမတို့အား။ သမယော၊ ဩဝါဒဝဂ် သံဝိဓာနသိက္ခာပုဒ်လာသမယသည်။ ရက္ခတိ၊ စောင့်ရှောက်၏။ အယံ၊ ဤသည်ကား။ ဣမာသံ စ၊ ဤသုံးဦးကုန်သော သူမတို့၏ လည်းကောင်း။ မာတုဂါမဿ စ၊ သီတင်းသုံးဖော်မှ အလွတ်ဖြစ်သော မိန်းမ၏လည်းကောင်း။ ဝိသေသော၊ အထူးတည်း။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။
"**တံ ဒိဋ္ဌိံ အပ္ပဋိနိဿဋ္ဌေနာ** တိ၊ တံ ဒိဋ္ဌိံ အပ္ပဋိနိဿဋ္ဌေန ဟူသည်ကား။ လဒ္ဓိနာနာသံဝါသကံ၊ လဒ္ဓိနာနာသံဝါသကရဟန်းကို။ သန္ဓာယ၊ ရည်ရွယ်၍။ ဝုတ္တံ၊ ဆိုအပ်ပြီ။" ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။
တိစိတ္တန္တိ ဧတ္ထ၊ တိစိတ္တံ ဟူသော ဤအဋ္ဌကထာပါဌ်၌။ တိစိတ္တံ ။ ။ ဤသိက္ခာပုဒ်သည် ကုသိုလ်စိတ် အကုသိုလ်စိတ် အဗျာကတစိတ်အားဖြင့် သုံးမျိုးရသော တိစိတ္ထသိက္ခာပုဒ်ဖြစ်သည်။ ထိုတွင် အဗျာကတစိတ်ဟူရာ၌ ဝိပါက်အဗျာကတ ကြိယာအဗျာကတဟူ၍ နှစ်မျိုးရှိ၏။ ဤသိက္ခာပုဒ်၌ အဗျာကတအရ ဝိပါက်အဗျာကတကိုသာ ယူ၍ ကြိယာအဗျာကတစိတ်ကို မယူရပါ။ ဝိပါကာဗျာကတစိတ္တေန၊ ဝိပါက်ဖြစ်သော အဗျာကတစိတ်ဖြင့်။ (တေန)၊ ထိုဥက္ခိတ္တကရဟန်းနှင့်။ သဟ၊ တကွ။ သေယျံ၊ အိပ်ခြင်းကို။ ကပ္ပေယျ၊ ပြုအံ့။ ဣတိ ဧဝံ၊ ဤသို့။ အတ္ထော၊ အနက်ကို။ ဒဋ္ဌဗ္ဗော၊ မှတ်ထိုက်၏။
အညထာ၊ ဤအနက်မှ တစ်ပါးသော အခြင်းအရာအားဖြင့်။ (အတ္ထေ၊ အနက်ကို။ ဂယှမာနေ၊ ယူအပ်လတ်သော်)။ သိက္ခာပဒဿ၊ ဥက္ခိတ္တသမ္ဘောဂသိက္ခာပုဒ်၏။ သစိတ္တကတ္တာ၊ သစိတ္တက၏အဖြစ်ကြောင့်။ ကိရိယာဗျာကတံ၊ ကိရိယာဖြစ်သော အဗျာကတကို။ သန္ဓာယ၊ ရည်ရွယ်လတ်သော်။ န ယုဇ္ဇတိ၊ မသင့်။
"အယံ သမဏုဒ္ဒေသော၊ ဤကိုရင်သည်။ ပါရာဇိကော၊ ပါရာဇိကကျ သူသည်။ ဟောတိ၊ ဖြစ်၏။
တံ ဒိဋ္ဌိံ၊ ထိုအယူကို။ သစေ ပဋိနိဿဇ္ဇတိ၊ အကယ်၍စွန့်ငြားအံ့။ သံဃဿ၊ သံဃာအား။ အာရောစေတွာ၊ လျောက်ကြား၍။ သံဃာနုမတိယာ၊ သံဃာ၏ ခွင့်ပြုချက်ဖြင့်။ ပဗ္ဗာဇေတဗ္ဗော၊ နှင်ထုတ်ထိုက်၏။" ဣတိ၊ ဤသို့။ ပေါရာဏဂဏ္ဌိပဒေ၊ ရှေးဂဏ္ဌိပုဒ်၌။ ဝုတ္တံ၊ ဆိုအပ်ပြီ။ တံ၊ ထိုစကားသည်။ န ယုတ္တံ၊ မသင့်။
