**စတုတ္ထံ**၊ လေးခုမြောက်သော ရဟောပဋိစ္ဆန္န သိက္ခာပုဒ်သည်။
ပဌမာ နိယတေ၊ ပဌမ အနိယတ သိက္ခာပုဒ်၌လည်းကောင်း။
**ပဉ္စမံ**၊ ငါးခုမြောက်သော ရဟောနိသဇ္ဇသိက္ခာပုဒ်သည်။
ဒုတိယာနိယတေ၊ ဒုတိယအနိယတ သိက္ခာပုဒ်၌ လည်းကောင်း။
ဝုတ္တနယမေဝ၊ ဆိုအပ်ခဲ့ပြီးသော နည်းရှိသည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
ဣဓ၊ ဤအစေလကဝဂ်၌။
ပဉ္စမံ၊ ငါးခုမြောက် ရဟောနိသဇ္ဇ သိက္ခာ ပုဒ်သည်။
ဥပနန္ဒဿ၊ အရှင်ဥပနန္ဒ၏။
စတုတ္ထံ၊ လေးခုမြောက် သိက္ခာပုဒ်သည်။
ဥပနန္ဒဿ စတုတ္ထံ ။ ။ ဤဝဂ်လာ ငါးခုမြောက်သော သိက္ခာပုဒ်သည် ဥပနန္ဒနှင့်စပ်၍ ပညတ်ရာ၌ကား လေးခုမြောက် သိက္ခာပုဒ်သာ ဖြစ်သည်။ ချဲ့ဦးအံ- ဤအစေလကဝဂ်၌ ပဌမသိက္ခာပုဒ်သည် အရှင်အာနန္ဒာကို အကြောင်းပြု၍ ဖြစ်၏။ ဒုတိယ တတိယ စတုတ္ထ ပဉ္စမသိက္ခာပုဒ်တို့သည် အရှင်ဥပနန္ဒကို အကြောင်းပြု၍ ဖြစ်သည်။ ထိုတွင် ဝဂ်၏ ပဉ္စမမြောက်ရဟောနိသဇ္ဇသိက္ခာပုဒ်သည် အရှင်ဥပနန္ဒကို အကြောင်းပြု၍ ဖြစ်ရာ ၌ကား စတုတ္ထမြောက် သိက္ခာပုဒ်သာ ဖြစ်ရသည်။ ထို့ကြောင့် "ဥပနန္ဒဿစတုတ္ထံ" ဟု ဆိုရသည်။
ဟောတိ၊ ဖြစ်၏။