Issues
Chọn phiên bản
胜嗣Jinadāyāda
中文
Translation
English
中文翻译1
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhātukathā-aṭṭhakathā
Dhātukathā-aṭṭhakathā

Dhātukathā-aṭṭhakathā

Tác giả: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

[ဝိဘင်းကျမ်းကို ဖွင့်ပြပြီ၍ ဓာတုကတာ ကျမ်ူကို ဖွင့်ပြလိုသော အရှင်ဗုဒ္ဓဃောသဈရာသည်။ အဋ္ဌာရသဟိ၊ အစရှိသော ပါဠ်ကို မိန့်။] မာရဘဉ္ဇနော၊ ဒေဝပုတ္တ စသည် အပြား မာရ်ငါးပါးတို့ကို ထွားထွားညက်ညက် ဖျက်တော် မူပြီသော။ ဝါ၊ ဒေဝပုတ္တ စသည်အပြား မာရ်ငါးပါးတို့ကို ထွားထွားညက်ညက် ဖျက်ခြင်းရှိတော်မူထသော။ [ဋီကာဖွင့် အတိုင်း ပေးသည်။]

မဟာဝီရော၊ ကြီးကျယ်ဆင့်ဆင့် ရဲရင့်ကြောင်း ဝီရိယရှိတော်မူထသော။ ဓာတုဘေဒပ္ပကာသနော၊ နှစ်ပါး သုံးပါးစသော အားဖြင့် များစွာသော ဓာတ်အပြားကို ထင်ရှားပြတော်မူထသော။ (ဘဂဝါ၊ ဘုန်းတော်ကြီးမား ငါတို့ဘုရားသည်။) [ဘဂဝါပုဒ်က နာမဝါစက ဖြစ်သော ကြောင့် ဘဂဝါ ပုဒ်ကိုသာ ဋီကာအတိုင်း ထည့်သည်။]

ပကရဏ။ ။ ပကရီယတိ ဝုစ္စတိ အတ္ထော ဧတ္ထာတိ ပကရဏံ (ပ+ကရ+ယု)။ အနက် အဓိပ္ပါယ်ကို အပြားအားဖြင့် ဆိုအပ်ရာဖြစ်သော သဒ္ဒါအပေါင်း၊ ပဉ္စန္နံ+ပကရဏံ ပဉ္စပကရဏံ- ဓာတုကထာ၊ ပုဂ္ဂလပညတ်, ကထာဝတ္ထု, ယမိုက်, ပဋ္ဌာန်း အားဖြင့် ငါးပါးသော ပဋိရပ်တို့၏ အနက်အဓိပ္ပါယ်ကို အပြားအားဖြင့် ဆိုအပ်ရာ ဖြစ်သောကျမ်း။ ဤ "ပဉ္စပကရဏ" ကိုပင် မြန်မာ ဆရာတော်က (သင်္ဂဟ ကို သင်္ဂြိုဟ်ဟု မြန်မာပြန်သကဲ့သို့) "ပဉ္စကကြိုဏ်" ဟု မြန်မာ ပြန်ကြသည်။ ပဉ္စပကရိုဏ်းဟုလည်း ဖတ်ကြ၏။ ပဉ္စန္နံ နှင့် ပကရဏအရ ဝါကျ အပေါင်းချည်းရသောကြောင့် အရ မပြားသော်လည်း အဘေဒ ‌ဘေဒု ပစာရ နည်းအားဖြင့် အ‌ရ ပြားသကဲ့သို့ ယူဆ၍ "ပဉ္စန္နံ + ပကရဏံ" ဟု ဝစနတ္ထ ပြုလိုက်ပါသည်။

အဋ္ဌာရသဟိ ဘေဒေဟိ။ ။ ဝိဘင်း ပါဠိတော်ကို ခန္ဓဝိဘင်း, အာယတန ဝိဘင်းစသော အားဖြင့် တဆယ့်ရှစ်ပါးသော အပြားတို့ဖြင့် ဟောတော်မူခဲ့၏။ ထို့ကြောင့် ဝိဘင်္ဂ- ဟူသော နာမည်တော်နှင့် လျော်အောင် "မာရဘဉ္စနော" ဟု ဘုရားရှင်ကို ချီးမွမ်းတော်မူပြီး၍, ဓာတုကထာ ဟူသော နာမည်တော်နှင့် လျှောက်အောင် "ဓာတုတေဒပ္ပကာသနော" ဟု ချီးမွမ်းတော်မူပြသည်။ [ပကတိ ဟေသာ အာစရိယာနံ၊ ယဒိဒံ အာရမ္ဘာ နူရူပထောမနာ။]

