Issues
Select Version
AI-汉译-Nissaya
简体中文
နိဿယ
မြန်မာဘာသာ
Kaṅkhāvitaraṇīpurāṇa-ṭīkā
Kaṅkhāvitaraṇīpurāṇa-ṭīkā

1. Pattasikkhāpadavaṇṇanā

Author: နိဿယ @ IAPT

ယသ္မာ၊ အကြင်ကြောင့်။ တေသု၊ ထိုသပိတ်ကိုးလိုးတို့တွင်။ ဥက္ကဋ္ဌုက္ကဋ္ဌော စ၊ ဥက္ကဋ္ဌုက္ကဋ္ဌ သပိတ်လည်းကောင်း။ ဩမကောမကော စ၊ ဩမကောမက သပိတ်လည်းကောင်း။ ဒွေ၊ နှစ်လုံးကုန်သော သပိတ်တို့သည်။ အပတ္တာ၊ သပိတ်မဟုတ်ကုန်။ တသ္မာ၊ ထို့ကြောင့်။ ဧတေ၊ ဤသပိတ် နှစ်လုံးတို့ကို။ ဘာဇန ပရိဘောဂေန၊ ခွက်အသုံးအဆောင်ဖြင့်။ ပရိဘုဉ္ဇနတဗ္ဗာ၊ သုံးစွဲထိုက်ကုန်၏။ အဓိဋ္ဌာနူပဂတိကပ္ပနူပဂတာ၊ အဓိဋ္ဌာန်သို့ ကပ်ရောက် ဝိကပ္ပနာသို့ ကပ်ရောက်ကုန်သည်၏ အဖြစ်သည်(အဓိဋ္ဌာန်တင်ထိုက် ဝိကပ္ပနာပြုထိုက်သည်)။ န ဟောတိ၊ မဖြစ်။ ဣတိ အတ္ထော၊ ဤကား အနက်တည်း။ ဣတိ စ၊ ဤသို့လည်း။ လိခိတံ၊ ဆရာ ရေးအပ်ပြီ။ [ဝိ၊ဋ္ဌ အဖွင့်တွင်လည်း ဆိုပြီး ရှိသည်။]
**သမဏသာရုပ္ပေန ပက္ကန္တိ** ဧတ္ထ၊ ဟူသော ဤပါဌ်၌။ အယောပတ္တော၊ သံသပိတ်ကို။ ပဉ္စဟိ၊ ငါးကြိမ်ကုန်သော။ ပါကေဟိ၊ မီးဖုတ်ခြင်းတို့တွင်။ ပက္ကော၊ ဖုတ်အပ်သည်။ (သမာနော၊ ဖြစ်လတ်သော်။ သမဏသာရုပ္ပေန၊ ရဟန်းတို့အား လျောက်ပတ်သော အားဖြင့်။ ပက္ကော၊ ဖုတ်အပ်သည်။) ဟောတိ၊ ဖြစ်၏။ မတ္တိကာပတ္တော၊ မြေသပိတ်ကို။ ဒွီဟိ၊ နှစ်ကြိမ်ကုန်သော။ ပါကေဟိ၊ မီးဖုတ်ခြင်းတို့ဖြင့်။ ပက္ကော၊ ဖုတ်အပ်သည်။ (သမာနော၊ ဖြစ်လတ်သော်။ သမဏသာရုပ္ပေန၊ ရဟန်းတို့အားလျှောက်ပတ်သောအားဖြင့်။ ပက္ကော၊ ဖုတ်အပ်သည်။) ဟောတိ၊ ဖြစ်၏။ [ဆိုလိုရင်းအနက် ထင်ရှားပေါ်လွင်စေရန် ဋီကာသစ်အတိုင်း ထည့်လိုက်ပါသည်၊ "ပက္ကော- ဟောတိ" အနက်မျှဖြင့်လည်း ကိစ္စပြီးနိုင်ပါသည်။ ]
"ဘိက္ခုနိယာ၊ ဘုက္ခုနီ၏။ ပတ္တသန္နစယဿ၊ သပိတ် သိုမှီး သိမ်းဆည်းခြင်းကို။ ဝါရိတတ္တာ၊ ဘုရားတားမြစ်တော်မူအပ်သည်၏ အဖြစ်ကြောင့်။ ဘိက္ခုဿပိ၊ ရဟန်းအားလည်း။ တံ၊ ထိုသပိတ်အများကို သိုမှီးသိမ်းဆည်းခြင်းသည်။ အနနုရူပံ၊ မလျောက်ပတ်။ (ဝဇိရ ဗုဒ္ဓိ၌ ဝါရိတတ္တာ နောင် တဒနုလောမတော၊ ထိုဘိက္ခုနီမတို့အား တားမြစ်အပ်သည်နှင့် လျော်သောအားဖြင့်။ ဘိက္ခူနမ္ပိ၊ တို့အားလည်း။ ဒုတိယော၊ နှစ်လုံးမြောက်သော သပိတ်ကို။ ဝါရိတော၊ တားမြစ်အပ်၏၊ ဟုလာ၏။) ဣတိ၊ ဤသို့။ ကတွာ၊ ပြုရသောကြောင့် (ဤအကြောင်းကြောင့်)။ (အဋ္ဌကထာယံ၊ ကင်္ခါဝိတရဏီ အဋ္ဌကထာ၌)။ ပုရာဏပတ္တံ၊ သပိတ်ဟောင်းကို။ ပစ္စုဒ္ဓရိတွာ၊ ပစ္စုဒ္ဓိုရ်ပြု၍(အဓိဋ္ဌာန်ချ၍)။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ မိန့်ဆိုအပ်၏။ ဣတိ စ၊ ဤသို့လည်း။ လိခိတံ၊ အချို့ဆရာတို့ အဆိုကို ဝဇိရဗုဒ္ဓိဆရာ ရေးအပ်ပြီ။ တံ၊ ထိုသပိတ်များစွာ သိုမှီးသိမ်းဆည်းမှုကို တားမြစ်လို၍ မိန့်ဆိုအပ်၏ ဟူသော စကားသည်။ ပါဠိယံ၊ ပါစိတ်ပါဠိတော်၌။ "သန္နိစယံ ကရောယျာတိ အနဓိဋ္ဌိတော အဝိကပ္ပိတော"တိ၊ ဟူ၍။ ဝုတ္တတ္တော၊ ဟောမိန့်တော်မူအပ်သည်၏ အဖြစ်ကြောင့်။ န ယုတ္တံ၊ မသင့်။ တံ န ယုတ္တံ ။ ။ "နှစ်လုံးမြောက်သပိတ်မှ စ၍ သပိတ်အများ သိုးမှီးခြင်းကို တားမြစ်လိုသောကြောင့် ပုရာဏပတ္တံ ပစ္စုဒ္ဓရိတွာဟာ အဋ္ဌကထာမိန့်ခြင်း ဖြစ်သည်" ဟု ဆိုသော စကားသည် မသင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ဘိက္ခုနီပါစိတ်ပါဠိတော်၌ပင်- အဓိဋ္ဌာန်မတင် ဝိကပ္ပနာ မပြုလုပ်ဘဲ သိုမှိးခြင်းဟု ဖွင့်ရကား အဓိဋ္ဌာန်ဝိကပ္ပနာ မပြုခြင်းကိုသာမြစ်သည်၊ အဓိဋ္ဌာန်ဝိကပ္ပနာ ပြုလုပ်ပါမူ သပိတ်များစွာကိုပင် သိုမှီးနိုင်သည်ဟု အဓိပ္ပါယ်ရသောကြောင့်တည်း။ မှန်၏၊ 'သိုမှီး' ဟူရာ၌ ယနေ့ရ၍ ယနေ့ ရ၍ နောက်တစ်နေ့ရောက်လျှင် သိုမှီးသည်ဟုပင် ဆိုရတော့သည်။ ဤဘိက္ခုသိက္ခာပုဒ်၌ကား- 'ဒသာဟပရမံ' ဟုလည်းကောင်း 'အတိရေက ပတ္တော' ဟုလည်းကောင်း အဟောပင် ရှိလေပြီ။
