Issues
Select Version
နိဿယ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

7. Vihārakārasikkhāpadavaṇṇanā

Author: နိဿယ @ IAPT

ဧတံ၊ ဤဝိဟာရကာရသိက္ခာပုဒ်သည်။ အကိရိယမတ္တတော၊ မပြုကျင့်ကာမျှဖြင့်။ အကိရိယ မတ္တတော ။ ။ယခုစာတို့၌ (အ) ပြုတ်နေလျက် ရှိသည်၊ ၎င်းကို အဋ္ဌကထာနှင့်ဋီကာသစ်တို့ကို ရှုလျက် ဆင်ခြင်ပါ၊ ကိရိယာမတ္တတော၌လာလတ္တံ့ အကိရိယံကို ရှုမျှော်၍ အဋ္ဌကထာပါအတိုင်း ရဿဖြင့် အကိရိယမတ္တတောဟုသာ ရှိရမည်။ သမုဋ္ဌာနဘာဝတော၊ အာပတ်ဖြစ်သည်၏ အဖြစ်ကြောင့်။ အကိရိယံ၊ အကိရိယသည်။ ဟောတိ၊ ဖြစ်၏။
တံ၊ ထိုသိက္ခာပုဒ်သည်။ ဒေသနာအကရဏဝသေန၊ ကုဋီနေရာကို ပြောကြားမှု မပြုလုပ်ခြင်း၏ အစွမ်းအားဖြင့်။ အကိရိယံ၊ အကိရိယသိက္ခာပုဒ်သည်။ ဟောတိ၊ ဖြစ်၏။
**ဘိက္ခူ ဝါ အနဘိနေယျာတိ** ဧတ္ထ၊ ဘိက္ခူ ဝါ အန ဘိနေယျဟူသော ဤပါဌ်၌။ ဝါ သဒ္ဒေါ၊ ဝါသဒ္ဒါသည်။ အဝဓာရဏတ္ထော၊ ပိုင်းခြားသတ်မှတ် ကန့်သတ်ခြင်းအနက်ရှိ၏။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗော၊ သိထိုက်၏။ (စေ အနဘိနေယျ ဝါ၊ အကယ်၍ မပင့်ဆောင်ဘဲသာလျှင်နေအံ့- ဟု အဝဓာရဏတ္ထ ပေးပါ။)
"အာယသ္မာ ‌ဆန္နော၊ အရှင်ဆန္ဒသည်။‌ စေတိယရုက္ခံ၊ စေတိီဟု သမုတ်အပ်သော နတ်ကွန်းသစ်ပင်ကို။ ဆေဒါပေတိ၊ ခုတ်ဖြတ်စေပြီ။ ဣတိ၊ ဤသို့။ အာဂတတ္တာ၊ လာသည်၏ အဖြစ်ကြောင့်။ ဣဒမ္ပိ၊ ဤဝိဟာရကာရသိက္ခာပုဒ်သည်လည်း။ နိဒါနာပေက္ခံ၊ နိဒါန်းကို ရှုငဲ့၏။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။