အဋ္ဌရသဟိ၊ တစ်ဆယ်ရှစ်ပါးကုန်သော။ ဘေဒေဟိ၊ ခန္ဓဝိဘင်း အာယတနဝိဘင်း ဟသော အပြားတို့ဖြင့်။ ဝိဘင်္ဂံ၊ ဝိဘင်းကျမ်းကို။ ဒေသယိတွာ၊ ဟောတော်မူပြီး၍။ တဿေဝ (တဿ+ဧဝ)၊ ထို ဝိဘင်းကျမ်း၏ ပင်။ အနန္တရံ၊ အခြားမဲ့ကာလ၌။ ဝါ၊ အခြားမဲ့ ဖြစ်သော။ (ဓာတုကထံ ၌စပ်)။ ယံ ဓာတုကထံ၊ အကြင် ဓာတုကထာကို။

ဓာတုကတံ။ ။ "ဓာတု" အရခန္ဓာ အစ အရဏ အဆုံးရှိသော တရားတို့ကို သဘောဖြစ်သော၎င်း, အဘိဓမ္မကထာ၏ တည်ရာဖြစ်သောကြောင့် ၎င်းတည်း၊ ထို့တွင် မဌမနည်း၌ ဓာတု သဒ္ဒါသည် သဘာဝဓမ္မ အနက်ဟော, ဒုတိယနည်း၌ ဓာတုသဒ္ဒါသည် အဘိဓမ္မ ထကာကို ဆောင်နိုင်သည့်အတွက် အဘိဓမ္မထကာ၏ တည်ရာ အနက်ဟောတည်း။ ကထီယန္တိ ဧတ္ထ ဧတာယ ဝါတိ ကထာ၊ ဓာတူနံ+ကထာ ဓာတုကထာ- ထို ဓာတ်တရားတို့ကို ဟောရာ ဟောကြောင်းဖြစ်သောကြောင့် ဤကျမ်းကို ဓာတုကထာကျမ်းဟု ခေါ်ရသည်။

တနည်း။ ။ ဓာတု အရ အထင် ရုဠှီအားဖြင့် ထင်ရှားပြီးဖြစ်သော ဓာတ်ရာ ဟောကြောင်း ဖြစ်သောကြောင့် ယေဘုယျ နည်းအားဖြင့် ဓာတုကထာ မည်၏။ ဤသို့ မူလဋီကာ၌ ၂ နည်းပြသည်။

အနုဋီကာ။ ။ အနူဋီကာ၌ကား- ဓာတု သဒ္ဒါသည် သဘာဝအနက်ကို ဟောသ‌ဘောကြောင့် သင်္ဂဟ အားဖြင့်လည်း ဥဒ္ဒေသ, နိဒ္ဒေသ တို့ကို ဟောဖို့ ရနိုင်ကုန်၏။ အသင်္ဂဟ, သမ္ပယောဂ, ဝိပ္ပယောဂ အားဖြင့်လည်း ဟောဖို့ ရနိုင်ကုန်၏။ ထို သဘာဝကို ဟောတော်မူရာ ဟောတော်မူကြောင်း ဖြစ်သောကြောင့် ဓာတု ကထာ ကျမ်းဟု ခေါ်ရသည်။