ဟိ၊ မှန်၏။ ဣဓ၊ ဤကဏ္ဋကသိက္ခာပုဒ်၌။ ဒဏ္ဍကမ္မနာသနာ၊ ဒဏ်အမှုဖြင့် ပျက်ဆီးခြင်းကို။ အဓိပ္ပေတာ၊ အလိုရှိအပ်၏။ရှင်းလင်းချက် ။ ။ ဤကဏ္ဋကသိက္ခာပုဒ်၌ နာသနသုံးမျိုးတွင် ဒဏ္ဍကမ္မနာသနကို ယူရမည်။ ရှေးဂဏ္ဌိပုဒ်၌ 'ယထာ ယေမေ' စသည်အားဖြင့် ယူသောကြောင့် ကဏ္ဋကသာမဏေသည် ပါရာဇိကကျ၏။ ထိုအယူကိုစွန့်လျှင် သံဃာ့ခွင့်ပြုချက်ဖြင့် နှင်ထုတ်ရမည်ဟု ဆိုသည်။ ထိုစကား မသင့်ပါ၊ ကဏ္ဋက၏ အယူသည် ဘုရားမဟုတ် စသော အယူမျိုး မဟုတ်၍ ပါရာဇိက မကျပါ။ ထိုအယူကို စွန့်ခဲ့လျှင် ဒဏ်ပေးရမည်။ မစွန့်လျှင်ကား လူဝတ်လဲ ပေးရမည်။ ဤသည်မှာ- ဆရာ၏ ကြံစည်ဆုံးဖြတ်ချက် ဖြစ်ပါသည်။ ထိုအာစရိယတက္ကသည် အောက်ပါ မဟာဝါပဋ္ဌကထာ (၂၉၆)စကာနှင့် ညီညွတ်သည်ကို တွေ့ရသည်။ မဟာအဋ္ဌကထာယံ ပန"သစေ ဧဝံ ဝုစ္စမာနော တံ လဒ္ဓိံ နိဿဇ္ဇတိ ဒဏ္ဍကမ္မံ ကာရေတွာ အစ္စယံ ဒေသာပေတဗ္ဗော၊ သစေ န နိဿဇ္ဇတိ၊ တထေဝ အာဒါယ ပဂ္ဂယှ တိဋ္ဌတိ၊ လိင်္ဂနသနာယ နာသေတဗ္ဗော" တိ ဝုတ္တံ၊ ဝံ ယုတ္တံ။ အယမေဝ ဟိ နာသနာ ဣဓ အဓိပ္ပေတာတိ။ မိစ္ဆာဒိဋ္ဌိကေပိ ဧသေဝ နယော။ သဿတု စ္ဆေဒါနဉှိ အညတဒိဋ္ဌိကော သစေ အာစရိယာဒီဟိ ဩဝဒိယမာနော နိဿဇ္ဇတိ၊ ဒဏ္ဍကမ္မံ ကာရေတွာ အစ္စယံ ဒေသာပေတဗ္ဗော။ အပ္ပဋိနိဿဇ္ဇန္တောဝ နာသေတဗ္ဗော။
သော၊ ထိုကိုရင်သည်။ ပါရာဇိကော၊ ပါရာဇိကကျသူသည်။ ယဒိ ဟောတိ၊ အကယ်၍ ဖြစ်ငြားအံ့။ ဧဝံ သတိ၊ ဤသို့ဖြစ်လတ်သော်။ လိင်္ဂနာသနာ နာမ၊ သာမဏေအသွင်ကို ဖျက်ဆီးခြင်း (လူဝတ်လဲခြင်း) မည်သည်။ သိယာ၊ ဖြစ်ရာ၏။
"**တေ ပဋိသေဝတော နာလံ အန္တရာယာယာ** " တိ ဧတ္ထ စ၊ ဟူသော ဤပါဌ်၌လည်း။ ဒိဋ္ဌိ၊ အယူသည်။ သတ္ထရိ၊ မြတ်စွာဘုရား၌။ အသတ္ထာရာဒိဒိဋ္ဌိ၊ ဘုရားမဟုတ် အစရှိသော အယူသည်။ န ဟောတိ၊ မဖြစ်။
ယဿ၊ အကြင်ကိုရင်အား။ သာ၊ ထိုဘုရားမဟုတ် စသောအယူသည်။ သစေ ဥပ္ပဇ္ဇတိ၊ အကယ်၍ ဖြစ်ငြားအံ့။ ဧဝံ သတိ၊ ဤသို့ ဖြစ်လတ်သော်။ သော၊ ထိုကိုရင်သည်။ ပါရာဇိတော၊ ပါရာဇိကကျသူသည်။ ဟောတိ၊ ဖြစ်၏။ တသ္မိမ္ပိ၊ ထိုဘုရားမဟုတ် စသည် ယူသော ကိုရင်၌လည်း။ ဧဝမေဝ၊ ဤအတူသာလျှင်။ ပဋိပဇ္ဇိတဗ္ဗံ၊ ကျင့်ရာ၏။ (ဒဏ်အမှုဖြင့် ပျက်ဆီးခြင်းကို ပြုကျင့်ရာ၏)။ သံဝရေ၊ စောင့်စည်းခြင်း၌။ အတိဋ္ဌန္တော၊ မတည်သော ကိုရင်ကို။ လိင်္ဂနာသနာယ၊ အသွင်ကို ဖျက်ဆီးခြင်းဖြင့်။ နာသေတဗ္ဗော၊ ဖျက်ဆီးရာ၏။ ဣတိ၊ ဤသည်ကား။ အာစရိယဿ၊ ဆရာ၏။ တက္ကော၊ အကြံတည်း။