**အသင်္ခတံ (ပေ) ဌပေတွာ**။ ။ ဤပါဠိတော်သည် ဓမ္မာယတန အတွက် ပြအပ်သော ပါဠိတော်တည်း။ ထို့ကြောင့် "အသင်္ခတံ ဓမ္မာယတနံ နာမ နိဗ္ဗာနံ" ဟူ ဓမ္မာယတန အမည်ကိုပြသည်။ နိဗ္ဗာန်သည် "ဘေဒါဘာဝေန နိဗ္ဗာနံ၊ ခန္ဓ သင်္ဂဟ နိဿဋံ" ဟူသော အဘိဓမ္မတ္ထသင်္ဂဟ သမုစ္စည်းပိုင်းနှင့်အညီ ခန္ဓာ မဖွဲ့ရသောကြောင့် "အသင်္ခတံ ခန္ဓတော ဌပေတွာ" ဟု ဟောတော်မူသည်။
ဓမ္မာယတနံ နာမ၊ ဓမ္မာယတန မည်သည်။
နိဗ္ဗာနံ၊ တည်း။
တဉ္စ၊ ထို နိဗ္ဗာန်သည်လည်း။
ခန္ဓသင်္ဂဟံ၊ ခန္ဓာဖြင့် သိမ်းယူရေတွက် အပ်သည်၏ အဖြစ်သို့။
နဂစ္ဆတိ၊ မရောက်။**ဒုက္ခမတ္တမေဝ**။ ။ ဧဝဖြင့် "တိကမှ စ၍ ဧကာဒသက တိုင်အောင် ပြထိုက် သော ပါဠိရပ်တို့ကိုလည်းကောင်း, ဒွါဒသက၌လည်း ဘေဒကိုလည်းကောင်း မပြတော့" ဟု ကန့်သည်။ ပါဠိတော်ကို ကြည့်လျှင် ဒုကမူသက အပြီး၌ ဒွါဒသကဘေဒကိုသာ တွေ့ရလိမ့်မည်။ ဓာတုနိဒ္ဒေသ၌လည်း ဤအတိုင်းပင် (ပါဠိတော်ရှိပုံကို) သိပါ။
ပါဠိယံ၊ ပါဠိတော်၌။
ဒဿေတွာ၊ ၍။
ဒွါဒသာယတနာနီတိ၊ ဟူ၍။
အဘေဒတောဝ၊ အဘေဒအားဖြင့်သာ။
ပုစ္ဆာဝိသဇ္ဇနံ၊ ကို။
(အင်္ဂီတိကာရေဟိ) ကတံ၊ သစ္စနိဒ္ဒေသေ၊ ၌။
သစ္စနိဒ္ဒေသ။ ။ သစ္စနိဒ္ဒေသ ၌ကား ခန္ဓာနိဒ္ဒေသ တုန်းက ကဲ့သို့ ရထိုက်သော ဒုကဘိကစတုက္ကတို့ကို ပါဠိတော်၌ အပြည့်အစုံ ပြတော်မူ၏။ အနည်းငယ်ထူးပုံကား- သစ္စာ ၄ ပါး စဉ်ရာ၌ အကျိုးအကြောင်းတွဲ၍ "နိရောဓသစ္စာ, မဂ္ဂသစ္စာ" ဟု ဟောတော်မူအပ်သော အစဉ်ရှိ၏။ ထို အစဉ်အတိုင်းမကျပဲ သမုဒယ သစ္စာ၏ အခြားမဲ့၌ မဂ္ဂသစ္စာကို ဟောတော်မူထား၏။ ထိိုသို့ ဟောတော်မူရခြင်းမှာ သမုဒယသစ္စာ၏ ဝိသဇ္ဇနနှင့် မဂ္ဂသစ္စာ၏ ဝိသဇ္ဇန တို့ တူသော ကြောင့်တည်း။
မှတ်ချက်။ ။ အဋ္ဌကထာစာအုပ်တို့၌ "ယသ္မာ ဒုကတိကေသု" ဟု ဒုကတိက တို့၌ "သမုဒယသစ္စာနှင့် မဂ္ဂသစ္စာတို့ အဖြေတူသောကြောင့်" ဟု အကြောင်းပြထား၏။ ဒုကတိက ၌သာ သမ ဧကက၌လည်း ထို သစ္စာ ၂ ပါးတို့ အဖြေတူကြ၏။ သို့ပါလျက် ဒုကတိက တို့၌သာ အဖြေတူပုံကို ပြခြင်း၌ အဋ္ဌကထာ နှလုံးသွင်းကို ဋီကာ ၌ ဖော်ပြထားသည်။
သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ဒုကတိကစတုက္ကာ၊ တို့ကို။ ပါဠိယံ၊ ပါဠိတော်ကို။ ဒဿိတာ၊ ကုန်ပြီ။