Issues
Select Version
နိဿယ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

3. Bhesajjasikkhāpadavaṇṇanā

Author: နိဿယ @ IAPT

**"ပဋိသာယနီယာနိ ပဋိဂ္ဂဟေတွာ"** တိ၊ "ပဋိသာသနီယာနိ ပဋိဂ္ဂဟေတွာ" ဟူ၍။ ဝဒန္တေန၊ သိက္ခာပုဒ်၌ ဟောမိန့်တော်မူခြင်းကြောင့်။ (အဘုဉ္ဇိတွာ၊ မစားသုံးမူ၍။)။ ပါဒမက္ခနာဒီနံ၊ ခန္ဓာပြင်ပ ခြေထောက်ကို လိမ်းကျံခြင်း အစရှိသည်တို့၏။ အတ္ထာယ၊ အကျိုးငှာ။ ပဋိဂ္ဂဟေတွာ၊ အကပ်ခံပြီး၍ (အကပ်ခံပြီးနောက်)။ ဌပေတုံ၊ ခုနစ်ရက်ကျော်လွန်အောင် ထားခြင်းငှာ။ ဝဋ္ဋတိ၊ အပ်၏။ ဤတိ၊ ဤသို့။ ဒီပိတံ၊ ပြအပ်ပြီ။ ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။
**"ယေသံ မံသံ ကပ္ပတီ"** တိ၊ "ယေသံ မံသံ ကပ္ပတိ" ဟူ၍။ ဝစနေန၊ ဟောမိန့်တော်မူခြင်းကြောင့်။ ယေသံ မံသံ ကပ္ပတိ ။ ။ ဤစကားတော်ကို ဗျတိရိက်အနက်ယူ၍ မအပ်သော မစားကောင်းသော အသားရှိကုန်သော သတ္တဝါတို့မှ ဖြစ်သော ထောပတ်စသည်များ မအပ်ဟု အချို့ပုဂ္ဂိုလ်များ ဆိုကြခြင်းသည် မသိ၍ ဆိုကြခြင်းဖြစ်သည်။ မှန်၏၊ လူမှတစ်ပါး အပ်ကုန် မအပ်ကုန်သော (စားသောက်ကုန် မစားကောင်းကုန်သော) သတ္တဝါတို့မှ ဖြစ်ပေါ်လာသော ထောပတ်စသည်တို့ကိုကား စားကောင်းပါသည်။ အကပ်ခံပြီးနောက် ခုနစ်ရပ်ပတ်လုံး ဆေးအဖြစ် မှီဝဲကောင်းပါသည်။ ခုနစ်ရက်ကျော်အောင်ထားလျှင်မူ ဒုက္ကဋ်အာပတ်သင့်၏။ ဤနေရာ၌ ကား နိဿဂ္ဂိအခန်းဖြစ်၍ ဒုက္ကဋ်အာပတ်သင့်သော ဆေးပစ္စည်းတို့ကို ထုတ်ပြနေဖို့ မလိုပါ။ နိဿဂ္ဂိပါစိတ်အာပတ် သင့်နိုင်သော ဆေးပစ္စည်းတို့ကိုသာ ထုတ်ပြရမည် ဖြစ်သည်။ ထို့ကြောင့် အကပ်ခံပြီးနောက်ခုနစ်ရက်သာ သိုမှီး၍ သုံးနိုင်သော ခုနစ်ရပ်ကျော်လွန်က နိဿဂ္ဂိ ပါစိတ်အာပတ် သင့်နိင်သော ဆေးပစ္စည်း သရုပ်တို့ကိုသာ ပြဆိုခြင်းငှာ "ယေသံ မံသံ ကပ္ပတိ" စသည် ဟောမိန့်တော်မူရခြင်း ဖြစ်သည်။ ပဏီတဘောဇနသိက္ခာပုဒ်အဖွင့်လာ "ယေသံ မံသံ ကပ္ပတိ" စသည် ၌လည်း ဤအနည်းတိုင်းသာ ဖြစ်သည်။ ယေသံ၊ အကြင်သတ္တဝါတို့၏။ မံသံ၊ အသားသည်။ ဘုဉ္ဇိတုံ၊ စားခြင်းငှာ။ န ကပ္ပတိ၊ မအပ်။ တေသံ၊ (မအပ်သော အသားရှိကုန်သော) ထိုသတ္တဝါတို့၏။ သပ္ပိအာဒိ၊ ထောပတ်စသည်သည်။ ပဋိသေဝိတုံ၊ အကပ်ခံပြီးနောက် ခုနစ်ရပ်ပတ်လုံး ဆေးအဖြစ်မှီဝဲခြင်းငှာ။ န ကပ္ပတိ၊ မအပ်ပါ။ ဣတိ၊ ဤသို့။ ဝဒန္တာ၊ ပြောဆိုကုန်သူတို့သည်။ အဇာနိတွာ၊ မသိကုန်သောကြောင့်။ (တွာပစ္စည်း၊ ဟိတ်အနက်)။ ဝဒန္တိ၊ ပြောဆိုကြကုန်၏။
ကသ္မာ၊ အဘယ့်ကြောင့်နည်း။ ဟိ ယသ္မာ၊ အကြင်ကြောင့်။ "ယေသံ မံသံ ကပ္ပတိ၊ တေသံ ကပ္ပီ" တိ အာဒိ၊ "ယေသံ မံသံ ကပ္ပတိ၊ တေသံ သပ္ပိ" အစရှိသည်ကို။ ဝိ၊၁။၃၆၃။ သတ္တာဟကာလိကနိဿဂ္ဂိယဝတ္ထုပရိစ္ဆေဒဒဿနတ္ထံ၊ သတ္တာဟ ကာလိကနိဿဂ္ဂိယဝတ္ထု (ခုနစ်ရက်ပတ်လုံး သုံးစွဲထိုက်သော ခုနစ်ရက်ကျော်ကစွန့်ရခြင်း ဝိနည်းကံ ရှိသော ဝတ္ထု) အပိုင်းအခြားကို ပြဆိုတော်မူခြင်း အကျိုးငှာ။ ဝုတ္တံ၊ ဟောတောမူအပ်ပြီ။
တထာ၊ ထို့အတူ။ ပဏီတဘောဇနသိက္ခာပဒေ၊ ပဏီတဘောဇနသိက္ခာပုဒ်၌။ "ယေသံ မံသံ ကပ္ပတိ၊ တေသံယေဝ ခီရာ"ဒိ ပဏီတဘောဇနံ၊ "ယေသံ မံသံ ကပ္ပတိ၊ တေသံယေဝ ခီရံ" အစရှိသော ပဏီတဘောဇဉ်ကို။ နယတော၊ နည်းအားဖြင့်။ ဝေဒိတဗ္ဗံ၊ ၏။ ဣတရံ၊ အခြားသောအရာသည်။ န၊ မဟုတ်။ ဣတိ၊ ဤသို့။ ဒဿေတုံ၊ ပြဆို ခြင်းငှာ။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဣတိ တသ္မာ၊ ထို့ကြောင့်တည်း။
**မဓု နာမ**၊ မဓု မည်သည်။မဓု နာမ ။ ။ မဓု၌ သတ္တာဟကာလိကမဓု၊ ယာဝဇီကမဓု ဟု နှစ်မျိုးရှိ၏။ ဤ၌ ယာဝဇီဝီကမဓုကိုထုတ်ပြသည်။ စီရိကာ နာမ သပက္ခာ ဒီဃမက္ခိကာ၊ တုမ္ဗလနာမိကာစ အဋ္ဌိပက္ခာ ကာဠမဟာဘမရာ ဟောန္တိ၊ တေသံ အာသယေသု နိယျာသသဒိသံ မဓု ဟောတိ၊ တံ ယာဝဇီဝိကံ။ (ပါရာဇိကဏ် အဋ္ဌကထာ၊ဒု၊၂၉၄၊)
ဝတ္ထုနှင့်စပ် သိမှတ်စရာ
ဤနိဿဂ္ဂိယဝတ္ထုတို့နှင့် စပ်၍ သိမှတ်ဖွယ်ကို ရှေးဆရာတို့က ဤသို့ မှတ်တမ်းတင်တော်မူခဲ့ကြသည်။ [ဆောင်] သန္ထပတေး၊ ရက်ကုန်ဆေး၊ ပြန်ပေးမသုံးရ။ ရွှေ ငွေ ခံလဲ၊ နှစ်ခုတည်း (ထဲ)၊ ပြန်ပဲ မပေးရ။ အကြွင်းစစ်ဆေး၊ နှစ်ဆယ့်လေး၊ ပြန်ပေး သုံးစွဲရ။ သန္ထတတေး- အခင်း ငါးမျိုးတွင် ရှေ့အခင်းသုံးမျိုး ဖြစ်သည်။ ရက်ကုန်ဆေး- အကပ်ခံပြီး၍ ခုနစ်ရက်ကျော်ပြီးသော ထောပတ်ဆီဦး စသော ဘေသဇ္ဇသိက္ခာပုဒ်လည ဆေးများဖြစ်သည်။ ရွှေငွေ ခံ လဲ- ရွှေငွေကို ခံယူခြင်း လဲလှယ်ခြင်းကြောင့်ဖြစ်သော နိဿဂ္ဂိဝတ္ထု ဖြစ်သည်။ အကြွင်းစစ်ဆေး‌၊ နှစ်ဆယ့်လေး- ဆိုပြီးမှ ကြွင်းသော နိဿဂ္ဂယဝတ္ထု (၂၄) ပါး ဖြစ်သည်။ စွန့်ပြီးနောက် ‌ပြန်ပေး, ပြန်ရလျှင် သုံးဆောင်ကောင်းသည်။
မဓုကရိဘမရမက္ခိကာနံ၊ ပျားရည်ကို ပြုတတ်ကုန်သော စီရိကာပျားအလတ်ပိတုန်းပျားအကြီးတို့၏။ အာသယေသု၊ နေရာတို့၌။ နိယျာသသဒိသံ၊ သစ်စေးနှင့် တူသော။ မဟာမဓု၊ ကြီးသော ပျား(ပျားဖယောင်း)သည်။ (အမက္ခိတံ)- ပျားရည်ဖြင့်မလိမ်းကျံအပ်သည်။ ဟောတိ၊ ဖြစ်အံ့။ တံ၊ ထိုရင့်မာသော ပျားဖယောင်းသည်။ ယာဝဇီဝိကံ၊ ယာဝဇီဝိကတည်း။ ဣတိ စ၊ ဤသို့လည်း။ လိခိတံ၊ ဝဇိရဗုဒ္ဓိဆရာရေးအပ်ပြီ။