ဤ အနူဋီကာအလို "ဓာတု" အရ သဘာဝဓမ္မဒြဗ်တို့ကို မယူဘဲ ထိုသဘာဝဓမ္မဒြဗ်တို့၏ သဘောကိုသာ ယူရပုံကို သိပါ။ သဘာဝတစ်မျိုးတည်းသာ ဖြစ်၍ ဧကဝုစ် ဖြစ်သောကြောင့် "ဓာတုယာ+ ကထာ- ဓာတုကထာ" ဟု ပြုပါ။ [ ယေန ဝါ သဘောဝေန ဓမ္မာ သင်္ဂဟောသင်္ဂဟ သမ္ပယောဂ ဝိပ္၌ယောဂေဟိ ဥဒ္ဒေသနိဒ္ဒေသေ သဘန္တိ၊ သော သဘာဝေါ ဓာတု၊ သာ ဓာတု ဣဓ သာတိသယံ ဒေသိတာတိ သဝိသေသံ ဓာတုယာ ကတနတော ဣမံ ပကရဏံ ဓာတုကထာတိ ဝုတ္တံ။]

ဓာတုကထာပုဒ်၏ အနက်ကျယ်။ ။ ဓာတုကထံ၊ ခန္ဓာအစ အရဏ အဆုံးရှိသော ဓာတ်သဘောတရားတို့ကို ဟောရာဟောကြောင်း၏ အဖြစ်ကြောင့် ဓာတုကထာမည်သော။ (တစ်နည်း) ဓာတုကထံ၊ အဘိဓမ္မာကထာ၏ တည်ရာဖြစ်၍ အဘိဓမ္မာ ကထာကို ဆောင်တတ်သော ခန္ဓာ အစအရဏအဆုံးရှိသော တရားတို့ကို ဟောရာ ဟောကြောင်း၏ အဖြစ်ကြောင့် ဓာတုကထာမည်သော။ (တစ်နည်း) ဓာတုကထံ၊ ဓာတ်သဘောကို ဟောရော ဟောကြောင်း ၏ အဖြစ်ကြောင်း ဓာတုကထာ မည်သော။ [ဤသို့ အနက်ကျယ်မှတ်ပါ။ထိုတွင် ပဌမ ၂ နက်သည် မူလဋီကာနည်း။ တတိယနည်းကား အနုဋီကာနည်း။]

အဒေသယိ၊ ဟောတော်မူပြီ။ (အဟံ၊ ငါသည်။) တဿာ (ဓာတုကထာယ)၊ ထိုဓာတုကထာ၏။ အတ္ထံ၊ အနက်အဓိပ္ပါယ်ကို။ ဒီပယိဿာမိ၊ ထင်ရှားပြပေအံ့။ (တနည်း) ဓာတုကထံ၊ ဓာတုကထာမည်သော။ ယံ (ပကရဏံ)၊ အကြင် ကျမ်းကို။ အဒေသယိ၊ ပြီ။ တဿ (ပကရဏဿ)၊ ၏ ``**တဿတ္ထံ**။ ။ "ယံ ဓာတုကထံ" ဟု အနက်ပေးရာ၌ "တဿာ + အတ္ထံ" ဟု ပုဒ်ဖြတ်၍ "ဓာတုကထံ" ကို စွဲရ၏။ ဓာတုကထာပုဒ်ကိ ဣတ္ထိလိင် ဖြစ်သောကြောင့် "တဿာ" ဟု ဖြတ်ရသည်။ (တစ်နည်း) "ဓာတုကထံ၊ သော။ ယံ (ပကရဏံ" ဟု အနက်ပေးရာ၌ "တဿ+ အတ္ထံ"ဟု ပုဒ်ဖြတ်၍ "တဿ (ပကရဏဿ)" ဟု တရာစွဲရသည်။ နေရာဌာန က အဘိဓမ္မ ပကရဏတို့ကို အစဉ့်အတိုင်း ပြရာ ဌာနဖြစ်သောကြောင့် "ပကရဏံ" ဟုလည်း ထည့်ပါဌ် အဖြစ်ဖြင့် ရနိုင်သည်။ `` အတ္ထံ၊ ကို။ ဒီပယိသာမိ၊ အံ့။ တံ (ဒီပနံ)၊ ထို ထင်ရှားပြကြောင်း စကားကို။ (တုမှေ၊ သောတု အပေါင်း သင်သူတော်ကောင်းတို့သည်။)