ဟိ၊ မှန်၏။ သော၊ ထိုပက္ကသန္နိစယကို။ ကထိနက္ခန္ဓကေ၊ မဟာဝါကထိနက္ခန္ဓက၌။ နိစယသန္နိဓိ ဝိယ၊ နိစယသန္နိဓိကဲ့သို့။ ဧကောပိ၊ တစ်လုံးတည်းသော သပိတ်ကိုလည်း။ ပုန ဒိဝသေ၊ ယနေ့ရရှိသည်မှ နောက်တစ်နေ့၌။ "သန္နစယော"တိ၊ သန္နိစယဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
အနန္တရသိက္ခာပဒေ ပန၊ အခြားမဲ့ဖြစ်သော ဦနပဉ္စဗန္ဓနသိက္ခာပုဒ်၌ကား။ ဒုတိယော၊ နှစ်လုံးမြောက်သော သပိတ်ကို။ ဝါရိတော၊ တားမြစ်တော်မူအပ်၏။ ဣတိ၊ ထို့ကြောင့်။ အဓိဋ္ဌာနံ၊ အဓိဋ္ဌာန်တင်ခြင်းသည်။ နိယတံ၊ စွဲမြဲ၏။
တသ္မာ၊ ထို့ကြောင့်။ ဒွေ၊ နှစ်လုံးကုန်သော။ ပတ္တေ၊ သပိတ်တို့ကို။ အဓိဋ္ဌာတုံ၊ အဓိဋ္ဌာန် တင်ခြင်းငှာ။ န လဘတိ၊ မရ။
ဒွေ ပတ္တေ၊ နှစ်သပိတ်တို့ကို။ ဧကတော၊ တပေါင်းတည်း။ သစေ အဓိဋ္ဌာတိ၊ အကယ်၍ အဓိဋ္ဌာန်တင်အံ့။ ဒွေပိ၊ နှစ်လုံးကုန်သော သပိတ်တို့သည်လည်း။ အနဓိဋ္ဌိတာ၊ အဓိဋ္ဌာန်မတင်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ဝိသုံ ဝိသုံ၊ သီးခြားစီ သီးခြားစီ။ အဓိဋ္ဌာတိ၊ အဓိဋ္ဌာန်တင်အံ့။ ဒုတိယော၊ နှစ်လုံးမြောက်သော သပိတ်ကို။ အနဓိဋ္ဌိတော၊ အဓိဋ္ဌာန်မတင်အပ်သည်။ ဟောတိ၊ ဖြစ်၏။
ဝိကပ္ပေတုံ ပန၊ ဝိကပ္ပနာပြုခြင်းငှာသော်ကား။ ဗဟူပိ၊ များစွာသော သပိတ်တို့ကိုလည်း။ လဗ္ဘန္တိ၊ ရအပ်ကုန်၏။
**ကာကဏိကမတ္တမ္ပိ** တိ ဧတ္ထ၊ ကာကဏိကမတ္တမ္ပိဟူသော ဤအဋ္ဌကထာပါဌ်၌။ ကာကဏိကမတ္တမ္ပိ ။ ။' သစေ ပနဿ မူလတော ကာကဏိကမတ္တမ္ပိ ဒါတဗ္ဗံ ဟောတိ၊ အဓိဋ္ဌာနုပဂေါ န ဟောတိ' ဟူသော ကင်္ခါဝိတရဏီ အဋ္ဌကထာစကားကို ဖွင့်ပြခြင်းတည်း။ ၎င်းအဓိပ္ပါယ်ကား 'ထိုသပိတ်၏ တန်ဖို့အားဖြင့် တစ်ခြင်ရွေးမျှပင်လည်း မူလသပိတ်ရှင်အား