Issues
Select Version
နိဿယ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

1. Surāpānasikkhāpadavaṇṇanā

Author: နိဿယ @ IAPT

"သုရာ"တိ ဝါ၊ သေရည် ဟူ၍လည်းကောင်း။ "န ဝဋ္ဋတိီ"တိ ဝါ၊ မအပ်ဟူ၍လည်းကောင်း။ ဇာနိတွာ၊ သိ၍။ ပိဝနေ၊ သောက်ခြင်း၌။ အကုသလမေဝ၊ အကုသိုလ်စိတ်သည်သာ။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။
**အကုသလစိတ္တန္တိ**၊ ကား။ အကုသလစိတ္တံ ။ ။ ဤသုရာပါနသိက္ခာပုဒ်သည် စိတ်အားဖြင့် အကုသိုလ် စိတ် ကုသိုလ်စိတ် အဗျာကထာစိတ်သုံးမျိုး ရနိုင်၏။ ထိုသို့ သုံးမျိုး ရနိုင်ပါလျက် အကုသိုလ်စိတ်တစ်မျိုးတည်းကိုသာ ပြဆိုရခြင်းမှာ အရက်သေရည် သောက်ရာ၌ အကုသိုလ်စိတ်က အဖြစ်များ၍ ပြဆိုခြင်းဖြစ်၏။ ဤသို့ စိတ်သုံးမျိုး ရနိုင်ပါလျှက် ဝိနည်းအဋ္ဌကထာ၌ "အကုသိုလ်စိတ်ဖြင့် သာလျှင် သောက်သောကြောင့် အကုသိုလ်စိတ်တည်း" ဟု ဆိုအပ်သော စကားသည် အကုသိုလ်စိတ်တစ်မျိုးသာ ဖြစ်နိုင်သည်ဟူသော အဓိပ္ပာယ်ရောက်နေသည် မဟုတ်ပါလောဟု စောဒနာဖွယ်ရှိ၏။ ယင်းစကားမှာ "သစိတ္တကအဖို့" ကိုသာ ရည်ညွှန်း၍ ဆိုခြင်းဖြစ်၏။ "အစိတ္တကအဖို့" ၌ ကုသိုလ်စိတ် အဗျာကတစိတ် ဖြစ်နိုင်သေးသည်သာ ဟူလို။ တံ၊ ထိုအကုသလစိတ္တံ ဟူသော စကားကို။ ယေဘုယျေန၊ ယေဘုယျနည်းအားဖြင့်။ သန္ဓာယ၊ ရည်ရွယ်၍။ ဝုတ္တံ ကိရ၊ ဆိုအပ် သတဲ့။
အထ၊ ထိုသို့ဖြစ်လျှင်။ ကသ္မာ၊ အဘယ့်ကြောင့်။ ဝိနယဋ္ဌကထာယံ၊ ဝိနည်းအဋ္ဌကထာ၌။ "အကုသလေနေဝ ပါတဗ္ဗတာယာ"တိ၊ ဟူ၍။ ဝုတ္တံ၊ ဆိုအပ်ပါသနည်း။ ဣတိ၊ ဤသို့။ စေ ပုစ္ဆေယျ၊ အကယ်၍ မေးငြားအံ့။
သစိတ္တကပက္ခေ၊ သစိတ္တကအဖို့၌။ အကုသလေနေဝ၊ အကုသိုလ်စိတ်ဖြင့်သာလျှင်။ ပါတဗ္ဗတာယ၊ သောက်အပ်သည်၏ အဖြစ်ကြောင့်။ ဝုတ္တံ၊ ဆိုအပ်ပြီ။ ဣတိ ပရိဟာရော၊ ဤကား အဖြေတည်း။