(အနာပတ္တိ) **ပဝါရိတေ** တိ ဧတ္ထ၊ ၌။
သံဃဝသေန၊ အပေါင်းသံဃာ၏ အစွမ်အားဖြင့်။
ပရိဝါရိတဋ္ဌာနေ၊ ဖိတ်မံအပ်သော အရာ၌။
ပဉ္စဗန္ဓနေနေဝ၊ ငါးဖွဲ့ဖြင့် သာလျှင် (ငါးဖွဲ့ရှိမှသာလျှင်)။
စေတာပေတုံ၊ တောင်းခြင်းငှာ။
ဝဋ္ဋတိ၊ အပ်၏။ပဝါရိတေ ။ပ။ ဝဋ္ဋတိ ။ ။ ဤစကားရပ် ပါရာဇိကဏ်အဋ္ဌကထာ (ဒု-၂၈၈)၌ 'ကုရုန္ဒိယံ ဝုတ္တံ' ဖြင့် ကုရုန္ဒိမည်သော ရှေးအဋ္ဌကထာ၏ စကားဖြစ်ကြောင်း ပြ၏။ ထို့ကြောင့် လိခိတံ ဆိုသော်လည်း ဋီကာဆရာ၏ မူရင်း စကားမဟုတ်ကြောင်း သိနှင့်ရာ၏။
ဤစကားရပ်ဖြင့်- သံဃကို ဦးတည်၍ 'အရှင်ဘုရားတို့ သပိတ်အလိုရှိသောအခါ တပည့်တော်ထံ တောင်းကြပါ' ဟု ဖိတ်မန်ခဲ့သော် ငါးဖွဲ့ပြည့်မှသာ တောင်းကောင်း၏။ အရှင်မြတ်ဘုရား သပိတ်လိုလျှင် တပည့်တော်ထံမှာ တောင်းပါ (အလှူခံပါ) ဟု တစ်သီးပုဂ္ဂလ ဖိတ်မန်ခဲ့သော် ငါးဖွဲ့မပြည့် (တစ်ဖွဲ့မျှမရှိ)သော်လည်း တောင်းကောင်း၏ဟု ပြသည်။ ပုဂ္ဂလိကဝသေန၊ ပုဂ္ဂိုလ်၏ ဥစ္စာအစွမ်းအားဖြင့်။ ပဝါရိတဋ္ဌာနေ၊ ဖိတ်မန် အပ်သော အရာ၌။ ဦနပဉ္စဗန္ဓနေနာပိ၊ ယုတ်လျော့သော ငါးဖွဲ့ဖြင့်လည်း (ငါးဖွဲ့မပြည့်သော်လည်း)။ စေတာပေတုံ၊ တောင်းခြင်းငှာ။ ဝဋ္ဋတိ၊ အပ်၏။ ဣတိ၊ ဤသို့။ လိခိတံ၊ ရေးအပ်ပြီ။

**ဂါထာအနက်** ။ ။ စ၊ ဆက်ဦးအံ့။
ယော၊ အကြင်အာပတ်သင့်မိသော ရဟန်းသည်။
ဦနပဉ္စဗန္ဓနတ္ထံ၊ ယုတ်လျော့သော ငါးဖွဲ့ရှိသော သပိတ်၏ အကျိုးငှာ။
ဝုတ္တမ္ပိ၊ ဟောမိန့်တော်မူအပ်ပြီးသည်သာဖြစ်သော။
ဧတံ၊ ဤသိက္ခာလာ ကျင့်ဝတ်ကို။
ကရော၊ ပြုကျင့်လိုက်နာတတ်သည်။
ဟောတိ၊ ဖြစ်၏။
သော၊ ထို ကျင့်ဝတ်ကို လိုက်နာသော ရဟန်းသည်။
ဦပနပဉ္စဗန္ဓနတ္ထံ၊ ယုတ်လျော့သော ငါးဖွဲ့ရှိသော သပိတ်၏ အကျိုးငှာ။
(သံဃံ၊ သံဃာသို့။
ဥပသင်္ကမိတွာ၊ ချဉ်းကပ်ပြီး၍။)
ဝုဍ္ဎာနံ၊ အသက်သိက္ခာကြီးရင့်ကုန်သော။
ဘိက္ခူနံ၊ မထေရ်ရဟန်းတို့၏။
သန္တိကေ၊ အထံသို့။
ပတွာန၊ ရောက်၍။
အဟံ ဘန္တေတိ အာဒိနာ၊ အဟံ ဘန္တေ အစရှိသော စကားဖြင့်။
နိဿဇ္ဇိတွာ၊ သပိတ်ကို စွန့်၍။
အာပတ္တိံ၊ နိဿဂ္ဂိပါစိတ်အာပတ်ကို။
ဒေသေတိ၊ ဒေသနာ ပြောကြား၏။