တံ သုဏာတ။ " တံ သဒ္ဒါဖြင့် "ဒီပယိဿာမိ" ၌ ဒီပန ကို စွဲစေလို၍ "တံ ဒီပနံ" ဟု ဋီကာဖွင့်၏။ "ဒီပနံ" အရလည်း ပြခြင်း ကြိယာကိုသာ မယူပဲ သုဏာထ နှင့် လိုက်လျောအောင် "ဒီပနဝစန- ပြကြောင်း စကား" ကို ယူရသည်။ တံ သုဏာထ- ထိုပြကြောင်း ဖြစ်သော အဖွင့် စကားကို နားထောင်ကြပါ ဟူလို။ [တံ ဒီပနန္တိ- တံ ဓာတုကထာပကရဏဿ အတ္ထဒီပနံ (အနက်ကို ပြကြောင်း စကားကို)။ အတ္ထဒီပနာ ကာရေန ပဝတ္တံ ဝဏ္ဏနံ (အဖွင့် စကားကို)။ သုဏာထ၊ နာယူထိုက်ကြကုန်လော။ အနူ။]

တနည်း။ ။ "တံ ဝါ အတ္ထံ" ဟု ဋီကာ တနည်းဖွင့်၏။ တဿတ္ထမှ အတ္ထကို ပြန်၍ စွဲစေလိုသည်။ အနက်ဓိပ္ပါယ်ကို နားဖြင့် နားထောင်၍ မဖြစ်။ စိတ်ဖြင့်သာ မှန်သား၍ ဖြစ်၏။ ထို့ကြောင့် "သုဏာထ" အရလည်း ကြားနာခြင်း သာမက၊ ကြားနာသော အားဖြင့် စိတ်၌ မှတ်မှတ်သား သား ဆောင်ထားခြင်းတိုင်အောင် (သိခါပတ္တအနက်ကို) ယူစေလို၍ "တံ ဒီပနဝစနသဝနေန ဥပဓာရေထ" ဟု အဓိပ္ပါယတ္ထဖွင့်သည်။

သမာဟိတာ၊ ကောင်းစွာ အာရုံ၌ ထားအပ်သော စိတ်ရှိကုန်သည်။ ``**သမာဟိတာ**။ ။ ဋီကာ၌ ၂ နည်း ဖွင့်ရာဝယ် အဝိက္ခိတ္တစိတ္တာဖြင့် "သံ+ အာဟိတာ၊ (မပျံ့လွင့်စေပဲ) အာရုံ၌ ကောင်းစွာ ထားအပ်သော စိတ်ရှိ" ဟူသော အနက်ကို ပြ၏။ သုဋ္ဌု+အာဟိတံ (စိတ္တံ) ယေသံ (တုမှာက) န္တိ သမာဟိတာ" ဟု ပြု၊ "အတ္တနော စိတ္တေ အာဟိတာ ဝါ" ဟူသော ဒုတိယနည်းဖြင့် သံ- သဒ္ဒါသည် မိမိအနက်ကို ဟောသော ပုဒ်တည်း။ "စိတ်၌" ဟူသော အနက်ကား အပိုထည့်အပ်သော အနက်တည်း။ အာဟိတာ၌ တ- ပစ္စည်းကိုလည်း ကတ္တားဟောကြံပါ။ ထိုသို့ ကတ္တားဟောကြံမှ တုမှေ သုဏာထနှင့်လိုက်လျောမည်။ ရှေးနိဿယ၌ "အာဟိတာ၊ ထားအပ်ကုန်သည်" ဟု အနက်ပေးထားသည်ကို စဉ်းစားပါ။ `` ဝါ၊ မိမိစိတ်၌ သွင်းထားကြကုန်သည်။ (ဟုတွာ) သုဏာထ၊ နာယူလိုက်ကြကုန်လော့။ (တစ်နည်း)တံ (အတ္ထံ)၊ ကို။ (တုမှေ) သမာဟိတာ၊ ကုန်သည်။ ဝါ၊ ကုန်သည်။ (ဟုတွာ) သုဏာထ၊ နာယူသောအားအရင်းထား၌ မှတ်သား‌ဆောင်ရွက်ကြကုန်လော့။ ဣတိ၊ ပဋိညာ ဥယျောဇနဒေသကနှင့်ကာလ ဒေသကို ပြရာစကားရပ်အပြီးသတ်တည်း။