ပေးဆပ်ဖို့ရန် ကျန်ရှိနေသေးပါက အဓိဋ္ဌာန်မလောက်တော့' ဟူလို။ ဤ၌ ပိသဒ္ဒါသည် "သပိတ်တန်ဖိုး ပေးချေရန် တစ်ခြင်ရွေးမျှပင် ကျန်နေသေးသော သပိတ်သည် အဓိဋ္ဌာန်မလောက်သကဲ့သို့ သတ်မှတ်ထားသောမိးဖုတ်အကြိမ် တစ်ကြိမ်မျှဖြစ်စေ ကျန်နေသေးသော သပိတ်သည်လည်း အဓိဋ္ဌာန်မလောက်" ဟူ၍ ပါကပရိမာဏကို ပေါင်းဆည်း၏။ ထို့ကြောင့် ဤဋီကာလာ ဧကပါတမ္ပိ ဇနေတိ၌ "ဧကပါကမ္ပိ န ဇနေတိ" ဟု 'န' ပဋိသေဓပါရှိနေရမည် ဖြစ်သည်။ ပါရာဇိကဏ် အဋ္ဌကထာ၌ကား ဝါသဒ္ဒါအပိုပါပြီးဖြစ်၍ ပိဖြင့် ဆည်းဖွယ်မလိုတော့၊ ပိသဒ္ဒါ၏ မူရင်းတာဝန်ဖြစ်သော များစွာသော တန်ဖို့ကိုသာ ဆည်းရမည် ဖြစ်သည်။ ထို့ကြောင့်ပင် ပါရာဇိကဏ်အဋ္ဌကထာ (ဒု - ၂၈၃) ၌ "သစေ ဧကောပိ ပါကော ဦနော ဟောတိ၊ ကာကဏိကမတ္တမ္ပိ ဝါ မူလံ အဒိန္နံ၊ န အဓိဋ္ဌာနုပဂေါ" ဟု မိန့်ဆို၏။ ဤပဌမ နည်းအရ "သံသပိတ်၌ ငါးကြိမ်၊ မြေသပိတ်ဲ၌ နှစ်ကြိမ် အပြည့်မီးဖုတ်မှသာ အဓိဋ္ဌာန်လောက်သည်" ဟု မှတ်ရမည် ဖြစ်သည်။ထို့အပြင် ဤဋီကာဟောင်း၌ 'အထ ဝါ' ဖြင့် ဒုတိယနည်းကို ပြဆိုသည်။ ဤအနည်းအရ သံသပိတ် ငါးကြိမ်, မြေသပိတ်နှစ်ကြိမ် ဟူသည် သာရုပ္ပဖြစ်လောက်သော အကြိမ်ကို မှန်း၍ ဆိုသော စကားဖြစ်သည်၊ ဧကန် မဟုတ်။ လိုရင်းမှာ- မည်းနက်သော သမဏသာရုပ္ပ ဖြစ်တော့သည်သာ။ တစ်ကြိမ်တည်း မီးဖုတ်ရုံမျှဖြင့် အနက်ရောင်ရ သာရုပ္ပဖြစ်လျှင် ထိုတစ်ကြိမ်ဖြင့်ပင် အပ်သည်။ အကြိမ်သည် လိုရင်း မဟုတ်၊ ထို့ကြောင့် ကင်္ခါဝိတရဏီအဋ္ဌကထာ (၁၇၈)၌ မီးဖုတ်ရာအကြိမ် အရေအတွက်ကို မပြဆိုတော့ဘဲ 'သမဏသာရုပ္ပေန- ရဟန်းတို့အား လျောက်ပတ်သော အားဖြင့်၊ ပက္ကံ- ဖုတ်ပြီးသော' ဟုမိန့်သည်။ ဤဒုတိယနည်းအရ "အနက်ရောက်အဆင်း ရလျှင် သပိတ်အရာဝင်၍ အဓိဋ္ဌာန်ဝိကပ္ပနာ ပြုနိုင်ပြီ" ဟု မှတ်ရမည် ဖြစ်သည်။ ပိကာရော၊ ပိသဒ္ဒါသည်။ "(ဦနံ၊ ခွင့်ပြုသော သပိတ်၏ အကြိမ်သတ်မှတ်ချက် အားလျော်စွာ ယုတ်လျော့သော)။ ဧကပါကမ္ပိ၊ တစ်ကြိမ်သော မီးဖုတ်ခင်းမျှကိုလည်း။ န ဇနေတိ၊ မဖြစ်စေ။" ဣတိ ဧဝံ၊ ဤသို့။ ပါကံ၊ မီးဖုတ်ခြင်း (မီးဖုတ်ရာ အကြိမ်ပမာဏ)ကို။ သမ္ပိဏ္ဍေတိ၊ ပေါင်းစည်း၏။
အထ ဝါ၊ ထို့အပြင် တစ်နည်းကား။ ဧကပါကေနေဝ၊ တစ်ကြိမ် မီးဖုတ်ခြင်းမျှဖြင့်သာလျှင်။ သာရုပ္ပေါ၊ ရဟန်းတို့အား လျောက်ပတ်သည်။ သစေ ဟောတိ၊ အကယ်၍ ဖြစ်ငြားအံ့။ (ဧဝံ သတိ)။ ဝဋ္ဋတိ၊ အပ်၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ ပါကပရိမာဏံ၊ မီးဖုတ်မှု အတိုင်းအရှည် (အကြိမ်ပမာဏ အရေအတွက်) ကို။ အဋ္ဌကထာယံ၊ ကင်္ခါဝိတရဏီ အဋ္ဌကထာ၌။ န ဝုတ္တံ၊ မမိန့်ဆိုအပ်။ ဣတိ၊ ဤသို့။ ဂဟေတဗ္ဗံ၊ ယူထိုက်၏။
(သော ပတ္တော)၊ ထို (သတ်မှတ်ရာ မီးဖုတ်အကြိမ် ပမာဏ မပြည့်သော ပိုင်ရှင်အား သပိတ်တန်ဖိုး အကျေမဆပ်ရသေးသော) သပိတ်သည်။ အပတ္တတ္တာ၊ သတ်မှတ်ရာ မီးဖုတ်အကြိမ် ပမာဏလျော့သော အားဖြင့် သပိတ်မဟုတ်သည်၏ အဖြစ်ကြောင့်။ (တစ်နည်း) အပတ္တတ္တာ၊ ကိုယ်ပိုင်သပိတ် မဟုတ်သည်၏ အဖြစ်ကြောင့်။ အဓိဋ္ဌာနူပဂေါ၊ အဓိဋ္ဌာန်လောက်သည်။ န ဟောတိ၊ မဖြစ်။ ‌(ဒွေ၊ နှစ်လုံးကုန်သော။ အဓိဋ္ဌိတပတ္တာနံ၊ အဓိဋ္ဌာန်တင်အပ်ကုန်သော (ကိုယ်ပိုင်) သပိတ်တို့၏။ အသမ္ဘဝတော၊ အဖြစ်သင့်ခြင်းကြောင်ံ။)
ပုရာဏပတ္တံ၊ သပိတ်ဟောင်းကို။ အပစ္စုဒ္ဓရန္တေန၊ အဓိဋ္ဌာန်ချသော အားဖြင့် ပစ္စုဒ္ဓိုရ် မပြုလိုသော ရဟန်းသည်။ သော ပတ္တော၊ ထိုသပိတ်အသစ်ကို။ ဝိကပ္ပေတဗ္ဗော၊ ဝိကပ္ပနာ ပြုထိုက်၏။ (န အဓိဋ္ဌာကဗ္ဗော၊ အဓိဋ္ဌာန်မတင်ထိုက်)။ ဣတိ အယံ၊ ဤသည်ကား။ **အပစ္စုဒ္ဓရန္တေန ဝိကပ္ပေတဗ္ဗော** တိ ပဒဿ၊ အပစ္စုဒ္ဓရန္တေန ဝိကပ္ပေတဗ္ဗော ဟူသော ပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။ (ဋ္ဌ- ၌ ဆိုပြီး ဖြစ်သည်။)